nayminmaung89@gmail.com သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

Showing posts with label Game. Show all posts
Showing posts with label Game. Show all posts

Thursday, May 31, 2012

Warcraft III Reign of Chaos & The Frozen Thron & DotA

   ကျွန်တော်လည်း တခါမှ မဆော့ဘူးဘူး။ ဆိုဒ်မှာလည်း တောင်းတဲ့လူက တော်တော်လေး များနေပီ ဒါကြောင့်မို့ နက်ပေါ်မွှေပီး ရှာပေးလိုက်ပါတယ်။ နောက်ထပ် နက်ပေါ်မှာ လူကြိုက်များတဲ့ဂိမ်းတွေတော့ တွေ့တယ်။ ဘာဂိမ်းတွေမှန်းလည်း မသိတော့ ကျွန်တော် မဒေါင်းတော့ဘူး။ နောက် ဂိမ်းတွက် လိုချင်တာရှိရင် တောင်းဆိုနိုင်ပါတယ်။ ပြည်တော်ပြန်ရက် မရောက်ခင်မှာ စာတန်းဖတ်ပီး တောင်းဆိုမူအားလုံးကို ဖြေပေးနိုင်အောင် လုပ်ပေးနိုင်အောင် ကြိုးစားပေးသွားပါ့မယ်။                     

Sunday, December 18, 2011

CRAZY FROG RACER 2


ကျွန်တော်ဒီနေ့တော့ အများစုလည်းအဆင်ပြေအောင် ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေကစားနိုင်ဖို့အတွက် ဒီ CRAZY FROG RACER 2 ကို Portable လေးတင်ပေးလိုက်ပါတယ်။ ဂိမ်းကအသေးဆိုတော့ တခြား Graphic ပိုင်းတို့ Memory ပိုင်းတို့တော့ သိပ်ပြီးပူစရာမလိုပါဘူး။ Memory ကအနည်းဆုံး 512 MB ရှိရင်ကို လုံလောက်ပါတယ်။ Window OS အားလုံးကို Support လုပ်ပေးပါတယ်။ ပုံတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အစမ်းကြည့်လို့ရအောင် သုံးလေးပုံပဲ တင်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 66.8 MB ပဲရှိပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။

Sunday, December 11, 2011

Football Manager 2012


ကျွန်တော်ဒီနေ့တော့ တောင်းထားတဲ့  အစ်ကိုတစ်ယောက်လည်းရှိတာနဲ့ တခြား ယူလိုသူတွေလည်း တစ်ခါတည်း အဆင်ပြေသွားအောင် ဒီ Football Manager 2012 လေးကိုတင်ပေးလိုက်ပါတယ်။ ကျွန်တော် နှစ်နေရာကို ခွဲတင်ပေးထားပါတယ်။ အားလုံးလဲ အဆင်ပြေပါတယ်။ Crack ဖိုင်လေးထဲက ဖိုင်လေးတွေ အားလုံးကို  Install လုပ်ထားတဲ့ Folder လေးထဲကို ကူးထည့်ပေးလိုက်ရင် ကျွန်တော်တို့ ကစားလို့ရပါပြီ။ ကျွန်တော် ဒီဂိမ်းလေးကို စက်အားလုံးပေါင်း သုံးလုံးမှာစမ်းပြီးတော့မှ တင်ပေးလိုက်တာပါ။ Window OS အားလုံးကို Support လုပ်ပါတယ်။ ဒါပေမယ့်  Memory အနေနဲ့ကတော့ Window XP မှာဆိုရင် 512MB ရှိရမှာ ဖြစ်ပြီး၊ Window 7 မှာဆိုရင် 1 G ရှိရမှာ ဖြစ်ပါတယ်။ Graphics အနေနဲ့ကတော့ 128MB ရှိရင်ကို လုံလောက်ပါတယ်။  ကျွန်တော်အပိုင်းအားလုံးကို 170 MB စီနဲ့ ခွဲတင်ပေးထားပါတယ်။ ယူသွားလိုက်ပါဗျာ။

Thursday, November 17, 2011

TINcan Race v1.001 Cracked-F4CG




ကျွန်တော်အခုပေါ့ပေါ့း ပါးပါးနဲ့ အပျင်းပြေ ကစားလို့ရမယ့် ဂိမ်းလေးတစ်ခု တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကစားခဲ့တဲ့ ဂိမ်းလေးတွေလိုပါပဲ။ ဂိမ်းဆိုဒ်ကတော့ 177 MB ပဲရှိပါတယ်။ သူ့ရဲ့ လိုအပ်တဲ့ System Requirements လေးတွေကတော့ အောက်မှာပြပေးထားပါတယ်။ DirectX Version: 9.0c နဲ့အထက်ရှိရပါမယ်။ RAM: 512MB, Processor: Pentium 4 – 2.0 Ghz နဲ့ အထက်ရှိရင် ရပါပြီ။ Operating System အနေနဲ့ကတော့ Windows 7, Vista နဲ့ XP တွေကို Support လုပ်ပေးပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

Wednesday, November 16, 2011

Air Conflicts: Secret Wars




ကျွန်တော်အရင်ကလည်း တင်ပေးမယ်တင်ပေးမယ်နဲ့ မတင်ဖြစ်သေးတာပါ။ စက်တွေနဲ့ ကိုက်အောင်လည်း ရှာရသေးတော့ အခုမှပဲတင်ပေးဖြစ်သွားတာပါ။ လေယာဉ်ပစ် 3 D ဂိမ်းလေးဖြစ်ပါတယ်။ OS မှာဆိုရင် Windows XP/ Windows Vista/ Windows 7 နဲ့ Processor အနည်းဆုံး Intel Core 2 Duo E7300 2.66GHz / AMD Athlon II X2 255 ၊ Memory Ram မှာဆိုရင် 3 GB ၊Hard Disk Free Space: 9 GB ရှိရမှာဖြစ်ပါတယ်။ Video အနေနဲ့က  nVidia GeForce GTS 150 / ATI Radeon HD 5670 512MB ဒီလောက်ပဲထည့်ပေးလိုက်ပါတယ်။ ဒီဂိမ်းကို Run တဲ့အချိန်နဲ့ Run ပြီးတဲ့ အချိန်မှာ တက်နိုင်တဲ့ Error လေးတွေကိုပါ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ပြပေးထားပါတယ်။ ကြည့်ကြည့်လိုက်ပါဗျာ. Graphic နိုင်ရင်တော့ အရမ်းကစားလို့ကောင်းပါတယ်.

Wednesday, October 26, 2011

Prince of Persia : The Forgotten Sands

ကျွန်တော်လည်း ဂိမ်းကောင်းကောင်းလေးတွေလည်း တင်ပေးချင်ပါတယ်။ ဒါပေမယ့် နက်အခြေအနေအရ တင်ပေးရတာလည်း နည်းနည်းလေးအခက်အခဲရှိနေလို့ပါ။  အခု Prince of Persia အဟောင်းတော့ အဟောင်းလေးပါပဲ။ ဒါပေမယ့် ကျွန်တော့်မိတ်ဆွေများအတွက် အဆင်ပြေအောင်တင်ပေးလိုက်ပါတယ်။ ဂိမ်းလေးကို အားလုံးပေါင်း ၂၉ ပိုင်းခွဲတင်ပေးထားပါတယ်။ သူ့အတွက် Crack ဖိုင်လေးကတော့ သတ်သတ် ထည့်ပေးထားပါတယ်။ Windows XP / Vista / Windows 7 တွေကို Support လုပ်ပေးပါတယ်။ Processor အနေနဲ့ကတော့  2.6 GHz dual-core Intel Pentium D or AMD Athlon 64 X2 3800+ အနည်းဆုံးရှိရမှာဖြစ်ပါတယ်။ Memory အနေနဲ့ကတော့   Windows XP မှာ 1 GB ရှိရမှာဖြစ်ပြီး  Vista နဲ့ 7 မှာကတော့ 2 GB ရှိရမှာဖြစ်ပါတယ်။ Graphics အနေနဲ့ကတော့  256 MB ဆိုရင်ရပါပြီ။ Run ပြီးတာနဲ့ Install လုပ်ထားတဲ့ ဖိုလ်ဒါလေးထဲကို Crack ဖိုင်လေးတွေ အကုန်ကူးထည့်ပေးလိုက်ရင်ရပါပြီ။ ကျွန်တော်ဒီ ဂိမ်းလေးကိုတော့ စက်နှစ်လုံးမှာ စမ်းပြီးတင်ပေးလိုက်တာပါ။ အဆင်ပြေပါတယ်။

Tuesday, October 11, 2011

Need For Speed CARBON


ဒီဂိမ်းလေးကတော့ အဟောင်းလေးပါပဲ။ ဒါပေမယ့် အစ်ကိုတစ်ယောက်ကလည်း တောင်းထားတာလေး ရှိတာ နဲ့ တင်ပေးဖြစ်သွားတာပါ။ သူ့အတွက် Crack ဖိုင်ထဲမှာ Game ကို RUN ဖို့အတွက် Serial keys လေးတွေ ထည့် ပေးထားပါတယ်။ သူ့အတွက် အနိမ့်ဆုံးလိုအပ်တဲ့ ကောင်လေးတွေကတော့ CPU: 1.7 GHz ,RAM: 512 MB RAM,Hard Disk Free Space က  4.7 GB နဲ့ DirectX: Version 9.0c ,Video Card: 64 MB memory and one of these chipsets is required: NVIDIA GeForce3 / NVIDIA GeForce4 (Ti series only) / ATI Radeon 8500 ဒီအဆင့်အထိ အနိမ့်ဆုံးဖြစ်ဖို့တော့လိုအပ်ပါတယ်။ ဂိမ်းက 3.96 G ရှိပါတယ်။ ကျွန်တော် ဒီကောင်လေးကို 400 MB စီနဲ့ ပဲခွဲထုတ်လိုက်ပါပြီ။ Direct Link လေးပါအသုံးပြုလို့ရအောင်နဲ့ Ifile.it မှာအဆင်မပြေသူများအတွက် Multiupload မှာ တင်ပေးလိုက်တာပါ။

Saturday, October 1, 2011

FIFA 2012 - Reloaded

 
FIFA GAME 2012 နောက်ထပ်တွေ့တာလေး ပြန်ရှယ်ပေးလိုက်ပါတယ်.. ဒီကောင်လေးကတော့ 6.5 Gb လောက်ရှိပါတယ်.. Update မို့လို့ထပ်တင်ပေးလိုက်ပါတယ်..အားလုံးပေါင်း 35 ပိုင်းရှိပါတယ်.. နက်ကောင်းတဲ့ သူတွေအတွက်ကတော့ အဆင်ပြေမယ် ထင်ပါတယ်.. အရင်တစ်ခါက မရဲတစ်ရဲနဲ့တင်ပေး လိုက်တာ ယူတဲ့သူကယူ ကြတာတွေ့တော့ ဒီတစ်ခါတော့ ဒေါင်းလော့ချရတာ အဆင်ပြေအောင် နည်းလမ်းလေး ပါပြောပေးပါမယ်.. Password  က အပိုင်း ( ၁၀ ) အပိုင်း ( ၂၀ ) နဲ့ အပိုင်း ( ၃၀ ) သုံးခုထဲခံထား တာပါ .. Mediafire Link ကိုရောက်ပြီဆိုရင်  Please enter the password below to download this file ဆိုတဲ့ အနေနီကွက်ထဲမှာ ကျွန်တော် အောက်မှာပေးထားတဲ့ Password ကိုရိုက်ထည့်ပေးလိုက်ပါ... ပြီးရင် Enter ခေါက်လိုက်ပါ.. ဒါဆိုရင် ဒေါင်းလော့ချလို့ရမဲ့ လင့်လေးပေါ်လာပါလိမ့်မယ် .. ဖိုင်တွေအကုန်လုံးကို ဒေါင်းလော့ချပြီးပြီဆိုရင် အပိုင်း ( 1 ) ကနေစပြီး ဖြည်လိုက်ယုံပါပဲ .. ဒီလောက်ဆိုရင်တော့ အဆင်ပြေမယ်ထင်ပါတယ်.. 

Formula 1 2011 (Full Rip)

 
Game ၀ါသနာရှင်တွေ အတွက်  Formula 1 2011 လေးထပ်တင်ပေး လိုက်ပါတယ်.. ဒီကောင်ကတော့ 1 GB ကျော်ကျော် လောက်ပဲရှိပါတယ်..  အပိုင်း ( ၉ ) ပိုင်း ခွဲပြီး  Mediafire ကနေ ဒေါင်းလော့ချလို့ အဆင်ပြေအောင် ရှာပြီး တင်ပေးလိုက်ပါတယ်.. အပိုင်း ( ၅ ) က Password  တောင်းပါလိမ့်မယ်..  အောက်မှာပေးထားတဲ့  Password  လေးကိုထည့်ပေးလိုက်ယုံပါပဲ.. အားလုံးဒေါင်းလော့ ချပြီးသွားပြီ ဆိုရင် အပိုင်း ( ၁ ) ကနေစပြီး ဖြည်ပေးလိုက်ပါ .. ဒါဆိုရင် အဆင်ပြေ သွားပါလိမ့်မယ.်

Thursday, September 29, 2011

Sniper: Ghost Warrior (2010)


ဒီတစ်ခါကျွန်တော် ဂိမ်းကောင်းကောင်းဆော့လိုသူများအတွက် ကျွန်တော်လည်း အနှစ်သက်ဆုံး ဂိမ်းလေးတစ် ခုဖြစ်ပါတယ်။ ကျွန်တော်အောက်မှာလည်း ဒီဂိမ်းလေးရဲ့ ပုံလေးတွေကိုပြပေးထားပါတယ်။ ဂိမ်းကနည်းနည်း လေးတော့ ကြီးပါတယ်။ သူ့အတွက် လိုအပ်တဲ့ အစိတ်အပိုင်းလေးတွေကတော့ ကျွန်တော် တို့ Processor အနေနဲ့ အနည်းဆုံး 1.8 GHz Intel Core2 Duo / 2.4 GHz AMD Athlon X2 64  အထိရှိရမှာ ဖြစ်ပါတယ်။ Memory အနေနဲ့က 1,5 GB (Windows XP) / 2 GB (Windows Vista, Windows 7) အထိရှိရမှာဖြစ်ပါတယ်။ Video Card မှာတော့ အနည်းဆုံး 256 MB ရှိရမှာဖြစ်ပါတယ်။ ဂိမ်းအားလုံးပေါင်း  200 MB စီနဲ့ 22 ပိုင်းရှိပါတယ်။ Mediafire မှာ တင်ပေးထားပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။

Wednesday, September 28, 2011

Pro Evolution Soccer 2012 Final


ဘောလုံးဝါသနာအိုး  တွေအတွက်အသစ် ထပ်ထွက်လာတဲ့ Update လေးတင် ပေးလိုက်ပါတယ်.. ဖိုင်ဆိုဒ် ကတော့ တော်တော်များပါတယ်.. 6 GB လောက်ရှိပါတယ်.. ကျွန်တော် ဒေါင်းလော့ချရတာ အဆင်ပြေအောင် Mdeiafire Link ရှာပြီးတော့ တင်ပေးထားပါတယ်..  တစ်ပိုင်းကို MB 200 စီနဲ့ အားလုံးပေါင်း အပိုင်း 33 ပိုင်းရှိပါတယ်  ကော်နက်ရှင် ကောင်းရင်တော့  အောက်မှာသာ ဒေါင်းလော့ချ သွားလိုက်ပါ...

Serial :  33CF-3PS5-CH3F-CYWA-JERW 


Monday, June 13, 2011

Typer Shark Deluxe



ဒါကတော့  Typer  Tutor Game လေးပါ..။အခုမှကွန်ပျူတာကိုစပြီးသုံးခါစမို့လက်ကွက်
ကျင့်ချင်တဲ့သူတွေအတွက် Typer Shark Deluxe  Game လေးဆော့ပြီးကျင့်လို့အဆင်
ပြေတာပေါ့ဗျာ..။အပျင်းလဲပြေလက်ကွက်လဲကျင့်လို့ရတာပေါ့..။ဒါဆိုလက်ကွက်ကျင့်စ
ရာမလိုတဲ့သူတွေကျတော့မလိုတော့ဘူးလို့တော့မထင်နဲ့နော်..။Game လေးကဆော့လို့
ကောင်းတယ်ဗျ..။ကျွန်တော်တောင်စမ်းဆော့ကြည့်တာမနည်းအရှိန်သတ်လိုက်၇တယ်..။
ဖိုင်ဆိုဒ်လဲဘယ်လောက်မှမရှိပါဘူး.။7.95 MB ပဲရှိပါတယ်..။ဆော့ချင်တဲ့သူများအောက်က
လင့်လေးမှာသာဒေါင်းလော့ချသွားလိုက်ပါ..။

Tuesday, March 29, 2011

Portable Tank Racer


ဒီ Game က Portable လေးပါ။ကျွန်တော်ဆော့ကြည့်တာတော့ပတ်ချာ၇မ်းနေတာပဲကျွန်တော်ပဲမဆော့
တက်လို့လားတော့မသိပါဘူးဗျာ။ကျွန်တော်တို့ဒီကောင်လေးကိုဆော့ချင်တယ်ဆို၇င်  Tank Racer folder
လေးထဲမှာ tanksave ဆိုတာလေးကို Run ပြီးဆော့ယုံပါပဲ။Portable လေးဆိုတော့စက်လေးမှာလဲပူစ၇ာမ
လိုတော့ဘူးပေါ့ဗျာ...။ 15.68 MB လောက်ပဲ၇ှိပါတယ်။ဆော့ချင်သူတွေအတွက်အောက်မှာဒေါင်းလော့လင့်
လေးပေးထားပါတယ်ခင်ဗျာ....။


အားလုံးပဲအဆင်ပြေကြပါစေ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ......

Sunday, March 6, 2011

Super Mario Games လေးပါ


ကျွန်တော်ငယ်ငယ်တုန်းကအ၇မ်းကိုနှစ်သက်ခဲ့၇တဲ့ဂိမ်းလေးပေါ့ဗျာ....ဒီဂိမ်းလေးသာဆော့နေ၇မယ်ဆို၇င်
ထမင်းမေ့ဟင်းမေ့ပဲဗျ....အဲ့ဒီတုန်းကတော့အ၇ူးအမူးပဲ ၊ အခုတော့အွန်လိုင်းဂိမ်းတွေကလဲပေါမှပေါပဲဒီဂိမ်း
လေးကိုဘယ်ဆော့ချင်တော့မှာလဲလို့တွေးချင်တွေးမှာပေါ့နော် ခုချိန်ထိလဲကျွန်တော်ကတော့ ဆော့ကောင်း
တုန်းပဲဗျာ...ကျွန်တော်နဲ့ဝါသနာတူသူတွေအတွက်ပေါ့......အပျင်းပြေလေးဆော့ကြည့်ပါအုံးမယ်ဆို၇င်လဲ
ဖိတ်ခေါ်ပါတယ်ဗျာ......ကိုကြိုက်တာကိုသူများကစိတ်ဝင်စားတယ်ဆိုတော့လဲဝမ်းသာ၇တာပေါ့နော်..........
ဒီ Gameလေးကိုစိတ်ပါဝင်စားတဲ့သူတွေအတွက်တော့ကျွန်တော်အောက်မှာဒေါင်းလော့လင့်လေးပေးထားပါ
တယ်နော်.......