nayminmaung89@gmail.com သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

Showing posts with label Players. Show all posts
Showing posts with label Players. Show all posts

Thursday, August 20, 2015

CyberLink PowerDVD Ultra 15.0


Video, Audio တွေ Photographic content ဆိုတဲ့ Media Types တွေနဲ့ ဖွဲ့စည်းထားတဲ့ Entertainment Station လေးတစ်ခုပါ။ PC, mobile devices, home networks, cloud တွေနဲ့ တခြား social networks တွေနဲ့လည်း ချိတ်ဆက်ပေးနိုင်ပါတယ်။ ဒီ PowerDVD 15 မှာဆိုရင် audio-visual quality ကိုတိုးမြှင့်ပေးထားခြင်း၊ Support လုပ်ပေးနိုင်တဲ့ file format တွေ Function တွေ တော်တော်များများ ထပ်မံပါဝင်လာခြင်း ၊ User Interface ကိုထပ်ပြီး မွမ်းမံပေးထားခြင်း၊ Digital media experiences တွေကို တိုးမြှင့်ပေးထားခြင်းစတဲ့ Features တွေ တော်တော်များများ ထပ်မံပါဝင်လာပါတယ်။ ထပ်ပြီးပါဝင်လာတဲ့ Features တွေကို အောက်မှာ ထပ်ထည့်ပေးထားပါတယ်။ 

Best Movie Experience မှာ ... 
TrueTheater HD - Upscale video to HD quality and beyond 
TrueTheater Motion - Up-convert frame-rate for smoother video playback 
TrueTheater Lighting - Enhanced image colors and detail 
TrueTheater Stretch - Intelligently expand 4:3 video to 16:9 
TrueTheater Stabilizer - Minimize video shakiness 
TrueTheater Denoise - Reduce video artifacts 
ပါဝင်တဲ့အပြင်  PowerDVD 15 မှာ ထပ်တိုးပါဝင်လာတဲ့ Features တွေကတော့ ... 
Bit-Perfect Lossless Audio Across More Formats (Improved!) 
Rip Audio Directly from Your Favourite Movie Moments (New!) 
Go disc free with Blu-ray & DVD ISO playback (New!) 
Smoothest Playback of Super High Frame Rate Video (New!) 
Personalize Your Player Interface (Improved!) 
Start Watching from Where You Left Off (New!) 
Stream from Your Personal Cloud (New!)  တွေထပ်တိုးပါဝင်လာပါတယ်။အဆင်ပြေပါစေဗျာ ...



Download From Dropbox

Download From ezFile

Download From Ziddu


အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ...

Tuesday, August 4, 2015

MPC-HC 1.7.9.137


MPC ဆိုတဲ့ media player classic လေးကိုတော့ မိတ်ဆွေတော်တော် များများသိကြမှာပါ။ External codecs တွေထပ် Install ပေးစရာမလိုပဲနဲ့ အတွင်းမှာ Build-in ပါဝင်တဲ့ Media Codes တွေနဲ့တင် audio , video codecs တော်တော်များများကို Support လုပ်ပေးနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သုံးရတာ အဆင်ပြေတဲ့အပြင် နောက်ဆုံး Update ဖြစ်တဲ့အတွက် Features လေးတွေ တိုးလာသလို interface ထဲမှာ ဘာသာစကား ၁၄ မျိုး ပါဝင်ပါတယ်။ အောက်ပါယူသွားလိုက်ပါခင်ဗျာ ...

Wednesday, July 22, 2015

CherryPlayer 2.2.6


ဒီနေ့ ကျွန်တော် media player တွေထဲက New Generation ဖြစ်တဲ့ Cherry Player လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါ့မယ်။ ဒီ Player က ရိုးရိုးသာမန် Player မဟုတ်တဲ့အပြင် ရိုးရိုး Player တွေမှာ လိုအပ်တဲ့ Codecs တွေလည်း Build-in ပါပြီးသားဖြစ်ပါတယ်။ BBC, billboard , last.fm , twitch , Youtube စတဲ့ Channel တွေကို ဒီ Player လေးကနေ တိုက်ရိုက်ကြည့်ရှု / Upload တင်ပေးနိုင်ပါသေးတယ်။ ဒါ့အပြင် မိမိတို့နှစ်သက်ရာ Link ကို ထည့်ပြီး Live / Music / Video ကို ကြည့်ရှုနားထောင်နိုင်တာ ဖြစ်တဲ့အတွက် စမ်းသုံးကြည့်သင့် ပါတယ်။ Video များကို တိုက်ရိုက်ကြည့်ရှုရုံတင်မက မိမိတို့စက်ထဲကို Download လုပ်ပေးနိုင်ပါသေးတယ်။ အဆင်ပြေကြပါစေဗျာ။

Thursday, July 2, 2015

Daum PotPlayer 1.6.54904


Daum PotPlayer လေးကတော့ freeware multimedia player လေးတစ်ခုပါ။ ဒီနေ့ခေတ် video formats တော်တော်များများကိုလည်း Supports လုပ်ပေးနိုင်ပါတယ်။ Player ထဲမှာ internal codecs လေးတွေ တော်တော်များများပါဝင်တဲ့အတွက် manually Install ထပ်လုပ်စရာ မလိုလောက်အောင်ပြည့်စုံပါတယ်။ တခြားWebcam/Analog/Digital TV devices support, gapless video playback, DXVA, live broadcasting features လေးတွေလည်း ပါဝင်ပါသေးတယ်။ သုံးကြည့်လိုက်ပါဗျာ။

Wednesday, July 1, 2015

VLC Media Player 3.0.0( 30.6.2015 )


VLC media player လေးကိုတော့ တော်တော်များများ သိကြမှာပါ။ သုံးရတာ flexible ဖြစ်တဲ့အတွက် audio ,video player တွေကြားလူကြိုက်များတဲ့ Player လေးတစ်ခုဆိုလည်း မမှားပါဘူး။ Codec တော်တော်များများက Built-in ပါဝင်တဲ့အတွက် အဆင်ပြေပါတယ်။ ပါဝင်တဲ့ Input Formats တွေကတော့ 3GP,[48] ASF, AVI, DVR-MS, FLV, Matroska, MIDI,[49] QuickTime File Format, MP4, Ogg, OGM, WAV, MPEG-2 (ES, PS, TS, PVA, MP3), AIFF, Raw audio, Raw DV, MXF, VOB, RM, DVD-Video, VCD, SVCD, CD Audio, DVB စတဲ့ Format ပေါင်း မြောက်မြားစွာ ပါဝင်နေတဲ့အတွက် လူကြိုက်များပါတယ်။ ဒါ့အပြင် Substitles Format , Network protocols,Network streaming formats နဲ့ Capture devices စတဲ့ Function လေးများ များစွာပါဝင်ပါတယ်။ နောက်ဆုံးထွက်လာတဲ့ Update Version 3.0 လေးဖြစ်ပါတယ်။

Wednesday, June 19, 2013

Abonsoft Golden GIF Player 1.0.0.1


ဒါလေးကတော့ ကျွန်တော်တို့ Gif ဖိုင်တွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ Player လေးတစ်ခုပါ။ ဒီ Abonsoft Golden Gif Player ကတော့    gif file တွေကိုresize လုပ်ပေးနိုင်ခြင်း ၊slower play ၊faster play လုပ်ပေးနိုင်ခြင်း ၊ revert play ပြန်လုပ်ပေးနိုင်ခြင်းတို့အပြင် gif files တွေကို bmp, png, jpeg စတဲ့ Format တွေအဖြစ်ကို export ပြန်လုပ်ပေးနိုင်ခြင်း စတဲ့ Features လေးတွေ တော်တော်များများပါဝင်ပါ တယ်။ ဖိုင်ဆိုဒ်ကတော့ 1.8 MB ပဲရှိပါတယ်.။

Sunday, April 22, 2012

Splash Pro HD Movie Player



ကျွန်တော်တို့ ရုပ်ရှင် ဗီဒီယို တွေကို ကြည့်တဲ့ အခါမှာ အဆင်ပြေပြေ ကြည့်ရှုနိုင်ဖို့  အတွက် အခု တင်ပေး လိုက်တဲ့ Splash PRO ဆိုတဲ့ Player လေးက အထောက်အကူ ပြုပါလိမ့်မယ် .. ဒီ Player လေးကို အသုံးပြုပြီး HD Movie တွေကို ကြည့်ရှုတဲ့ အခါမှာ တော်တော် အဆင်ပြေပါတယ် .. Substitle အတွက်လည်း ပါပြီးသားမို့ ပိုပြီး အဆင်ပြေပါတယ် .. တစ်ချို့ Srt ဖိုင်တွေကနေ မြန်မာ ပြန်ထားတဲ့ ဇာတ်ကားတွေဆို Open File ကနေ ကိုကြည့်ချင်တဲ့ ဇာတ်ကားကို ရွေး ပြီးရင် Substitle ကနေ Srt File လေးကို ရွေးပေးလိုက်ယုံ ပါပဲ .. ဒါဆိုရင် စာတန်းထိုးနဲ့ ကြည့်ချင်သူတွေ အတွက်လည်း အဆင်ပြေစေဖို့ ဒီကောင်လေးက အထောက်အကူ ပြုပါလိမ့်မယ် .. အသုံးပြု ရတာတော့ တော်တော် အဆင်ပြေပါတယ် .. လိုအပ်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..

VLC Player 2.00



မိမိတို့ရဲ့ ကွန်ပျူတာမှာ သီချင်းတွေ ဖွင့်ဖို့ MP4 File တွေ ဖွင့်ဖို့ အတွက် အသုံးများတဲ့ Player တစ်ခု ဖြစ်တဲ့  VLC Player ကို လိုအပ်တဲ့ သူများ ရှိရင် အလွယ် တကူ အသုံးပြုလို့ ရအောင် တင်ပေးလိုက်ပါတယ် .. အခုတင်ပေးလိုက်တဲ့ Version လေးက 2.0 ဖြစ်ပါတယ် ..  လိုအပ်တဲ့ သူများအတွက် အောက်မှာ သုံးနေရာ ခွဲပြီး တင်ပေးထား ပါတယ် .. မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Saturday, February 25, 2012

AIMP 3.00 Build 981 Final



ကျွန်တော် အခု Audio Player လေးတစ်ခု ထပ်ပြီး တင်ပေးလိုက်ပါတယ် .. အရင် တစ်ခါ တင်ပေး ထားတာလည်း ရှိပါတယ် .. အခုကောင်လေးက Update Version  လေးမို့ ထပ် တင်ပေးလိုက်တာပါ .. အသုံးပြု ရတာလည်း လွယ်ပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. ကျွန်တော် သုံးနေရာခွဲပြီး တင်ပေးထားပါတယ် ..

Wednesday, February 22, 2012

VLC Media Player 2.0.0



ကျွန်တော်အခု အများစု အသုံးပြု ဖူးကြမှာ ဖြစ်တဲ့ Player  များထဲမှာ VLC Player  နောက်ထပ် ထွက်လာတဲ့ Update အသစ်လေးကို တင်ပေး လိုက်ပါတယ် .. ဒီကောင်လေးကို အသုံးပြုပြီးတော့ တစ်ချို့ Player တွေနဲ့ ဖွင့်လို့ အဆင်မပြေတဲ့ Video Format တော်တော် များများကို ဖွင့်နိုင်ပါတယ် .. (MPEG-1, MPEG-2, MPEG-4, DivX, mp3, Ogg, OGM, MOV, wma, wmv  ) စတဲ့ Video Format တွေကို VLC Player က ကောင်းကောင်း Support လုပ်ပေးမှာ ဖြစ်ပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Sunday, January 29, 2012

KMPlayer 3.1.0.0 R2 - 7sh3 LAV 28.01.2012 Build

ဒီ Player လေးကိုတော့ သုံးနေတဲ့ သူအများစုတော့သိကြမှာပါ။ သူ့အတွက်နောက်ဆုံး Update လေးထွက်လာ လို့တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ Video နဲ့ Audio formats လေးတွေ တော်တော်များများကို Support လုပ်ပေးနိုင်တဲ့ အပြင် ကျွန်တော်တို့ System ထဲမှာ မရှိတဲ့ Code လေးတွေကိုလည်း သူကနေပဲ တစ်ခါတည်း Install လုပ်ပေးပါလိမ့်မယ်။ Subtitle formats လေးတွေကိုလည်း Support လုပ်ပေးနိုင်မယ့် အပြင် skin interface လေးတွေကိုလည်း မိမိတို့ စိတ်ကြိုက် ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။ နောက်ထပ်လည်း Features လေးတွေ တော်တော်များများကို ပါဝင်နေပါသေးတယ်။ အောက်မှာ စမ်းသုံးကြည့်လိုက်ပါဗျာ။ ဖိုင်ဆိုဒ်ကတော့ 11.7 MB ရှိပါတယ်။

Wednesday, December 28, 2011

RealPlayer v15.0.1.13 Final


ကျွန်တော်အခု RealPlayer အသုံးပြုနေသူများအတွက် နောက်ဆုံးထပ်ထွက်လာတဲ့ RealPlayer v15.0.1.13 လေးကိုတင်ပေးလိုက်ပါတယ်။ အသုံးပြုနေတဲ့သူများကတော့ ဒီကောင်လေးရဲ့ Features လေးတွေကို သိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ လိုင်းပေါ်ကနေမိမိတို့နှစ်သက်တဲ့ သီချင်းလေးတွေ Video လေးတွေကို Download ယူနိုင်ခြင်း၊ Video တွေကို Convert လုပ်ပေးနိုင်ခြင်း၊ အခွေ Burn ပေးနိုင်ခြင်း စတဲ့ Features လေးတွေ တော်တော်များများ ပါဝင်တာကြောင့် အများစုလဲ သိကြမှာပါ။ ဒါ့အပြင် နောက်ထပ် Video Features လေးတွေနဲ့ Audio Features လေးတွေ တော်တော်များများ ပါဝင်နေပါသေးတယ်။ အောက်မှာ ယူသွားလိုက်ပါ။

Tuesday, December 13, 2011

The KMPlayer 3.1.0.0


အခု Player လေးတစ်ခု ထပ်တင်ပေးလိုက်ပါတယ် .. KMPlayer 3.1.0.0 ပါ .. သုံးဖူးတဲ့ သူတွေလည်း ရှိမှာပါ .. ဒီကောင်လေးက Audio Format တော်တော်များများ ကိုဖွင့်ဖို့ အတွက် တော်တော် အသုံးဝင် ပါတယ် .. ကျွန်တော်တို့ G0m Player တို့နဲ့ ဖွင့်လို့ မရတာတွေကို ဒီကောင်လေးနဲ့ အလွယ်တကူ ဖွင့်လို့ ရပါတယ် .. သုံးရတာလည်း အဆင်ပြေပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ ..

Saturday, December 3, 2011

AIMP 3.00 Build 961 RC2 Multilanguage

ကျွန်တော်တို့အခု MP 3 သီချင်းတွေကို ပေါ့ပေါးပါးပါးနဲ့ အမြန်ဆုံးနားထောင်နိုင်မယ့် Player လေးတစ်ခု တင်ပေးလိုက်ပါတယ်။ သူ Support လုပ်ပေးနိုင်မယ့် Code လေးတွေကတော့ MP1, MP2, MP3, MPC, MP+, AAC, AC3, OGG, FLAC, APE, WavPack, Speex, WAV, CDA, WMA, S3M, XM, MOD, IT, MO3, MTM, UMX စတဲ့ ကောင်လေးတွေပဲဖြစ်ပါတယ်။ MP 3 သီချင်းတွေပဲနားထောင် ရတာ နှစ်သက်သူများအတွက် တော့ အဆင်ပြေမှာပါ။ ကျွန်တော်လည်း ပို့စ်ရေးရင် ဒီကောင်လေးနဲ့ပဲ ဖွင့်ထားလိုက်တယ်ဗျာ။ ဖိုင်ဆိုဒ်ကတော့ 6.36 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

Thursday, October 13, 2011

VLC Media Player 1.2.0 Nightly Multilanguage (13.10.2011)


ကျွန်တော်အခု VLC Player လေးကိုအသုံးပြုနေသူများ အတွက် Update လေးထွက်လာလို့တင်ပေးလိုက် ပါတယ်။ ဒီနေ့ ၁၃ ရက်နေ့ ထွက်တာလေးပါ။ ကျွန်တော် ထွေထွေထူးထူးတော့ ထပ်ပြီး ရှင်းမပြတော့ပါဘူး။ သုံးရတာလဲပေါ့ပေါ့ပါးပါးပါပဲ။ ဖိုင်ဆိုဒ်က 20.1 MB ပဲရှိပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။

Tuesday, September 27, 2011

KMPlayer_3.0.0.1442_R2_Portable


Player လေးတစ်ခုတင်ပေးလိုက်ပါတယ်.. KMPlayer လေးပါ.. ဒီကောင်လေးကတော့ Portable လေးပါ .. ပေါ့ပေါ့ ပါးပါးနဲ့ အလွယ်တကူအသုံး ပြုလို့ရတာပေါ့ဗျာ.. 18 MB ပဲရှိပါတယ်.. အသုံးပြုချင်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့လင့် ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ..

Wednesday, September 14, 2011

Flash Player Pro 4.9.1


ဒီတစ်ခါ ကျွန်တော် Flash Player Pro လေးတစ်ခုတင်ပေးလိုက်ပါတယ်။ Flash Player ကြောင့် Error 
ဖြစ်နေသူများ Flash songs တွေကို Download လုပ်ချင်သူများ၊ flash movies တွေကို ကြည့်လိုသူများ
အတွက် အဆင်ပြေပါလိမ့်မယ်။ သူ့အတွက် Features လေးတွေကိုအောက်မှာ ထပ်ထည့်ပေးထားပါတယ်။
အသုံးပြုကြည့်လိုက်ပါဗျာ။ အဆင်ပြေပါလိမ့်မယ်။

Friday, September 9, 2011

Gom Player 2.1.33.5071 Final

အခုကျွန်တော် Gom Player နောက်ဆုံး Update လေးထွက်လာလို့တင်ပေးလိုက်ပါတယ်။ Gom Player
နှစ်သက်သူများအတွက်ကတော့ အဆင်ပြေပါတယ်။ ဖိုင်ဆိုဒ်ကလည်း 9.0 MB ပဲရှိပါတယ်။ အသုံးပြု
ကြည့်လိုက်ပါဗျာ။ နောက်ထပ် Change သွားတဲ့ Features လေးတွေကိုအောက်မှာထည့်ပေးထားပါတယ်။

Thursday, August 18, 2011

RealPlayer 14.0.6.666 + Portable


ကျွန်တော်အခု Real Player အသုံးပြုနေသူများအတွက် နောက်ဆုံးထွက်တဲ့ Lasted Version လေး
တင်ပေးလိုက်ပါတယ်။ Portable လေးပါ တစ်ခါတည်း  တွဲတင်ပေးထားပါတယ်။  ဖိုင်ဆိုဒ်ကတော့ 
24.3 MB   နဲ့ Portable လေးကတော့ 24.2 MB  စီပဲရှိပါတယ်။ ကျွန်တော်အောက်မှာ  နှစ်မျိုးကို
နှစ်နေရာခွဲ  တင်ပေးထားပါတယ်။ အဆင်ပြေမယ့် လင့်ခ်လေးတွေကနေသာ  ယူသွားလိုက်ပါဗျာ။

Wednesday, August 17, 2011

VLC Media Player 1.2.0 Nightly (17.08.2011)


ကျွန်တော်အခု VLC Player လေးကို (17) ရက်နေ့ Update ဖြစ်တာလေးကိုတင်ပေးလိုက်ပါတယ်။ ကျွန်
တော် Portable လေးကိုတော့ တင်မပေးတော့ပါဘူး။ ဒီကောင်လေးကတော့ အသုံးပြုနေကြတဲ့ အစ်ကို
တွေ၊အစ်မတွေကတော့ သိကြမှာပါ။ ပေါ့ပေါ့ပါးပါးနဲ့ သုံးရတာလည်းအဆင်ပြေလို့ တင်ပေးလိုက်တာပါ။
ဖိုင်ဆိုဒ်ကလည်း 20 MB ပဲရှိပါတယ်။ သူ့ရဲ့Features လေးတွေကိုလည်း ကျွန်တော်အထဲမှာ Notepad 
လေးနဲ့ ထပ်ပြီးထည့်ပေးထားပါတယ်။ သုံးကြည့်လိုက်ပါဗျာ။