ကျွန်တော်တို့ WinToUSB 2.2 FINAL နောက်ဆုံး Update လေးတစ်ခုပါ။ Windows operating system ကို ISO image(သို့) CD/DVD drive
ကနေ USB hard drive ဒါမှမဟုတ် USB flash drive တွေကိုအသုံးပြုပြီး Window
Install ပြုလုပ်နိုင်ဖို့အတွက်ပါ။ Download အဆင်ပြေအောင် အောက်မှာ ကျွန်တော် ၄ Links ခွဲပြီး တင်ပေးထားပါတယ်။ ဒီ Tool လေးကတော့ ဆောင်ထားသင့်ပါတယ်။
ဖိုင်ဆိုဒ်ကလည်း 4.7 MB ပဲရှိပါတယ်.။ အောက်မှာ ယူသွားလိုက်ပါခင်ဗျာ...
Showing posts with label Windows နှင့်ပါတ်သတ်သမျှ. Show all posts
Showing posts with label Windows နှင့်ပါတ်သတ်သမျှ. Show all posts
Friday, August 21, 2015
Tuesday, August 18, 2015
Windows Repair 3.4.2
ကျွန်တော်တို့
Windows problems တွေ Registry errors တွေအတွက် ဖြေရှင်းနိုင်ဖို့
ဒီကောင်လေးကို တင်ပေးလိုက်တာပါ.။ Default settings ကို ပြန်ပြီး modify
ပြန်လုပ်ပေးနိုင်ပါတယ်။ Windows problems တွေ registry errors တွေနဲ့
Malware တွေကြောင့် Error တက်နေတဲ့ System ပိုင်းကို ပြန်ပြီး modify
လုပ်ပေးနိုင်ပါတယ်။ နောက်ဆုံးထွက်လာတဲ့ Update Version လေးပဲဖြစ်ပါတယ်။
ကျွန်တော်တို့ Repair လုပ်ပေးနိုင်တဲ့
ကောင်လေးတွေကို ကျွန်တော်အောက်မှာ ထပ်ထည့်ပေးထားပါတယ်။ အဆင့်အတိုင်း
တစ်ဆင့်ခြင်းစီ လုပ်ပေးသွားရင် အဆင်ပြေပါပြီ။ ဖိုင်ဆိုဒ်ကတော့ 20 MB
ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။
Monday, August 10, 2015
Kon-Boot for Windows 2.5.0
ဒီ
application ကတော့ Windows Passwords တွေ မေ့တတ်တဲ့ မိတ်ဆွေများအတွက်
ပြန်ပြီး Repair ပြလုပ်ပေးနိုင်ပါတယ်။ အရှေ့မှာလည်း ကျွန်တော် တင်ပေးခဲ့ပြီးပါပြီ။ ဒါလေးကတော့ နောက်ဆုံးထပ်ထွက်လာတဲ့ Update Version လေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ CD ပြားနဲ့ Burn
ထားလိုက်ပြီး
ဆောင်ထားလိုက်ရင် အဆင်ပြေပါပြီ။ အထဲမှာ BootUSB,BootFloppy နဲ့ BootCD
ဆိုပြီး သုံးမျိုးပါဝင်ပါတယ်။ ဖိုင်တစ်ခုခြင်းစီအလိုက် ခွဲပြီး
ထည့်ပေးထားပါတယ်။
32 ရော 64 Bits အတွက်ပါ Support လုပ်ပေးနိုင်တဲ့အပြင် ဖိုင်ဆိုဒ်ကလည်း 1 MB
တောင်မပြည့်တဲ့အတွက် ဆောင်ထားလိုက်ပါဗျာ...
Monday, July 20, 2015
Windows License Key Dump v3.0
Windows License Key Dump ဆိုတာကတော့ command-line tool တစ်ခုဖြစ်ပြီး Windows နဲ့ တခြား popular softwares တွေရဲ့
product/serial Keys တွေကို Recover လုပ်ပေးနိုင်တဲ့ Tool လေးတစ်ခုပဲဖြစ်ပါတယ်။ Office, SQL Server, Adobe, Nero နဲ့ စတဲ့ popular softwares ပေါင်း
200 ကျော်ရဲ့ license နဲ့ serial keys တွေကို ကာကွယ်ပေးနိုင်သလို ရှာဖွေပေးနိုင်ပါလိမ့်မယ်။ Windows License Key တွေကိုလည်း
TEXT File တွေနဲ့ Save ပေးထားနိုင်ပါတယ်။ ဒီ Windows License Key Dump လေးကတော့ 32-bit ရော 64-bit platforms တွေမှာပါအသုံးပြုနိုင်သလို
Windows XP ကနေ Windows 8 အထိ Support လုပ်ပေးနိုင်ပါတယ်။ ပါဝင်တဲ့ Features လေးတွေကတော့ Microsoft products တွေရဲ့ license CD key တွေ
Microsoft Windows NT, XP, 2003, Vista, Windows 7, Windows 8, Microsoft Office 2003, 2007, 2010, 2013,Microsoft Exchange Server,
Microsoft SQL Server 2000, 2005, 2008, 2012, Internet Explorer 6, 7, 8, 9, 10 , Microsoft Interactive Training , Microsoft Picture It! Photo Premium,
Microsoft Windows Defender စတဲ့ Products တွေကို Support လုပ်ပေးနိုင်သလို အောက်မှာ Popular softwares ပေါင်း 200 ကျော်ဖြစ်တဲ့ Software တွေကို
ထပ်ပြီးထည့်ပေးထားပါတယ်။ အောက်မှာ ကြည့်လိုက်ပါခင်ဗျာ ...
Wednesday, June 27, 2012
32 Bits နှင့် 64 Bits ကွာခြားချက်များ
မေးထားတဲ့ အကိုတစ်ယောက်လည်း ရှိတာနဲ့ မသိသေးတဲ့ သူတွေလည်း တကယ်သိသင့်တဲ့ အရာလေးတွေ မိုလို့ ကျွန်တော့်အကို ကိုသန့်ဇင်ဌေး ရေးပေးထားတဲ့ ပို့စ်လေးကို သူလည်း ဒီရက်ပိုင်း စာမေးပွဲကြောင့် မအားတာရော ကျွန်တော်လည်း ဒီနောက်ပိုင်း ဆိုဒ်ဖက်မလှည်းဖြစ် တာကြောင့် အားလုံးနဲ့ ရင်းရင်းနှီးနှီး ပြန်ပြီးတော့ ဖြစ်ချင်တာလည်း ပါတာကြောင့် အကို့အစား ကျွန်တော်ပဲ တင်ပေးလိုက်ပါတယ် .. နောက်ပိုင်းတော့ အခြေအနေကြောင့် စာတွေရေးပေးနိုင်တော့မှာ မဟုတ်တော့ပါဘူး .. ဒါပေမယ့် သိသင့်သိထိုက်တဲ့ မေးခွန်းမျိုးတွေ ဆိုရင်တော့ ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ ပိုစ့်တွေကို ပြန်ရှယ်ပေး သွားပါမယ် .. စာတွေ အများကြီးရေးဖို့တော့ စိတ်ကူးယဉ်ခဲ့ပါတယ် .. ကျွန်တော့်ကို ကံဇာတာက အခွင့်အရေးမပေးတော့လည်း ကျွန်တော်လည်း လွန်ဆန်လို့ မရတော့ပါဘူး .... ကျွန်တော် တက်နိုင်သလောက်တော့ အားလုံးကို ထောက်ပံ့ပေးသွား အုံးမှာပါ .. နေမင်းမောင်ဆိုတာ ရှိနေသေးသရွေ့တော့ အားလုံးအတွက် အကူအညီ ရနေစေရအုံးမှာပါ ... မေးခွန်းတွေ မပြန်နိုင်တာတွေ ရှိရင်လည်း စိတ်မဆိုးကြဖို့ တောင်းပန်ချင်ပါတယ် .. ကျွန်တော့် ကိုယ်ရေးကိုယ်တာ အခြေအနေက တော်တော်ဆိုးရွားနေလို့ပါ ..
. အားလုံးပဲ ပျော်ရွင်ချမ်းမြေ့ပါစေခင်ဗျာ ... အခုလို ပြန်နေလိုက်ရတာ စိတ်ထဲမှာတော့ တော်တော်ပျော်သွားတယ် .. ပြောချင်တာတွေ ပြောလိုက်တာ ခေါင်းစဉ်နဲ့ ဘာတွေရေးထားမှန်းမသိဘူး ဖြစ်နေအုံးမယ် .. ကဲအောက်မှာ အကိုရေးထားတာလေးကို လေ့လာ လိုက်ပါအုံး ခင်ဗျာ ...
Friday, May 4, 2012
Notepad ကို Save တဲ့အခါ မြန်မာလို မပေါ်ဘူးဆိုရင်
ဒီပို့စ်လေးကိုတော့
မသိသေးတဲ့ သူများအတွက်သာ ရည်ရွယ်ပါတယ် .. လုပ်တက်သွားရင်တော့ လွယ်တယ်လို့
ထင်ရပေမယ့် မသိသေးရင်တော့ တော်တော် ရွာပတ်ပါတယ် .. ဘာပဲပြောပြော
ဒီကောင်လေးကို လိုအပ်ပါတယ် .. ကျွန်တော်တို့ မှတ်ထားချင်တာလေး တွေကို
အလွယ်ရေးပြီး မှတ်ချင်တဲ့ အခါမှာ Windows Logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့် ပြီးရင် Run Box ထဲမှာ notepad လို့ရိုက်ထည့်ပြီး ပေါ်လာတဲ့ Notepad ထဲမှာ အလွယ်တကူ မှတ်သား တက်ကြပါတယ် .. ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ Notepad မှာ Zawgyi-One Font ကိုမပြောင်း ပေးဘူးဆိုရင်လည်း မြန်မာလို ပေါ်မှာမဟုတ်သလို Save တဲ့အခါမှာလည်း Unicode ကိုပြောင်းပြီး မ Save ဘူးဆိုရင်လည်း Save တဲ့အခါမှာ မြန်မာလို ပေါ်မှာ မဟုတ်ပါဘူး .. ဒါကြောင့် Notepad ကိုအသုံးပြု တဲ့အခါမှာ အခက်အခဲ ဖြစ်နေသူတွေ အတွက် ကျွန်တော် ရေးပေးသွားမှာ ဖြစ်ပါတယ် ..
Friday, March 16, 2012
Windows 7 SP 1 တွင် Language Pack ချိန်းပြီး သုံးချင်သူများ အတွက်
ကျွန်တော် ဒီနေ့တော့ Windows 7 SP1 ကို Language Pack ချိန်းပြီး အသုံးပြုချင် သူများအတွက် နည်းလမ်းလေးကို ပြန်ပြီးတော့ မျှဝေပေး သွားမှာ ဖြစ်ပါတယ် .. အရင်တုန်းကတော့ ရေးပေး ထားတာ ရှိပါတယ် .. အခု SP 1 အတွက် Language Pack ချိန်းလို့ရသွားပြီ ဖြစ်တဲ့အတွက် အသစ်ထပ်ရေးပေး သွားမှာ ဖြစ်ပါတယ် .. ကျွန်တော်တို့ အနေနဲ့ နိုင်ငံ ရပ်ခြားမှာ ရောက်နေတဲ့ အခါမှာ အများစု Laptop တွေဝယ် ကြတဲ့ အခါမှာ သူတို့ နိုင်ငံတွေရဲ့ Language တွေနဲ့ Windows တွေကို တင်ပေးလိုက်ကြပါတယ် .. အင်္ဂလိပ်လို အသုံးပြုတဲ့ နိုင်ငံတွေက ၀ယ်လိုက်တာ ဆိုရင်တော့ ပြသနာ မရှိပေမယ့် ဥပမာ ၊ ဂျပန်တို့ ၊ တရုတ်တို့ ၊ ရုရှားတို့ ကနေ ၀ယ်မယ်ဆိုရင် သူတို့ရဲ့ Language နဲ့ Windows ကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ် .. အဲ့ဒီအခါမှာ ကျွန်တော်တို့ အနေနဲ့ Orginal Windows ကိုလည်း မဖြုတ်ချင်ဘူး English လိုလည်း အသုံးပြုချင်တယ် ဆိုရင် အခု ကျွန်တော် ရေးပေးသွားမဲ့ နည်းလမ်းလေး အတိုင်း Language Pack ချိန်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ..
Windows 7 Home Basic နှင့် Starter အသုံးပြုသူများ အတွက်
အရင်က မေးထားတာလေးတွေ ရှိပါတယ် .. ကျွန်တော်တို့ Windows Home Basic တို့ Windows Starter တို့မှာ Ultimate တို့မှာပါတဲ့ Personalize မပါတဲ့ အတွက် ဘယ်လို အသုံးပြုလို့ ရမလည်း ဆိုပြီး မေးထားတာလေး ရှိပါတယ် .. ကျွန်တော် အခု အဲ့ဒီ အဆင်မပြေတဲ့ သူများအတွက် .. Personalization Panel v1.2.1 လေး တင်ပေးလိုက်ပါတယ် .. ဒီကောင်လေးကို အသုံးပြုပြီး Home Basic တို့ Starter တို့မှာ Ultimate တို့မှာ အသုံးပြုရသလို Personalize လေးကို ထည့်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. အသုံးပြုရတာလည်း မခက်ပါဘူး .. အခု ကျွန်တော် တင်ပေးလိုက်တဲ့ ကောင်လေးကို မိမိတို့ ကွန်ပျူတာမှာ အင်စတော လုပ်ပေးလိုက်ပါ .. ပြီးရင် Restart ချပေးလိုက်ပါ .. Windows ပြန်တက်လာ ပြီဆိုရင် မိမိတို့ရဲ့ Windows Home Basic ဒါမှမဟုတ် Starter တို့မှာ Personalize လေးနဲ့ Aero Feature လေးကို အသုံးပြုနိုင်သွားပြီ ဖြစ်ပါလိမ့်မယ် .. ကျွန်တော် အောက်မှာ သုံးနေရာ ခွဲတင်ပေးထားပါတယ် .. လိုအပ်တဲ့ သူတွေကတော့ မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..
Thursday, March 15, 2012
Windows ခွေတွေကို Ultra ISO လေးသုံးပြီးအလွယ် ကူဆုံး Burn ရအောင်

ကျွန်တော် အားလုံး အတွက် အသုံးဝင်မယ် ထင်တာလေး တွေရေးဖို့၇ှိပါတယ်..။ ဒါပေမယ့် ဒီရက်ပိုင်းမအားသေးတာရယ် ၊ အချိန်မပေးနိုင်တာ ရယ်ကြောင့် မရေးဖြစ် သေးတာပါ..။ အခုလဲရတဲ့ အချိန်လေးကိုအသုံးဝင်တာလေး တစ်ခုတင်ပေး လိုက်ပါတယ်..။ ကျွန်တော့်ပို့ဒ်တွေကို ဖတ်ကြည့်၇င် သိပါလိမ့်မယ်.။ ကျွန်တော် မသိသေးတဲ့ သူများကို လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ဖို့ပဲ အဓိကထားပြီး ရေးနေတာ ဖြစ်တဲ့အတွက် သိပြီးသားသူများကလဲသည်းခံပြီး ဖတ်ပေးဖို့ တောင်းဆို ချင်ပါတယ်..။ ကျွန်တော်အခု Ultra ISO လေးကိုသုံးပြီးတော့ Windows ခွေတွေကို အလွယ်တကူနဲ့ Burn လို့ရမဲ့နည်းလမ်းလေးကို ပြန်ပြီးတော့ မျှဝေပေးခြင်ပါတယ်..
Friday, March 9, 2012
Local Area Network အတွင်း Printer Sharing ပြုလုပ်ခြင်း ( Windows 7 )
ကျွန်တော် ဒီနေ့ Local Area Network ထဲမှာ ရှိတဲ့ Client Computer အချင်းချင်း Printer Sharing လုပ်တဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ မျှဝေပေး သွားပါမယ် .. မိမိတို့ အဓိကထားပြီး အသုံးပြုချင်တဲ့ ကွန်ပျူတာ တစ်လုံးမှာ Printer ကိုတပ် ဆင်ထားပြီး မိမိရဲ့ Local Area Network အတွင်းမှာ ရှိတဲ့ တစ်ခြားသူများပါ .. မိမိကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Printer ကိုလှမ်းပြီး အသုံးပြုနိုင်စေဖို့ အတွက် Printer Sharing ပြုလုပ်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. ကျွန်တော် Windows 7 အသုံးပြုတဲ့ ကွန်ပျူတာ အချင်းချင်း စမ်းပြီး ရေးပေးထားတာ ဖြစ်ပါတယ် .. ကျွန်တော် မသိသေးတဲ့ သူများ အဆင်ပြေပြေနဲ့ လုပ်တက်သွားအောင် အောက်မှာ ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ် ..
Monday, February 27, 2012
Boot Menu မှာ Windows နှစ်ခု မပေါ်ချင်ဘူး ဆိုရင်
ကျွန်တော် အခု မေးထားတာ တွေကို အတက်နိုင် ဆုံးတော့ ပြန်ဖြေပေး နေပါတယ် .. စာရေးလိုက် ဖြေလိုက်တော့ လုပ်ပေး သွားပါမယ် .. မေးခွန်းတွေ ချည်းပဲ လိုက်ဖြေ နေရရင်လည်း ဘာစာမှ မရေးဖြစ်လောက် တော့မှာ သေချာပါတယ် .. အဲ့ဒါကြောင့် စာရေးလို့ ဖြေလိုက်တော့ လုပ်ပေး သွားပါမယ် .. အခု ကျွန်တော် အကို တစ်ယောက် မေးထားတဲ့ Windows နှစ်ခု တင်ပြီးတဲ့ အချိန်မှာ Windows တစ်ခုကို ဖြုတ်ပြီး သွားပေမယ် .. Boot တက်တဲ့ အချိန်ကျရင် Windows တန်းမတက်ပဲ Windows နှစ်ခု ရွေးခိုင်း တာလေးကို Windows တန်းတက်အောင် ဘယ်လို လုပ်ရမယ် ဆိုတဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. နည်းလမ်း လေးကတော့ လွယ်ပါတယ် .. ဒါပေမယ့် မသိသေးတဲ့ သူတွေလည်း အဆင်ပြေအောင် ကျွန်တော် ပုံလေးတွေနဲ့ အသေးစိတ် ရေးပေးသွားပါမယ် ..
Wednesday, February 8, 2012
Hardware information နှင့် Slot လွတ်ခြင်းမလွတ်ကြည့်ခြင်း
vnaa: Laptop မှာ memory card slot အလွတ်ရှိမရှိ ကို cover တွေမဖွင့်ပဲနဲ့ ဘယ်လိုကြည့်ရမလဲ မသိဘူးနော်။
luupyogi: vnaa ရေ latop ရေ memory card slot အလွတ်ရှိသေးလား လို့မေးလိုက်ပါ...နောက်တာပါ ကိုသန့်ဇင်ကို မေးကြည်ပါ။
ဟုတ်ကဲ့
ကျွန်တော့ အနေနဲ့ ပြည်တော်ပြန်တော့မှာမို့ရော ကျောင်းကလည်းပြီးတော့မှာမို့
သိပ်ပြီးတော့ အရင်ကလို စာတွေ မရေးဖြစ်တော့တာကြောင့်ပါ။
ဒီအကြောင်းအရာတွေကို အရင်က resource မှာ ရေးဘူးပါတယ်။ နောက်ပိုင်း
ပိုစ့်တွေပျက်တာရော ဆိုဒ်ချိန်းတာရောနဲ့ ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး။
မေးထားတဲ့ အကိုကိုရော ပြန်ပြီး လမ်းညွှန်ပေးထားတဲ့ အကိုကိုရော
ကျေးဇူးတင်ပါတယ်။ သိချင်တာကို မေးသာမေးပါ။ ကျွန်တော် သိတာဆို တလုံးမကျန်
အကုန်ဖြေမှာပါ။မေးတဲ့
အကိုတို့ကို ကျေးဇူးတင်တာက ဒီအကြောင်းအရာတွေကို မေးတဲ့သူရှိမှ
ကျွန်တော်တို့ကလည်း ရေးဖြစ်တာမို့ ရေးဖြစ်ရင် မသိသေးတဲ့
ညီအကိုမောင်နှမတွေလည်းသိသွားစေအောင် အစဖော်ပေးသူဖြစ်တဲ့ အတွက်
ကျေးဇူးတင်ပါတယ်လို့ အရင်ဆုံး အစပျိုးပါရစေ.. .
Tuesday, February 7, 2012
(Untouched ) Copy လား ?? ( Touched ) Copy လား ??
ဒီအကြောင်းက
ရေးဖို့ စီစဉ်ခဲ့တာ လေး - ငါးလလောက် ကြာပြီလို့တောင် ပြောရမယ် ထင်တယ် -
ရေးချင်တယ် ဆိုပေမယ့် စာရေးဖို့ဘက်ကို လှည့်မယ်ကြံလိုက် တစ်ခြားဘက်
ရောက်လိုက်နဲ့ လူက စာရေးတဲ့ဘက်ကို မလှည့်ဖြစ်ခဲ့ဘူး - ကျွန်တော်က
အလွန်မှကို ပျင်းတတ်တဲ့ ကောင်ခင်ဗျ Profile မှာ လာမေးထားတာ ဖတ်ရင်း ရေးဖို့ ကျန်နေပါသေးလား ဆိုတာ သတိရပြီး ပြန်ရေးဖို့ စီစဉ်ဖြစ်ခဲ့ပါတယ် -
ရေးသာရေးရမယ်
မချယ်ရီမင်း မေးချင်တာ ဒီအကြောင်း ဟုတ်ပါ့မလားတောင် မပြောတတ်ဘူး -
ကျွန်တော်လည်း ကျွန်တော်သိထားတာ သူသိချင်တာနဲ့ ကိုက်လောက်မယ်ထင်ပြီး
တစ်ခြား မသိသေးသူတွေလည်း သိရအောင် ဒီမှာပဲ Thread အသစ်ဖွင့်ပြီး
ရေးလိုက်ပါပြီ - မချယ်ရီမင်းရေ မဟုတ်ရင်တော့လည်း သည်းခံပါခင်ဗျ -
Monday, February 6, 2012
Window Offline Update လုပ်ဆောင်ခြင်း
ကျွန်တော် ဒီအကြောင်းကိုရေးဖို့ စာတော်တော်လေး လိုက်ဖတ်ဖြစ်ခဲ့တယ်။ အရင်က ကိုနိုးတူးမေးတဲ့ ပိုစ့်တပိုစ့်မှာ window update ပေးတာ Error တက်တာလေးကို ကျွန်တော် Offline လုပ်ဆောင်လို့ ရတယ်ဆိုရင် Offline Package တွေ ပေးခဲ့တယ် ။ အဲ့ကတည်းက ရှင်းပြဖို့ပါပဲ့။ ဘာကို ရှင်းပြချင်တာလည်းဆိုတာကတော့ ကျွန်တော်တို့ ညီအကိုမောင်နှမတွေ မြန်မာ ဆိုဒ်တွေမှာ ဖတ်ဖူးမှာတော့ မဟုတ်သေးဘူး။ ကျွန်တော်တို့ ထွက်သမျှ window Update တွေကို အင်တာနက်မရရင် ဘယ်လို ရနိုင်မလည်း ဆိုတဲ့ မေးခွန်းရယ်။ နောက်တခုက ကျွန်တော်တို့ အင်တာနက်ရတဲ့နေရာမှာ Window ကို တင်သွားမယ်။ ပြီးရင် Offline မှာ သုံးမယ်။ ဒါပေ့မယ် ကြာလာတာနဲ့ အမျှ ဒီ window ကို အသစ်ချိန်းချင်မှာပဲ့လေ။ ဒါဆို ဘယ်လိုလုပ် window update ကို Offline ကနေ ရနိုင်မလဲ့ အင်တာနက် မသုံးပဲ့ Update ဖိုင်တွေကို ဘယ်လို install လုပ်မလည်းဆိုတာလေးကိုကျွန်တော် ရှင်းပြပေးချင်ပါတယ်။ ပြောပြချင်ပါတယ်။
Wednesday, January 25, 2012
Windows 7 တွင် File Sharing ပြုလုပ်နည်း
အခုကျွန်တော် Windows 7 အသုံးပြု သူတွေအတွက် Local Aera Network ( Lan ) ထဲမှာ File Sharing ပြုလုပ် တဲ့ နည်းလမ်းလေးကို မေးထားတဲ့ အကို တစ်ယောက်လည်း ရှိတာနဲ့ ကျန်တဲ့ မသိသေးတဲ့ သူများလည်း အဆင်ပြေအောင် ရေးပေးသွားပါမယ် ..ကျွန်တော် အားလုံး အဆင်ပြေအောင် အောက်မှာ ပုံလေးတွေ နဲ့ တစ်ဆင့်ချင်း ရှင်းပြေပေး သွားပါမယ် .. သိပြီး သားသူများကတော့ သည်းခံ ပေးပါခင်ဗျာ .. မသိသေးတဲ့ သူတွေ အတွက် ရည်ရွယ်ပါတယ် ..
Tuesday, December 13, 2011
Extra Buttons ထည့်လိုသူများအတွက်
ကျွန်တော် ဒီတစ်ခါ သိပြီးတဲ့သူ လည်းရှိမယ် မသိသေး တဲ့သူ လည်းရှိမယ်။ ဒီကောင်လေးတစ်ခုနဲ့မိတ်ဆက်ပေး ချင်ပါတယ်။ ကျွန်တော်တို့ရဲ့ Windows Explorer Title Bar မှာ ကျွန်တော်တို့ Extra Buttons လေးတွေ ထည့်ရအောင်ဗျာ။ မိမိတို့ နှစ်သက်တဲ့ Buttons လေးတွေကိုပဲရွေးပြီးထည့်နိုင်သလို အကုန်လုံးလဲထည့်လို့ ရပါတယ်။ ကျွန်တော်ကတော့ ပြရတာအဆင်ပြေအောင် အကုန် လုံးကိုထည့်ထားပါတယ်။ သူ့ရဲ့ ပါဝင်တဲ့ Features လေးကလည်း တော်တော်လေးကို ကောင်းပါတယ်။ အောက်မှာ ဆက်ကြည့်ရအောင်ဗျာ။
Thursday, December 8, 2011
Window 7 အတိုအထွာလေးများ
ကျွန်တော်စာမရေးဖြစ်တာလဲ ကြာသွားပါတယ်။ အခုတော့ အားလုံးလဲ သတိထားမိတက်ကြသလို သတိမထားမိတဲ့ Window 7 ရဲ့ အစိတ်အပိုင်းလေး တွေထဲက အနည်းငယ်ကျွန်တော် ထုတ်ရေးလိုက်တာပါ။ သိထားပြီးသားသူတွေလည်း ရှိမှာပါ။ ကျန်တဲ့အစ်ကိုတွေအစ်မတွေ အတွက်လည်း အဆင်ပြေသွားအောင် ကျွန်တော်ရေးပေးလိုက်ပါတယ်။ ပို့စ်ကတော့ နည်းနည်းရှည်သွားနိုင်တယ်ဗျ။ ကျွန်တော်ပုံလေးတွေနဲ့ အားလုံး အဆင်ပြေအောင် ရှင်းပေးသွားပါမယ်။ ဆက်ကြည့်ရအောင်ဗျာ။ သိပြီးသား အစ်ကိုတွေ အစ်မတွေကတော့ သည်းခံပေးပါဗျာ။
Saturday, December 3, 2011
WinUSB Maker v1.7
ကျွန်တော်အခု WinUSB Maker နောက်ထွက်တဲ့ Update လေးတစ်ခု တင်ပေးလိုက်ပါတယ်။ နောက်ထပ် Update လေးတွေဖြစ်လာတာနဲ့ အမျှ သူ့ရဲ့ပါဝင်တဲ့ Features လေးတွေက ပိုပိုပြီးစုံလင်လာတာကို တွေ့ရမှာပါ။ ကျွန်တော် နောက်ထပ် Update လေးတွေဖြစ်တိုင်းလဲ တင်တင်ပေးသွား ပါမယ်။ သူ Support လုပ်ပေးတဲ့ Windows လေးတွေကတော့ Windows 8,Windows 7,Windows Vista နဲ့ Windows Server 2008 / 2011 Family တွေကို Support လုပ်ပေးနိုင်ပါတယ်။ ကျွန်တော် USB ကနေဝင်းဒိုးတင်နည်းကိုလည်း ဒီလင့်ခ်လေးမှာ တင်ပေးခဲ့ပြီးပါပြီ။ ကြည့်ကြည့်လိုက်ပါဗျာ။ အခုကောင်လေးဖိုင်ဆိုဒ်ကတော့ 1.59 MB ပဲရှိပါတယ်။
Friday, November 18, 2011
UltraISO Premium Edition v9.5.2.2836
ကျွန်တော်အခု UltraISO Premium Edition လေး Update လေးထွက်လာလို့တင်ပေးလိုက်ပါ တယ်။ သူ့အတွက် Keygen လေးပါတစ်ခါတည်း ထည့်ပေးထားပါတယ်။ အသေးစိတ်ကိုတော့ ကျွန်တော်အရင်ကရေး ထားခဲ့ပြီးပါပြီ။ ထပ်ပြီးတော့ မထည့်ပေးတော့ပါဘူး။ အခုဖိုင်ဆိုဒ်ကတော့ 3.9 MB ပဲရှိပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သုံးရတာလည်းအဆင်ပြေပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။။
Saturday, November 12, 2011
Windows Password ကို အလွယ်ကူဆုံး ကျော်ရအောင်
ဒါကတော့ ကျွန်တော်တို့ Windows မှာပေးထားတဲ့ Administrator Password တွေကို အလွယ်တကူနဲ့ Reset
လုပ်ပေးနိုင်မဲ့ နည်းလမ်းလေးပါ .. အရမ်းကိုလွယ်ပါကူပါတယ် .. အဆင့်သုံးဆင့်
ရွေးပေးလိုက်ယုံပါပဲ .. ကျွန်တော့်ကို အကိုတစ်ယောက် မေးလ်ထဲကနေ
မေးထားဖူးပါတယ် .. ကျွန်တော်လည်း အဲ့ဒီတုန်းက ချက်ချင်းပြန်မဖြေ
ဖြစ်လိုက်ဘူး .. ကျွန်တော် စမ်းသပ်ပြီးသမျှ Window Password ကို Reset လုပ်တဲ့ နည်းတွေထဲမှာ အခုနည်းလမ်းက အလွယ်ကူဆုံးပါပဲ .. ဒီကောင်လေးက Windows Version တော်တော်များများကို အလုပ်လုပ်ပါတယ် .. အရင်ဆုံး ကျွန်တော်တင်ပေးထားတဲ့ ISO File လေးကို CD ခွေနဲ့ Burn လိုက်ပါ .. ပြီးရင် ပုံမှန် Windows တင်သလို Boot တက်ပေးလိုက် ယုံပါပဲ ..ကျွန်တော် အဆင်ပြေအောင် ဘယ်လိုလုပ်ရမယ် ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ် ..

























