nayminmaung89@gmail.com သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

Showing posts with label အေထြေထြ. Show all posts
Showing posts with label အေထြေထြ. Show all posts

Sunday, August 28, 2016

Top Ten Torrent Sites များနှင့် အသုံးပြုပုံများ



Software ရှာဖို့အတွက်က Torrent Sites တွေကိုအသုံးပြုရတာ ပိုပြီး အဆင်အပြေဆုံးနည်းလမ်းတစ်ခုပါ။ ဘယ်လိုရှာကြမလဲ ??? 
ပထမဆုံးတစ်ချက်ကတော့ ရက်စွဲကို အရင်ဆုံးကြည့်လိုက်ပါ။ အချို့အချို့သော Software တွေက  ၄ နှစ် ၅ နှစ်တွေ ဖြစ်ကုန်ပါပြီ ။ ဒါဆိုရင်တော့ Download လုပ်ဖို့ အဆင်ပြေနိုင်မယ့်အခွင့်အလမ်းနည်းပါတယ်။ 
ဒုတိယတစ်ချက် Software Size ကိုကြည့်လိုက်ပါ။ မိမိအသုံးပြုမယ့် Software ဆိုဒ်က Torrent Sites မှာဖေါ်ပြထားသလောက်ရှိရဲ့လားဆိုတာပါ.။  တစ်ချို့ ဖိုင်တွေက ပါမလာတတ်တာတွေလည်း ရှိတတ်လို့ပါ။ 

တတိယတစ်ချက်အနေနဲ့ Seed ကိုကြည့်ပေးပါ။ Seeders များလေလေ Download ချဖို့ပိုပြီး အဆင်ပြေလေလေပဲဖြစ်ပါတယ်။ Leech များနေရင်တော့ အဆင်ပြေနိုင်ဖို့ အခွင့်အလမ်းနည်းပါးပါတယ်။ 
ချွင်းချက်အနေနဲ့ကတော့ Comment လေးတွေ ဖတ်ကြည့်သင့်ပါတယ်။ Comment တွေမှာ အဆင်မပြေတာလေးတွေ ရေးထားတာတွေ့ရင်တော့ နောက်တစ်ခု ထပ်ရှာတာက အချိန်ကုန်သက်သာပါလိမ့်မယ်။ Download လုပ်ပြီးမှ အဆင်မပြေရင် ကိုယ်ပဲ အချိန်ကုန် လူပမ်းဖြစ်ပါလိမ့်မယ်။ ကျွန်တော်အသုံးများတဲ့ Top Ten ထဲမှာပါတဲ့ Torrent Sites တော်တော်များများကို ဖေါ်ပြပေးသွားပါ့မယ်။ အောက်မှာကြည့်ရအောင် ... 

Facebook Pornographic video clip များဖြေရှင်းရန်



ကျွန်တော်တို့ Facebook News Feed မှာ ပေါ်လာတတ်တဲ့ သူငယ်ချင်းတွေ Share လုပ်ထားတယ်ဆိုတဲ့ Porn Video (pornographic video clip) Auto share လုပ်တာနဲ့ ပတ်သတ်ပြီး Click နှိပ်မိပြီဆိုတာနဲ့ (Fake) Flash player Install ခိုင်းတာပဲဖြစ်ဖြစ် ? Update လုပ်ခိုင်းတာပဲ ဖြစ်ဖြစ် Download လုပ်ခိုင်းတဲ့အချိန်မျိုးမှာ နောက်ကို အမြန်ပြန်ထွက်လိုက်ပါ။  ဒါက Facebook Users တော်တော်များများ ကူးစက်ခံနေရတဲ့ Malware တစ်မျိုးပဲဖြစ်ပါတယ်။  Fake flash player တွေဖြစ်တဲ့ downloader Trojan တွေကို Download မလုပ်မိဖို့လည်း အရေးကြီးပါတယ်။ ဒီအပိုင်းကိုလည်း ကျွန်တော်ရေးထားခဲ့တာ ကြာပါပြီ ကွန်ပျူတာတွေအတွက်ဖြစ်ပါတယ် .။  ဒီကောင်    ဝင်လာပြီဆိုတာနဲ့ စက်မှာရှိတဲ့မည်သည့် Antivirus  မဆိုအလုပ် မလုပ်တော့ပါဘူး  ဖြုတ်လို့တောင် မရတော့ပဲ  အသစ်ပြန်တင်တာနဲ့ စက်က  Restart ထိုးထိုး ကျသွားပြီးဘာမှကို   လုပ်လို့မရဘူး ဖြစ်နေတာကို တွေ့ရပါတယ်..   အခုအကို တစ်ယောက်ကလဲ  မေးထဲတာနဲ့ အဆင်ပြေနိုင်မယ့် နည်းလမ်းလေးကိုအောက် မှာပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် မဖြစ်သေးတဲ့သူတွေလဲ သတိထားစေချင်လို့ အဲ့ဒီအကိုပို့လိုက် Virus ၀င်လာပုံလေးကို   အောက်မှာဖော်ပြပေးထားပါတယ်။

Wednesday, August 19, 2015

အလုပ်အင်တာဗျူးများ အတွက် Online Sites (၅) ခု

 

ကျွန်တော်တို့ အလုပ်အင်တာဗျူးများ အတွက်  Careercup, InterviewUp, Best Job Interview, Glassdoor, နဲ့ CareerLab ဆိုတဲ့ Online ဆိုဒ်လေး (၅) ခုက အထောက်အပံ့ ပေးနိုင်ပါလိမ့်မယ်။ အားလုံးပဲ အဆင်ပြေနိုင်ကြပါစေဗျာ ...

Monday, August 17, 2015

Online E-Books Free Download Sites Collections


ဒီတစ်ခါ ကျွန်တော်တို့ Online E-Books Free Download Sites Links တွေကို တင်ပေးလိုက်ပါတယ်။ ဆိုဒ်အားလုံးပေါင်း ၉၀၀ ကျော်ပါဝင်ပါတယ်။ ဆိုဒ်နာမည်နဲ့ တင်ပေးထားသော ဘာသာရပ်အလိုက်၊ ကျန်းမာရေးအလိုက်၊ နည်းပညာရပ်များအလိုက် ရေးပေးထားတာ  ဖြစ်တဲ့အတွက်  စာအုပ်များ အလိုက် မိမိတို့ အသုံးလိုရာ E-Books တွေကို Download လုပ်နိုင်ပါတယ်။ အောက်မှာ ဆက်ကြည့်ရအောင်ဗျာ ...

Thursday, July 9, 2015

How to See Who Unfriended You on Facebook?


ကျွန်တော်တို့ အခုခေတ်မှာ Facebook အသုံးပြုတာတွေ များလာတာနဲ့အမျှ ကိုယ့်ကို ဘယ်သူ unfriend လုပ်သွားတယ်ဆိုတာ သိစေနိုင်ဖို့အတွက် ဒီ Who Deleted Me app ကို iOS နဲ့ Android တွေမှာ အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် Firefox နဲ့ Chrome Extensions အနေနဲ့ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သုံးနေတာကြာပြီလို့ ပြောတဲ့သူတွေရှိပါတယ်။ ဟုတ်ပါတယ်။ မသိသေးတဲ့မိတ်ဆွေတွေအတွက် ရည်ရွယ်တာပါ။  တစ်ခုတော့ ရှိပါတယ်။ ဒီ Application ကိုအသုံးမပြုမီ အချိန်မှာ Unfriend လုပ်သွားတဲ့ သူငယ်ချင်းတွေကိုတော့ ဖေါ်ပြပေးမှာ မဟုတ်ပါဘူး။ အခုလောလောဆယ် Firefox နဲ့ Chrome extensions ကို အောက်မှာ ကြည့်လိုက်ရအောင်ဗျာ...

Wednesday, July 1, 2015

Laptop,Desktop Drivers များ Download ယူရန်


ကျွန်တော်တို့ အခုတော်တော်များများ အဖြစ်များနေကြတာက Drivers များမရှိကြတာပါ။ ကျွန်တော်အခု ဆိုဒ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါ့မယ်။ သိတဲ့မိတ်ဆွေတွေလည်း ရှိကြသလို မသိသေးတဲ့ မိတ်ဆွေများအတွက်လည်း အဆင်ပြေအောင် ရည်ရွယ်ပါတယ်။ Window 8.1 (32,64)Bits အထိကို Support လုပ်ပေးနိုင်တဲ့ Drivers များကို အသင့် Download ရယူနိုင်ပါတယ်။ ဆိုဒ်လိပ်စာကတော့ --- Driver Scape ပဲဖြစ်ပါတယ်။ အဆင်ပြေပျော်ရွှင်နိုင်ကြပါစေဗျာ ....

Monday, June 18, 2012

စာသင်ခန်းထဲပို့ပေးလိုက်ကြရအောင်လားဗျာ


ကျွန်တော်တို့ ကလေးငယ်လေးတွေရဲ့ အကြောင်းတွေကို ကျွန်တော်တို့တွေ သေချာသိရဲ့လား ...................
သူတို့ဘဝလေးတွေရဲ့ ငိုသံလေးတွေကိုရော ကြားရရဲ့လား...................
သူ့တို့ဘဝလေးတွေရဲ့ ခက်ခဲမှုတွေကိုရော မြင်ရဲ့လား....................
ကြင်နာမှု ဂရုနာအပြည့်နဲ့ ရှုမြင်နားထောင်ပေးပါလားခင်ဗျာ....................
အရွယ်နဲ့ မမျှအောင် လှုပ်ရှားရုန်းကန်နေရတဲ့ သူတို့ဘဝလေးတွေကို ကယ်တင်တဲ့အနေနဲ့ ကျွန်တော်တို့ တစ်တွေ သူတို့ကို အလုပ်ခွင်ထဲကနေ စာသင်ခန်းထဲ ပို့ပေးလိုက်ကြရအောင်လားဗျာ.။ ကျွန်တော်တို့ မြန်မာ ကမ္ဘာကနေ အသိအမှတ်ပြု ကြရမယ့် ပညာရှင်တွေ ပညာတက်တွေ ဖြစ်လာကြရင် ဘယ်လောက်ကောင်းလိုက်မလဲဗျာ.။ ကျွန်တော်တို့ ဝိုင်းဝန်းကြိုးပမ်း ကြမှုကြောင့် စာဖတ် စာအံ​သံတို့ အစဉ်သဖြင့် ညံတက်နေတော့​မည့် စိမ်းလန်ြးေ​မပရဟိတပညာဒါ​နစာသင်ကျော​င်း လေးဟာ ထွက်ပေါ်လာခဲ့ပါပြီ။ လိုအပ်ချက်တွေကတော့ အများကြီးရှိနေပါသေးတယ်။ ကျွန်တော်တို့ စိမ်းလန်းမြေ ပရဟိတအဖွဲ့လေးကို  အောက်ပါ အခြေခံမူ ၃ရပ်ဖြင့် ဖွဲ့စည်းခဲ့ပါသည်။
၁။ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်သူများအတွက် ထိရောက် သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးရန်၊
၂။ ပညာကို လိုလားပါလျက် မတတ်နိုင်သူများအတွက် ကောင်းမွန်သော ပညာရေးစောင့်ရှောက်မှုများ ပေးရန်၊
၃။ "ဥတုရာသီ တောကိုမှီ" သဖြင့် သစ်ပင်များကို ထိန်းသိမ်းခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများ ပြုလုပ်ကြရန်။    ဆိုပြီး အချက်လေးတွေနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။

Thursday, June 14, 2012

ကလေးတွေကိုလမ်းမှားမရောက်အောင် ဘယ်လိုထိန်းချုပ်မလဲ ....

ဒီကောင်လေးကတော့ ကျွန်တော်တို့ ကလေးတွေနဲ့ မိဘတွေကြားမှာရှိတဲ့ ထိန်းချူပ်မှုလေးတစ်ခုပေါ့ဗျာ.။ တောင်းထားတာလေးလဲ ရှိတာနဲ့ တင်ပေးဖြစ်သွားတာပါ။ ကျွန်တော်နောက်ပိုင်း ကျွန်တော့်မိတ်ဆွေတွေ တောင်းထားတာလေးတွေကို ဖြေးဖြေးချင်းတင်ပေး သွားပါမယ် ခင်ဗျာ။ လက်တစ်လော အချိန်လေးအတွင်းမှာတော့ နည်းနည်းလေးသည်းခံပေးပါလို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ။ အခုကျောင်းပိတ်ပြီဆိုတော့ ကျွန်တော့်မိတ်ဆွေတွေအတွက် အချိန်ပြည့် Update ဖြစ်ပေးနိုင်အောင် ကျွန်တော်ကြိုးစားပေးသွားပါ့မယ်။ အခု ဒီကောင်လေးရဲ့အကြောင်းကို အသေးစိတ်ရှင်းပြပေးပါ့မယ်။ ကျွန်တော်တို့ စက်တွေကို ကလေးတွေရဲ့ နေရာမှာ ထားတယ်ပေါ့ဗျာ.။ ဥပမာ အခန်းခွဲ အိပ်တဲ့ ကလေးတွေပေါ့နော်။ Internet ကနေသူတို့ သူငယ်ချင်းအသစ်တွေရှာမယ် ပြီးတော့ အိမ်စာ assignments တွေကို Internet ကနေတစ်ဆင့်ရှာဖွေလာကြမယ် နောက်ပိုင်း သိလာတာနဲ့အမျှ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးလေးတွေလည်း ရှိလာပါမယ်။ ဥပမာ ကလေးတွေအတွက် မကြည့်သင့်တဲ့ ဆိုဒ်မျိုးတွေပေါ့ဗျာ။ ဒါက အရှင်းဆုံး ဥပမာအနေနဲ့ ပြောပြတာပါ။ Password နဲ့ အသုံးပြုတဲ့အတွက် လုံခြုံ ပါတယ်။ ထပ်ပြီးတော့ ကလေးတွေ ဝင်မဖြုတ်နိုင်အောင်လည်း Registry တွေ Command Prompt တွေကိုပါ ဒီကောင်လေးကနေ ဖျောက်ပေးထားနိုင်ပါတယ်။ ဒါထက်ပိုပြီးအသုံးဝင်တဲ့ Features လေးတွေ ထပ်ပြီး ပါဝင်ပါသေးတယ်။ ဒါတွေကို ကျွန်တော်တို့ မိဘတွေအနေနဲ့  ဒီကောင်လေးနဲ့ ကလေးတွေ မသိအောင် ဘယ်လို ထိန်းချူပ်ထားမလဲဆိုတာကို အောက်မှာ ဆက်ကြည့်ရအောင်ဗျာ.။ အဆင်မပြေတဲ့သူတွေအတွက်ကိုပါ ကျွန်တော် PDF ဖိုင်လေးပါထည့်ပေးထားပါတယ်။

Monday, May 21, 2012

အားလုံးအတွက် အထွေထွေ တောင်းဆိုရန်


ကျွန်တော်ဒီနေ့  အထူးအစီအစဉ်လေး တစ်ခုပေါ့ဗျာ.။ ကျွန်တော့်ရဲ့လေးစားရတဲ့ အစ်ကိုကြီး နှစ်ယောက်ဖြစ်တဲ့ ကိုနေမင်းမောင် ( မြန်မာမိသားစုဖိုရမ် ) နဲ့ ကိုသန့်ဇင်ဌေး တို့ နှစ်ယောက်  မြန်မာပြည်မပြန်ခင် လေးမှာ ကျွန်တော့်တို့ မိတ်ဆွေ တွေအတွက် ပြုလုပ်ပေးချင်တဲ့ အစီအစဉ်လေး တစ်ခုပါ။ ကျွန်တော့်ဆိုဒ်လေးကို လာလည်ကြတဲ့ မိတ်ဆွေတွေ အားလုံး အဆင်ပြေနိုင်အောင် ပြုလုပ်ပေးတာဖြစ်ပါတယ်။ လူအရေအတွက်လည်း နည်းနည်းကန့်သတ်ထားတာ ကြောင့် ကျွန်တော့်မိတ်ဆွေတွေ အားလုံးကလဲ မိမိတို့ လိုအပ်တာလေးတွေကို အချိန်မှီမေးလ် ပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ..။။   အားလုံးပဲ အဆင်ပြေပျော်ရွှင်နိုင်ကြပါစေ......။

Tuesday, May 15, 2012

ဥပဒေဆိုင်ရာ စာအုပ်များ




ကဲ့ စာဖတ်သူတွေလည်း ပိုစ့် အသစ်တွေ မဖတ်ရတာ အတော်ကြာပါပြီ။ ဒီတော့ အားတဲ့ ရက်လေး တစ်နေ့ အမှတ်တ ရ အနေနဲ့ ကျွန်တော် ပိုစ့်ကို ဥပဒေပိုင်းဆိုင်ရာ ကို ရွေးထားပါတယ်။ ဒီစာအုပ်တွေ တွက် ဒီပိုစ့်ကိုရွေးထားရတဲ့ အကြောင်းအရင်းကတော့ ဥပဒေအကြောင်းကို အခြေခံလောက်တော့ သိထားသင့်တာလေးတွေကို သိစေချင်လို့ပါ။ ဥပဒေစာအုပ် အများကြီးဆိုပေ့မယ် မစုံသေးပါဘူး။ ကျွန်တော် တက်နိုင်သလောက် စုံအောင် ဖြည့်ဆည်းရှာပေးချင်ပါတယ်။

GPS နဲ့ GPRS ,AGPS မတူညီမူများ




ကျွန်တော့ရဲ့ စာဖတ်ပရိတ်သတ်တွေ သိမှာပါ။ ကျွန်တော် ရေးသမျှပိုစ့်တွေ တော်တော်များများက  IT knowledge ပိုင်းတွေကို ဦးစားပေးရေးဖြစ်ပါတယ်။ ဗဟုသုတပိုင်း သိသင့်သိထိုက်တာတွေကိုပဲ့ ကျွန်တော် အများစု ရေးဖြစ် ဖတ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် ရေးတဲ့ ပိုစ့်တွေမှာ လိုအပ်ချက်တွေ ရှိနေရင် ထောက်ပြဝေဖန်နိုင်ပါတယ်။

ဒီနေ့လည်း GPS နဲ့ GPRS ,AGPS အကြောင်းကို ကျွန်တော်ရေးပါဦးမယ်။ ဒီအကြောင်းကို မရေးခင်က ကျွန်တော် 3G နဲံ့ 4G ကွာခြားချက်ကို ရေးခဲ့ပါသေးတယ်။ laptop and Notebook ဘယ်လိုကွာတယ်ဆိုတာ ဖော်ပြဖူးခဲ့သလို flash song လုပ်နည်း. Laptop ၀ယ်ရာတွင် သိရမည့် အချက်များ. Cloud computing. အကြောင်း .ISO အကြောင်း  window version များအကြောင်း နဲ့ စပ်ဆက်မိတဲ့ အကြောင်းအရာတော်တော်များများကို ဖော်ပြရေးပြခဲ့ဘူးပါတယ်။ ဒီနေ့ကတော့ GPS နဲ့ AGPS အကြာင်းကို ရေးပါမယ်။ ဘာလို့ ဒီအကြောင်းကို ရေးတာလည်းဆိုတာကတော့

Wednesday, April 25, 2012

Skype မှာ မြန်မာဖောင့် ပေါ်ချင်တယ် ဆိုရင်



ကျွန်တော်လည်း တက်နိုင်သလောက်လေး တွေတော့ လုပ်ပေး သွားပါမယ် .. လူက အရမ်းကြီး မကောင်းချင် သေးတော့ အဆင်မပြေလို့ပါ .. ကွန်ပျူတာ ရှေ့မှာ အာရုံစိုက်တာ များလာရင် ခေါင်းက ထိုးထိုးနေလို့ တစ်ချို့ စာဖတ်ရမဲ့ အကြောင်းအရာ တွေ ရေးပေးရမဲ့ အကြောင်း အရာတွေဆို ဘာမှ Reply မပြန်နိုင်သေးတာ နားလည်း ပေးပါခင်ဗျာ .. အခု အကိုတစ်ယောက် မေးထားလို့ Skype မှာ မြန်မာ ဖောင့် သုံးလို့ရမဲ့ နည်းလေးကို ရေးပေးသွားပါမယ် .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..

Friday, April 13, 2012

Sky Net Line ကြည့်ချင်သူများ အတွက်



ကျွန်တော် လည်း နေမကောင်း ဖြစ်သွားထဲက ဆိုဒ်နဲ့တော်တော်လေးကို အဆက်အသွယ် ပြတ်သွားတယ် .. လူကလည်း အဖျားတာရှည် သွားတော့ ဘာမှကို မလုပ်နိုင်တဲ့ အနေအထားမျိုး ဖြစ်သွားတော့ ဆိုဒ်ရေးဖို့တောင် ဦးမတည်နိုင်ဘူး ဖြစ်သွားလို့ပါ .. ဒီနေ့တော့ ကျွန်တော် အဝေးရောက် မြန်မာများအတွက် http://www.tvunetworks.com/ ကနေတစ်ဆင့် Sky Net Line ကို တိုက်ရိုက်ကြည့်လို့ ရမဲ့ နည်းလမ်းလေးကို ညီလေးတစ်ယောက် စီကနေ တစ်ဆင့်ရလို့ ပြန်ရှယ် ပေးသွားပါမယ် .. သိပြီးသားသူတွေ ရှိရင်ပဲ ဖြစ်ဖြစ် ဒီထက်ကောင်းတဲ့ အဆင်ပြေတဲ့ နည်းလမ်းလေးတွေ ရှိရင်ပဲ ဖြစ်ဖြစ် ပြန်ရှယ်ပေးခဲ့အုံး ပေါ့ဗျာ .. အားလုံးအတွက် အဆင်ပြေတာပေါ့ ... ကျွန်တော် တစ်ချို့ မသိသေးတဲ့ သူတွေအတွက် အသုံး ပြုလို့ အဆင်ပြေအောင် အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့်ချင်း ပြပေးထားပါတယ် .. စစချင်း မလာခင်တော့ နည်းနည်း စောင့်ရပါတယ် .. ကောင်နက်ရှင်ကြောင့်လားတော့ မပြောတက်ဘူး .. နောက်ပိုင်းလိုင်းလာပြီ ဆိုရင်တော့ ပုံမှန် ကြည့်နေရသလို အဆင်ပြေပြေ ကြည့်လို့ရတော့ အဆင်ပြေပါတယ် .. 

Friday, March 30, 2012

Youtube မှ MP 4 Mp3 .FLV . အဖြစ် download လုပ်ရန်..


ကျွန်တော်တို့တွေ မြန်မာမှာလည်း youtube ကြည့်လို့ ရပြီလို့ သိရတော့ အတိုင်းမသိလေး ၀မ်းသာရပြန်ပါတယ်။ တကယ်တော့ youtube မှာ မကုန်ခမ်းနိုင်တဲ့ နည်းပညာတွေ အသိပညာ အတက်ပညာတွေ video ဖိုင်တွေနဲ့ပဲ့ သင်ပေးတင်ပေးနေတာတွေ ရှိတယ်။ ဒီနေရာမှာ အခွင့်အရေးရလာတဲ့ အချိန်မှာ ကြိုးစားကြပါလို့ တိုက်တွန်းရင် ကျွန်တော် ဒီနေ့ ဖော်ပြပေးမဲ့ အကြောင်းအရာလေးကတော့ youtube မှာ ကိုယ်ကြိုက်တဲ့ သီချင်းလေးပဲ့ ဖြစ်ဖြစ် tutorial ဖိုင်လေးတွေပဲ့ ဖြစ်ဖြစ် ဒေါင်းလုပ်ချချင်ကာကျရင် ကျွန်တော်တို့တွေ အရင်က IDM ကို အသုံးပြုထားရင် အပေါ်မှာ ICon လေးပေါ်ပြီး ဒေါင်းလုပ်တန်းရပေ့မယ် IDM က error များတဲ့ အတွက် မသုံးချင်ကြတော့ဘူး။ဒီတော့ ကျွန်တော်တို့တွေက Mozilla firefox ကို အသုံးများတော့ Add on အကောင်းဆုံးတွေကို စမ်းသပ် ရှာဖွေပေးလိုက်ပါတယ်။ IDM မလိုဘူး Add On ပဲ့ လိုပါတယ်။ idm နှင့်ပတ်သတ်တဲ့ ပြသနာတွေ ဖြေရှင်းနိုင်ဖို့ကိုလည်း ကျွန်တော် ဒီနေရာမှာ သေချာ ရေးပြ ရှင်းပြခဲ့ပြီးပါပြီ။

Monday, March 26, 2012

အဆင်ပြေကြပါစေ ။

ကျွန်တော် လည်းခုရက်ပိုင်း အဖျားက မထင်မှတ်ပဲ ရက်ရှည်သွားတော့ ဘာမှကို မလုပ်နိုင်ဘူး ဖြစ်နေလို့ပါ . လောလောဆယ် စာရေးနိုင်ဖို့ မရေးနိုင်ဖို့ ဆိုတာထက် နေကောင်းဖို့ကိုတောင် တော်တော် ကြိုးစားနေရလို့ပါ . ဖြစ်နိုင်ရင် အခုအချိန်တောင်းချင်တာ မေးချင်တာလေးတွေကို ကျွန်တော် ဘာမှလုပ်ပေးနိုင်မှာ မဟုတ်သေးပါဘူး .. ဆိုဒ်ကို ပိုစ် အသစ်တွေ မတင်ဖြစ် တာတောင် သံယောဇဉ်ထား ပေးကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် .. မိမိအတွက် လက်တလော အရေးမကြီးဘူး တောင်းဆိုချင်တာ အကြံပြုချင်တာများ ရှိရင်လည်း မေးလ်ပို့ထားနိုင်ပါတယ် ။ အားလုံးပဲ ကျန်းမာ ပျော်ရွင်တဲ့ ဘ၀လေးတွေကို ပိုင်ဆိုင် နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ..

ခင်မင်လေးစားစွာဖြင့် .... နေမင်းမောင် 

Saturday, March 17, 2012

ကျွန်တော် စိတ်ကူးမိသော အမြင်လေးများ



ကျွန်တော့် ဆိုဒ်မှာ အခုတက်ပိုင်း တက်နိုင်တာလေးတွေကို တစ်နိုင်တစ်ပိုင် ရေးပေးဖို့တော့ စဉ်းစားနေပါတယ် .. အပြင်မှာ ကွန်ပျူတာ သင်တန်း တက်ဖို့ အခက်အခဲ ဖြစ်နေတဲ့ သူတွေအတွက် ကွန်ပျူတာ အခြေခံလောက်ကိုတော့ ကျွန်တော်ရေးပေးထားတဲ့ ပို့စ်လေးတွေကိုဖတ်ပြီး အဆင်ပြေပြေနဲ့ လုပ်တက်သွားအောင် ကျွန်တော် ရေးပေးသွားချင်ပါတယ် .. နောက်ပိုင်း ရေးသမျှပို့စ်တွေ အကုန်လုံးကိုလည်း PDF ထုတ်ပေးသွားပါမယ် .. အရင်က ရေးထားပြီးသား ပို့စ်တွေကိုလည်း PDF ပြန်ထုတ်ပြီး ပြန်တင်ပေး သွားပါမယ် .. 

ကျွန်တော် စဉ်းစား ထားတာက ကျွန်တော့်ဆိုဒ်လေးကနေပြီး ကွန်ပျူတာ အခြေခံလောက်လေးတွေကို တက်နိုင်သလောက်လေး ရေးပေးရင်း ကိုယ်တိုင် လေ့လာနိုင်တဲ့ အနေအထား တစ်ခုအထိ ရောက်အောင် ကျွန်တော် တက်နိုင်သလောက် တွဲခေါ်သွားချင်ပါတယ် .. ကျွန်တော် တော်ယုံတန်ယုံ ဆိုဒ်နဲ့ပါတ်သတ်ပြီးရော ကိုယ်ပိုင် အမြင်လေးတွေကိုရော မရေးဖြစ်ပါဘူး .. ကျွန်တော် ရေးချင်ပါတယ် .. ဒါပေမယ့် အဲ့လို ရေးမဲ့ အချိန်ကို အားလုံးအတွက် အသုံးဝင်မဲ့ ပို့စ်လေးတစ်ခု ရေးလိုက်တာ ပိုပြီး တန်ဖိုးရှိပါတယ် ဆိုတဲ့ စိတ်လေး ၀င်လာလိုက် မရေးဖြစ်တော့လိုက် ဖြစ်ဖြစ်သွားတာပါ .. ဒီနေ့တော့ ကျွန်တော် စိတ်ကူးထားတာလေးကို လည်း ကျွန်တော့် ဆိုဒ်လေးကို နေ့စဉ် ၀င်ရောက် အားပေးနေတဲ့ သူများ အားလုံးကိုလည်း ပြန်ပြီး ပြောပြ ပေးချင်တဲ့ သဘောနဲ့ ရေးဖြစ်သွားတာပါ .. 

Friday, March 16, 2012

အင်တာနက် ဂျာနယ် အတွဲ ( ၁၃ ) ၊ အမှတ် ( ၁၁ )

ကျွန်တော် အခု အင်တာနက် ဂျာနယ် အတွဲ ( ၁၃ ) ၊ အမှတ် ( ၁၁ ) လေး ထပ်ပြီးတော့ ရှယ် ပေးလိုက်ပါတယ် http://mmzone.co.nr/  မှာ အပါတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်း တင်ပေးနေပါတယ် .. အခုလို အင်တာနက် ပေါ်မှာရှိတဲ့ ကွန်ပျူတာ ၀ါသနာရှင်များ အတွက် တကူတက Scan ဖတ်ပြီး တင်တင်ပေးနေတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် .. ကျွန်တော့်လိုပဲ အပြင်မှာ ၀ယ်ဖတ်ဖို့ အဆင်မပြေတဲ့ သူများ အဆင်ပြေအောင် ပြန်ရှယ် ပေးလိုက်ပါတယ် .. လိုအပ်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာဒေါင်းလော့ ချသွားလိုက်ပါ .. 

Monday, March 12, 2012

မကြည့်စေချင်တဲ့ ဆိုဒ်တွေကို လွယ်လွယ် ကူကူ Block လုပ်ရအောင်



ကျွန်တော် အခု မိမိတို့ရဲ့ ကွန်ပျူတာမှာ မကြည့်စေချင်တဲ့ ဆိုဒ်တွေကို အချိန်အကန့်အသတ် ထားပြီး ပိတ်ထားလို့ ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. FocalFilter ဆိုတဲ့ Software လေးကို အသုံးပြုပြီး မိမိတို့ မကြည့်စေချင်တဲ့ ဆိုဒ်ကို Block လုပ်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. ကျွန်တော် မသုံးတက်တဲ့ သူများ အလွယ်တကူ အသုံးပြုလို့ ရအောင် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် .. 

Sunday, March 11, 2012

အင်တာနက်ဂျာနယ် အတွဲ ( ၁၃ ) ၊ အမှတ် ( ၁၀ )



ကျွန်တော် အခု အင်တာနက် ဂျာနယ် အတွဲ ( ၁၃ ) ၊ အမှတ် ( ၁၀ ) လေး ထပ်ပြီးတော့ ရှယ် ပေးလိုက်ပါတယ် http://mmzone.co.nr/  မှာ အပါတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်း တင်ပေးနေပါတယ် .. အခုလို အင်တာနက် ပေါ်မှာရှိတဲ့ ကွန်ပျူတာ ၀ါသနာရှင်များ အတွက် တကူတက Scan ဖတ်ပြီး တင်တင်ပေးနေတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် .. ကျွန်တော့်လိုပဲ အပြင်မှာ ၀ယ်ဖတ်ဖို့ အဆင်မပြေတဲ့ သူများ အဆင်ပြေအောင် ဗုဒ္ဓဟူးနေ  ကနေ ပြန်ရှယ် ပေးလိုက်ပါတယ် .. လိုအပ်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာဒေါင်းလော့ ချသွားလိုက်ပါ .. 

Saturday, March 10, 2012

လွယ်လွယ်ကူကူ ကျော်ကြရအောင်


အခုတော့ Proxy သုံးဖို့ လိုအုံးမလား မလိုဘူးလားတော့ မသိတော့ပါဘူး .. ဒါပေမယ့် ကျွန်တော်တို့ စီမှာတော့ အခုသုံးဖို့ လိုအပ်နေသလို တစ်ခြား မသိသေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် Proxy Sever ရဲ့ Ip Address ကို အသုံးပြုပြီး မိမိတို့ ကိုကြည့်ရှုဖို့ ခွင့်မပြုပဲ ပိတ်ထားတဲ့ ဆိုဒ်မျိုးတွေကို Proxy ကျော်ပြီး ကြည့်တဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. Proxy ကျော်ကြတာတော့ အမျိုးမျိုးပါပဲ .. တစ်ချို့ကလည်း ဆော့ဝဲလ်သုံးပြီး ကျော်ကြတယ် .. တစ်ချို့ကျတော့လည်း Proxy Sites တွေကနေ တစ်ဆင့် ကျော်ကြတယ် .. အခု Proxy Sever ရဲ့ IP Address ကိုထည့်ပြီး ကျော်တဲ့ နည်းလမ်းလေးကိုတော့ အသုံးပြုရတာလည်း အဆင်ပြေသလို လွယ်လည်း လွယ်ကူပါတယ် ..