nayminmaung89@gmail.com သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

Showing posts with label ဖြေရှင်းနည်းများ. Show all posts
Showing posts with label ဖြေရှင်းနည်းများ. Show all posts

Sunday, August 28, 2016

Facebook Pornographic video clip များဖြေရှင်းရန်



ကျွန်တော်တို့ Facebook News Feed မှာ ပေါ်လာတတ်တဲ့ သူငယ်ချင်းတွေ Share လုပ်ထားတယ်ဆိုတဲ့ Porn Video (pornographic video clip) Auto share လုပ်တာနဲ့ ပတ်သတ်ပြီး Click နှိပ်မိပြီဆိုတာနဲ့ (Fake) Flash player Install ခိုင်းတာပဲဖြစ်ဖြစ် ? Update လုပ်ခိုင်းတာပဲ ဖြစ်ဖြစ် Download လုပ်ခိုင်းတဲ့အချိန်မျိုးမှာ နောက်ကို အမြန်ပြန်ထွက်လိုက်ပါ။  ဒါက Facebook Users တော်တော်များများ ကူးစက်ခံနေရတဲ့ Malware တစ်မျိုးပဲဖြစ်ပါတယ်။  Fake flash player တွေဖြစ်တဲ့ downloader Trojan တွေကို Download မလုပ်မိဖို့လည်း အရေးကြီးပါတယ်။ ဒီအပိုင်းကိုလည်း ကျွန်တော်ရေးထားခဲ့တာ ကြာပါပြီ ကွန်ပျူတာတွေအတွက်ဖြစ်ပါတယ် .။  ဒီကောင်    ဝင်လာပြီဆိုတာနဲ့ စက်မှာရှိတဲ့မည်သည့် Antivirus  မဆိုအလုပ် မလုပ်တော့ပါဘူး  ဖြုတ်လို့တောင် မရတော့ပဲ  အသစ်ပြန်တင်တာနဲ့ စက်က  Restart ထိုးထိုး ကျသွားပြီးဘာမှကို   လုပ်လို့မရဘူး ဖြစ်နေတာကို တွေ့ရပါတယ်..   အခုအကို တစ်ယောက်ကလဲ  မေးထဲတာနဲ့ အဆင်ပြေနိုင်မယ့် နည်းလမ်းလေးကိုအောက် မှာပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် မဖြစ်သေးတဲ့သူတွေလဲ သတိထားစေချင်လို့ အဲ့ဒီအကိုပို့လိုက် Virus ၀င်လာပုံလေးကို   အောက်မှာဖော်ပြပေးထားပါတယ်။

Wednesday, January 16, 2013

File too large for the Destination file system Error အားဖြေရှင်းရန်



ကျွန်တော်တို့ ဒီလို Error လေးပေါ့ဗျာ။  ကြုံခဲ့ရတာလေးကို အဖြေရှာရင်းနဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက် လည်း ဖြစ်နေတာနဲ့ ကြုံလို့ ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများကိုလည်း သိစေလိုတာနဲ့ တင်ပေးလိုက်တာပါ.။ ကျွန်တော်တို့ FAT 32 တွေဖြစ်တဲ့ Flash Drives လေးတွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ NTFS ကို အလွယ်ဆုံးပြောင်းပြီး Format ချတဲ့ ပုံစံလေးကို ပြပေးပါ့မယ်။ အောက်မှာ ကြည့်ရအောင်ဗျာ။

Tuesday, January 15, 2013

Windows script host error message အားဖြေရှင်းရန်


ကျွန်တော့်မိတ်ဆွေတစ်ယောက်ဖြစ်နေတာနဲ့ ကျွန်တော်လည်း ဖြေရှင်းနည်း အတိုလေး ရေးပေးပါ့မယ်။ Software တစ်ခုနဲ့ ဖြေရှင်းလိုက်ရင်လည်း ပြီးပါတယ်။ ဒါပေမယ့် Software မဒေါင်းပဲ ဒီအတိုင်းလေးပဲ ဖြေရှင်းကြည့်ရအောင်ဗျာ။ ဒီလို Script Host Errors လေးတွေကတော့ အများကြီးရှိပါတယ်.။ ကျွန်တော်လည်း အဆင်ပြေမယ့်ပုံလေးတစ်ပုံကိုဆွဲတင်ပေးလိုက်ရတော့ ဖြစ်နေတဲ့ Error နဲ့ တူချင်မှတူပါလိမ့်မယ်။ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့်ခြင်းစီပြပေးထားပါတယ်။ ကျွန်တော်တို့ အောက်မှာ ဆက်ကြည့်ရအောင်ဗျာ။

Thursday, June 7, 2012

Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ






Topic မစခင် မေးခွန်း တစ်ခု မေးကြည့်ချင်တာက မိသားစုဝင်တွေ viruses, spyware, scareware, trojans, နဲ့ worms တွေ အကြောင်း ဘယ်လောက်တောင်များ နားလည် ထားကြပါသလဲ - ဒီလို မေးခွန်းမေးလိုက်လို့ ကျွန်တော် က သူတို့နဲ့ ပတ်သတ်လို့ အများကြီး သိနေခဲ့လို့ မဟုတ်ပါဘူး - ကျွန်တော့် မိသားစုဝင်တွေကို နေ့စဉ်နီးပါး တစ်ယောက် မဟုတ် တစ်ယောက်ကို ဒုက္ခလိုက်ပေးနေတဲ့ ဒီ Virus တွေ အကြောင်းကို ကျွန်တော် သိနားလည် ထားသလောက်လေး မျှဝေချင်လို့ပါ။

ဒီနေရာမှာ ကျွန်တော် အဓိက Target ထားပြီး ပြောသွားမှာ malware အမျိုးအစား အမျိုးမျိုး အကြောင်း နဲ့ သူတို့ ရန်ကို ဘယ်လို ကာကွယ် သွားမယ် ဆိုတာကို အလွယ်တကူ မှတ်မိသိရှိ လွယ်အောင် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Friday, May 4, 2012

Adobe Reader shortcut error ဖြေရှင်းရန်


ကျွန်တော်အခု Window 7 နဲ့ Window Vista မှာအဖြစ်များနေတဲ့ Desktop ပေါ်က Shortcuts လေးတွေနဲ့  Application Files-Types လေးတွေ Adobe Reader Icon အဖြစ်ပြောင်းသွားတဲ့ Error လေးပဲဖြစ်ပါတယ်။ စာဖိုင်တွေမဟုတ်တဲ့ တခြား Setup ဖိုင်ပဲဖြစ်ဖြစ်၊ Video ဖိုင်ပဲဖြစ်ဖြစ်  အမှတ်တမဲ့နဲ့ Adobe Reader  နဲ့သွားဖွင့်မိတဲ့ အချိန်မှာ အခုလို Error တက်ခြင်းဖြစ်ပါတယ်။ ဒီ Error  လေးကို Window 7 မှာ အဖြစ်များပါတယ်။ ဒါပေမယ့် Adobe reader လေးကို  ပြန်ဖြုတ်လိုက်ရင်တော့   ပြန်ပြီးတော့ ကောင်းသွားပါတယ်။ ဒါပေမယ့် Adobe reader ကိုပြန်ပြီးတော့ Run တဲ့ အချိန်မှာတော့ပြန်ပြီး  Error ထပ်တက်ပါတယ်။ ကျွန်တော်တို့ အခု အဲ့ဒီ Error လေးကို ဖြေရှင်းကြည့်ရအောင်ဗျာ။

Friday, March 9, 2012

Windows အတက်မှာ မိမိ မတက် စေချင်တဲ့ Program တွေကို ဖြုတ် ထားချင် တယ် ဆိုရင်



ကျွန်တော်အခုတလော အများစု ခဏခဏ အဆင်မပြေ ဖြစ်နေတဲ့ နည်းလမ်းလေး တစ်ခုကို ရေးပေးပါမယ် .. ကျွန်တော်တို့ Windows စတက်တက်ချင်းမှာ Program တွေ အများကြီး တက်မလာစေချင်တဲ့သူတွေ ၊ Windows အတက်မှာ မိမိ မလိုအပ်တဲ့ Application တွေ တက်မလာအောင် ဖြုတ်ထားချင်တဲ့ သူတွေ ၊ မိမိတို့က Application တွေကို Uninstall လုပ်လိုက်ပေမယ့် လည်း Windows စတက်တက်ချင်းမှာ အဲ့ဒီဖြုတ်ပြီး သား Application က တက်တက်လာတာတွေကို ကြုံတွေ့နေရတဲ့ သူတွေအတွက် ဖြေရှင်းလို့ ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားမှာ ဖြစ်ပါတယ် ..နည်းလမ်းလေးကတော့ လွယ်ပါတယ် ..အောက်မှာ ကျွန်တော် ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..

Wednesday, February 22, 2012

Windows Media Player Error ဖြေရှင်းနည်း




အခု ကျွန်တော် မေးလ်ထဲမှာလည်း အကိုတစ်ယောက် မေးထားတာလေး ရှိလို့ တစ်ခြား အဆင်မပြေတဲ့ သူများ ရှိရင်လည်း အဆင်ပြေအောင် ဖြေရှင်း နည်းလေးကို ရေးပေးလိုက်ပါတယ် .. ကျွန်တော်တို့ U-Tube ကနေ ဒေါင်းလော့ ချထားတဲ့ Video File တွေကိုပဲ ဖြစ်ဖြစ် Windows Media Player နဲ့ ဖွင့်ချင်တဲ့ အခါမှာ တစ်ချို့ File Type တွေက ဖွင့်လို့မရပဲ Windows Media Player cannot play the file. The Player might not supportthe file type or might not support the codec that was used to compress the file. ဆိုပြီး Error Code လေးတွေ ပြနေတဲ့ သူတွေအတွက် ဖြေရှင်းလို့ရမဲ့ နည်းလမ်းလေးတွေကို ကျွန်တော် ရေးပေးသွားပါမယ် .. 

Saturday, December 24, 2011

Waiting for background programs to close error ဖြေရှင်းရန် ။


ကျွန်တော်လည်း ဒီရက်ပိုင်း စာရော Software လေးတွေရော နည်းနည်းလေးအချိန်ကြာသွား ပါတယ်။ အခုတော့ မေးလ်ထဲမှာ အစ်ကိုတစ်ယောက်ကလည်း ဒါလေးကကြာကြာနေတယ်ဆိုတာနဲ့ ကျွန်တော် ဖြေရှင်း နည်းလေးကိုပါ ပုံလေးတွေနဲ့ တစ်ခါတည်းရှင်းပြပေးသွားပါ့မယ်။ သိပြီးတဲ့သူတွေကလည်း သိပြီးသားတော့ ဖြစ်မှာပါ။ ကျွန်တော်မသိသေးတဲ့သူတွေအတွက်ကို ရည်ရွယ်ပါတယ်။ အောက်မှာ ကြည့်လိုက်ပါဗျာ။

Sunday, December 18, 2011

Chrome နှင့် ဇော်ဂျီဖောင့် ပြသာနာ


Chrome မှာ Zawgyi ရော Unicode ရော အဆင်ပြေပါတယ်။ ဟိုးအရင်ကတည်းက သုံးနေတာတော့ ကြာပါပြီ။ ထုတ်ထားတုန်းကတော့ Lion တွက် ထုတ်ခဲ့တာပါ။ နောက်ပိုင်း သုံးကြည့်ရင်း ကြိုက်တာနဲ့ chrome သုံးပြီးတိုင်းဒါလေးကို သုံးဖြစ်သွားတာ ဒါကြောင့် စာရေးစာဖတ်ဖို့ Chrome မှာ ပြေလည်နေခဲ့တာ ။ တချို့က အခု Chrome မှာ Zawgyi ကို support လုပ်ပြီလို့ ထင်နေကြတယ်။ အကုန်လုပ်ပြီလားဆိုတော့လည်း မဟုတ်သေးဘူး။ အပြည့်အလုပ်မလုပ်သေးပါဘူး။ တချို့ဆိုဒ်တွေမှာ လုပ်တယ်။ တချို့ဆိုဒ်တွေမှာ Error တက်တယ်။

Friday, December 16, 2011

Internet Explorer Has Stopped Working error ဖြေရှင်းရန်

ကျွန်တော်ပထမတော့ ဒီပို့စ်လေးကို မရေးပဲနေဦးမလို့ပါပဲ။ ဒါပေမယ့် အစ်ကိုတစ်ယောက်ကလည်း ဒီလို Error ဖြစ်နေတာနဲ့ ကျွန်တော် ဖြေရှင်းရမယ့် နည်းလမ်းလေးတွေကို ရေးပြီးတင်ပေးလိုက်ပါတယ်။ ကျွန်တော် အောက်မှာ တစ်ဆင့်ခြင်းကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်။ သိပြီးသားသူတွေကတော့ သည်းခံပေးပါ။ အောက်မှာ ကြည့်ပေးပါခင်ဗျာ။

Deep Freeze v6.61.020.2822 Full Version


ကျွန်တော်တို့ Deep Freeze အုပ်ချင်သူများအတွက်ပါ။ အသုံးဝင်ပုံ အသုံးပြုနည်းကိုတော့ သုံးနေတဲ့သူများ လည်းသိကြမှာပါ။ အသေးစိတ်နဲ့ အသုံးပြုနည်း တခြားအချက်အလက်တွေကို အသေးစိတ်ထပ်ပြီးသိလိုတယ် ဆိုရင်တော့ ကျွန်တော် ဒီလင့်ခ်လေးမှာ စာအုပ်လေးတွေတင်ပေးထားပါတယ်။ စာအုပ်နဲ့ဆိုတော့ ပိုပြီးတော့ အဆင်ပြေပါလိမ့်မယ်။ အခုဒီကောင်လေးကို ကျွန်တော် 32 နဲ့ 64 အတွက်ဆိုပြီး နှစ်မျိုးခွဲတင်ပေးထားပါတယ်။ သူ့အတွက် Serial keys လေးတွေပါထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်တွေကတော့ 3.8 MB စီပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

Tuesday, December 13, 2011

Ubuntu Boot Menu ကိုဖယ်ရှားရန်

ကျွန်တော့်အစ်ကိုတစ်ယောက်ကလည်း Ubuntu ကိုဖြုတ်ပြီးပေမယ့် ဒီလို Boot Menu မှာကျန်နေတဲ့ အတွက် ဒါလေးကိုဘယ်လို ဖြုတ်မလဲဆိုတာကို ရေးပေးလိုက်တာပါ။ သိပြီးသားသူတွေလည်း အများကြီးရှိ မှာပါ။ ကျွန်တော်မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပြီးရေးပေးလိုက်တာပါ။ ကျွန်တော်တို့ ဒါကိုဘယ်လိုဖြုတ်ရမလဲဆိုတာ အောက်မှာ ကျွန်တော်တစ်ဆင့်ခြင်း စီပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်။ နောက်ကိုလည်း ကျွန်တော်စာကိုတော့ ဖြေးဖြေးခြင်းပဲရေးပေးသွားပါ့မယ်။ အခုတော့ အောက်မှာ ကြည့်ပေးပါဗျာ။

Thursday, December 1, 2011

Task Manager ကိုခေါ်လို့မရတော့ဘူးဆိုရင်

ကျွန်တော်အခု ရေးပေးမဲ့ နည်းလမ်းလေးကတော့ မိမိစက်ကို Virus ၀င်ရောက်လာတဲ့ အခါမှာ Virus ကသူတို့ကို အလွယ်တကူ ဖယ်ရှားလို့ မရအောင် Task Manager ကိုပိတ်လိုက်တဲ့ အခါမှာ Task Manager ကိုပြန်ပြီး ဖွင့်လို့ရအောင် လုပ်လို့ရမဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. တစ်ခုခုကို သိချင်ရင်တော့ ကိုယ်တိုင် လိုက်လုပ်ပေးမှ ရမှာပါ .. ကျွန်တော် လွယ်လွယ်ကူကူ လုပ်တက်အောင် အတက်နိုင်ဆုံးတော့ ပုံလေးတွေနဲ့ ရှင်းပြပေးတက်ပါတယ် .. တစ်ခုခုကို ဘာမှတောင် မလုပ်ကြည့်ရသေးပဲနဲ့ မရဘူးပဲ အော်နေရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး .. ကျွန်တော် Virus က Task Manager ကိုပိတ်သွားတဲ့ အခါမျိုးမှာ Registry ထဲကနေပြီး ဒီကောင်လေးကို ပြန်ဖွင့်လို့ရအောင် ဘယ်လိုလုပ်ရမယ် ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် .. 

Friday, November 11, 2011

An error occured while attempting generate the report error ဖြေရှင်းနည်း


ဒီနေ့ Windows 7 ဖိုရမ်မှာ ၀င်ဖတ်ရင်းနဲ့ ကျွန်တော်တို့တွေ anti-spy, anti-virus, anti-malware software တွေကို မိမိတို့ရဲ့ ကွန်ပျူတာမှာ Install လုပ်ရင်းနဲ့  An error occured while attempting generate the report ဆိုပြီး Error မျိုး တက်လာတာနဲ့ ကြုံရင် ဘယ်လို ဖြေရှင်းပေးရမယ် ဆိုတဲ့ နည်းလမ်းလေးကို တွေ့လို့ အခုလိုမျိုး Error မျိုး ကြုံလာခဲ့ရင် အလွယ်တကူ ဖြေရှင်းနိုင်အောင် ပြန်ပြီးတော့ ရေးပေးသွားမှာ ဖြစ်ပါတယ် .. ဒီလိုပြသနာများ ကြုံလာရပြီ ဆိုရင် System ပိုင်းကို ဘယ်လို Health ဖြစ်အောင် ပြန်ပြီး လုပ်ရမယ်ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..

Wednesday, November 9, 2011

Autorun.inf Virus ကို Command Prompt ဖြင့်ရှင်းရအောင်



ကျွန်တော်တို့တွေဟာ မိမိတို့ရဲ့ ကွန်ပျူတာမှာ USB Drive မှတစ်ဆင့် Autorun Virus  တွေမ၀င်ရောက်နိုင် ဖို့အတွက်  USB Disk Security  လိုမျိုး  Software မျိုးတွေကို အသုံးပြုပြီး ကာကွယ် တက်ကြပါတယ် .. ဒါပေမယ့် မိမိတို့ရဲ့ စက်ကို Autorun.inf  Virus ၀င်ရောက်သွားပြီး Virus ကနေ မိမိတို့ကွန်ပျူတာရဲ့ System ပိုင်းတွေကို ဖျက်စီး လိုက်ပြီး  မိမိတို့ ကွန်ပျူတာမှာ တင်ထားတဲ့ Antivirus Software တွေကလည်း အလုပ်မလုပ် တော့တဲ့ အခါမှာ .. ရှိပြီးသားကို ဖြုတ်ပြီး အသစ်ပြန်တင်တဲ့ အခါမှာလည်း လက်မခံတော့ ဘူးဆိုရင်  Autorun.inf နဲ့တစ်ခြား  Autorun viruses  တွေကို သတ်ဖို့ အတွက် Commond Prompt ကိုအသုံးပြုတဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. 

Sunday, October 23, 2011

Install or Uninstall Programs From Safe Mode ( Movie )



ဒီနေ့ ကျွန်တော် ရေးမယ်ဆိုပြီး စိတ်ကူးထားတာ တစ်ခုရှိပါတယ် .. လောလောဆယ် ဒီနေ့တော့ မရေးဖြစ်တော့ ပါဘူး .. ကျွန်တော် ဒီနောက်ပိုင်းတော့ တစ်နေ့ကို ပို့စ်တစ်ခုတော့ အနည်းဆုံး ရေးပေးမယ်လို့ စိတ်ကူးထားပါတယ် .. အားလုံးအတွက် Knowledge ရမယ့် ပို့စ်မျိုးပေါ့ဗျာ .. အခု Video File လေးတစ်ခု တင်ပေးလိုက်ပါတယ် .. ဘာအတွက် တင်ပေးတာလည်း ဆိုတော့ ကျွန်တော်တို့ Software တွေကို အသုံးပြုတဲ့ အခါမှာ များသောအားဖြင့်တော့ Skin Pack တွေပေါ့ဗျာ .. ဘာဖြစ်တက်လည်း ဆိုတော့ လက်ရှိ အသုံးပြုနေတဲ့ Windowds နဲ့ ညှိပြီး Windows ပြန်တက် မလာတာတွေ ကြုံရပါလိမ့်မယ် .. အဲ့ဒီအခါမျိုးမှာ တစ်ချို့ကလည်း မသိတော့ Windows အသစ်ပြန်တင် ရတာမျိုးတွေ ရှိတက်ပါတယ် .. အခုကျွန်တော် တင်ပေးလိုက်တဲ့ Video File လေးက အဲ့လိုမျိုးတွေ ကြုံလာရပြီ ဆိုရင် မိမိတို့ Run မိလိုက်တဲ့ Software တစ်ခုခုကို  Safe Mode ထဲကနေ ၀င်ပြီး ဘယ်လို Uninstall လုပ်လို့ရမယ် ဆိုတာကို ရှင်းပြပေးထားတာ ဖြစ်ပါတယ် .. ကျွန်တော် U-Tube ကနေ ကြည့်လို့ အဆင်မပြေ သူတွေအတွက် Download Link လေးတွေ အောက်မှာ ပေးထားပါတယ် .. Safe Mode ထဲကို ၀င်ချင်တယ် ဆိုရင်တော့ မိမိတို့ ကွန်ပျုတာကို Restart ချလိုက်ပါ .. ပြီးရင် Post Settingပီးတာနဲ့ Keyboard မှ F 8 Key ကိုနှိပ်ထားလိုက်ပါ .. ဒါဆိုရင် Safe Mode ထဲကို ရောက်သွားပါလိမ့်မယ် ..

Sunday, October 16, 2011

Windows Explorer has stopped working Error ဖြေရှင်းနည်း ( Movie )



အကိုတစ်ယောက် မေးထားတာလေး ရှိလို့ Video Tutorial လေးရှာပြီးတင်ပေးလိုက်ပါတယ် .. တစ်ခြား အခုလိုမျိုး Error မျိုးတွေ ကြုံလာတဲ့ သူတွေရှိရင်လည်း အလွယ်တကူ ဖြေရှင်းလို့ ရအောင်ပါ .. ကျွန်တော် နည်းနှစ်နည်း တင်ပေးလိုက်ပါတယ် .. တစ်နည်းက Command Prompt ကိုသုံးပြီး ဖြေရှင်းတဲ့ နည်းဖြစ်ပြီး တစ်နည်းကတော့ Registry ထဲကနေ ဖြေရှင်းတဲ့ နည်းလမ်းလေးပါ .. အသုံးဝင်မယ်လို့ ထင်ပါတယ် .. ကျွန်တော် U-Tube ကကြည့်လို့ အဆင်မပြေ သူတွေအတွက် အောက်မှာ ဒေါင်းလော့ လင့်လေးတွေပါ ထည့်ပေးထားပါတယ်..

Friday, October 14, 2011

Bootmgr Is Missing Error Vista ဖြေရှင်းနည်း



ကျွန်တော်အခု အကိုတစ်ယောက်လည်း မေးထားတာ ရှိပါနဲ့ တစ်ခြား မသိသေးတဲ့ သူတွေပါ အခုလို Error မျိုးကြုံလာမယ် ဆိုရင် အလွယ်တကူ ဖြေရှင်းလို့ရအောင် ပို့စ်လေးတစ်ခု အနေနဲ့ တင်ပေးလိုက်ပါတယ် ..  အရင်ဆုံး ကျွန်တော်တို့ ဒီ Error မျိုး တက်ပြီဆိုရင် Windows ကို Repair လုပ်ပေးလိုက်ပါ ကျွန်တော် Repair လုပ်နည်း အဆင့်ဆင့်ကိုလည်း အောက်မှာ ပုံလေးတွေနဲ့ အသေးစိတ် ဖော်ပြပေးထားပါတယ် ..

Wednesday, October 12, 2011

Dll Errors များဖြေရှင်းရန်


ဒီတစ်ခါ ကျွန်တော်တို့ စက်တွေထဲမှာ ဖြစ်ဖြစ်နေတက်တဲ့ .DLL errors လေးတွေအတွက် ဖြေရှင်းရန် လိုအပ်တဲ့ Dll ဖိုင်လေးတွေကို ကျွန်တော်စုထားသလောက်တင်ပေးပါ့မယ်။ ဆောင်ထားနိုင်ရင်လည်း တန်ဖိုးရှိတဲ့ ကောင် လေးတွေပါပဲ။ ဖိုင်ဆိုဒ်တွေကလည်း ဘယ်လောက်မှ မများပါဘူး။ နည်းနည်းလေးတွေပါပဲ။ ထည့်ပေးထားတဲ့ .Dll ဖိုင်လေးတွေကို ကျွန်တော်တို့  C:\Windows\System32 ထဲကို ကူးထည့်ပေးလိုက်ရင် ကျွန်တော်တို့ ဖြစ်နေတဲ့ Errors လေးတွေကို ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ ကျွန်တော် အမျိုးအစားအလိုက်လိုချင်သူများ အတွက်ကိုလည်း အမျိုးအစားအလိုက်ခွဲထည့်ပေး ထားပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

d3dx9_39.dll error ဖြေရှင်းရန်


အစ်ကိုတစ်ယောက်လည်းအခု လိုဖြစ်နေတာနဲ့ ကျွန်တော်လည်းလိုအပ်တာလေး ရှာပေးလိုက်ပါတယ်။ ဒီ Error မျိုးလေးတွေက ကျွန်တော်တို့ ဂိမ်းအများစုကို RUN ပြီးတဲ့ အချိန်မှာ ဖြစ်တက်ပါတယ်။ အခုတိုက်ဆိုင်တာနဲ့ ကျွန်တော်တင်ပေးလိုက်တာပါ။ .Dll File လေးထည့်ပေးထားပါတယ်။ ဒီကောင်လေးကို C:\Windows\System32  ထဲကိုကူးထည့်ပေးလိုက်ရင် ဒီ Error လေးကိုဖြေရှင်းပေးလိုက်နိုင်ပါပြီ။ ကျွန်တော်နောက်ထပ် ဒီလို .Dll errors တွေအတွက် ကို Error နံပါတ်အလိုက် ကျွန်တော်ထပ်တင်ပေးသွားပါ့ မယ်။ အခုလောလောဆယ်တော့ အောက်မှာယူသွားလိုက်ပါဗျာ။