• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Saturday, March 19, 2011

WinRAR အားအသုံးပြုခြင်း

ကျွန်တော်ဒီနေ့တော့ compressing program တွေထဲမှာနာမည်အကြီးဆုံး Software တစ်ခုဖြစ်တဲ့ Winrar
အသုံးဝင်ပုံလေးကိုပြောပြချင်ပါတယ်။သိပြီးသားသူတွေလဲ၇ှိမှာမသိသေးသူတွေအတွက်၇ည်၇ွယ်ပါတယ်ခင်ဗျာ
သူ၇ဲ့ဆော့ဝဲလေးကိုတော့ကျွန်တော့်ဘလော့လေးမှာတင်ပေးထားပါတယ်။အလွယ်တကူယူသုံးလို့၇အောင်ပါ
ခင်ဗျာ....ကဲ Winrar အကြောင်းလေးပြောကြည့်၇အောင်နော်....

Winrar ဖြင့်ဖိုင်ချုံခြင်း
           ဒါလေးကတော့အားလုံးပဲလုပ်တက်မယ်လို့ထင်ပါတယ်။ကျွန်တော်တို့ချုံချင်တဲ့ဖိုင်ကို Right Click ထောက်
လိုက်ပါ။အောက်ကပုံလေးအတိုင်းမြင်၇ပါလိမ့်မယ်။



            Add to Archive ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ Archie name and parameters ဘောက်လေးကျလာပါ
လိမ့်မယ်။အဲ့ဒီဘောက်ထဲမှာ Profiles ၇ဲ့အောက်မှာ RAR နဲ့ချုံ့ မှာလား ZIP နဲ့ချုံ့ မှာလားကြိုက်တာေ၇ွးလို့၇ပါတယ်။




            ဒီနေ၇မှာပြောစ၇ာ၇ှိတာကတော့ Winrar မှာ RAR နဲ့ ZIP ဆိုပြီးနှစ်မျိုးသုံးလို့၇ပါတယ်။ဘာကွာဟချက်၇ှိလဲ
ဆိုတော့နေ၇ာတစ်ခုမှာ Upload တင်မယ်ဆို၇င် Forder လိုက်တင်ပေးလို့မ၇ပါဘူး။မေးထဲကပဲ folder တစ်ခုကိုပို့မယ်
ဆိုပါစို့ ဗျာ.......မိမိပို့ချင်တဲ့ဖိုဒါကိုဒီတိုင်းပို့လို့်မ၇ပါဘူး။ ZIP သို့မဟုတ် RAR နဲ့ချုံ့ ပြီးမှပို့လို့၇ပါတယ်။အဲ့ဒီအတွက်ဘာ
Software မှမသုံးပဲဖွင့်လို့၇အောင်ပို့ချင်တယ်ဆို၇င်တော့ Zip ကိုသုံးလို့၇ပါတယ်။ Zip နဲ့ချုံ့ ထားတာဆို၇င် Winrar
လို Zip ဖြည်စ၇ာ Software မ၇ှိလည့်ဒီတိုင်းဖွင့်လို့၇မှာဖြစ်ပါတယ်။ဖိုင်ဆိုဒ်တော့သိသိသာသာလျော့ကျသွားမှာမဟုတ်
ပါဘူး...
           RAR ကျတော့ Zip ထက် ဖိုင်ဆိုဒ်ကိုပိုချုံပေးပါတယ်။ RAR နဲ့ချုံခဲ့တယ်ဆို၇င်တော့ Winrar Software မ၇ှိပဲ
ဖွင့်လို့မ၇ပါဘူး။RAR ကိုပဲအသုံးများကြပါတယ်။RAR ကိုပဲသုံးမယ်ဆို၇င်တော့ Add to Archive ကိုသုံးစ၇ာမလိုပါဘူး
"Add to ......rar"ဆိုတာလေးကိုအသုံးပြုယုံပါပဲ။အောက်က Compress to "..... rar " and email ဆိုတာလေးက
တော့ချုံပြီးတာနဲ့ email နဲ့ပို့ပေးဖို့ဖြစ်ပါတယ်။

ချုံထားတာကိုပြန်ဖြေမယ်

        
         ကျွန်တော်တို့ချုံ့ ထားတာလေးတွေကိုပြန်ဖြေမယ်ဆို၇င်တော့ RAR ဖိုင်လေးကို Right Click ထောက်လိုက်ပါ။
အပေါ်ဆုံးက Extract files.. လေးကိုနှိပ်လိုက်၇င်တော့အဲ့ဒီဖိုင်အတွက် option တွေထပ်ပေါ်လာပါလိမ့်မယ်။
Extract Here ဆိုတာကိုနှိပ်၇င်တော့ ကျွန်တော်တို့ချုံ့ ခဲ့တဲ့ပုံစံအတိုင်းပြည်ကျလာမှာဖြစ်ပါတယ်။Extarct ဆိုတာကတော့
ကျွန်တော်တို့ပြည်ကျလာတာလေးကို Folder လေးနဲ့ကျလာအောင်အသုံးပြုတာဖြစ်ပါတယ်။
        ကျွန်တော်တို့ဖိုင်ချုံတဲ့အခါမှာ password ပေးထားလို့၇ပါတယ်။ ဖို၇မ်တွေမှာအများသောအားဖြင့် မိမိဖို၇မ်ကပေး
တဲ့ download မှန်သမျှကို ဖို၇မ်၇ဲ့နာမည်ကို password ပြန်ပေးထားတာ၇ှိပါတယ်။ဖို၇မ်လိပ်စာကိုလဲမှတ်မိသွားအောင်ပေါ့

     


         ကျွန်တော်တို့ password ထည့်မယ်ဆို၇င်တော့အ၇င်ဆုံးမိမိတို့ချုံ့ ချင်တဲ့ဖိုင်ကို Right Click လုပ်ပါ။
Add to archive ကိုနှိပ်လိုက်ပါ။ Archive name and parameters ဘောက်လေးကျလာပါလိမ့်မယ်။
Advanced tab ကိုသွားပါ။ Set password ကိုနှိပ်လိုက်ပါ။ Enter password ဆိုတဲ့ဘောက်လေးကျလာ
ပါလိမ့်မယ်။မိမိတို့အသုံးပြုချင်တဲ့ password ကိုအပေါ်မှာေ၇ာအောက်မှာပါ၇ိုက်ထည့်ပေးပါပြီး၇င် OK ကို
နှိပ်လိုက်ပါ။ဒါဆို၇င်မိမိတို့ ချုံလိုက်တဲ့ file လေးကို password ပေးပြီးသားဖြစ်သွားပါပြီ။
         အဲ့ဒီဖိုင်ကိုဖြန်ဖြေမယ်ဆို၇င်တော့စောစောကပေးထားတဲ့ password လေးကိုတောင်းပါလိမ့်မယ်။
တကယ်လို့ password မထည့်ဘူးဆို၇င်တော့ဘယ်လိုမှဖြည်လို့၇မှာမဟုတ်ပါဘူး။


          ဒီ function လေးကတော့ Share ပေးချင်တဲ့သူတွေအတွက်တော့အ၇မ်းကိုအသုံးတဲ့ပါတယ်။
Software တစ်ခုကို Share ပေးချင်တယ်။ဒါပေမယ့် ကျွန်တော်တို့သုံးချင်တဲ့ Hosting ဆိုဒ်တွေကဖိုင်
တစ်ခုကို 100 Mb ပဲ Upload တင်လို့၇တယ်။အဲ့ဒီအတွက်ဖိုင်တွေကို ခွဲပြီးတင်ပေး၇ပါမယ်။အဲ့ဒီအတွက်
ကျွန်တော်တို့တင်ချင်တဲ့ File လေးကို Right Click ထောက်လိုက်ပါ။ Add to Archive ကိုနှိပ်လိုက်ပါ။
Archive name and parameters ဆိုတဲ့ဘောက်လေးကျလာပါလိမ့်မယ်။Split to volume , bytes မှာ
Zip 100: 98078 kb ကိုေ၇ွးလိုက်ပါ။ ပြီး၇င် OK ကိုနှိပ်လိုက်ပါ။ ဒါဆို၇င်ကျွန်တော်တို့ခွဲလိုက်တဲ့ ဖိုင်
နာမည်နဲ့ Part 1 , Part 2 ဆိုပြီးပေါ်လာပါလိမ့်မယ်။အပိုင်းတစ်ပိုင်းကို 100Mb နဲ့ခွဲလိုက်တာဖြစ်ပါတယ်
( ကျွန်တော်တို့ခွဲချင်တဲ့ဖိုင်က 500Mb ၇ှိတယ်ဆို၇င်တော့ အပိုင်း 5 ပိုင်းဖြသ်သွားမှာပေါ့နော် )
           ကျွန်တော်တို့ခွဲပြီးချုံထားတာလေးကိုပြန်ပြီးဖြည်မယ်ဆို၇င်တော့  part 1 ကို Right Click နှိပ်ပြီး
အပေါ်မှာပြောခဲ့တဲ့အတိုင်းဖြည်လိုက်ပါ။ သူဘာသာသူပြန်ပေါင်းသွားပါလိမ့်မယ်။ဒါကတော့  Winrar
ကိုအသုံးပြုခြင်းနဲ့ပါတ်သတ်ပြီးကျွန်တော်သိထားတာလေးတွေကိုပြန်ပြီးမျှဝေခြင်းဖြစ်ပါတယ်....

အားလုံးပဲအဆင်ပြေကြပါစေ..........ကျေးဇူးတင်ပါတယ်ခင်ဗျာ........

4 comments:

  1. ကျေးဇူးအထူးတင်ရှိပါကြောင်း။

    ReplyDelete
  2. ဖတ်ရှုမှတ်သားသွားပါသည်၊
    ကျေးဇူးအများကြီးတင်ပါတယ်ဗျာ---။

    ReplyDelete
  3. Thanks for sharing this post.

    ReplyDelete
  4. အကိုရေးထားတဲ့ပိုစ့်လေးတွေကိုpdfလေးနဲ့ သိမ်းလို့ ရအောင်လုပ်ပေးထားရင်အရမ်းကောင်းမှာပဲနော်

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်