• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Wednesday, April 25, 2012

G-talkမှာမြန်မာဖောင့်မပေါ်ပဲလေးထောင့်အတုံးလေးတွေပေါ်နေ လျင်

WordPress plugin


ကျွန်တော်ဒီနေ့တော့အခုတလောအားလုံးလိုလိုခေါင်းရှုပ်ကြရတဲ့ပြသနာလေးတစ်ခုကိုမသိသေးသူများအတွက်
မိမိတို့ရဲ့စက်မှအဲ့လိုမျိုးဖြစ်လာခဲ့လျင်အလွယ်တကူပြင်လို့ရအောင်အာင်ဖော်ပြပေးလိုက်ပါတယ်။ကျွန်တော်တို့
ဒီရက်ပိုင်းInternet Explorer 9 ကို Uplate ပေးလိုက်တဲ့အခါမှာ G-talkမှာမြန်မာဖောင့်မပေါ်ပဲအပေါ်ကပုံ
မှာပြထားသလိုမျိုးလေးထောင့်အတုံးလေးတွေပေါ်နေတာတွေ့ ရပါလိမ့်မယ်။စာရိုက်တဲ့အချိန်မှာလဲမြန်မာဖောင့်ပေါ်
ပါတယ်။ဒါပေမယ့်စာကိုရိုက်ထည့်လိုက်တဲ့အချိန်မှာ G-talk Chat Box ထဲမှာမြန်မာဖောင့်မပေါ်ပဲလေးထောင့်
အတုံးလေးတွေပေါ်နေတာပါ။ကဲမိမိတို့စက်မှာလဲ Update ပေးမိလိုက်လို့အခုလိုမျိုးကြုံလာခဲ့ရင်တော့အောက်
ကနည်းလမ်းလေးတွေအတိုင်းသာလိုက်လုပ်ကြည့်လိုက်ပါခင်ဗျာ.......။

1.အရင်ဆုံးကျွန်တော်တို့ G-talk မှာရှိတဲ့ Setting ကိုနှိပ်လိုက်ပါ။Setting Box လေးကျလာပါလိမ့်မယ်။

2.ပြီးရင် General ထဲကနေ Change Font ကိုနှိပ်လိုက်ပါ။Font မှာ Zawgyi-one မပြောင်းရသေးရင်ပြောင်း
   ပြောင်းလိုက်ပါ။ပြီးရင် OK  ကိုနှိပ်လိုက်ပါ။




3.G-talk မှာဖောင့်ပြောင်းပြီးပြီးဆိုရင် Internet Explorer ကိုဖွင့်လိုက်ပါ။ပြီးရင် Setting ကိုသွားပါ။ညာဘက်
  ထောင့်ဆုံးလေးမှာ Setting ပုံလေးတွေ့ ရပါလိမ့်မယ်။အဲ့ဒီကောင်လေးကနေ Internet options ကိုနှိပ်လိုက်
   ပါ။



4.ဒါဆိုရင် Internet Options Box လေးကျလာပါလိမ့်မယ်။ပြီးရင်အပေါ်ကပုံမှာပြထားသလို Font ကိုနှိပ်လိုက်
   ပါ။ပြီးရင်ပေါ်လာတဲ့ Font Box လေးထဲမှာ Zawgyi-one ကိုရွေးလိုက်ပါ။

5.အပေါ်ကအဆင့်တွေအတိုင်းလုပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ G-talk ကိုပြန်ဖွင့်ပြီးကြည့်လိုက်ပါ။အရင်
   အတိုင်း မြန်မာဖောင့်ကိုပြန်ပြောင်းသွားပါလိမ့်မယ်..။

အခုနည်းလမ်းလေးကိုသိခွင့်ရတဲ့အတွက် ကိုကောင်လေးငယ်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ....

အားလုံးပဲအဆင်ပြေကြပါစေ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ.....

33 comments:

  1. သူငယ်ချင်း နေမင်းမောင် ရေ gtalk မှာ မပေါ်ရင် အခုလို ဖြေရှင်းလို့ ရသလို babylon 9 မှာလည်း တစ်ခါတစ်လေ မှာ မြန်မာလိုမပေါ်ဘဲ ခုလိုပဲ လေးထောင့်တုံးလေး တွေ ပေါ်နေရင် သူငယ်ချင်း ရှင်းပြထားသလို လုပ်လိုက်ရင် အဆင်ပြေ သွားပါတယ် (ဒီထက်ပို၍ ပညာရပ်များကို ဆည်းပူးလေ့လာသင်ယူ နိုင်ပြီး အများအကျိုး သယ်ပိုး နိုင်ပါစေ သူငယ်ချင်းလေးရေ)

    ReplyDelete
  2. ဟုတ်ကဲ့ အခုလို ဆွေးနွေးပေးတဲ့ အတွက် ကျေးဇူးတင် ပါတယ်ခင်ဗျာ။

    ReplyDelete
  3. မရဘူး ဗျာ အကုန်စမ်းတာ နည်းလမ်း စုံနေပီ...လေးထောင့်ကွက်တွေပဲ ဖြစ်နေတယ်...ကူညီပါအုန်း။

    ReplyDelete
  4. နေမင်းမောင်ရေး.မင်းလိုလူငယ်တွေသိန်းစိန်အဖွဲ့ထဲမှာတနေရာရသင့်တယ်ဟေ့
    သိန်းစိန်းတို့ကတော့သူတို့တွေရသမျှ(ပြည်တွင်းပြည်ပမှအကုန်)သူတို့တစ်အုပ်
    စုထဲခွဲဝေအိပ်ထဲအကုန်ထည့်ကြတယ်ဟေ့၊မင်းကတော့ရှာလို့ရသမျှကိုတော့မြန်
    မာလူမျိုးအားလုံးအကျိုးအတွက်အလကားဖြန့်ဝေပေးတဲ့မင်းလေးရဲ့စေတနာတွေ
    ကိုတို့ဂုဏ်ယူတယ်ဟေ့၊မင်းလိုမြန်မာလူငယ်မျိုးမြန်မာပြည်မှာများများထွန်းကား
    ပါစေကွယ်၊ကျေးဇူးလဲအထူးဘဲတင်ပါတယ်ဆက်လက်ပြီးတော့လည်းတိုးတက်
    အောင်မြင်မှုများရရှိပါစေကွယ်၊ဦးကတော့.retire သမားဆိုတော့ခုမှဘဲ
    ကွန်ပြူတာကိုစမ်းတ၀ါးဝါးနဲစတင်လေ့လာနေတယ်၊

    ReplyDelete
  5. ကျေးဇူးတင်သွားပြီ မသိတာလေးသိလိုက်ရလို့ပါ ခင်ဗျာ..

    ReplyDelete
  6. ကျေးဇူးအများကြီးတင်ပါတယ် ကောင်းသွားပြီ

    ReplyDelete
  7. ကျေးဇူးတင်ပါတယ်ရှင်..သူများတွေကို ပညာပေးသလို ကိုယ့်အတွက်လည်းအကျိုးမများကြီးရှိတယ်နော်..ကြိုးစားပြီး
    မျှဝေပေးပါအုံးနော်..ပျော်ရွှင်ပါစေ..

    ReplyDelete
  8. ကျေးဇူးတင်ပါတယ်....good luck sir ..

    ReplyDelete
  9. (4.ဒါဆိုရင် Internet Options Box လေးကျလာပါလိမ့်မယ်။ပြီးရင်အပေါ်ကပုံမှာပြထားသလို Font ကိုနှိပ်လိုက်
    ပါ။ပြီးရင်ပေါ်လာတဲ့ Font Box လေးထဲမှာ Zawgyi-one ကိုရွေးလိုက်ပါ။)အကိုရေ.......ရင်ပေါ်လာတဲ့ Font Box လေးထဲမှာ Zawgyi-one မရှိဘူးဖြစ်နေတယ်...ခင်ဗျ....ဘယ်လိုဆက်လုပ်ရမလည်း.....ဖြေပေးပါအုံး....ခင်ဗျ......

    ReplyDelete
  10. အကိုနေမင်းမောင်ခင်ဗျ ကျွန်တော့်စာမျက်နှာမှာပြန်ပြီး
    ထပ်မျှဝေလိုက်တယ်နော်...စိတ်မဆိုးဘူးမဟုတ်လားခင်ဗျာ။

    ReplyDelete
  11. အကိုရေ ဂျီတောမှာ ပုံလေးတွေတို့ custom message တို့ ပြောင်းလို့ မရတော့ဘူး ဖြစ်နေတယ် ပြောင်းလိုက်ရင် ခဏလေးပဲ ရတယ် ပြီးရင် available တို့ busy တို့ ပြန်ဖြစ်သွားတယ် ခဏလေးပဲ အဲဒါ ဘယ်လိုလုပ်ရမလဲ မသိဘူး ကူညီစေချင်ပါတယ် ခင်ဗျား အကို ကံကောင်းပါစေ...ဇိုး

    ReplyDelete
  12. အစ်ကို နေမင်းမောင်ခင်ဗျာ ...
    ဒီ Article လေးကို သူငယ်ချင်းတစ်ယောက်ဆီ Gmail နှင့် Share ချင်တာမလုပ်တတ်လို့
    ကူညီပါခင်ဗျာ။
    အစ်ကို့ စာတွေအမြဲတမ်းအားပေးနေပါတယ်၊ ကျေးဇူးလည်းအထူးတင်ပါတယ်။
    နောက်လည်းအများကြီးရေးနိုင်ပါစေခင်ဗျာ ....

    ReplyDelete
  13. ကျွန်တော်လဲအရမ်းကိုကျေးဇူးတင်တယ်ဗျာအရမ်းကိုကျေးဇူးတယ်ဘယ်လိုပြောရမှန်တောင်းမသိဘူးကျေးဇူးပဲ

    ReplyDelete
  14. Wooooooooooooooo....အရမ်းကိုအဆင်ပြေသွားပြီ...

    ReplyDelete
  15. အခုမှပဲအဆင်ပြေသွားတော့တယ်ဗျာာာာ

    ReplyDelete
  16. ကိုနေမင်းမောင် ကျေးဇူးအများကြီးတင်ပါတယ်... အဲဒီ အခက်အခဲကြောင့် သူများရိုက်တဲ့စာကို ကူးကူးပြီးဖတ်နေရတာ .. အခုမှပဲ တွေ့တော့တယ်...

    ReplyDelete
  17. ကိုမင်းMay 1, 2012 at 3:26 AM

    ဝင်လည်ကြည့်တာပါဘာမှတော့နားမလည်ပါဘူးမသိတာတွေကြည့်ခွင့်ရတဲ့အတွက်ကျေးဇူးပါ

    ReplyDelete
  18. ကျေးဇူးအထူးတင်ပါတယ် ဒါပေမဲ့ တစ်ခုတော့မေးပါရစေ ကျွန်တော့စက်မှာ ဒက်စတော့ပေါ်မှာ မြန်မာဖောင့်ရိုက်လို့ မရလို့ ကျေးဇူးပြုပီး လမ်းပြသင်ကြားပေးပါအုံး။

    ReplyDelete
  19. ကျေးဇူးပါပဲ ကိုနေမင်းမောင်ရေ.............

    ReplyDelete
  20. ကျေးဇူးအများကြီးတင်ပါတယ် ညီလေး နေမင်းမောင်ရေ အစ်ကို့ကွန်ပျုတာမှာအဲလိုခဏခဏဖြစ်နေတာ ဖြစ်တိုင်းလည်း မြန်မာဖောင့်ကိုအင်စတာပြန်လုပ်လိုက် ပြန်လုပ်လိုက် လုပ်နေရတာ လုပ်ရင်လည်း Restart ကကျကျသွားတော့ အနှောင့်အယှက်တော်တော်ဖြစ်တယ် အခုလိုလေးပြင်လိုက်တော့ Restart ကျစရာမလိုတော့ဘူး ကျေးဇူးအများကြီးတင်ပါတယ်ညီလေးရာ ဒီထက်မကလည်း ကွန်ပျုတာနည်းပညာတွေကို ဆထက်တစ်ပိုးတိုးပြီး လေ့လာနိုင် ပြန်လည်မျှဝေနိုင်ပါစေလို့ အစ်ကိုဆုတောင်းပေးပါတယ်ညီလေး --

    ReplyDelete
  21. ကျေးဇူးတင်ပါတယ်ဗျာ

    လိုက်ရှာလိုက်ရတာ အခုမှပဲ့ တွေတယ်ဗျာ ကျေဇူးအရမ်းတင်တယ်ဗျာ

    ReplyDelete
  22. let's say i changed the Zawgyifont but can i still use English font in that situation....?

    ReplyDelete
  23. Thank you so much

    ReplyDelete
  24. ကိုနေမင်းမောင်
    Networking နဲ့ ပတ်သတ်တဲ့ စာအုပ်လေးတွေ တင်ပေးဖို့ တောင်းဆိုပါတယ်

    ReplyDelete
  25. Thnx so much for this information.. But i hv another problem with my iPad 2, still not jailbreak. I m now using gtalk with IM+ on my iPad and i downloaded MMkeyboard from app store. But the problem is I could only use MMkeyboard for changing those BLOCKS to real burmese words. How can i join this MMkeyboard to IM+ gtalk? Or...is there any other route to make IM+ gtalk appear in burmese fonts? (P.S I hv heard that jailbreaking iPad is no longer safe for it ) Is that true? I honestly want burmese font on my iPad.... Plz give me a suggestion if u dont mind. With regard, the one who needs help from u :)

    ReplyDelete
  26. အကိုရေကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete
  27. အထူးကိုကျေးဇူးတင်ပါတယ်ဗျာ ။ လေးလည်း လေးစားပါတယ် ကျနော်ရှာနေတာ ၂ရက်လောက်ရှိသွားပီ

    ReplyDelete
  28. thank you very much.. ko nay min mg.

    ReplyDelete
  29. ကိုနေမင်းမောင်ခင်ဗျာ ကျနော့စက်က windows 7 64bidပါ ဒက်စတော့ပေါ်မှာ floder name ပေးတာ မြန်မာဖောင့်ရိုက်လို့မရလို့ ကူညီပါဦးခင်ဗျာ လူတင်းအပေါ်မှာ စေတနာထားနိုင်တဲ ကိုနေမင်းရဲ့ စိတ်ဓတ်ကို အရမ်းပဲလေးစားပါတယ်

    ReplyDelete
  30. Thx Bro NMM!
    Nay Lin

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်