• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Monday, July 6, 2015

ရက်(၆၀)မပြည့်ခင် Facebook Name ပြန်ချိန်းရန်


ဒီနည်းကိုတော့ မိတ်ဆွေတော်တော်များများ သိကြမှာပါ။ မေးထားတဲ့အစ်ကို တစ်ယောက်လဲ ရှိတာနဲ့ ကျွန်တော်ပြန်ရေးပေးလိုက်တာပါ။ ကျွန်တော်တို့ Facebook အမည်ချိန်းဖို့အတွက် ရက်(၆၀) စောင့်ရတာ ရှိပါတယ်။ ဒီရက်(၆၀) မစောင့်ပဲ Facebook Name ပြန်ချိန်းနိုင်အောင် ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့်ခြင်းစီ ရှင်းပြပေးထားပါတယ်။ အောက်မှာ ဆက်ကြည့်ရအောင်ဗျာ...



ဒါမျိုးဖြစ်နေတာပါ။ မထမဆုံးအဆင့်အနေနဲ့ ကျွန်တော်တို့ Security Tab ကိုနှိပ်လိုက်ပါမယ်။ ပြီးရင် Deactivate your account Button လေးကိုနှိပ်ပါမယ်။
နှိပ်ပြီးရင်  အကြောင်းအရာတွေ အများကြီးပေါ်လာပါလိမ့်မယ်။ အဲ့ဒီအကြောင်းအရာတွေထဲကမှ My account was hacked ဆိုတာလေးကို ရွေးပေးလိုက်ပါ။
ရွေးပြီးတာနဲ့ အောက်မှာ ပေါ်လာတဲ့အတိုင်း Continue ပေးလိုက်ပါ။
ဒါဆိုရင် Secure your account ဆိုတာ ပေါ်လာပါလိမ့်မယ်။ အဲ့ဒီမှာလဲ Continue ထပ်ပေးလိုက်ပါ။
ဒီအဆင့်မှာ Password အသစ်ထည့်ခိုင်းပါလိမ့်မယ်။ ထည့်ပေးလိုက်ပါ။
Password အသစ်ထည့်ပြီးတာနဲ့ ကျွန်တော်တို့ Email ကို Password ချိန်းတဲ့ Email လှမ်းပို့ပါလိမ့်မယ်။ Continue ထပ်ပေးလိုက်ပါ။
ဒီအဆင့်ကတော့ ထည့်ထားတဲ့ Email လုံခြုံမှုရှိအောင် Confirm ထပ်လုပ်တာပါ။


ဒီအဆင့်မှာတော့ Name ကိုပြန်ချိန်းလို့ရပါပြီ။ အရှေ့မှာ မွေးသက္ကရာဇ်ကိုလည်း ချိန်းနိုင်ပါသေးတယ်။ 

ဒီအဆင့်ပြီးသွားရင်တော့ Skip ပေးလိုက်ပါ။ နောက်ဆုံးကျွန်တော်တို့ Name ကို ရက် (၆၀) စောင့်စရာမလိုတော့ပဲ ပြန်ချိန်းလို့ရသွားပါပြီ။ နောက်ပိုင်းမှာ ကျွန်တော် Facebook Tips လေးတွေ တော်တော်များများ ရေးပေးသွားပါ့မယ်။ 

အားလုံးပဲကျန်းမာပျော်ရွှင်သော မိသားစုဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ..

လေးစားစွာဖြင့် 

နေမင်းမောင်(www.nayminnmaung.com)

0 ဦးမှက်ချက်ရေးသွားပါတယ်..:

Post a Comment



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်