• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Wednesday, August 19, 2015

Protect yourself from Keyloggers Using Keyscrambler


Keylogger နဲ့ KeyScrambler ရဲ့ Features တွေကို မသိသေးတဲ့ မိတ်ဆွေများအတွက် ရှင်းပြပေးတာပါ။ သိပြီးသား မိတ်ဆွေများကတော့ သည်းခံပေးပါခင်ဗျာ ။ Keylogger တွေရဲ့ ရန်ကို KeyScrambler လေးနဲ့ ကာကွယ်နိုင်ဖို့အတွက်ပါ။ 

1. Keylogger ဆိုတာ ဘာလဲ ??? 
Keylogger ဆိုတာက သေးငယ်တဲ့ Program နဲ့ တည်ဆောက်ထားပြီး User ရိုက်နေတဲ့ Computer’s keyboard ရဲ့ keystroke တိုင်းကို ဖမ်းယူစစ်ဆေးနိုင်တဲ့ Spy Software တစ်မျိုးပါ။ Keylogger ကို Installed လုပ်ပြီးတာနဲ့ စက္ကန့်ပိုင်းအတွင်းက စပြီး မိမိတို့ လိုချင်တဲ့ Target password တွေနဲ့ တခြားသော Sensitive Data ကို ဖမ်းယူပေးနိုင်ပါလိမ့်မယ်။ Software Keyloggers နဲ့ Hardware Keyloggers ဆိုပြီး Keylogger အမျိုးအစား (၂) မျိုးရှိပါတယ်။ အခြေခံအားဖြင့် Keylogger ဟာ စတင် Install လုပ်ပြီးတာနဲ့ background မှာ စတင်အလုပ်လုပ်ပြီး ရိုက်သမျှ Keystroke တိုင်းကို ဖမ်းယူပေးနိုင်တဲ့ အပြင် capture screen shots များ ရိုက်ပြီး attacker ရဲ့ Email , FTP စတာတွေဆီကို ပို့ပေးနိုင်ပါတယ်။ Keyloggers ကို များသောအားဖြင့် ကလေးများ ၊ အလုပ်သမားများ ၊ ခင်ပွန်း(သို့) ဇနီးသည်တွေကို စောင့်ကြည့်ရန်အတွက် အသုံးပြုကြတာများပါတယ်။ အဲ့ဒီလိုပဲ Hackers တွေကလည်း Email accounts, Facebook accounts စတဲ့ အကောင့်တွေကို Hack ရာမှာလည်း အသုံးပြုကြပါသေးတယ်။ ဒီလောက်ဆိုရင် Keylogger အကြောင်းကို သိလောက်ပါပြီ။ 



2. KeyScrambler ဆိုတာ ဘာလဲ ??? 
Keylogger အကြောင်းပြီးတော့ KeyScrambler အကြောင်းလေး နည်းနည်းပြောပြပါ့မယ်။ KeyScrambler ဆိုတာကတော့ ကျွန်တော်တို့ ရိုက်ထည့်လိုက်တဲ့ Keystrokes တိုင်းရဲ့ အနှစ်ချုပ်အဓိပ္ပါယ်ကို အဓိပ္ပါယ်ဖေါ်လို့ မရအောင် ပြောင်းလဲပေးနိုင်တဲ့ Operating System ရဲ့ အတွင်းထဲမှာ ရှိတဲ့ Software တစ်ခုပါ။ မိမိတို့ ကိုယ်ပိုင် ရုံးခန်းတွေ ၊ မိသားစုတွေ ၊ စီးပွားရေးလုပ်ငန်းတွေ မှာဆိုရင် KeyScrambler ဟာ ယုံကြည်အားထားရတဲ့ Defence Layer လေးတစ်ခုပဲဖြစ်ပါတယ်။ များသောအားဖြင့် Keyscrambler တွေမှာ Encrypt Keys, Bypass Malwares like keyloggers, rats (သို့) keyboard API hook programs နဲ့ last decrypt keys ဆိုပြီး အခြေခံအချက်လေးတွေနဲ့ အလုပ်လုပ်ပါတယ်။ Keyscrambler က ဝှက်စာသဘောမျိုးဖြစ်ပြီး encryption နဲ့ decryption ပြုလုပ်ကာ Keylogger တွေနဲ့ api hookers တွေရဲ့ ဖမ်းယူခြင်းကို အဓိပ္ပါယ် လွဲသွားအောင် ပြုလုပ်ခြင်းပါပဲ။ ကျွန်တော် KeyScrambler Full Version လေးတင်ပေးထားပါတယ်။ အထဲမှာ Crack ဖိုင်လေးကို 32 နဲ့ 64 Bits အတွက် နှစ်မျိုးခွဲတင်ပေးထား ပါတယ်။ မိမိတို့ သက်ဆိုင်ရာ OS အလိုက် Install လုပ်ထားတဲ့ Folder လေးထဲကို ကူးထည့်ပေးပြီး Restart ချပေးလိုက်ရင် Full Version လေးရပါပြီ။ 


KeyScramber.Premium.v3.4.0.9.rar


Download From Dropbox

Download From ezFile

Download From Mediafire


အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ...

0 ဦးမှက်ချက်ရေးသွားပါတယ်..:

Post a Comment



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်