• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Sunday, June 26, 2011

အလွယ်ကူဆုံးရွှေရောင်စာလုံးပြုလုပ်နည်း



ကျွန်တော်ဒီနေ့တော့ Photoshop Cs 5 ကိုသုံးပြီးတော့ရွှေရာင်စာလုံလေးတွေကိုဘယ်လိုဖန်တီး
ရမလဲဆိုတာကိုပုံလေးတွေနဲ့အသေးစိတ်ရှင်းပြပေးသွားပါမယ်..။ကျွန်တော်ဒီပို့ဒ်လေးကိုတင်တဲ့
ရည်ရွယ်ချက်ကတော့ Photoshop ကိုဘာမှနားမလည်သေးပဲနဲ့တောင်ပုံလေးတွေကိုကြည့်ပြီးလိုက်
လုပ်ကြည့်ရင်အဆင်ပြေသွားစေဖို့ရည်ရွယ်ပါတယ်..မသိသေးဘူးများအတွက်သာရည်ရွယ်ပြီးရေး
သားခြင်းဖြစ်ပါတယ်..။ကျွန်တော့်ဆိုဒ်မှာတင်ပေးထားတဲ့ Photoshop Cs 5 Portable လေးကိုသုံးပြီး
အလွယ်တကူဆောင်ရွက်နိုင်မှာဖြစ်ပါတယ်..။

1.အရင်ဆုံး Cs 5 Portable လေးကိုဖွင့်လိုက်ပါ..။ပြီးရင်ကျွန်တော်အောက်ကပုံလေးမှာပြထားသလိုပဲ
   File ကနေ New ကိုနှိပ်ပြီး Page တစ်ခုဖွင့်လိုက်ပါ..။



2.အပေါ်ကပုံအတိုင်း Widght = 800 Pixels , Height = 400 Pixels and Resolution = 300 Pixels/inch ကို
   ပြောင်းပေးလိုက်ပါ..။ပြီးတော့မှမိမိတို့လိုချင်တဲ့ပုံအရွယ်အစားကိုပြန်ချိန်လို့ရပါတယ်..။ပြီးရင်တော့
   Background လေးကိုအနက်ရောင်သုံးဖို့လိုပါလိမ့်မယ်..ဒါမှရွှေရောင်စာလုံးလေးကိုမိမိစိတ်ကြိုက်ချိန်
   လို့အဆင်ပြေမှာဖြစ်ပါတယ်..။အောက်ကနည်းလေးအတိုင်းအနက်ရောင်ပြောင်းပေးလိုက်ပါ..။




3.Background လေးကိုအနက်ရောင်ပြောင်းပြီးပြီဆိုရင်တော့မိမိတို့အသုံးပြုမဲ့စကားလုံးကိုရိုက်ထည့်လိုက်ပါ..။
   ပြီးရင်ဆက်လုပ်ရမဲ့အဆင့်လေးတွေကိုတော့အောက်ကပုံလေးတွေကိုကြည့်ရင်သဘောပေါက်သွားပါလိမ့်
   မယ်..။





4.အပေါ်ကပုံလေးအတိုင်း Layer Style မှာတော့မိမိတို့စိတ်ကြိုက်ချိန်လို့ရပါတယ်..။ကျွန်တော်ပြောင်းပေး
   ရမဲ့နေရာ လေးတွေကိုပြပေးထားပါတယ်..။အားလုံးပြီးပြီဆိုရင်တော့ OK ပေးလိုက်ပါ..။ဒီကောင်လေး
   ကိုကျွန်တော်တို့ Gif တို့ Png တို့နဲ့ဘယ်လိုပြန်ပြီးထုတ်ရမလဲဆိုတာကိုပါတစ်ခါထဲပြသွားပေးပါမယ်..။



ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ရွှေရောင်စာလုံးလေးတွေကိုပြုလုပ်တက်သွားပြီလို့ထင်ပါတယ်..။

အားလုံးပဲအဆင်ပြေကြပါစေ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ....

1 comment:

  1. အရမ်းကောင်းလို့  လက်တွေ့ စာတွေ့ 
    ဒီမှာပဲ လာလေ့ကျင့်ပါတယ်
    အားလုံးလဲ ယူနေပါတယ်
    ကျနော်စက်တောင် ပြည့်တော့မယ်
    အဟဲ

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်