• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Saturday, June 18, 2011

iPhone မှာ မြန်မာဖောင့် ထည့်သွင်းနည်း



iPhone မှာ မြန်မာဖောင့် ထည့်သွင်းနည်း ကို ကျွန်တော်ဖတ်ရှုထားတာကို ပြန်ပြီး ဝေမျှပေးလိုက်ပါတယ် ကျွန်တော်ကိုယ်တိုင် မစမ်းသပ်ရသေးတဲ့ အတွက် မည်သည့် အရာမျှဝင်ရောက်ဖြည့်စွက်ထားခြင်း မရှိပဲ မူရင်းအတိုင်း တင်ပြပေးလိုက်ပါတယ်. . . 


 iPhone မှာ မြန်မာဖောင့် ထည့်သွင်းနည်း

အောက်ပါ ဆောင်ရွက်ချက်များသည် သင့် iPhone/ iPod Touch တို့အား အဆင်မပြေပါက itune ကနေ restore ပြန်လုပ်ကောင်းလုပ်ရပါလိမ့်မည်။ ထို့ကြောင့် backup လုပ်ထားရန်လိုအပ်ပါသည်။ System ပိုင်းဆိုင်ရာများကို ပြင်ထားတာကြောင့် ဖြစ်ပေါ်လာသော တစ်စုံတစ်ခု ပြဿနာများကို လုံးဝ တာဝန်ယူမည်မဟုတ်ပါ။
လိုအပ်ချက်
OS : 3.0 >= Type : Jailbreak Installer : Cydia Internet : Require Add Repo in Cydia
Cydia ကို သွားပါ။ Manage အောက်က Source ကို သွားပါ။ Edit ကနေ Add လုပ်လိုက်ပါ။ address တွင်
http://cydia.macforus.com
ကိုထည့်လိုက်ပါ။ ပြီးလျှင် Package များကို သူ reload လုပ်ပါမည်။ အကုန်ပြီးသွားလျှင် Sections အောက်တွင် Zawgyi ဆိုတာ ပေါ်လာမည်။ အထဲတွင်
Zawgyi Font နှင့်
Zawgyi Keyboard
ဆိုပြီး ၂ ခုရှိပါသည်။ Package Installation
Zawgyi Font
Zawgyi Font သည် System Font များကို hack ပြီးတော့ မြန်မာစာ စာလုံးများ ထည့်သွင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် သွင်းပြီးပါက remove ပြန်လုပ်နိုင်မည် မဟုတ်ပါ။ remove ပြန်လုပ်ပါက itune မှ restore ပြန်လုပ်လိုက်ရပါမည်။ Zawgyi Font package သည် application များ အားလုံးနီးပါးတွင် မြန်မာစာ ပေါ်စေရန် font များကို ပြုပြင်ထားခြင်းသာဖြစ်သည်။
Zawgyi Keyboard
Zawgyi Keyboard ကိုသွင်းရာတွင် iKeyEx , Zawgyi Font နှင့် အခြား Dependencies များကို အလိုအလျောက်သွင်းသွားမည်ဖြစ်သည်။
အောက်ပါ ပြဿနာများ ကြုံတွေ့ရတတ်သည်။

၁။ English စာတွင် autocorrect မဖြစ်တော့ခြင်း။
၂။ keyboard အတက်နှေးခြင်း။
၃။ အချို့ OS 3.0 < များဖြစ်ခဲ့လျှင် ပြဿနာတက်ခြင်း။ 

သင့်အနေနဲ့ အထက်ပါ အချက်များကို လက်ခံနိုင်သည် ဆိုမှ သွင်းပါရန်။
သွင်းပြီးပြီဆိုပါက သင့် iPhone/iPod Touch ကို restart ချလိုက်ပါ။ keyboard ထည့်သွင်းနည်းကို အောက်ရှိ Flash တွင် ကြည့်ရှုနိုင်ပါသည်။
ဗွီဒီယိုဒီမှာကြည့်ရန်
၁။ Settings > iKeyEx > Mix and Match >Make ကိုသွားပါ။
၂။ Layout ကို Zawgyi ရွေးလိုက်ပါ။ name ကို Zawgyi လို့ပေးလိုက်ပါ။
၃။ Mix and Match > iKeyEx >Keyboards ကို ပြန်သွားပါ။
၎။ Zawgyi ဆိုတာလေး ဘေးနားရှိ + လေးကို နှိပ်လိုက်ပါ။
ဒါဆိုရင် ရပါပြီ။ keyboard ပြောင်းချင်လျှင် ကမ္ဘာလုံးပုံလေးကို နှိပ်ကာ ပြောင်းလဲနိုင်ပါသည်။
သင့် iPhone/iPod Touch recovery ပြန်လုပ်ရခြင်း data lost များဖြစ်ခြင်း ၊ အခြား တစ်စုံတစ်ရာ ကိစ္စများဖြစ်ခြင်း တို့ကို လုံးဝ တာဝန်မယူပါ။ How to upgrade
အသစ်ထွက်ခဲ့သောကြောင့် upgrade လုပ်လိုလျှင် Cydia > Changes > Refresh ကိုနှိပ်ပြီး Upgrade ပေါ်လာပါက upgrade လုပ်ပါ။ ပြီးလျှင်
Settings > iKeyEx > Keyboards > Zawgyi ကို – icon လေးကို နှိပ်လိုက်ပါ။
iKeyEx > Setings ကို ပြန်သွားလိုက်ပါ။ Mix and Match > Zawgyi > Delete ကို နှိပ်လိုက်ပါ။
ပြီးလျှင် Mix and Match ကနေ Zawgyi keyboard ကို အပေါ်တွင် ပြခဲ့သည် video အတိုင်း ပြန်လည် ထည့်သွင်းနိုင်သည်။
Tip: Settings > General > Keyboard > Auto-Capitalization ကို off ထားလျှင် မြန်မာစာ ရိုက်ရတာ ပိုအဆင်ပြေသည်။
ပါဝင်ဆောင်ရွက်ကူညီပေးသူ
ဦးသောင်းစုငြိမ်း
ပြည့်ဖြိုးအောင် (Zack)

ကျွန်တော် အကြံပြုလိုတာကတော့ မလိုအပ်ဘူး ဆိုရင်တော့ မသွင်းတာ Safe ဖြစ်ပါတယ်လို့ .....

Ref :  http://www.moethagyar.info/

8 comments:

  1. ကျေးဇူးပြုပြီးတော့..samsung galaxy s2 ကိုမြန်မာဖောင့်/လက်ကွက်ထည့်နည်းလေးသင်ပြပေးပါ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ....

    ReplyDelete
  2. ကျေးဇူးပြုပြီးတော့..samsung galaxy s2 ကိုမြန်မာဖောင့်/လက်ကွက်ထည့်နည်းလေးသင်ပြပေးပါ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ....

    ReplyDelete
  3. ကို Sai ခင်ဗျာ samsung galaxy s2 မှာ မြန်မာဖောင့် နဲ့  လက်ကွက် ထည့်နည်းကို Andriod နှင့်ပတ်သက်သမျှ ဆိုတဲ့ ခေါင်းစဉ်မှာသွားဖတ်လိုက်ခင်ဗျာ။ လွယ်ပါတယ်။

    ReplyDelete
  4. nokia 5800 zawgyi သွင်း၇လားမသိနော်...

    ReplyDelete
  5. samsung galaxy အားလုံးကို Andriod နှင့်ပတ်သက်သမျှ ဆိုတဲ့ ခေါင်းစဉ်မှာသွားဖတ်လိုက်ခင်ဗျာ။ ဘာမျှထပ်ပြောစရာမလိုအောင်ပါပဲ။ ။အားလုံးစမ်းသပ်ပြီးပြီး။OK? ကျေးဇူးပါ ခင်ဗျားကြောင့်လဘ္ကရည်
    ၁၀၀ ဘိုးလောက်သောက်လိုက်ရပြီး (ကိုနေမင်းမောင်)။ ဒါပေမယ့် nokia တော့ လင့်တွေသေနေတာကြောင့်
    မစမ်းရသေးဘူး။

    ReplyDelete
  6. This paragraph is really a nice one it helps new internet viewers, who are wishing in favor of blogging.


    Also visit my blog :: iphone 5 nano

    ReplyDelete
  7. I personally didn't buy an organic bassinet mattress because my model came with the non-organic variety. This allows your babies to sleep close to each other without clobbering or rolling over each other. Once you invest some time before you shop, you will end up way more satisfied with your bassinet.

    Feel free to surf to my web blog; loft bed with Desk

    ReplyDelete
  8. အကိုရေအကိုရေcydiaဆိုတာဘယ်မှာရှာရတာလဲဟင်ကျွန်တော်iphoneမှာရှာမတွေ့လို့ပါအကို

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်