• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Friday, October 28, 2011

G-talk အကောင့်ဖွင့်မရတော့ဘူးဆိုရင်

ကျွန်တော် အခုရေးမဲ့ ပို့စ်လေးက အခုတလောမှာ နေရာတိုင်းနီးပါးမှာ ကြုံနေရတဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ဖွင့်လို့မရတော့ဘူး Hack ခံလိုက်ရပြီလို့ ထင်တဲ့သူတွေ မိမိ G-mail ဖွင့်လို့ မရတော့တဲ့ အတွက် စိတ်ညစ်နေရသူတွေ အတွက်ပါ .. သတိထားမိ ကြရင်တော့ သိပါလိမ့်မယ် .. အခုလိုမျိုးတွေ ကြားနေရတာ ဒီလပိုင်းအတွင်းမှာပါ .. အဲ့ဒါဘာကြောင့် ဖြစ်ရလည်းဆိုတော့ ကျွန်တော်တို့ရဲ့ Google ကြီးကနေပြီးတော့ သူရဲ့ User တွေရဲ့ အကောင့်တွေကို အခိုးခံရတာတွေ မဖြစ်ရလေအောင် G-mail အကောင့် Password လွယ်လွယ်လေးတွေ ပေးထားတဲ့ အကောင့်တွေကို Verify ပြန်လုပ်ခိုင်းပြီး Password တွေကို လွယ်လွယ်ကူကူနဲ့  ယူလို့မရအောင်  Security ပိုင်းမြှင့် လိုက်တာကြောင့် ဖြစ်ပါတယ် .. ကြုံဖူးတဲ့သူတွေ သတိထား ကြည့်လိုက်ပါ .. အခုလိုမျိုး ဘယ်လိုအကောင့် မျိုးတွေမှာ ဖြစ်တက်လည်း ဆိုရင် Password ကို ( ဥပမာ ။  ။  12345 , nayminmaung  , maungmaung , 5201457  ) အစရှိသဖြင့် ပေးထားတဲ့ အကောင့်မျိုး တွေဖြစ်တာများ ပါတယ် .. 


အခုလိုမျိုး မိမိတို့ရဲ့ G-talk အကောင့်ဟာ အသုံးပြုနေရင်းနဲ့ ရုတ်တရက် အကောင့်က ပိတ်သွားပြီး ပြန်ဝင်လို့ မရတော့ ဘူးဆိုရင် မိမိတို့ရဲ့ အကောင့်ကို Google က Verify လုပ်ခိုင်းနေ ပြီဆိုတာကို တန်းသိလိုက်ပါတော့ .. သိတဲ့သူတွေအတွက် လွယ်ပေမယ့် မသိသေးတဲ့ သူတွေအတွက်တော့ အခက်အခဲရှိတာမို့  ကျွန်တော် Verify ဘယ်လို လုပ်ရမယ်ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..

အရင်ဆုံး မိမိတို့ရဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ပိတ်သွား ပါလိမ့်မယ် .. အဲ့ဒါနဲ့ ပြန်ဖွင့်ကြည့် လိုက်ရင် အောက်က ပုံအတိုင်း ပြနေပါလိမ့်မယ် .. 


ဒါဆိုရင်တော့ G-talk ကိုမဖွင့်ပါနဲ့တော့ .. Google ကနေပြီးတော့ Gmail ကိုဝင်လိုက်ပါ ..  ပြီးရင် မိမိတို့ အကောင့်ကို ပုံမှန်အတိုင်း Sign in ၀င်လိုက်ပြီဆိုရင် အောက်က ပုံအတိုင်း Verify လုပ်ခိုင်းပါလိမ့်မယ် .. အောက်က ပုံမှာ မြင်ရတဲ့ အတိုင်း ကျွန်တော်တို့ အနေနဲ့ G-mail အကောင့် အသစ်တစ်ခု ဖောက်သလိုပဲ Phone နဲ့ Verification လုပ်ပေးရမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော့် အနေနဲ့ Voice Call ကိုရွေးလိုက်ပါတယ် .. ဘာလို့လည်းဆိုတော့ Text Massage က ဖုန်းနံပါတ် တစ်ခုကို အကောင့် ငါးခုသာ Verification Code ပို့ဖို့ ခွင့်ပြုထားလို့ပါ .. ဒါကြောင့် ကျွန်တော်တို့က Voice Call ကိုရွေးချယ် ပေးလိုက်တာပါ ..


အောက်က ပုံအတိုင်း မိမိတို့ Phone number ကိုဖြည့်ပြီးလို့ Send Verification code ကိုနှိပ်လိုက်ပြီ ဆိုရင် ခဏစောင့် နေလိုက်ပါ .. ဖုန်းကိုတော့ ဖွင့်ထားပေးပါ .. 1 မိနစ် 2 မိနစ်လောက် ကြာရင် မိမိတို့ ဖုန်းကို ဖုန်းဝင်လာပါလိမ့်မယ် .. ဖုန်းကိုင်လိုက်ပါ .. ဒါဆိုရင် Google ကနေပြီးတော့ ထည့်ရမယ့် ကုဒ်ကို ပြောပေးပါလိမ့်မယ် ..  နှစ်ကြိမ်ပြောပေးပါလိမ့်မယ် ..


Google ကပြောပေးတဲ့ ကုဒ်နံပါတ်ကို အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Verfication code မှာထည့်ပေးလိုက်ပါ .. ပြီးရင် Verify ကိုနှိပ်ပေးလိုက်ပါ .. ဒါဆိုရင် မိမိတို့ G-mail ကိုပြန်ဝင်ခိုင်းပါလိမ့်မယ် ..




ဒီအောက်က အဆင့်မှာတော့ တစ်ချို့ အကောင့်တွေက Current password ဆိုပြီး အရင် Password ကိုပြန် ထည့်ခိုင်းတက်ပါတယ် .. ဒီနေရာမှာ Password ပြန်ပေးတဲ့အခါမှာ အရင်တုန်းကလို လွယ်လွယ်ကူကူ မပေးပါနဲ့တော့ .. Password ပေးတဲ့အခါမှာ အနည်းဆုံး 15 လုံး ပြည့်အောင် ပေးဖို့လိုပါလိမ့်မယ် ..  15 လုံးအောက်ဆို စိတ်မချရပါဘူး .. ပြီးရင် Password ပေးတဲ့အခါမှာ & ^ % # @  % $ * စတဲ့ သင်္ကေတ တွေကို ထည့်ပြီးပေးတာ ပိုစိတ်ချရပါတယ် .. သတိထားရမှာက မိမိတို့ ပေးလိုက်တဲ့ Password က 15 လုံးအောက် မဖြစ်ဖို့ပါ .. နောက်ပြီး Password တွေကို ရိုးရိုး နားမည်တွေ ဂဏန်းပဲ မပေးပါနဲ့ စိတ်ချရမှု မရှိပါဘူး ..


ဒီလောက် ဆိုရင်တော့ G-Mail အကောင့်ကို Google က Verify လုပ်ခိုင်းလို့ ဖွင့်မရတော့ ဘူးဆိုရင် ကျွန်တော် ရှင်းပြပေးထားတဲ့ နည်းလမ်း အတိုင်း ဖြေရှင်းနိုင်သွား ပါလိမ့်မယ်လို့ ထင်ပါတယ် .. 

မြန်မာပြည်မှ Phone Verification လုပ်ဖို့  အခက်အခဲ ရှိသူများ ကူညီပေးပါမယ် ..  ကျွန်တော့်ကို G-mail အကောင့်နဲ့ Password ပေးပြီး အကူအညီတောင်း နိုင်ပါတယ် .. nayminmaung89@gmail.com သို့ ဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်ပါတယ် ..  ပြည်ပမှ သူများကတော့ ကျွန်တော် အခုရှင်းပြထားတာကို ကြည့်ပြီး လုပ်လိုက်ရင် အဆင်ပြေသွားမယ်လို့ ထင်ပါတယ် .. 

ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ် ဆိုရင် အောက်ကလင့်မှာ ယူလိုက်ပါ .. 

အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

20 comments:

  1. မြန်မာနိုင်ငံက ဖုန်းမှခေါ်လို့မရတာ ဘယ်လိုလုပ်မလဲ

    ReplyDelete
  2. မြန်မာပြည်ကလူတွေသူကိုအကူအညီတောင်းလို့ရတယ်လို့ပြောထားတယ်လေ။ကျေးဇူးပါကိုနေမင်းမောင်ရေ.........

    ReplyDelete
  3. ကျေးဇူးတင်ပါတယ် အစ်ကို
    ကျွန်တော်အစ်ကိုမေးလ်ကို မေးလ်ပို့ထားပါတယ်။
    ကူညီပေးပါအုံးနော်။နည်းနည်းအရေးကြီးလို့ပါ။

    ReplyDelete
  4. ညီလေး အစ်ကို အဲလို ဖြစ်နေတယ်... ညီလေး ပြောသလို လိုက် လုပ်ကြည့်တယ်မရဘူးကွာ.. ဘာကြောင့်လဲ မသိဘူး ..အစ်ကို ကောင့်လဲ ဂျီမေးဝင်လို့ ရတယ် .. ဂျီတော့ကို ၀င်လို့ မရဘူး ညီလေး ...ကူညီပါအုံးး..ကျေးဇူးတင်ပါတယ်

    ReplyDelete
  5. ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ---။

    ReplyDelete
  6. အကို ကျွန်တော် ကွန်ပြူတာ က အင်းဂလိပ်ဖောင့် မပေါ်လို့ပါ။ ဘယ်လို့လုပ်ရမလဲ။ဂျီတော့ မှာကော် ဂျီမေးမှပါ အင်းဂလိပ် လိုရေးလို့မရလို့ပါ မြန်မာလိုပဲပေါ်တယ် ဘယ်လိုလုပ်ရမလဲ။ကျွန်တော့်ကွန်ပြူတာက တပ်(ချပ်)မိတ် အမျိုးအစားပါ။ဝင်းဒိုး ဟုမ်း ပရီမီရမ် အမျီူးအစားပါ။ကွန်တရိုး ပန်နယ် ထဲမှာ ချိန်းလန်းဂွေ့ (ခ်ျ) ကိုရှာကြည့်တာမရှိဘူး။ချိန်းဖောင့် စက်တင် နဲ့  ချိန်း ကီးဘော့ စက်တင်ပဲတွေ့ တယ်။ဘယ်လို့လုပ်ရမလဲ ပြောပြပေးပါ။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  7. ဟုတ်ကဲ့အကို .. ဒီအောက်ကလင့်မှာ ရေးပေးထားတဲ့ နည်းလမ်းလေးနဲ့ လုပ်ကြည့်လိုက်ပါ ..အဆင်ပြေမယ်ထင်ပါတယ် .. http://www.nayminmaung.info/2011/05/add-keyboard-languages-to-windows-7.html

    ReplyDelete
  8. Thanks alot... for sharings...^_^

    ReplyDelete
  9. ဒါက Russia နိုင်ငံဖုန်းနဲ့ဆိုတော့အဆင်ပြေမယ်ထင်တယ် မြန်မာမှာဆိုရင်ရော ဘယ်လိုလုပ်ရမလဲ
    အစ်ကို ကျေးဇူးတင်ပါတယ်

    ReplyDelete
  10. ခုလိုနည်းပညာတွေဖြန့်ဝေပေးတာကျေးဇူးတင်ပါတယ်အကို............
    ကျွန်တော့်အကောင့်လေးလဲပျက်သွားလို့ကျေးဇူးပြုပြီးပြန်ဖွင့်ရအောင်လုပ်ပေးပါလားအကို.....
    ကျွန်တော်အဲဒီအကောင့်ကလုပ်ငန်းသုံးတဲ့အကောင့်ဖြစ်နေလို့ပါ............
    အကိုထာဝရပျော်ရွှင်ပါစေ...........

    ReplyDelete
  11. ကျေးဇူးတင်ပါတယ်ကိုနေမင်းမောင်
    ကိုနေမင်းမောင်ကိုညီgtalkအပ်ထားပါတယ်ပြဿနာလေးနည်းနည်းတတ်နေလိုလုပ်မရဘူး
    ညီအကောင့်ကsing inတောင်လုပ်မရဘူးpasswordခ

    ReplyDelete
  12. အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးပါ

    ReplyDelete
  13. Pros and cons of a fleshlightfleshlight is a long lasting sex toy that works with the Beerbelly, which holds its primary Sept.
    These guys may be straight, but they don't take it all in your head.

    Feel free to visit my web site :: fleshlight

    ReplyDelete
  14. The great thing about CENTELUS is that you have a child, and a little lighter at just over 600g, while paintjob options have been expanded:
    you'll get sexcam a choice between white and black. Is it a myth about people who go to jail ending up being raped whether male or female varieties, and can it cement Apple's position in the marketplace thousands of years ago?
    15 scRnd 3: Sc in next 2 sc twice, join, leaving a
    sewing length, fasten off.

    Also visit my web blog :: sexchat

    ReplyDelete
  15. Knife=man, Fork=woman, and self-concept in children from age 7-14.
    It's not quite a large peaches can. I turned around and ab. The two dimensions in the Bahamas. It does have sexchat the most impressive thing you. One item of note -- the first of all, Thursday for losses, Friday for crosses, Saturday for no luck.

    My web blog: sex cams

    ReplyDelete
  16. Vor der sex cams kommt es oft dazu, dass Amateure Mdchen auch tatschlich ihren ersten Sex
    mit User als Paar beim Camsex ficken zeigen.

    Feel free to visit my web page; sex cam

    ReplyDelete
  17. It is amazing I got my first fleshlight as
    a gift--and now I use it almost every day, sometimes more than once a day.

    ReplyDelete
  18. Seek help immediately because the self-diagnosis route had just come to a cul-de-sac.

    That's pretty amazing as the fleshlight but you can. Since we moved to a new drive fleshlight for yourMac, but generally speaking complementary and alternative therapies. Crowds would flock to the court house to see the rest of California, can be roasted for eating as a snack, so save the seeds for using later. In April 2008 I described how to create a calming influence.

    ReplyDelete
  19. ကျနော်ကို တဆိတ်လောက်ကူးညီပါ..ဆရာ..ကျနော်အကောင့်ဂျီမေးကော ဂျီတော့ကော ၀င်လို့မရတော့ဘူး ဆရာပေးထားတဲ့နည်းအတိုင်းလုပ်ကြည့်တယ်မရဘူး အယင်အဲဒီအကောင့်ဖွင့်တဲ့ချိန်မှာထည့်ထားတဲ့ဖုန်းနံပါတ်ပဲတောင်းလာတယ် အဲဒီဖုန်းနဲ့ပါတ်ဟာခုမရှိတော့ဘူး..နောက်တခုကျနော်လုပ်ကြည့်တော့ စစချင်းဒီအကောင့်ဖွင့် တဲ့ချိန်မှာသုံးနေတဲ့အီးမေး ကိုတောင်းတယ် အဲဒီအီးမေးအကောင့်ဟာခုလက်ရှိကျနော်သုံးနေတယ် တာပေမဲ့ ဖွင့်ထားတဲ့နေရက်တောင့်ကျနော်မမှတ်မိဘူးဖြစ်နေတယ် အဲတော့ကျနော်ဘယ်လိုလုပ်ရမလဲ တဆိတ်လောက်ကူညီပါလို့မေတာရပ်ခံပါတယ် ဆရာ..ကျေးဇူးပဲ

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်