• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Sunday, October 23, 2011

တော်တော်စိတ်မကောင်းဖြစ်သွားတယ်ဗျာ ..


23 Oct 11, 06:31 AM 
မောင်အောင်: ဒီဘလော့ဂ်ဆိုဒ်ပိုင်ရှင် “ကောင်လေးငယ်” သေချာနားမလည်ရင် သူများဒုက္ခရောက်အောင် ဒါမျိုးတွေမဖြန့်ပါနဲ့။
23 Oct 11, 06:30 AM
မောင်အောင်: အဲဒါကို ယောင်လို့မှ install သွားမလုပ်လိုက်မိကြပါနဲ့။
23 Oct 11, 06:29 AM
မောင်အောင်: PC OptimizerPro ဆိုတဲ့ Software ကို Rogue Anti-Spyware(သို့) Fake Antivirus လို့ ယူဆထားတယ်။

ဒီနေ့ ကျွန်တော် တော်တော်တော့ သံဝေဂရသွားတယ် .. စိတ်မကောင်းလည်း တော်တော် ဖြစ်သွားတယ် ကောင်လေးငယ်ဆိုဒ် မှာ ကျွန်တော့် အကိုကို ကောင်လေးငယ် မြန်မာပြည် ပြန်သွားထဲက အကို အင်တာနက် မသုံးနိုင်သေး တာကြောင့် ကျွန်တော် ဆိုဒ်ကို ကိုင်ပြီး ပို့စ်တွေရေး နေတာပါ .. အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း မအားပါဘူး .. အခုအချိန်ထိလည်း ကျွန်တော် မအိပ်ရသေးပါဘူး မေးထားတာလေးတွေ နဲ့ တောင်းထားတာ လေးတွေကို ပြီးအောင် ဖြတ်မယ်ဆိုပြီး ကျွန်တော် အရင်ရက်တွေက မတင် ပေးဖြစ်တာ တွေကော လိုက်ရှာပြီး တင်ပေးနေတာပါ .. ကျွန်တော့် ကို စီဘောက်ကနေ   

မိုးစက် အကိုရေ ကျွန်တော့်ကို pc optimtzer pro ရဲ့ လိုင်စင်ကီးလေး ရှိရင် ပေးပါဦးနော် ကျွန်တော့်စက်မှာ တော်တော်များများပြင်စရာတွေများနေလို့ပါ

ဆိုပြီး တောင်းထားတာ ရှိလို့ ကျွန်တော် Full Version လိုက်ရှာပြီး တင်ပေးလိုက်တာပါ .. ကျွန်တော်တို့ လုပ်နေတယ် ဆိုတာ အားလုံးကို အဆင်ပြေစေချင်လို့ ကွန်ပျူတာအကြောင်း နားမလည်သေးတဲ့ အချိန်မှာ အခက်အခဲ မဖြစ်စေချင်တဲ့ စေတနာနဲ့လုပ်ပေးတာပါ .. ပြီးတော့ ကျွန်တော်တို့ ဘယ်တော့ မှ ဖြစ်ကတက်ဆန်းမလုပ်ပါဘူး .. ဆော့ဝဲလ်တစ်ခု တင်တော့မယ်ဆိုရင် အဲ့ဒီဆော့ဝဲလ်ကို ကျွန်တော်တို့ကိုယ်တိုင် စမ်းသုံးပြီး အဆင်ပြေမှ တင်ပေးလိုက်တာပါ .. အခု အပေါ်ကအကို စီဘောက်မှာ အော်ခဲ့သလို ကျွန်တော်တင်ပေးလိုက်တဲ့ PC OptimizerPro ကို Rogue Anti-Spyware(သို့) Fake Antivirus လို့ ယူဆထားတယ်ဆိုရင် အဲ့ဒီအကို အသိပေးတာနဲ့ ကျွန်တော် အဲ့ဒီကောင်နဲ့ပါတ်သတ်တာကို Google မှာရှာ ဖတ်ပြီး ဟုတ်တယ်ဆိုတာနဲ့ အဲ့ဒီပို့စ်ကို ဖျက်ပေးမှာပါ .. ကျွန်တော် မှာငါလုပ်တာမှ မှန်တယ် ငါလုပ်တာပဲဟုတ်တယ် ဆိုတဲ့ စိတ်မျိုးလည်း မရှိပါဘူး .. ကျွန်တော်တို့ အနေနဲ့ ဒီတစ်ခုထဲကိုပဲ အတွင်း ကျကျလုပ်နေတာလည်း မဟုတ်ပါဘူး .. တောင်းဆိုတဲ့အတွက် ရှာပေးတယ် .. တွေ့ပြီဆိုရင် ကိုယ်တိုင်သုံးကြည့်တယ် .. အဆင်ပြေတယ်ဆိုမှ တင်ပေးလိုက်တာပါ .. ဒါပေမယ့်ဗျာ ..  ဒီဘလော့ဂ်ဆိုဒ်ပိုင်ရှင် “ကောင်လေးငယ်” သေချာနားမလည်ရင် သူများဒုက္ခရောက်အောင် ဒါမျိုးတွေမဖြန့်ပါနဲ့။  ဆိုတာကို ကျွန်တော် ဖတ်လိုက်ရတော့ စိတ်ထဲမှာ တော်တော်စိတ်မကောင်း ဖြစ်သွားတယ် .. ကျွန်တော် သူများကို ဒုက္ခရောက်အောင် သူများဒုက္ခရောက်စေမဲ့ အလုပ်မျိုးကိုလည်း ဘယ်တော့မှလုပ်မှာ မဟုတ်ပါဘူး .. အခုလည်းမလုပ်သလို နောက်လည်း လုပ်မှာမဟုတ်ပါဘူး .. တောင်းဆိုတဲ့ သူတွေ အားလုံး အဆင်ပြေ အောင်တစ်ယောက်ထဲ ကလိုက်ပြီး လုပ်ပေးနေရတယ် ဆိုတဲ့ အားနည်းချက် တော့ ကျွန်တော်တို့မှာ ရှိပါတယ် .. အခုလိုမျိုး အပြောခံလိုက် ရပြီးထဲက ကျွန်တော် တစ်ခုကိုသံဝေဂ ရလိုက်ပါတယ် .. နောက်ပိုင်း ကျွန်တော် လေ့လာလို့ ရသမျှကို အသုံးဝင်မယ် ထင်တာ တွေကို ပြန်ရေးပေးမယ် ..အားလုံးကို ပြန်မျှဝေပေးမယ် .. ကျွန်တော် ကိုယ်တိုင် စိတ်ကြိုက်ဖြစ်လို့ အသုံးဝင်မယ် ထင်တဲ့ Software မျိုး တွေဆို ကျွန်တော် ပြန် Share ပေးပါမယ် .. တောင်းဆိုသမျှ အခက်အခဲတွေကို ကျွန်တော် အတက်နိုင်ဆုံး ဖြေပေးပါမယ် .. ဒါပေမယ့် တောင်းဆိုသမျှ Software  တွေ Application တွေကို ကျွန်တော် တင်မပေး နိုင်တော့ ရင်တော့ ကျွန်တော့်ကို နားလည်ပေးပါလို့ပဲ .... ကျွန်တော် တောင်းဆိုပါရစေခင်ဗျာ .. ကိုယ့်ထမင်း ကိုယ်စာပြီးတော့ .. အိပ်ရေးပျက်ခံ အပင်ပန်းခံပြီးတော့ သူများကို ဒုက္ခပေးတဲ့ သူမျိုး ကျွန်တော် အဖြစ်မခံချင်တော့ လို့ပါ ..  ကျွန်တော် ဒီအလုပ်ကို စလုပ်ထဲက အားလုံးအပေါ် စေတနာ ထားပြီး လုပ်ပေးခဲ့တာတွေမှာ အမှားတွေပါခဲ့ရင် စီဘောက်မှာ အော်ခဲ့တဲ့ အကိုပြောသလို သူများကို ဒုက္ခရောက်အောင် လုပ်ခဲ့တာမျိုး တွေရှိရင် နားလည်ခွင့်လွတ် ပေးပါလို့ပဲ ကျွန်တော် တောင်းဆိုပါရစေ အားလုံးပဲ အစစအရာရာ အဆင်ပြေ ကြပါစေခင်ဗျာ .. ခင်မင်လေးစားစွာဖြင့် ...............  နေမင်းမောင်

17 comments:

  1. ကိုနေမင်းမောင်စေတနာတွေ ကျနော့တို့နားလည်ပါတယ်ဗျာ...
    ကိုနေမင်းမောင်ကိုယ်စားကျနော့တို့လဲစိတ်မကောင်းဖြစ်မိပါတယ်....

    ReplyDelete
  2. အားလုံး သတိတရားထားသင့်ပါတယ်....လူတစ်ယောက်မှာ တစ်ဖက်ဖက်က အနည်းဆုံး အားနည်းချက်လေး တစ်ခုတော့ ရှိမှာပေါ့..တစ်ခုထက်လည်း ပိုချင်ပိုလိမ့်မယ်...။အဲ့ဒါလေးတွေကို သိရင် ခုလို ပြောဆိုမဲ့စား တိုင်ပင်ညှိနှိုင်း ပြင်ဆင်မယ်ဆိုရင် အားလုံးအတွက် အကျိုးရှိပါမယ်...မိမိ သိရှိတဲ့ နည်းပညာလေးတွေကို မျှဝေပေးတဲ့ ကိုနေမင်းမောင်ကိုလည်း လေးစားမိပါတယ်...ပျော်ရွှင်ချမ်းမြေ့ပါ.....ကိုနေမင်းမောင်...

    ReplyDelete
  3. ညီလေး အများအတွက် အပင်ပန်းခံ အိပ်ရေပျက်ခံ ခေါင်အစားခံ လုပ်ပေးနေရင် စေတနာကို အစော်ကာခံ လိုက်ရတဲ့ အတွက် စိတ်မကောင်းမဖြစ် ပါနဲ ညီလေး အများကောင်းကျို အတွက်လုပ်နေတဲ့သူတိုင် မြတ်စွာဘုရား တောင်မှ ခံရသေးတာဘဲ ညီလေး မိမိအောင်မြင်တာမနာလိုတာပါဘဲ ညီလေး ကောင်းနေအလုပ် ကို ဆက်လုပ်ပါ ညီလေး

    ReplyDelete
  4. ဘလော့ရေးတဲ့ သူတွေတိုင်းဟာ ဒီလိုပဲ ဖြစ်တတ်ပါတယ်ညီ ။ စိတ်မကောင်းမဖြစ်ပါနဲ့
    ကိုယ်လမ်းကြောင်းကို ပုံမှန်ပဲလျှောက်ပါ။
    အဆင်ပြေပါစေ ညီလေး

    ReplyDelete
  5. သူငယ်ချင်းနဲ့ အတူတူ စိတ်မကောင်းဖြစ်မိတယ်ကွာ
    ဒါပေမဲ့ ကြိုးစားပါသူငယ်ချင်းရာ အားမလျော့ပါနဲ့

    ReplyDelete
  6. ကိုနေမင်းမောင်....ခွေးဟောင်တိုင်းထမကြည့်ပါနဲ့...အိပ်ရေးပျက်လိမ့်မယ်.....မောင်အောင်ဆိုတဲ့ကောင်ကရော...ဘယ်လောက်များတတ်နေလို့လဲ...သူများစေတနာနဲ့လုပ်တာကို...မကောင်းပြောတာ...ကိုယ့်လောက်မတတ်ဘူးလို့သာသတ်မှတ်လိုက်ပါ.....DEAR,NAY MIN MAUNG....DON'T CARE ABOUT THIS COMMENT,PLEASE GO AHEAD......ကိုနေမင်းမောင် ကိုထာဝရလေးစားလျက်ပါ...ထပ်မှာချင်ပါတယ်....မောင်အောင်လို...လောက်တစ်ကောင်ကြောင့်...စိတ်အနှောက်အယှက်မဖြစ်ပါနဲ့....လောက်ဆိုတာဘယ်နေရာမှာပျော်လဲဆိုတာ....မောင်အောင်..သိမှာပါ....သူ့နေရာသူသိပါတယ်....

    ReplyDelete
  7. ကိုနေမင်းမောင်....ခွေးဟောင်တိုင်းထမကြည့်ပါနဲ့..
    .အိပ်ရေးပျက်လိမ့်မယ်....
    .မောင်အောင်ဆိုတဲ့ကောင်ကရော...
    ဘယ်လောက်များတတ်နေလို့လဲ...
    သူများစေတနာနဲ့လုပ်တာကို..
    .မကောင်းပြောတာ..
    .ကိုယ့်လောက်မတတ်ဘူးလို့သာသတ်မှတ်လိုက်ပါ....
    .DEAR,NAY MIN MAUNG....
    DON'T CARE ABOUT THIS COMMENT,
    PLEASE GO AHEAD......ကိုနေမင်းမောင် ကိုထာဝရလေးစားလျက်ပါ
    ...ထပ်မှာချင်ပါတယ်...
    .မောင်အောင်လို..
    .လောက်တစ်ကောင်ကြောင့်..
    .စိတ်အနှောက်အယှက်မဖြစ်ပါနဲ့...
    .လောက်ဆိုတာဘယ်နေရာမှာပျော်လဲဆိုတာ
    ....မောင်အောင်..သိမှာပါ....
    သူ့နေရာသူသိပါတယ်....

    ReplyDelete
  8. အချိန်ကုန်၊ငွေကုန်၊လူပင်ပန်းပြီး အများအပေါ်မှာထားတဲ့အစ်ကို့ရဲ့စိတ်နှလုံးကိုကောင်းကို
    စော်ကားခံလိုက်ရတာ ကျွန်တော်တို့လည်းစိတ်မကောင်းဖြစ်မိပါတယ်။
    ဘာပဲဖြစ်ဖြစ် အစ်ကို အဲဒီလူမှာအကောင်းမြင်ဝါဒမရှိဘူး
    ၊စေတနာကောင်းကို
    တန်းဖိုးမထားတက်ဘူးဆိုတာထင်ထပ်စေတယ်။
    စိတ်ထဲမှာဘာမှမထားပါနဲ့။ အဲဒီလူ တူသောအကျိုးပေးပါလိမ့်မယ်အစ်ကို။ ကျန်းမာပျော်ရွှင်ပါစေအစ်ကို...

    ခင်မင်လေးစာလျှက်
    ခိုင်ဇော်

    ReplyDelete
  9. အကိုရေ ..
    ကျနော့် စက် နေမကောင်းဖြစ်နေလို့ 
    ဆေးတစ်ခွက်လာသောက်သွားတယ် ...
    အခု ကောင်းသွားပါပြီ ....
    အကိုရေ ...
    စေတနာ မေတ္တာ အနန္တ နဲ့ ခွင့်လွှတ်လိုက်ပါနော်
    ထာဝရ အားပေးနေတဲ့
    အချိုင်း

    ReplyDelete
  10. အားလုံးကိုမေတ္တာနဲ့အနိုင်ယူလိုက်ပါအကို.....

    ReplyDelete
  11. ဒီလိုပဲ....လူဆိုတာ။
    ကိုယ့်ကိုကိုယ် ဆရာကြီးလိုလို ဘာလိုလိုနဲ့။
    ကိုယ် ကိုယ်တိုင်က အများအကြိုးမဆောင်၊ ဆောင်တဲ့သူကိုလည်း အားမပေး...
    စိတ်ဓာတ်မကျပါနဲ့ အကို။
    ဘယ်သူအားမပေး ပေး ကျနော်အမြဲလာအားပေးမယ်။
    တလက်စတည်း ဆော့ဖ်ဝဲတစ်ခုပါတောင်းသွားလိုက်ဦးမယ်။photoshine(fullversion)လေးရှာပေးပါဦးနော်။
    ကျေးဇူးတင်ပါတယ်အကို။

    ReplyDelete
  12. အမြဲအားပေးလျှက်ပါ

    ReplyDelete
  13.ုကိုလတ်October 25, 2011 at 12:27 PM

    အမြဲအားပေးလျှက်ပါ

    ReplyDelete
  14. လူတိုင်းကအမှားနဲ့မကင်းပါဘူး မှားခဲ့ရင်လဲရှော့မရှိပါဘူး
    အဲဒီ ပရိုဂရမ်ကိုကျနော်လဲသုံးပြီးပါပြီ ဘာရှော့မှမရှိပါဘူး
    ကိုနေမင်းမောင် ကိုအမြဲအားပေးနေပါတယ် ရွှင်လန်းချမ်းမြေ့ပါစေ

    ReplyDelete
  15. don't care about him
    please continued
    May you be well and happy!

    ReplyDelete
  16. ကိုဝင်းမြင့်December 9, 2011 at 7:18 PM

    ဒီလိုပါပဲဗျာ အကောင်းမမြင်တတ်သူတွေကတော့ နေရာတကာမှာ ရှိနေမှာဗျ ကျနော်သိထားတာကတော့ စေတနာကောင်းရင် ကံကောင်းတယ်ဗျ ကိုနေမင်းမောင် အမြဲကံကောင်းမှာပါ။

    ReplyDelete
  17. အကို ဂ၇ုစိုက်နေစ၇ာမလိုပါဘူး...သူပြောတာတွေကိုအကိုဂ၇ုစိုက်နေ၇င်နစ်နာမယ့်သူတွေက အကို့ ၇ဲ့ ပို့ လေးတွေကိုအမြဲမျှော်လင့်နေတဲ့ကျနော်တို့ တွေပါ....အကို့ ၇ဲ့ စေတနာတွေကိုတကယ်လေးစားမိပါတယ်

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်