• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...
Tuesday, January 15, 2013
Windows script host error message အားဖြေရှင်းရန်
ကျွန်တော့်မိတ်ဆွေတစ်ယောက်ဖြစ်နေတာနဲ့ ကျွန်တော်လည်း ဖြေရှင်းနည်း အတိုလေး ရေးပေးပါ့မယ်။ Software တစ်ခုနဲ့ ဖြေရှင်းလိုက်ရင်လည်း ပြီးပါတယ်။ ဒါပေမယ့် Software မဒေါင်းပဲ ဒီအတိုင်းလေးပဲ ဖြေရှင်းကြည့်ရအောင်ဗျာ။ ဒီလို Script Host Errors လေးတွေကတော့ အများကြီးရှိပါတယ်.။ ကျွန်တော်လည်း အဆင်ပြေမယ့်ပုံလေးတစ်ပုံကိုဆွဲတင်ပေးလိုက်ရတော့ ဖြစ်နေတဲ့ Error နဲ့ တူချင်မှတူပါလိမ့်မယ်။ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့်ခြင်းစီပြပေးထားပါတယ်။ ကျွန်တော်တို့ အောက်မှာ ဆက်ကြည့်ရအောင်ဗျာ။
ကျွန်တော်တို့ ပထမဆုံး Start Menu > Run > msconfig ကိုရိုက်ပြီး System Configuration ကိုခေါ်လိုက်ပါမယ်။ အောက်မှာ ကြည့်လိုက်ပါ။
General Tab ရဲ့အောက်မှာ မျှားလေးနဲ့ ပြထားတဲ့အတိုင်း Selective Startup ကိုရွေးပေးပါ။ ပြီးရင် Load Startup items မှာခြစ်ထားတဲ့ အမှန်ခြစ်လေးကို ဖြုတ်ပေးလိုက်ပါ။ 
ပြီးရင်တော့ Apply Ok ပေါ့ဗျာ ။ Restart မပေးပါနဲ့ဦး။ Services Tab လေးကို ထပ်ဝင်လိုက်ပါ။ ပုံမှာ ထပ်ကြည့်ရအောင်။ 
ကျွန်တော်တို့ အောက်ဆုံးမှာပြထားတဲ့ Hide all Microsoft services ဆိုတာလေးကို အမှန်ခြစ်လေးပေးလိုက်ပါ။ ပြီးရင်တော့ စက်ကို Restart ပေးလိုက်ပါ။  ဒီလောက်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။ Normal Mode ကို ပြန်သွားချင်တယ်ဆိုရင်တော့ ဒီအဆင့်လေးအတိုင်းပဲ ပြန်ပြီး အမှန်ခြစ်လေးတွေပြန်ဖြုတ် ပြီး နဂိုအတိုင်းပြန်လုပ်ပေးလိုက်ရင် ရပါပြီ။  Windows Script လေးတွေ Download လုပ်ချင်တယ်ဆိုရင်တော့ အောက်ကလင့်ခ်လေးမှာ ယူလိုက်ပါခင်ဗျာ။ အဆင်ပြေပါစေ။
အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
10 comments:
  1. ညီလေးရေ
    ငါ့ညီပြောသလိုလုပ်လိုက်တာအဆင်ပြေသွားပြီး။မေးသမျှကိုအလေးထားပြီး ဖြေးပေးတယ့်တွက်ကျေးဇူးလည်းတင်တယ်လေးလည်းလေးစာပါ။ငါ့ညီဒါ့ထက်အောင်မြင်ပြီးအများအကျိုးသယ်ပိုးနိုင်ပါစေ။
    ReplyDelete
  2. ကျေးဇူးတင်ပါတယ်ခင်ဗျာ..
    ReplyDelete
  3. ကျွန်တော် ဒီပို့စ်ကို ကျွန်တော့် ဆိုဒ် www.maungpauk.com နဲ့ http://komaungpauk.com မှာ ပြန်လည် ဖြန့်ဝေချင်ပါတယ်.. ခွင့်ပြုပါ.. ကျွန်တော်တို့ ကြုံတွေ့နေရတာတွေကို အဆင်ပြေစေတဲ့ ပို့စ်လေးမို့လို့ပါ..
    ReplyDelete
  4. ခုလိုရှင်းပြပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်ဗျာ.. နောက်ထပ်လည်း အဖြစ်များတဲ့ပြဿနာများနဲ့ ဖြေရှင်းနည်းလေးများကို အချိန်ရရင် ထပ်ပြီးတင်ပြပေးစေချင်ပါတယ်.. အမြဲတမ်းလာကြည့်ပါ့မယ်..ဒီနေရာလေးကို ..လေးစားစွာဖြင့် .. နည်းပညာများကို စတင်လေ့လာနေသော ညီငယ်လေးတစ်ဦး...
    ReplyDelete
  5. ကူးသွားပြီဗျို့  ကူးယူခွင့်ပြုမယ်ထင်လိုနော်
    ReplyDelete
  6. အစ်ကိုနေမင်မောင် ကျွန်တော့ဆီမှာက အဲသလိုမဖြစ်ဘူး အစ်ကို အင်တာနက်ဝင်လိုရတယ် အီးမေးလ်နဲ့  ဂျီးမေလ်
    ကျေဇူးအထူတင်ပါတယ် အစ်ကိုနေမင်မောင်
    ReplyDelete
  7. အကိုလား ညီလားတော့မသိပါဘူး ကျွန်တော်က စပြီးတော့လေ့လာနေသူတစ်ယောက်ပါ နေ့တိုင်း နည်းပညာတွေလေ့လာရမယ် ထပ်ပြီးတော့တင်ပေးအုံးနော် အားပေးလျှက်
    ReplyDelete
  8. ကျေးဇူးအများကြီးတင်ပါတယ် မသိတဲ့ပညာလေးတစ်ခု အကိုဆီကနေ အခမေ့ရလိုက်လို့ပါ အခမေ့ပညာဒါနတွေပေးနေတဲ့စိတ်ဓါတ်လေးကိုတော့ ထာဝရလေးစားဂုဏ်ယူပါတယ် ဒီထက်မက အောင်မြင်ကျော်ကြားပြီး လူချစ်လူခင် ပိုပြီးတိုးပွားပါစေ..........
    ReplyDelete
  9. ကျနော့် စက်မှာလဲအဲ့ လိုerrorမျိုးတတ်နေတယ် အကိုပြောသလိုကျနော်လုပ်ကြည့် တာပဲမ၇ဘူးဖြစ်နေတယ် နည်းလမ်းလေးများရှိ၇င် ပြောပြပါနော် အကို့ နည်းလမ်းကိုစောင့် နေမယ်နော် ကျေးဇူးပါအကို ဒီထက်မက နည်းပညာများဝေမျှနိုင်ပါစေ
    ReplyDelete
  10. ကျေးဇူးအရမ်းတင်ပါတယ်ဗျာ ရှင်းပြထားတာလေးတွေကစေတနာအရမ်းပါတယ်ဗျ ကိုနေမင်းမောင် တူသောအကျိုးခံစားရပါစေလို့ဆုအမြဲတောင်းပေးနေလျက်ပါဗျာ
    ReplyDelete
အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်