• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Wednesday, August 19, 2015

Virus မျိုးကွဲများ


ကျွန်တော် ဒီ Virus မျိုးကွဲတွေကို မသိသေးတဲ့ မိတ်ဆွေတွေအတွက် ဗဟုသုတအဖြစ် တင်ပေးလိုက်တာပါ။ သိပြီးသား မိတ်ဆွေများကတော့ သည်းခံပေးပါခင်ဗျာ ... 

Boot Sector Virus ဆိုတာ ...
 

Boot Sector Virus ဝင်ရောက်ပြီဆိုတာနဲ့ ကျွန်တော်တို့ Hard Drive တွေရဲ့ ပထမဆုံး Sector တစ်ခုဖြစ်တဲ့ Master Boot Record (MBR) မှာ စတင်သိုလှောင်ပါတယ်။ Master Boot Record (MBR) မှာ Harddisk ရဲ့ Primary partition table နဲ့ Computer's BIOS ကနေ Machine Code ကိုဖြတ်တဲ့အချိန်မှာ စက် စတင်လည်ပတ်နိုင်ဖို့အတွက် Instructions ကို သိမ်းဆည်းထားတဲ့ အပိုင်းပဲဖြစ်ပါတယ်။ စက်မှာ Boot Sector Virus ဝင်ရောက်ပြီဆိုရင် ( Booting Process) ဖြစ်တဲ့ ကျွန်တော်တို့ စက်စဖွင့်လိုက်တာနဲ့ Boot Sector Virus ဟာ Memory ထဲကို ချက်ချင်းဝင်ရောက်ပြီး ကွန်ပျူတာကို စတင်ထိန်းချုပ်တဲ့ Virus တစ်မျိုးပါ ။

File Deleting Viruses ဆိုတာ ... 


File Deleting Viruses ကတော့ Operating System (သို့) Data files ထဲက အရေးပါတဲ့ ဖိုင်တွေကို ဖျက်ဆီးတာပဲ ဖြစ်ပါတယ်။ 

Mass Mailer Viruses ဆိုတာ ... 


Mass Mailer Viruses ကတော့ E-mail addresses တွေအတွက် E-mail Program ဖြစ်တဲ့ (ဥပမာ- MS outlook ) တွေကို ရှာဖွေပြီး အဲ့ဒီ e-mail program ထဲက Address Book တွေကို ပုံတူပွားလိုက်တာပဲဖြစ်ပါတယ်။ 

Macro viruses ဆိုတာ ...


Macro viruses ကတော့ Macro programming languages ဖြစ်တဲ့ (ဥပမာ-MS office package)ရဲ့ Features တွေကို အသုံးပြုပြီး document , spreadsheet တွေကို ထပ်တလဲလဲ ပုံတူပွားရေးသားတဲ့ Virus တစ်မျိုးပဲဖြစ်ပါတယ်။ ဒီ Macros တွေဟာ document , spreadsheet အနေနဲ့ MS office suit (MS Excel, MS word) စတဲ့ ဖိုင်တွေကို တခြားကွန်ပျူတာထဲကို ကူးထည့်တဲ့အချိန်မှာ ကူးထည့်ခံရတဲ့ ကွန်ပျူတာကိုပါ ဝင်ရောက်နိုင်ပါတယ်.။ 

Polymorphic Viruses ဆိုတာ ... 

Polymorphic Viruses ကတော့ သူတို့ရဲ့ ပုံပန်းသဏ္ဍန်နဲ့ သူတို့ရဲ့ Code တွေကို မတူညီတဲ့ System တွေကြားထဲမှာ အချိန်မရွေး ပြောင်းလဲပစ်နိုင်တဲ့ Virus တစ်မျိုးပါ။ အဲ့ဒီအချက်က ကျွန်တော်တို့ စက်တွေမှာ အသုံးပြုနေတဲ့ Anti-Virus Software တွေ မတွေ့ရှိနိုင်အောင် ဖွက်ထားပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒီ Virus တွေဟာ သူတို့အလုပ်ပြီးတဲ့ အချိန်မှာ သူတို့ရဲ့ အချက်အလက် အစိတ်အပိုင်းတွေ ထပ်မံပြောင်းလဲပြီး Anti-virus applications တွေကို ပုန်းရှောင်ဖို့အတွက် ထပ်မံကြိုးစားတဲ့ Virus တစ်မျိုးပါ။ သန္ဓေပြောင်း သတ္တဝါလို့လဲ ခေါ်ကြပါတယ်။

Armored Viruses ဆိုတာ ... 


Armored Viruses ကတော့ သူတို့ကိုယ်တိုင် ရှာဖွေစိစစ်ရခက်ခဲအောင်   ရေးသားထားတဲ့ Virus တစ်မျိုးပါ။ ဒီ Virus က သတ်ရခက်ခဲပြီး Anti-Virus Program တွေ မတွေ့ရှိနိုင်အောင် ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ 

Stealth viruses ဆိုတာ ... 


Stealth viruses က Operating system ထဲမှာ file sizes (သို့ ) directory structure တွေကို ချိန်းပေးပြီး anti-virus software တွေရဲ့ heuristic detection တွေကို ပုန်းရှောင်နိုင်စွမ်း ရှိတဲ့ Virus တစ်မျိုးဖြစ်ပါတယ်။ 

Retrovirus ဆိုတာ ... 


Retrovirus ကတော့ အရင် Viruses တွေနဲ့ ပုံစံမတူပဲ မိမိတို့ Computer တွေမှာ Run နေတဲ့ Anti-virus applications တွေရဲ့ virus definition database တွေကို တိုက်ခိုက် ဖျက်ဆီးပြီး Disable ဖြစ်အောင် ပြုလုပ်နိုင်တဲ့ Virus တစ်မျိုးဖြစ်ပါတယ်။ 

Multiple Characteristic viruses ဆိုတာ ...


Multiple Characteristic viruses တွေကတော့ သူ့ရဲ့နာမည်အတိုင်း ကွဲပြားတဲ့ လက္ခဏာတွေနဲ့ ကွဲပြားတဲ့ လုပ်ဆောင်နိုင်စွမ်းတွေရှိတဲ့ Virus တစ်မျိုးဖြစ်ပါတယ်။ 


အားလုံးပဲအဆင်ပြေကျန်းမာပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ ...

1 comment:



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်