• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Monday, May 21, 2012

အားလုံးအတွက် အထွေထွေ တောင်းဆိုရန်


ကျွန်တော်ဒီနေ့  အထူးအစီအစဉ်လေး တစ်ခုပေါ့ဗျာ.။ ကျွန်တော့်ရဲ့လေးစားရတဲ့ အစ်ကိုကြီး နှစ်ယောက်ဖြစ်တဲ့ ကိုနေမင်းမောင် ( မြန်မာမိသားစုဖိုရမ် ) နဲ့ ကိုသန့်ဇင်ဌေး တို့ နှစ်ယောက်  မြန်မာပြည်မပြန်ခင် လေးမှာ ကျွန်တော့်တို့ မိတ်ဆွေ တွေအတွက် ပြုလုပ်ပေးချင်တဲ့ အစီအစဉ်လေး တစ်ခုပါ။ ကျွန်တော့်ဆိုဒ်လေးကို လာလည်ကြတဲ့ မိတ်ဆွေတွေ အားလုံး အဆင်ပြေနိုင်အောင် ပြုလုပ်ပေးတာဖြစ်ပါတယ်။ လူအရေအတွက်လည်း နည်းနည်းကန့်သတ်ထားတာ ကြောင့် ကျွန်တော့်မိတ်ဆွေတွေ အားလုံးကလဲ မိမိတို့ လိုအပ်တာလေးတွေကို အချိန်မှီမေးလ် ပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ..။။   အားလုံးပဲ အဆင်ပြေပျော်ရွှင်နိုင်ကြပါစေ......။
မင်္ဂလာပါ ခင်ဗျာ

ကျွန်တော် ဒီနေ့ အစီအစဉ်လေး တစ်ခုကို သူငယ်ချင်း မိတ်ဆွေများနှင့် ညီအစ်ကို မောင်နှများအတွက် ဖန်တီးထားပါတယ်၊ မိတ်ဆွေအနေနဲ့ မိမိကြိုက်နှစ်သက်ရာကို (10 GB) နှုန်း ကျွန်တော့်ဆီကို လိုချင်သော အကြောင်းအရာအပြည့်အစုံနှင့် တောင်းဆိုနိုင်ပါတယ်၊ ဘယ်လိုကဏ္ဍမျိုးတွေလဲဆိုရင် တော့.....................


၁.Languages
၂.Sciences (IT)
၃. Dhama
 


Language - သူနဲ့ပတ်သက်ပြီး နှစ်သက်ရာ ( E-books, Softwares, Tutorials and Videos ) များကို မိတ်ဆွေအနေနဲ့ ( စာအုပ် ) ခေါင်းစဉ်လေးနှင့်တကွ တောင်းဆိုနိုင်ပါတယ်။

ဥပမာ

http://www.langacademy.net/ ဒီဆိုက်လေးသည် နေ့စဉ် အမြဲတမ်း တစ်ကမ္ဘာလုံးရဲ့ ဘာသာပေါင်းစုံ စုံစည်းရာဖြစ်သလို သင်ထောက်ကူဖြစ်သော E-books and others များမှာလည်း နေ့စဉ်လိုလို ပိုက်ဆံပေးဝယ်စရာမလိုအောင် သက်ဆိုင်ရာ အသီးသီးလိုက် ပြန်လည်မျှဝေပေးလျက်ရှိပါတယ်၊ အရင်က ဒီဆိုက်လေးသည် Free-members ဖြစ်သောလည်း ယခုအခါ အဖိုးတန် Softwares များပါ ပြန်လည်ဖြန့်ဝေလာသောကြောင့် Register အပိုင်းမှာ အခကြေးငွေကို ကဏ္ဍ ၂ခုအနေဖြင့် ပြန်လည်တောင်းခံထားပါတယ်၊ ယခုလိုပြောကြားရခြင်းမှာလည်း မိတ်ဆွေကို ကြွားတာမဟုတ်သလို သရုပ်ဖော်ပြခြင်းလဲ မဟုတ်ပါ၊ သို့ပေမဲ့ ကျွန်တော်အနေဖြင့် ဒီဆိုက်လေးမှရှိသော မိတ်ဆွေ၏ ကြိုက်နှစ်သက်ရာကို အဖိုးတန်စွာဖြင့် ပြန်လည်ဝေမျှပေးခြင်ယုံ သက်သက်ပါ၊ ကျွန်တော်ရဲ့ နေ့စဉ် လက်စွဲလေး တစ်ခုပါ။

ထိုနည်းတူစွာ တခြား ( www..... and so on  ) မှလည်း ကြိုက်နှစ်သက်ရာကို နာမည်နှင့်တကွ တောင်းဆိုနိုင်ပါတယ်။

၂. Sciences (IT) ဒီကဏ္ဍ အပိုင်းမှာလည်း မိတ်ဆွေအနေဖြင့်  (Application, All-in-one, Free-wares, Games, Movies, Music, Templates and Scripts, e-Books, Tutorials, Mac, Mobiles) နှစ်သက်သလို တောင်းဆိုနိုင်ပါတယ်။


မိတ်ဆွေအနေဖြင့် ဒီဆိုက်လေးများကို လှည့်ပတ်ကြည့်ရင်း လိုချင်သော အရာများကို နှစ်သက်သလို တောင်းဆိုနိုင်ပါတယ်၊ ထိုအတူ တခြား ( www ) များမှလည်း ဆိုက်လင့်နှင့် ခေါင်းစဉ်နာမည်နဲ့တကွ ပြောကြားပေးရန် မေတ္တာရပ်ခံပါရစေ။



၃. Dhama ကျွန်တော်တို့ မြန်မာလူမျိုးများ အတွက် လိုအပ်သော၊ လိုအပ်လာမည်ဖြစ်သော ဘာသာရေးဆိုင်ရာ တရားဓမ္မ များကိုလည်း တစ်ဖက်တလမ်းကနေ ဓမ္မဒါနပြုလုပ်ပေးပါရစေ။

ဥပမာ

http://www.dhammadownload.com/ ဒီဓမ္မဒါန ၀က်စ်ဆိုက်လေးသည် စာအုပ်၊ အသံဖိုင် အစရှိသည့်များ တကယ်ကို ပြီးပြည့်စုံသလောက် အနယ်နယ်အရပ်ရပ်မှ မိတ်ဆွေများအတွက် တရားတော်များ စုစည်းရာဆိုလည်း မမှားပေ၊ ထို့ကြောင့် လောကီအတွက် အထက်ပါကဏ္ဍများလည်း ဝေမျှပေးသလို၊ လောကုတ္တရာ အတွက်လည်း ဝေမျှပေးချင်ပါသည်၊ ထိုကြောင့် မိမိကိုယ်တိုင် အထက်ပါဓမ္မဒါန ၀က်စ်ဆိုက်အပြင် တစ်ခြား ၀က်စ်ဆိုက်များမှလည်း ၀င်ရောက် လေ့လာပြီး မိမိလိုချင်သော ဆရာတော်တစ်ပါးချင်းစီ၏ တရားတော်ဆိုင်ရာ စာအုပ်၊ အသံဖိုင်များကို မိမိစိတ်ကြိုက်တောင်းဆိုနိုင်ပါတယ်။


သိစေရန်
မှတ်ချက်(၁) - ဒီကဏ္ဍနှင့်ပတ်သက်ပြီး မိတ်ဆွေအပေါ်မှာ ငွေကြေး၊ လူမှုနယ်ပယ် နှင့် တခြားအရာများကိုလည်း ပြန်လည်တောင်းခံမည်မဟုတ်ပါ၊ စေတနာ သက်သက်ဖြင့် ကူညီခြင်းသာဖြစ်ပါသည်။
မှတ်ချက်(၂)  - ဒီကဏ္ဍအစီအစဉ်တွင် တစ်ယောက်ကို ( ၁၀ ဂစ် ) နှုန်းဖြစ် အယောက် ( ၁၀၀ )သတ်မှတ်ထားပါသောကြောင့် ( ၂၃.၆.၂၀၁၂ ) မတိုင်ခင် ဆက်သွယ်ပေးပါရန် ပြောကြားပါရစေ။ 
မှတ်ချက်(၃) - မိတ်ဆွေတောင်းဆိုသော အရာမှာ ငွေကြားကဏ္ဍ အနေဖြင့်သော် လည်ကောင်း၊ ရှားပါးသော အနေအထားရှိပါက အချိန်မှီ ပြန်လည် ဆက်သွယ်ပေးပါမည်။
မှတ်ချက်(၄) - မိတ်ဆွေအနေဖြင့် မိမိလိုချင်သော အရာတစ်ခုကို ပိုမိုတိကျစွာ ဥပမာ လင့်များဖြင့် ဖော်ပြပေးပါက ပိုမို အဆင်ပြေစေနိုင်ပါတယ်။
မှတ်ချက်(၅) - နယ်ဘက်ဆိုင်ရာမှ မိတ်ဆွေများအတွက် ကိုသန့်ဇင်ဌေး မှအဓိက တာဝန်ယူ လုပ်ဆောင်မူပေးမှာဖြစ်ပါတယ်၊ ကျွန်တော်က ရန်ကုန်ဇာတိဖြစ်နေလို့ပါ၊ ထိုကြောင့် နယ်ဘက်ဆိုရင်လည်း ဒေသနေရာ လေးပါ ပြောကြားပေးစေချင်ပါတယ်။
မှတ်ချက်(၆) - သက်ဆိုင်ရာ ခေါင်းစဉ်ကို ရှာဖွေရာတွင် ဒေါင်းလုပ်ဆာဗာ အခက်အခဲရှိပါက အချိန်မှီ ပြန်လည် ဆက်သွယ်ပေးပါမည်၊ အဓိက အကြောင်းအရင်းမှာ တကယ် နှစ်ရှည်ဆာဗာအတော်များများသည် ယခုနှစ်အတွင်း တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားကာ အသစ်ထပ်မံ ပေါ်ပေါက်လာသော ဆာဗာအသစ်နှင့် တခြား လုံခြုံရေး ကန့်သတ်ချက်များကြောင့် အရင်လို ကန့်သတ်မဲ့ ဒေါင်းလုပ်ဆွဲခြင်းများ၊ တရားမ၀င် လုပ်ဆောင်မှုများကို ထိန်းချုပ်ခြင်းများကြောင့် အခက်အခဲများစွာ နေ့စဉ် ကြုံတွေနေရတက်ပါသည်။
မှတ်ချက်(၇) - ဒီအစီစဉ်လေးသည် မြန်မာပြည်ရှိ မိတ်ဆွေများအတွက်ဖြစ်သလို နိုင်ငံခြားရောက် မိတ်ဆွေများအတွက်လည်း အင်တာနက်ကွန်နက်ရှင်ကောင်းမွန်ပါက ဆာဗာလင့်ချိန်းပြီး ပေးပိုပေးပါမည် ( from http://ifile.it/ ။)


မိတ်ဆွေအနေဖြင့် ကျွန်တော်ရဲ့ ( သိစေရန် ) မှတ်ချက်များကို နားလည်ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။

အားလုံး ရှင်းလင်းစေရန်...

မေးလ်ကို မိမိ လိုချင်တာတွေကို ပေးပို့နှိင်ပါတယ်။ မေးလ်ကို ပို့ပါ။ ဒီဆိုဒ်မှာတော့ လာတင်ပေးဖို့ မလွယ်ပါဘူး။ မေးလ်ကို ပေးပို့ တဲ့ လိုချင်တာတွေကိုလည်း တိတိ ကျကျလေး ပေးပို့ပေးကျပါ။ ဒါမှ ကျွန်တော်တို့ အတွက် ရှာဖွေရတာက အစ အကုန် အဆင်ပြေမှာမို့ပါ။ လူအများနှင့် လုပ်နေရတာမို့ နားလည်ပေးစေချင်ပါတယ်။ တိတိကျကျလေး လိုချင်တာကို ခေါင်းစဉ်နဲ့ ဖော်ပြပေးကြပါ။
ဉပမာ ….

တောင်းဆိုချင်သော အရာများ


A+ Hardware Video tutorials and PDF…..............
Laptop repair Tutorial
…................
English Grammer leassons
…................


လိပ်စာ...



အမည်.....
….........................
အိမ်အမှတ် (...) .    
…..........................
(... ) လမ်း.. (.....) မြို့….( …..) တိုင်း
…...........................

နယ်ဘက်မှ လူများအတွက်။ 

နယ်ဘက်က ဖြစ်လို့ ငါတို့တော့ မရပါဘူးလို့ မထင်ပါနဲ့ နယ်ဘက်ဆိုရင်လည်း ကိုသန့်ဇင်ဌေးက နယ်ဘက် အထိ DVD ခွေနဲ့ တိုက်ရိုက် ပို့ပေးနိုင်အောင် စီစဉ်ထားပါတယ်။ ဒါကြောင့် လိပ်စာ အတိအကျကို ဖော်ပြပေးပါ။ ၇ လပိုင်း ၂၄ ရက်နေ့ ရန်ကုန် စာတိုက်ကြီးကနေ ထည့်ပေးမှာပါ။ နယ်ဘက်ဆိုင်ရာမှာ မိတ်ဆွေများ အတွက် အထူးစီစဉ်ထားတာပါ။ ဒီအတွက် ဘာငွေကြေး ဘာမျှော်လင့်ချက်ကြောင့်မှ လုပ်တာ မဟုတ်ပါ။ ကျွန်တော့ ရဲ့ ပညာဒါနပါ ။

နိုင်ငံရပ်ခြား အင်တာနက်ကောင်းသောနိုင်ငံများအတွက်.

နိုင်ငံခြားရောက် လူတွေ အတွက်တော့ အင်တာနက်က တော်တော်များများကောင်းကြပါတယ်။ ဒီအတွက်ကြောင့် ဒေါင်းလုပ်ချ လွယ်ကူတဲ့ Server များကို ပြန်ချိန်းပီး တင်ပေးမှာ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် အားလုံးရှင်းလောက်ပီ ထင်ပါတယ်။ အဓိကကတော့ မြန်မာက လူငယ်တွေ အတွက်ကို ပိုပီး ရည်ရွယ်ပါတယ်။ အတက်ပညာ တိုးတက်ဖို့ လေ့လာဖို့ တောင်းဆိုတဲ့ ဘယ် အရာမဆို အကုန်လုံးကို အတက်နိုင်ဆုံးဆောင်ရွက်ပေးသွားပါ့မယ်။

Mail-address

နေမင်းမောင်- nayminnmg@gmail.com
သန့်ဇင်ဌေး - geek.thantzinhtay@gmail.com

လေးစားစွာဖြင့်-နေမင်းမောင်
ထင်မြင်ချက်များ ဆွေးနွေးခြင်းများ ကြိုဆိုပါတယ် ခင်ဗျာ...…။

လူတွေရဲ့အတတ်အသိပညာ ဆိုတာတကယ်တော့ အာရုံ သိလေး သက်သက်မျှသာ ဖြစ်ပြီး၊ အတွေးအခေါ်ပညာတွေအပေါ် မာန်မာန၊မစ္ဆရိယ စေတသိတ်တွေနဲ့ တန်ဆာဆင်လိုက်ရင်တော့ သတိတရားကင်းမဲ့တဲ့ အပြုအမူ၊ တကဲ့စစ်မှန်သောတတ် သိပညာရှင်တို့ရဲ့အမူအကျင့်နဲ့ဆန့်ကျင် ပြီးသားလို့မှတ်ယူမိပါတယ်။ ( ဆရာ ဦးရဲမြင့် )

လောကမှာ သူများကို ဆုံးမရတာထက် ကိုယ့်ကိုယ်ကို ဆုံးမရတာ အခက်ဆုံးပါ ၊ ကိုယ့်ကိုယ်ကို လိမ္မာအောင် ပထမ ဆုံးမကြရမယ် ၊ ကိုယ့်ကိုယ်ကို ဆုံးမကြပါ။ ( ဓမ္မပဒပါဠိတော် )
အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။။












39 comments:

  1. OMG!!! 100 တောင်ပေးမှာနော် အကို.

    ReplyDelete
  2. မြန်မာလူငယ်များအတွက် အရမ်းကိုကောင်းတဲ့အစီအစဉ်ပါပဲ...
    အားလုံးကိုယ်စားကျေးဇူးတင်ပါတယ်....

    ReplyDelete
  3. အဲဒါဆိုရင် First Choice Medical License Exam စာအုပ်လေးများရနိုင်မလား? ပြီးတော့ upfile.biz premium account တခုလိုချင်တယ်။ကျေးဇူးတင်လျက်........................

    ReplyDelete
  4. အဲဒါဆိုရင် centos 5 essentials ebook နှင့် tutorials အခွေလေးများ၇၇င် လိုချင်ပါသည်
    ကျွန်တော်အကောင့်က soewin.pku@gmail.com ယခုလက်၇ှိရန်ကုန်နေပါတယ်..
    ကျေးဇူးအထူးတင်ပါသည်..

    ReplyDelete
  5. ကျေးဇူးကြီးမားလှတဲ့ စေသနာပါပဲ
    ကိုနေမင်းမောင်

    ReplyDelete
  6. တကယ်ကြီးမားလှတဲ့ ဖြူစင်တဲ့ စေသနာပါပဲ
    ကျေးဇူးတင်ပါတယ်
    (Free Dom)

    ReplyDelete
  7. WTH... it is so so great... :))))))))))

    ကျနော်က စပိန်နဲ့ဂျပန်စကားကို လေ့လာချင်သူတစ်ဦးပါခင်ဗျာ..
    အဲဒီ ဘာသာတွေနဲ့ပတ်သတ်တဲ့ စာအုပ်၊ဆော့ဝဲ၊ဗီဒီယိုလေးတွေရှိရင် ရမလားခင်ဗျာ.

    ကျေးဇူးတင်လျက်

    jamiehtut@gmail.com

    ReplyDelete
  8. ကျေးဇူးတင်ပါတယ်ဗျာ
    အကောင့်ကို invite လုပ်လိုက်ပါ့မယ်

    ReplyDelete
  9. video conferencing software နဲ့
    pabx software များ..စာအုပ်များ ကို လို ချင် ပါသည်

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. ကျေးဇူးအများကြီးတင်ရှိပါ၏...

    ReplyDelete
  12. တောင်းဆိုတာကို email ကို တိုက်ရိုက်ပို့ပေးမှာလား.... ဆိုဒ်မှာပါ တင်ပေးမှာလားဆိုတာ သိပါရစေ..

    ReplyDelete
  13. ဒီအစီစဉ်လေးသည် မြန်မာပြည်ရှိ မိတ်ဆွေများအတွက်ဖြစ်သလို နိုင်ငံခြားရောက် မိတ်ဆွေများအတွက်လည်း အင်တာနက်ကွန်နက်ရှင်ကောင်းမွန်ပါက ဆာဗာလင့်ချိန်းပြီး ပေးပိုပေးပါမည် ( from http://ifile.it/ ။))

    http://www.myanmarfamily.org/forum/showthread.php?p=226470#post226470

    ReplyDelete
  14. အကိုခင်ဗျား ကျွန်တော် iphone jailbreak and Unlock လို့နီးကို Video လေးနဲ့လိုချင်လို့ပါ ကျွန်တော် phone က ios 5.1.1 ပါခင်ဗျား စာအုပ်လေးရှိရင်လဲရပါတယ် ကျေးဇူးအထူးတင်ပါသည်....nyinyihtay36@gmail.com

    ReplyDelete
  15. ညီလေးနေမင်းမောင်..အကိုကတော့တစ်ခုတောင်းချင်ပါတယ်...ကမ္ဘာ့အကောင်းဆုံး Antivirus တစ်မျိုးပေါ့..ဒါမှမရလဲ..ဖုန်း RingTone လေးတွေတော်တော်များများစုစည်းပြီး RAR ဖိုင်လေးနဲ့လိုချင်ပါတယ်..
    အကိုက layphay36@gmail.com ပါ..နေတာက လားရှိုးမြို့..ရက်ကွပ်(၅) ခိုင်ရွှေဝါလမ်းပါ....
    ကျေးဇူးတင်ပါတယ်ညီ...

    ReplyDelete
  16. ကိုနေမင်းမောင်ခင်ဗျာ ကျွန်တော် Googlesketchup 8 အတွက် Render Plugin Software ( IRender 4 ) Software လိုချင်ပါတယ် အခု Free 1 mont ရပါတယ် 1 လပြည့်တိုင်း Window တခါပြန်တင်ရပါတယ် အဆင်မပြေလို့ပါ အသုံးပြု Tutorial လဲရနိုင်မယ်ဆိုလိုချင်ပါတယ် CBox မှာလဲတောင်းဘူးပါတယ် အကြောင်းမပြန်လို့ပါ အခုတော့ကူညီပါ http://www.warezaccess.com/search/i-render.html လင့်မှာ software , Serial ,Creck ရှိတယ် down မရလို့ပါ myemail -kokochit0109@gmail.com ပါ

    ကျေးဇူး

    ReplyDelete
  17. ချာတိတ်May 23, 2012 at 1:45 AM

    ကျွန်တော်ရဲ့ hisense hs-c1110 မှာ wellcome ပဲ ပေါ်နေလို့ပါအကို .... အခက်အခဲဖြစ်နေတာ အတော် ကြာနေပါပြီအကို ဆိုင်သွားပို့တာလဲ အဆင်မပြေခဲ့ဘူးအကို ညီ့အကောင့်က gtalkchartake@gmail.com ပါ အကို ... hisense.com မှာသွားဒေါင်းတော့လဲ user name နဲ့ password တောင်းနေလို့အကို ဘယ်လိုလုပ်ရမလဲ ဆိုတာလေးပါ ညီ့ကို တစ်ချက်လောက်ရှင်းပါ့ပေးပါနော်..
    နေတာက ရန်ကုန်ပါ အကို


    မျှော်လင့်လေးစားစွာဖြင့်
    ချာတိတ်

    ReplyDelete
  18. အစ်ကိုရေ ကျွန်တော်ကတော့ wifi password ရှာတဲ့ software ၊ antivirus software ကောင်းကောင်းလေးပဲ လိုချင်ပါတယ်...ကျွန်တော့်မေးလ်က kyawsw2@gamil.com ပါ အစ်ကို...ကျေးဇူးအရမ်းတင်ပါတယ်...

    ReplyDelete
  19. ဒကာတော်ရေ.. ဦးဇင်းကထိုင်းမှာကျောင်းတက်နေပါတယ်... ဒကာတော်ပြောတဲ့
    http://www.langacademy.net/ ဆိုဒ်မှာ မင်န်ဘာဝင်ချင်ပါတယ်.. ဒါကြောင့်... ဦးဇင်းကို invite လုပ်ပေးလို့ရမလား
    ရတယ်ဆိုရင် ven.khe306@gmail.com ကိုလုပ်ပေးပါလား လေ့လာချင်လို့ပါ..ကျေးဇူးတင်ပါတယ်.. ဒကာတော်ရဲ့ စေတနာကို အများပြည်သူ ကိုယ်စား သာဓုခေါ်ပါတယ်..။ ကျန်းမာချမ်းသာပါစေ။

    ReplyDelete
  20. အစ်ကိုတို့နှစ်ယောက် ပြည်တော်ပြန်မယ်ဆိုတော့ ဒီဘလော့ ကပျက်ပြီလားအစ်ကို..လောဘကြီးတာမဟုတ်ဘူးနော်
    အစ်ကို..ဖြစ်နိုင်ရင် အစ်ကို တင်ထားတဲ့.. အသုံးပြုနည်း..ဖြေရှင်းနည်း..အစ်ကိုရေးထားပြီးသမျှ PDF တွေအားလုံး လိုခြင်
    ပါတယ်အစ်ကို...အနော် ရဲ့ မေးလ်က yemyatlin@gmail.com ပါအစ်ကို မေးလ်ထဲကို ပို့ပေးမှာလား... ဘယ်မှာတင်ပေး
    မယ်ဆိုတာလေး..အနော်ကို အကြောင်းပြန်စေခြင်ပါတယ်.. စေတနာရှင် အစ်ကိုများ
    နေကောင်းကျန်းမာ အိတ်ဖောင်းဝမ်းသာနိုင်ပါစေ လို့ဆန္ဒပြုဆုတောင်းရင်း
    လေးစားယုံကြည်လျှက်
    Fans

    ReplyDelete
  21. ကျေးဇူးအလွန်တင်ပါတယ်

    ReplyDelete
  22. သန်းအေးMay 23, 2012 at 8:16 PM

    ကျနော်ကတော့ ဘာမှ မတောင်းဆိုပါဘူးဗျာ..ပြန်တော်ပြန်ကြပြီဆိုတော့..ဒီဆိုဒ်က ဖျက်တော့ မှာလားဗျာ
    နောက် လိုချင်တဲ့ဆော့ဝလ်တွေ..သိချင်တဲ့ အရာကို ဘယ်လိုမေးရမလဲဗျာ..လေးစားစွာဖြင့်

    ReplyDelete
  23. ကျေးဇူးအထူးတင်ပါတယ်ဗျာ...
    နောက်ကိုလည်း ဒီထက်မက လုပ်ပေးနိုင်ပါစေလို့...
    ဇော်မြင့်..

    ReplyDelete
  24. ပြင်သစ်နဲ.ရုရားဘာသာစကားကိုလေ့လာသင်ယူနေတဲ့လူငယ်လေးတစ်ယောက်ပါ....ကွန်ပြူတာနဲ.ပတ်သက်လာရင်ထမင်းမေ့ဟင်းမေ.အကျင့်ရှိပါတယ်....အဲ.ဒီ၃ခုကိုလိုလိုလားလားလေ့လာနေတဲ့အတွက်ကိုနေမင်းကူညီပေးစေခြင်ပါတယ်...အခုလက်ရှိမလေးရှားမှာပါ...။ကျွန်တော်အီးမေးလိပ်စာကတော့ htookhant001@gmail.com ပါ...ကျွန်တော်တို.လူငယ်တွေအတွက်တတ်နိုင်တဲ့ဘက်ကမီးမောင်းထိုးပြပေးတဲ့ကိုနေမင်းကိုကျေးဇူးအထူးတင်ပါတယ်..

    ReplyDelete
  25. အကိုရေ
    ကျွှန်တော် Teamviewier Key နဲ့ Norton Antivirus 2012 Key တွေလိုချင်ပါတယ်ဗျာ
    ပြီးတော့ WinRar Install လုပ်ပုံလုပ်နည်း ကို Pdf နဲ့ပို့ပေးပါလားအကို
    ကျွှန်တော်လုပ်ကြည့်တာ အဆင်မပြေလို့ပါ
    မခက်ဘူးဆိုရင် ကျှန်တော့ကို Mail ပြန်ပို့ပေးပါလားအကို
    အထူးကျေးဇူးတင်လျက်

    reseller.sk
    Pfingo&Skype sale
    Yangon,Myanmar
    reseller.sk@gmail.com,tuntun220@gmail.com

    ReplyDelete
  26. အစ်ကိုကျွန်တော်ကတော့ အစ်ကိုအဆင်ပြေမယ်ဆိုရင် အသုံးပြုလို့ကောင်းမယ့် ၀င်းဒိုးခွေ သုံးခုလောက်နဲ့ အစ်ကိုတင်ထားသမျှ အသုံးပြုနည်း၊ဖြေရှင်းနည်းတွေကို PDF ဖိုင်နဲ့လိုချင်ပါတယ်ခင်ဗျာ..ကျွန်တော့် အစ်ကိုတစ်ယောက် ဘယ်သွားသွား ဘာလုပ်လုပ် ဘယ်မှာပဲနေနေ ကျန်းမာ၊ပျော်ရွှင်၊အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ။။။။
    ကျွန်တော့် email ကတော့ x.dragonmite.x@gmail.com ဖြစ်ပါတယ်။

    ReplyDelete
  27. ဟုတ်ကဲ့အကိုကျွန်တော်သေသေချာချာမပြောတဲ့အတွက် ခွင့်လွတ်ပါ ကျွန်တော် iphone က ios 5.1.1 iphone 4 ပါ အကို လေးစားလျှက်.......ကျေးဇူးတင်ပါတယ် ခင်ဗျား

    ReplyDelete
  28. ဟုတ်ကဲ့အကိုကျွန်တော်သေသေချာချာမပြောတဲ့အတွက် ခွင့်လွတ်ပါ ကျွန်တော် iphone က ios 5.1.1 iphone 4 ပါ အကို ဘာမှာနားမလယ်ဘဲနဲ jailbreak သွားလို့မိလိုပါ ပြန်မပေါ်လာတော့ပါဘူ ပြန်မပေါ်လာကကြာထဲ itune နဲ့ Restore လို့မိလိုပါ ပေါ်တော့ပေါ်လာတယ် iphone ဆိုပြီး language တွေအများကြီးပြေးနေတောဒါပဲအကိုရေ jailbreak and unlock လို့ဖို့အတွက် ကူညီပါအုံး လေးစားလျှက်.......ကျေးဇူးတင်ပါတယ် ခင်ဗျား

    ReplyDelete
  29. Email ထဲ ဖို့မေ့သွားလို့ပါ nyinyihtay36@gmail.com .....ကျေးဇူးတင်ပါတယ် ခင်ဗျား

    ReplyDelete
  30. အကိုေ၇ကျွှန်တော်ကတော့ DOTA 2 game ခွေလေရ၇င်ကျေနပ်ပါပြီး။ brother ကိုအမြဲကျေးဇူးတင်နေမှာပါ။ realdj02@gmail.com ပါ။ thank a lost brother

    ReplyDelete
  31. ကျွန်တော့်အစ်ကိုကြီးတွေပဲ ပြန်မှာဖြစ်ပါတယ်အစ်ကို ကျွန်တော်နေမင်းမောင် အားလုံးအတွက်ရှိနေဦးမှာပါ
    အားလုံးပဲ အဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇုးတင်ပါတယ်ခင်ဗျာ။

    ReplyDelete
  32. ကိုယ်လိုချင်တဲ့ e-books,tutorials တွေကို link ရှာပေးရမယ်လို့ပြောတာလားခင်ဗျာ

    ReplyDelete
  33. ကိုအေးမင်းမင်းဗိုလ်May 28, 2012 at 5:00 PM

    တကူးတက စေတနာထားပြီး အစီအစဉ်လုပ်ပေးတဲ့အတွက် နယ်မှကျွန်တော်တို့က အထူးကျေးဇူးတင်မိပါတယ်။

    ReplyDelete
  34. hotspot software ကို full version နဲ့ PDF လေးလိုချင်ပါတယ်အကို...
    ကျွန်တော်မေးလ်လိပ်စာက nigone87@gmail.com ပါအကို ...ကျေးဇူးတင်ပါတယ်

    ReplyDelete
  35. ကျတော့ကိုလည်း wifipassword ရှာတဲ့ software လေးပေးပါ။ကျေးဇူးတင်ပါတယ်။billionnaing007@gmail.com

    ReplyDelete
  36. Internet cyclone ဆိုတဲ့ software အကြောင်းရှင်းပြပေးပါလားအကို။
    ကျေးဇူးတင်ပါတယ်။
    http://en.kioskea.net/s/Internet+is+slow+on+windows+7+after+internet+cyclone?qlc

    ReplyDelete
  37. အများအကြိုးအတွက် လုပ်ချင်တဲ့ဆန္ဒနဲ့၊ လုပ်နိုင်တဲ့သတ္တိကို လေးစားအားကျမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။

    ကိုနိုင်

    ReplyDelete
  38. ကျွန်တော်မလ်းအဟောင်းကိုရှာချင်လိုဘယ်လိုရှာရမှာလည်း။google အကောင့်တော့တွေ့တယ်မလ်းရဲ့အမည်မသိဘူးဖြစ်နေသာ ကျေးဇူပြု၍ပြောပြပေးပါနော။my Gmail account.sainawkham109@gmail.com

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်