အခုတော့ Proxy သုံးဖို့ လိုအုံးမလား မလိုဘူးလားတော့ မသိတော့ပါဘူး .. ဒါပေမယ့် ကျွန်တော်တို့ စီမှာတော့ အခုသုံးဖို့ လိုအပ်နေသလို တစ်ခြား မသိသေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် Proxy Sever ရဲ့ Ip Address ကို အသုံးပြုပြီး မိမိတို့ ကိုကြည့်ရှုဖို့ ခွင့်မပြုပဲ ပိတ်ထားတဲ့ ဆိုဒ်မျိုးတွေကို Proxy ကျော်ပြီး ကြည့်တဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. Proxy ကျော်ကြတာတော့ အမျိုးမျိုးပါပဲ .. တစ်ချို့ကလည်း ဆော့ဝဲလ်သုံးပြီး ကျော်ကြတယ် .. တစ်ချို့ကျတော့လည်း Proxy Sites တွေကနေ တစ်ဆင့် ကျော်ကြတယ် .. အခု Proxy Sever ရဲ့ IP Address ကိုထည့်ပြီး ကျော်တဲ့ နည်းလမ်းလေးကိုတော့ အသုံးပြုရတာလည်း အဆင်ပြေသလို လွယ်လည်း လွယ်ကူပါတယ် ..
နည်းလမ်းလေးကို ရေးပေးသလို အသုံးပြုဖို့ အတွက် Proxy IP Address ကိုလည်း ကျွန်တော့် ဆိုဒ်ရဲ့ အပေါ်ဘားမှာ ဖော်ပြပေးထားမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော် တစ်ခုပြောချင်တာက ကျွန်တော် Proxy IP Address တွေ အများကြီး တင်မပေးတော့ပါဘူး .. ကျွန်တော်ကိုယ်တိုင် စမ်းကြည့်ပြီး တကယ်သုံးလို့ အသုံးဝင်မဲ့ ကောင်လေးကိုပဲ တင်ပေးပါမယ် .. အခုကျွန်တော် တင်ပေးထားတဲ့ ကောင်လေးဆို ကော်နက်ရှင် ကောင်းသလို အခုအချိန်ထိလည်း အသုံးပြုလို့ ရနေပါသေးတယ် .. အခုတင်ပေးထားတဲ့ ကောင်လေး အဆင်မပြေတော့ဘူး ဆိုရင်တော့ အသစ်ထပ်ရှာပြီး တင်ပေးသွားမှာ ဖြစ်ပါတယ် .. ကျွန်တော် အသုံးမပြုတက်သေး သူတွေအတွက် အဆင်ပြေအောင် Firefox နဲ့ Chrome နှစ်မျိုးမှာ ဘယ်လို အသုံးပြုရမယ် ဆိုတာကို ပုံလေးတွေနဲ့ ရှင်းပြပေးပါမယ် ..
အရင်ဆုံး Firefox မှာ မိမိတို့ အသုံးပြုချင်တဲ့ Proxy Sever ရဲ့ IP Address ကို ဘယ်လို ထည့်ပြီး အသုံးပြုရမယ် ဆိုတာကို ရေးပေးပါမယ် .. အရင်ဆုံး မိမိတို့ရဲ့ Firefox ကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Firefox Option ကိုသွားလိုက်ပါ ..
အောက်က ပုံအတိုင်း Firefox Option Box လေး ပေါ်လာပြီ ဆိုရင်တော့ မြားပြထားတဲ့ အတိုင်း အဆင့်ဆင့် Setting ကိုသွားလိုက်ပါ ..
ပြီးရင် ကျွန်တော်တို့က မိမိတို့စိတ်ကြိုက် Proxy Sever ရဲ့ IP Address ကို ထည့်ပြီး အသုံးပြုချင်တာ ဖြစ်တဲ့ အတွက် Manual proxy configuration ကိုရွေးလိုက်ပါ .. ပြီးရင် အောက်ကပုံအတိုင်း မိမိတို့ အသုံးပြုမဲ့ HTTP Proxy နဲ့ Port ကိုထည့်ပေးလိုက်ပါ ..
အပေါ်က ပုံအတိုင်း ဖြည့်ပြီး သွားပြီ ဆိုရင်တော့ OK ပေးဖို့ မမေ့ပါနဲ့ ဒါမှသာ မိမိတို့ အသုံးပြုမဲ့ Proxy က အလုပ်လုပ်မှာ ဖြစ်ပါတယ် .. ဒါကတော့ Firefox မှာ Proxy Server ရဲ့ IP Address ကိုထည့်ပြီး အသုံးပြုတဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် ..
ကျွန်တော် ဆက်ပြီးတော့ Google Chrome မှာ အသုံးပြုချင်သူတွေ အတွက် ဘယ်လို အသုံးပြုရမယ် ဆိုတာကို ဆက်ပြီး ရေးပေးသွားပါမယ် .. အရင်ဆုံး မိမိတို့ရဲ့ Google Chrome ကိုဖွင့်လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Option ကိုသွားလိုက်ပါ ..
အောက်က ပုံမှာ ပြထားတဲ့ အဆင့်ကို ရောက်ပြီ ဆိုရင်တော့ မိမိတို့ အသုံးပြုချင်တဲ့ Proxy Sever ရဲ့ IP Address ကို ထည့်ပြီး အသုံးပြုနိုင်ဖို့ အတွက် Setting ကို သွားလိုက်ပါ .. အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..
အောက်ကပုံအတိုင်း မိမိတို့ သုံးချင်တဲ့ HTTP Proxy နဲ့ Port ကိုထည့်ပြီး အမှန်ခြစ်လေး ပေးလိုက်ပါ .. ပြီးရင် အားလုံးကို OK ပေးလိုက်ပါ ...
ဒါဆိုရင်တော့ မိမိတို့ ကိုပိတ်ထားတဲ့ ဆိုဒ်တွေကို ဘာ Proxy Software ၊ Proxy Link တွေမှ သုံးစရာမလိုပဲ အလွယ်တကူနဲ့ ကျော်ပြီး ကြည့်လို့ ရသွားမှာ ဖြစ်ပါတယ် ..
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
ကျေးဇူးဘဲ အကိုနေမင်းမောင်။
ReplyDeleteThanks
ReplyDeleteL
Thank a lot bro...
ReplyDeleteThanks a million,bro.
ReplyDeleteကျေးဇူးတင်ပါတယ်ခင်ဗျာ... ကျွန်တော် proxy သုံးတတ်သွားပါပြီ...
ReplyDeleteကျေးဇူးတင်ပါတယ်ခင်ဗျာ... ကျွန်တော် proxy သုံးတတ်သွားပါပြီ...
ReplyDeleteကျေးဇူးတင်ပါတယ် ကိုနေမင်းမောင်
ReplyDeleteကျေးဇူးတင်ပါတယ်အကိုနေမင်းမောင်
ReplyDeleteကျေးဇူးပဲအကို
ReplyDeleteဒါနဲ့ တချို့ ဆိုဒ်တွေက မြန်မာပြည်က IP နဲ့ဆိုရင် ဒေါင်းလို့မရအောင်လုပ်ထားတာတွေလဲရှိတယ်။
အဲဒါကို software သုံးဒေါင်းရင်လဲရတယ်လို့တော့ပြောတယ်။ စမ်းကြည့်ပေမဲ့ connection မကောင်းတော့မရဘူး။ အဲဒါ အခုနည်းနဲ့သုံးပြီး ဒေါင်းရင်ရောရလား။ ကူညီပေးပါဦးနော်။
ကျေးဇူးအရမ်းတင်ပါတယ်ဗျာ
ReplyDeleteကျွန်တော်တို့ antivirus တွေကို update လုပ်ဖို့အတွက်
denied လုပ်ခံထားရတာ..အခုမှပဲအဆင်ပြေသွားတယ်ဗျာ
ကျေးဇူးအများကြီးတင်ပါတယ်အကိုရာ နည်းပညာတွေ လေ့လာခွင့်ရတဲ့အတွက်၊
ReplyDeletemediafire ပိတ်ထားတာကိုရော ကျော်တဲ့နည်းလေး သင်ပေးပါဦးလား အကို။
thanks u so much.bro......
ReplyDeleteကျေးဇူးပါ
ReplyDeleteကျေးဇူးပါ
ReplyDeleteကျေးဇူးပါ
ReplyDeleteကျေးဇူးပါ
ReplyDeleteခုproxy နံပါတ်တွေမတင်ပေးတော့ဘူးလားခင်ဗျာ
ReplyDeleteဒေါင်းသွားပါတယ် ၊ အဆင်ပြေတယ်အစ်ကိုရေ့ ကျေးဇူးပါ
ReplyDeleteStill work now. (29.4.12) Thanks bro :)
ReplyDeleteကျေးဇူးအများကြီးတင်ပါတယ်
ReplyDeletebrother က user name n password နဲ့သုံးတာနဲ့တူတယ်ဗျာ အဲဒါလေးရှဲပေးပါလား :D
ReplyDeleteအရမ်းကိုကျေးဇူးးတင်ပါတယ်
ReplyDeleteThank you so much! That's Great! :)
ReplyDeleteကျေးဇူးအထူးပါ နေမင်းမောင်ရေ..
ReplyDeleteအေးချမ်းလိုရာဆန္ဒပြည့်ပါစေရှင်..
IE တင်တာကိုလဲ ရှင်းပြလို့ရရင် ရှင်းပြပေးပါလား
ReplyDeleteပုံတွေ မမြင်ရလို့ သိပ်အဆင်မပြေဘူးအကိုရေ
ReplyDeleteကျေးဇူး အမြောက်အများ တင်ပါတယ်....ကိုနေမင်းမောင်...။
ReplyDelete( စာဖတ်သူရဲ့ Thank ဆိုသော စကားတစ်ခွန်းသည် နောက်ထပ်ပို့စ် တစ်ခုရေးရန် အတွက် အားဆေးတစ်ခွက် ဖြစ်ပါသည် .. ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်)
ReplyDeleteThank Thank Thank
Thank Thank Thank
Thank Thank Thank
Thank
အကို ကျွန်တော်က ၁၀ ခွက်တိုက်သွားတယ်နော်....
:-)
thanks!
ReplyDeleteအစ်ကို username passward တောင်းနေပါတယ် ကူညီပါအုံးခင်ဗျား
ReplyDeleteအစ်ကို username နဲ့ password တောင်းနေတယ်ဗျ ဆိုဒ်တွေကိုဝင်လို့မရလို့ပါ sky-net လိုင်းနဲသုံးတာပါ ကူညီပါအုံးနော်...........
ReplyDeletethahks for ur share
ReplyDeleteကျေးဇူးပါအကို... ခုမှပဲ သေချာနားလည်သွာတော့တယ်...
ReplyDeletethanks a lot for your share.
ReplyDeletethanks ako yay very thank u so much :)
ReplyDeletethankyou
ReplyDelete