ကျွန်တော်တို့ကွန်ပျုတာရဲ့Tab Bar မှာပုံမှန်အတိုင်းဆိုရင် Firefox , G-Talk စတာတွေကို icon လေးတွေ
ထားပြီးလိုတဲ့အချိန်မှာအလွယ်တကူဖွင့်ပြီးသုံးဖူးကြပါလိမ့်မယ်..။အခုနည်းလေးကတော့ Pokki ဆိုတဲ့ကောင်
လေးကိုသုံးပြီးမိမိတို့ရဲ့ Tab Bar ထဲမှာ G-Mail , Facebook , Google Search စတာတွေကိုမိမိတို့ကွန်ပျုတာ
ရဲ့ Tab Bar ထဲမှာ Icon လေးတွေနဲ့ထားယုံသာမကပဲ ၊ အသုံးပြုလို့ရမှာဖြစ်ပါတယ်..။လန်းလန်းလေးတွေ
သုံးတက်တဲ့သူတွေအတွက်တော့အကြိုက်တွေ့မယ်လို့ထင်ပါတယ်..။ဒါပေမယ့်ဒီကောင်လေးမှာအားနည်း
ချက်တစ်ခုရှိတာကတော့ Myanmar Font ကို Support မလုပ်တဲ့အတွက်မြန်မာလိုတော့ပေါ်မှာမဟုတ်ပါ
ဘူး..။ဒါပေမယ့်ဒီကောင်လေးက Firefox တို့လို Bowser လေးတွေသုံးစရာမလိုတော့ပဲ Tab Bar ထဲက
Icon လေးမှာတင် G-Mail တို့ Facebook တို့ကိုဖွင့်ပြီးအသုံးပြုလို့ရမှာဖြစ်ပါတယ်..ကျွန်တော်အသုံးပြုနည်း
လေးကိုတော့နည်းနည်းပြောပြပေးပါမယ်..
အရင်ဆုံး ဒီလင့်လေး မှာ Pokki ဆိုတဲ့ကောင်လေးကိုဒေါင်းလော့ချလိုက်ပါ ။ပြီးရင်မိမိတို့စက်မှာ Install
လုပ်လိုက်ပါ..Install လုပ်ပြီးပြီဆိုရင်တော့ Windows Tab Bar မှာအောက်ကပုံလေးအတိုင်း Icon လေးပေါ်
လာပါလိမ့်မယ်..။

အပေါ်ကပုံအတိုင်း Icon လေးပေါ်လာပြီဆိုရင်အဲ့ဒီကောင်လေးကို Click လိုက်ပါ..။ပြီးရင်မိမိတို့
ထည့်ချင်တဲ့ G-Mail , Facebook တို့ကို Tab Bar ထဲမှာထည့်ချင်တယ်ဆိုရင် Add to pooki ဆို
တာလေးကို Click ပေးလိုက်ယုံပါပဲ..။အဲ့ဒီလိုပဲမိမိတို့ကြိုက်တဲ့ favourite web sites လေးတွေကို
Tab Bar ထဲမှာထည့်ပြီးသုံးလို့ရမှာဖြစ်ပါတယ်..။





အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ..
Thank you so much for everything what you post and your kindness.
ReplyDeleteThis comment has been removed by the author.
ReplyDelete