ကျွန်တော်မိမိတို့လိုအပ်တဲ့ဆော့ဝဲလ်တွေကို Torrent ဆိုဒ်တွေကနေအလွယ်တကူနဲ့ဒေါင်းလော့ချလို့ရမဲ့နည်း လမ်းလေးကိုပြန်ပြီးမျှဝေပေးသွားပါမယ်..။ Torrnet ဆိုဒ်ဆိုတာဘာလဲဆိုတာကိုတော့တော်တော်များများသိကြမယ်လို့ထင်ပါမယ်..။အရမ်းကိုတန်ဖိုးရှိတဲ့ဆော့ဝဲလ်ရတနာသိုက်ကြီးတစ်ခုပါပဲ..။ဆော့ဝဲလ်တစ်ခုထွက်လာလို့ကိုယ်ကနာမည်လေးသိယုံနဲ့အဲ့ဒီဆော့ဝဲလ်ကို Torrent ဆိုဒ်တွေမှာရှာမယ်ဆိုရင်နောက်ဆုံး Update ကိုမရ ရင်တော့အနီးစပ်ဆုံး Update ဖြစ်တာကတော့ Torrent မှာရှိနေပါလိမ့်မယ်။ဒီလို Torrentဆိုဒ်တွေကိုတော့ကွန်ပျုတာနဲ့ပါတ်သတ်တဲ့လူတိုင်းသုံးတက်စေချင်ပါတယ်..။Torrent ကနေဒေါင်းလော့ချရတယ်ဆိုတာမခက်ခဲပါဘူး သုံးတာကြာလာတာနဲ့အမျှကောင်းကောင်းသုံးတက်သွားပါလိမ့် ယ်..ကျွန်တော် Torrentဆိုဒ်တွေကိုရောက်ရင်Software တစ်ခုကိုဘယ်လိုရှာမယ်..ဘယ်လိုအချက်တွေ ကည့်ပြီးဒေါင်းလော့ချရမယ်ဆိုတာကိုရှင်းပြပေးသွားပါမယ်..။
1.ကျွန်တော် http://www.kat.ph/ ကိုမှာ Internet Download Manager ကိုဘယ်လိုရှာရမယ်ဆိုတာကိုနမူနာ တစ်ခုထားပြီးရှင်းပြပေးသွားပါမယ်...။အ၇င်ဆုံး http://www.kat.ph/ ကိုသွားလိုက်ပါ..။
2.ပြီးရင်အောက်ကပုံလေးမှာပြထားတဲ့အတိုင်း Search မှာ IDM လို့ရိုက်ပြီးရှာလိုက်ပါ..။ကျွန်တော် Internet Download Manager လို့မရိုက်ပဲဘာလို့ IDM လို့ရိုက်ရှာသလဲဆိုတော့ Torrent ဆိုဒ်တွေမှာရှာတဲ့အခါမိမိလိုချင်တဲ့ဆော့ဝဲလ်ရဲ့နာမည်ကိုအရှည်ကြီးရိုက်ရှာနေစရာမလိုပါဘူး..။ဘာကိုဆိုလိုတယ်ဆိုတာအ လွယ်တကူသိဖို့အတွက်အတိုကောက်လေးတွေကိုရိုက်ထည့်ပြီးတော့အလွယ်တကူရှာလို့ရမှာဖြစ်ပါတယ်..
အပေါ်ကပုံအတိုင်း IDM နဲ့ဆိုင်တဲ့ Software တွေ Version အလိုက်ပေါ်လာပြီဆိုရင်ဘယ်လိုဆော့ဝဲလမျိုးကိုရွေးပြီးတော့ဒေါင်းလော့ချသင့်လဲဆိုတာကိုအချက်လေးချက်နဲ့ဖော်ပြပေးသွားပါမယ်..။
1.အရင်ဆုံး တစ် အချက်မှာ Software ကိုတင်ထားတဲ့ရက်ကိုကြည့်ပါ..။ကျွန်တော်ပြထားတဲ့ပုံမှာဆို 4 months လို့ပြထားပါတယ်..။ဒါဆိုမိမိတို့ဒေါင်းလော့ချမဲ့ Software က Update ဖြစ်သေးတယ်လို့ယူဆလို့ရပါတယ်..။ တင်ထားတာတစ်နှစ်ကျော်သွားပြီဆိုတာနဲ့ဒေါင်းလော့ချလို့မရတာများပါတယ်..။ဖြစ်နိုင်ရင်တစ်နှစ်ကျော်ပြီဆိုရင်ဒေါင်းလော့မချတော့ပါနဲ့..။
2.ပြီးရင်တော့ဒေါင်းလော့ချမဲ့ဆော့ဝဲလ်ရဲ့ Size ကိုကြည့်ပါ..။ဒါကတော့ကိုဒေါင်းလော့ချမဲ့ဆော့ဝဲဟာတကယ် ရောသူဖော်ပြထားတဲ့ဆိုဒ်လောက်ရှိလားမရှိဘူးလားဆိုတာကြည့်ပြီးတော့ခန့်မှန်းလို့ရပါတယ်..။တစ်ချို့
ဆော့ဝဲလ်တွေကနာမည်ကတော့ကိုလိုချင်တာဒေါင်းလော့ချပြီးကာမှအထဲမှာဘာမှမပါတာတို့ဖြစ်တက်ပါတယ်..။
3.ပြီးရင် Seed ကိုကြည့်ဖို့လိုပါတယ်..။ကိုယ်ကဒီဆော့ဝဲလ်ကိုဒေါင်းလော့မချခင်ကိုယ့်ရှေ့မှာဘယ်လောက်များ များဒေါင်းလော့ချသွားပြီးပြီလဲပြီးမြောက်အောင်ကောဒေါင်းလော့ချလို့ရရဲ့လားဆိုတာကြည့်လို့ရမှာဖြစ်ပါ
တယ်..Seed များလေဒေါင်းလော့ချဖို့ပိုပြီးသင့်လျော်လေပဲဖြစ်ပါတယ်..
4.နောက်ဆုံးတစ်ချက်ကတော့ Software တွေကိုဒေါင်းလော့မချခင် Comment တွေကိုဖတ်ကြည့်ပါ..။အများကြီးမရေးကြပါဘူး..။တော်ရုံလောက်တော့နားလည်ပါတယ်..။Comment တွေမှာ perfect ၊ working fine! very good တိုလိုမျိုးများစုကပေးထားရင်တော့စိတ်ချလက်ချဒေါင်းလော့ချပါ..။ဒါမှမဟုတ်ပဲနဲ့ အဆင် မပြေတာတို့ Virus လို့ပြောတာတို့ It Is not working တို့ပြနေမယ်ဆိုရင်တော့လက်ရှောင်လိုက်တာအ ကောင်းဆုံးပါပဲ..။အဲ့ဒီလို Comment ပေးထားရဲ့သားနဲ့ဒေါင်းလော့ချလို့မရဘူးလားဆိုတော့ရပါတယ်..။ ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့ပြီးလို့အချိန်မကုန်စေချင်လို့ပြောပြပေးတာပါ..။
5.အပေါ်ကအချက်တွေအားလုံးကြည့်ပြီးလို့မိမိတို့ဒေါင်းလော့ချမဲ့ Software ကိုဒေါင်းလော့ချချင်တယ်ဆိုရင်
တော့ Download Torrent ဆိုတာကိုရှာပြီးဒေါင်းလော့ချရမှာဖြစ်ပါတယ်..။ကျွန်တော်တို့က Torrent Downloader ကိုသုံးပြီးတော့ဒေါင်းလော့ချရမှာဖြစ်တဲ့အတွက်တစ်ခြားနေရာကနေချရင်အဆင်ပြေမှာ မဟုတ်ပါဘူး..။ဘယ် Torrent ဆိုဒ်မဆို Download Torrent ဆိုတာတော့ပါပါတယ်..။အောက်မှာပုံလေး တွေနဲ့လဲပြထားပေးပါမယ်..။
ဒီလောက်ဆိုရင်တော့ Torrent ဆိုဒ်တွေကနေပြီးတော့မိမိတို့ဒေါင်းလော့ချချင်တဲ့ Software တွေကိုအလွယ် တကူဒေါင်းလော့ချချင်သူတွေအတွက်အထောက်အကူရသွားမယ်လို့တော့ထင်ပါတယ်..။
အောက်မှာကျွန်တော်အလွယ်တကူအသုံးပြုလို့ရအောင် Utorrent Downloader လေးနဲ့ Torrent ဆိုဒ်တွေ တင်ပေးထားပါတယ်...။
Utorrent Downloader
ဒီပို့်ဒ်လေးကို PDF ဖြင့်လိုချင်တယ်ဆိုရင်
Torrent ဆိုဒ်များ
RocketTorrentsTorrentReactor.netTorrentPortalSeedPeerBitTorrent MonsterTorrentiniBT JunkieBittorrent.am1337xTorrentReactorYourBittorrent
အားလုံးပဲအဆင်ပြေကြပါစေ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ....။
ကိုနေမင်းမောင်ခင်ဗျား--
ReplyDeleteအခုလိုသိချင်တာလေးသိခွင့်ရ့ပြီးရှင်းလင်းညွှန်ကြားပြသပေးတဲ့အတွက်--
မဖေါ်ပြတတ်လောက်အောင်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ---။
ကိုနေမင်းမောင်--အစစအရာရာအဆင်ပြေပြီးအများအကျိုးပိုမိုစွမ်းဆောင်နိုင်ပါစေလို့-ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ--။
-------------လေးစားလျှက်--------------
Thura
ReplyDeleteကျနော့အတွက်တော့တော်တော်တန်ဘိုးရှိသွားဘီ။ ယူသွားတယ်ဗျို့။ ကျေးဇူးတင်ပါတယ်။
အကို့ Blog ကိုခဏခဏ၀င်ပေမဲ့ ဒီpageလေးကိုခုမှကြည့်ဖြစ်တယ်အကိုရေ... ကိုလိုချင်တဲ့အသစ်အဆန်းလေးတွေဘယ်ကရနိုင်သလဲ
ReplyDeleteဆိုတာသိချင်နေတာကြာပါပြီ အထူးသဖြင့် ဘယ်လိုရှာလို့ရတာလဲဆိုတာအတွင်းကျကျမသိခဲ့ပါဘူး
ခုတော့ အကို့ရဲ့ကျေးဇူးကြောင့်သိသွားပြီ အကိုတင်ပေးထားတဲ့Torrentကိုလည်း မှတ်သားထားတယ်။ ကျေးဇူးအများကြီးတင်ပါတယ် အစ်ကို။
ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား။ဗဟုသုတရသွားတယ်ခင်ဗျား။အရင်ကလဲကူးယူခဲ့သလိုအခုလိုအကြိမ်ကြိမ်
ReplyDeleteဗဟုသုတရစရာတွေအမြဲတင်ပေးနိင်ပါစေခင်ဗျား။
အများကိုအဆင်ပြေစေသလိုဘဲ ကိုနေမင်းမောင်လဲ
အစစအရာရာအဆင်ပြေပြီးစိတ်သွားတိုင်းကိုယ်ပါလိုအများကိုကူညီနိုင်ပါစေခင်ဗျာ။
အခုလိုရှင်းပြပေးတာကောင်းပါတယ်၊တောရန့်ကိုမြန်မာ၊စင်္ကာံပူ အပါအဝင် တစ်ချို့နိုင်ငံတွေမှာအသုံးပြုလို့မရနိုင်ပါဘူးခင်ဗျာ၊သုံးချင်ရင်VPN ရှိမှရတယ်လို့သိရပါတယ်၊အဲဒီလိုနိုင်ငံမျိုးတွေကနေသုံးချင်ရင်ဘယ်လိုလုပ်ရတယ်ဆိုတာမသိလို့အသေးစိတ်ရှင်းပြပေးပါ။
ReplyDeleteကိုနေမင်းမောင်ရဲ့ ကျေးဇူးကြောင့် ကျွန်တော်လည်း ဇာတ်ကားတွေ အပြည့်အဝကြည့်ရှုလို့ရပြီဗျာ၊ Software တွေလည်း download လုပ်ဦးမယ်ဗျာ :D
ReplyDeleteအကိုရေခု့ လိုနည်းပညာတွေများများမျှဝေပေးပါအကိုရေ
ReplyDeleteလူငယ်တွေအတွက့် အားရှိစရာပါဗျာ
ကျေးဇူးတင်ပါတယ်..အကို.. ဒီလို ပုံလေးတွေနဲ့ ရှင်းပြပေးတော့.. ပိုပြီးနားလည်သွားပါတယ်..
ReplyDeleteကော်ပီလုပ်သွားပါတယ်အကိုရေ ခွင့်ပြုလားတော့မသိဘူး
ReplyDeleteယူသွားပီ :P
ကျေးဇူးအရမ်းတင်ပါတယ်..ကိုနေမင်းမောင် very thank :D
ReplyDeleteအကိုရေ format ကြောင့်လားတော့ မသိဘူး file ကိုမသိဘူးဖြစ်နေတယ်။
ReplyDeleteဘယ်လိုလုပ်ရမလဲဆိုတာပြောပြပါဦးလား။
ကျေးဇူးပါပဲ။
နောက်လဲအောင်မြင်ပါစေ။
အမြဲအားပေးနေမယ့်
နောင်လေး။
Thank you so much
ReplyDeleteThank you so much ပါ torrent ကနေဘယ်လိုဒေါင်းရမှန်း မသိဘူးဖြစ်နေဒါခုမှဘဲအဆင်ပြေသွားတော့ဒယ်။
ReplyDeleteအစ်ကို ဖိုင် တွေ ကို ဒေါင်းလုပ် ချလို့ မရဘူးဖြစ်နေတယ်
ReplyDeleteဖိုင်တွေ ပျက်နေတယ် အစ်ကို တစ်ချက်လောက် ကူညီပါအုံး ကျေးဇူးတင်ပါတယ် အစ်ကို
Thank thank thank
ReplyDelete