• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Monday, July 4, 2011

Windows ပေါ်မှ Snipping Tool ဖြင့်အလွယ်ကူဆုံး Capture ဖမ်းချင်သူများအတွက်




ကျွန်တော်ဒီနေ့တော့ Windows မှာပါတဲ့ Snipping Tool လေးကိုသုံးပြီးတော့အလွယ်တကူ
Capture ဖမ်းလို့ရမဲ့နည်းလေးကိုပြန်ပြီးတော့ရှယ်ပေးသွားပါမယ်..။ဒီကောင်လေးကသုံးရ
တာလဲတော်တော်လေးကိုအဆင်ပြေပါတယ်..။ဘာဆော့ဝဲလ်မှလဲသုံးစရာမလိုပါဘူး။
ဘယ်နေရာရောက်ရောက်မိမိတို့ Capture ဖမ်းချင်တဲ့ပုံကိုဒီကောင်လေးသုံးပြီးအလွယ်
တကူ Capture ဖမ်းလို့ရမှာဖြစ်ပါတယ်..။ကျွန်တော်အသုံးပြုနည်းလေးတွေကိုပုံလေးတွေ
နဲ့လဲရှင်းပြပေးထားပါတယ်..။


1.အရင်ဆုံး Start ကိုနှိပ်လိုက်ပါ..။ပြီးရင် Search မှာ Snipping Tool လို့ရိုက်ထည့်လိုက်ပါ..။
  

2.ပုံမှာပြထားတဲ့အတိုင်း Snipping Tool လေးကိုကလစ်လိုက်ပြီဆိုရင်အောက်ကပုံလေးအတိုင်း
   Box လေးပေါ်လာပြီမိမိ၇ဲ့ Destop Screen ဟာငြိမ်သွားပါလိမ့်မယ်..။ဒါဆိုရင် Keyboard မှ
   Esc ကိုနှိပ်လိုက်ပါ..။ဒါဆိုရင်မိမိတို့စိတ်ကြိုက်ပုံကို Capture ဖမ်းဖို့အတွက်အဆင်သင့်ဖြစ်နေ
   ပါပြီ..။



3.ဒီနေရာမှာနှစ်ချက်ရှိပါတယ်..။မိမိတို့က Destop Screen တစ်ခုလုံးကို Capture ဖမ်းချင်တာလား
   ငြိမ်နေတဲ့ပုံလေးတွေကိုပဲ Capture ဖမ်းချင်တာလား.။ဒါဆိုရင် Keyboard မှ Ctrl + PrtSc ကိုနှိပ်
   လိုက်ပါ..။ပြီးရင်မိမိတို့ Capture ဖမ်းချင်တဲ့ပုံကိုရွေးပြီး Capture ဖမ်းပေးယုံပါပဲ..။




4.နောက်တစ်ခုကတော့မငြိမ်တဲ့ပုံလို့ပြောလို့ရပါတယ်..။ဥပမာ Windows က Start ကိုပဲနှိပ်လိုက်ပါ..။
   နှိပ်ထားတဲ့အချိန်မှာတော့ပုံကပေါ်နေမယ်..။ဒါပေမယ့် Capture ဖမ်းမယ်ဆိုရင်အဲ့ဒါလေးကပြန်ပြန်
   ပျောက်သွားတာမျိုးတွေ့ရပါလိမ့်မယ်..။အဲ့ဒီပုံလေးတွေကိုဘယ်လို Capture ဖမ်းမလဲဆိုတော့အရင်
   ဆုံးအပေါ်မှာရှင်းပြထားသလို Esc ကိုနှိပ်ပြီးပြီဆိုရင်မိမိတို့ Capture ဖမ်းချင်တဲ့ပုံစံကိုဖွင့်ထားလိုက်ပါ
   ပြီးရင် Keyboard မှ Ctrl + PrtSc ကိုနှိပ်ပေးလိုက်ပါ..။ဒါဆိုရင် Destop Screen ကငြိမ်သွားပါလိမ့်မယ်..။
   ပုံလေးကိုမိမိစိတ်ကြိုက် Capture ဖမ်းပေးလိုက်ယုံပါပဲ..။ကျွန်တော်ပြောတာကိုမရှင်းတဲသူများအောက်
   ကပုံလေးကိုကြည့်ရင်သဘောပေါက်သွားပါလိမ့်မယ်..။


ဒီလောက်ဆိုရင်တော့ Windows မှာပါတဲ့ Snipping Tool လေးကိုသုံးပြီးအလွယ်တကူ Capture ဖမ်း
တက်သွားပြီလို့ထင်ပါတယ်...။

အားလုံးပဲအဆင်ပြေကြပါစေ.....ကျေးဇူးတင်ပါတယ်ခင်ဗျာ...

3 comments:

  1. လာရောက် ဖတ်မှတ်သွားပါတယ် ခင်ဗျာ ...
    အမော သောကော နဲ့  လာလိုက်တာ ဟဲဟဲ ...
    ကျနော့် အဖြေလေးများ ဆိုဒ်ထဲရောက်နေပြီလား လို့ 
    ကျေးဇူးပါဗျာ

    ReplyDelete
  2. ကျေးဇူးပါပဲအစ်ကိုရယ်..အစ်ကိုတင်ထားတာမသိပဲစွတ်မေးနေတော့အစ်ကို့ကိုဒုက္ခလာပေးသလိုဖြစ်နေပြီဗျာ.... နောက်မသိတာရှိလည်းလာမေးပါ့မယ်အစ်ကို.ကျေးဇူးတင်ပါတယ်.
    လေးစားစွာဖြင့်(ချင်းကလေး)

    ReplyDelete
  3. good....... i never know that but now i know.thanks again bro.

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်