• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Monday, September 26, 2011

Windows 8 အကြောင်းတစ်စေ့ တစ်စောင်း


ကျွန်တော် ဟိုတစ်နေ့က Windows 8 အတွက် Windows Developer Preview  ဆိုပြီးထွက်လာတဲ့ ကောင်လေးကို စမ်းပြီး သုံးကြည့်ရင်းနဲ့  တစ်ခြားမသုံး ရသေးတဲ့သူတွေလဲ Windows 8 နဲ့ပါတ်သတ် တာလေးတွေ ဘာတွေ Support လုပ်ထားတယ် ၊ ဘယ်လို Function တွေပါဝင်တယ် ဆိုတာကို ကျွန်တော်လေ့လာ မိသလောက်လေး ပြန်ပြီးမျှဝေ ပေးသွားပါမယ်.. ကိုယ်တိုင်သုံးကြည့်တဲ့ အခါကြရင် အဆင်ပြေပြေ နဲ့ ဘယ်ဟာက ဘယ်လိုသုံးရတယ်ဆိုတာကိုလဲ သိစေချင်တဲ့ သဘောနဲ့ပါ.. ကျွန်တော်တို့ Windows 8  ကနေပြီးတော့ September 13 ရက်နေ့မှာ Preview Version ဆိုပြီး Windows Developer Preview  ကို အစမ်းအနေနဲ့ စပြီးအသုံးခွင့်ပေးခဲ့ပါတယ်.. အများစုလဲစမ်းသုံးဖူးကြရင် သုံးဖူးပြီးသား ဖြစ်ပါလိမ့်မယ်..

Windows Developer Preview  ကိုအသုံးပြုမယ်ဆိုရင် လိုအပ်တဲ့ Hardware Requirement ကိုကျွန်တော် အောက်မှာဖော်ပြပေးထားပါတယ်.. တကယ်လို့စမ်း သုံးမယ်ဆိုရင်တောင် မိမိတို့စက်မှာ တင်ထားတဲ့ Windows အဟောင်းရယ်  Windows Developer Preview  ကိုတင်တဲ့အခါ အဆင်ပြေမပြေကို အရင်ဆုံးလေ့လာ သင့်ပါတယ်..

Minimum hardware requirements for Windows Developer Preview
Architecturex86 (32-bit)x86-64 (64-bit)
Processor1 GHz x86 processor1 GHz x86-64 processor
Memory (RAM)1 GB2 GB
Graphics CardDirectX 9 graphics processor with WDDM driver model 1.0
(Not absolutely necessary; only required for Aero hardware acceleration. Graphics processors with no WDDM support will fall back to software rendering of Windows Aero and other 3D-accelerated graphics.)
HDD free space16 GB of free disk space20 GB of free disk space

အပေါ်ကတော့  Windows Developer Preview  ကိုစမ်းပြီး သုံးကြည့်ချင်တဲ့ သူတွေအတွက် လိုအပ်မဲ့ Hardware Requirement ပါ..
Windows ကိုစပြီး Install လုပ်တဲ့ အပိုင်းကနေပဲ ပြောပြပေးပါမယ်.. ဒီကောင်လေးကို Install လုပ်ကြည့်တဲ့ အခါမှာ ကျွန်တော်တို့ Windows 7 Installation လုပ်တာနဲ့ အရမ်းကြီးတော့ ကွာခြားမှုမရှိပါဘူး Windows 7 ပေါ်မှာပဲ အဓိကအခြေခံပြီး ထုတ်ထားတာလို့ ပြောလို့လဲရပါတယ်.. Windows XP နဲ့ Windows 7 Installation လုပ်သလို အရမ်းကြီး ကွာဟမသွားပါဘူး..  ဒါကြောင့် Windows 7 တင်တက်မယ်ဆိုရင် Windows 8 Installation ကိုလဲလုပ်ဖို့ အဆင်ပြေပါလိမ့်မယ်.. 
နောက်တစ်ချက်ကတော့ Windows 8 မှာ Windows 7 နဲ့လုံးဝ ကွာခြားသွားတာကတော့ Start Menu Screen ပါ .. ကျွန်တော်တို့က Windows Installation ပြီးပြီဆိုတာနဲ့ အရင် Windows 7 မှာလို Windows 7 Screen ကိုတန်းပြီး ပေါ်လာမှာမဟုတ်ပဲ Start Menu Screen ကိုတန်းပြီး ပေါ်လာမှာဖြစ်ပါတယ်.. ကျွန်တော်တို့က Windows Screen ထဲကိုဝင်မယ်ဆို တော့မှ Windows Screen ကိုရွေးပြီးဝင်ရောက် ပေးရမှာဖြစ်ပါတယ်..


ကျွန်တော် လဲအများကြီးတော့ စမ်းမကြည့်ရသေးပါဘူး..ဒါပေမယ့် ကျွန်တော် စမ်းသုံးကြည့် သလောက်  Windows 8 Priview Version မှာ Windows 7 ထက်ပိုပြီး ထူးခြားလာတဲ့ အချက်လေးတွေကိုတော့ ရေးပေးသွားပါမယ်..
ကျွန်တော်တို့ Windows 8 Screen ထဲကိုဝင်လိုက်ပြီ ဆိုရင် အရင်ဆုံး လေ့လာရမှာက  Start Menu Bar ပါ .. Windows 8 မှာအရင်လို Start Menu Bar မပါတော့ပဲ  Start Menu Bar အစား Search ကိုကောင်းကောင်း အသုံးချလို့ ရအောင်ပြုလုပ်ပေးထားပါတယ်..


အပေါ်က ပုံအတိုင်း Start Menu Bar ကိုအရင်လို ထည့်မပေးတော့ပဲ Start ဆိုတာလေးကို ထောက်လိုက်ရင် Start Menu Bar လေးပေါ်လာမယ်.. အဲ့ဒီကမှ မိမိ Windows မှာတင်ထားတဲ့ Application တွေကိုရှာမယ် ဆိုရင်ပဲဖြစ်ဖြစ် Setting မှာသွားပြီးရှာမယ်ဆိုရင်ပဲဖြစ်ဖြစ် Search ကနေသွားပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်..


အပေါ်ကပုံ အတိုင်းပေါ်လာရင် ကျွန်တော်တို့က အရင်ဆုံး Application ထဲမှာရှာချင်တာလား , Setting ထဲမှာရှာချင်တာလား ဆိုတာကိုအရင်ရွေးပေးလိုက်ပါ.. ပြီးရင် Search မှာ ဥပမာ ၊ ၊ Mozilla Firefox ကိုရှာချင်တယ်ဆိုရင် Mozilla Firefox ကိုရှာ ပြီးရင် ဆက်လုပ်လို့ရမယ့် Function တွေကို အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..


အောက်ကပုံအတိုင်း ကိုရွေးထားတဲ့ Application ကိုချက်ချင်း မဖွင့်ပဲ Tab Bar ထဲမှာထည့်မှာလား တစ်ခြားသုံးလို့ ရတဲ့ Function လေးတွေလဲရှိပါသေးတယ်.. အရင်ဆုံး Firefox ကိုရွေးထားတယ်ဆိုရင် အဲ့ဒီကောင်လေးကို Right Click ထောက်လိုက်ပါ.. ဒါဆိုရင် အမှန်ခြစ်လေး ဖြစ်သွားပါလိမ့်မယ်..


ပြီးရင်ဒီကောင်လေးကို  Run မှာလား စတာတွေကိုလုပ်ပေးလို့ရပါတယ်.. ကျွန်တော်ကနမူနာ သဘောပြောပြပေးတာပါ.. သုံးကြည့်လိုက်ရင် သဘောပေါက်သွားပါလိမ့်မယ်..


အောက်ကပုံကတော့ ကျွန်တော်တို့ Start Menu Bar ကနေ Setting ကိုဝင်လိုက်ရင် တွေ့ရမဲ့ ပုံစံပါ.. Setting အောက်မှာ ကျွန်တော်တို့  Sound ပိုင်းတွေ Network ပိုင်းတွေ အတွက်ဆောင်ရွက် လို့ရမှာဖြစ်တဲ့ အပြင် ကွန်ပျူတာကို Shurt Down ချမယ် , Restart ချမယ်  ဆိုရင် ဒီအထဲက Power ကနေသွားပြီး လုပ်ပေးရမှာဖြစ်ပါတယ်..


ဒါလေးပြီးတော့ Folder Option အပိုင်းလေ နည်းနည်းလှည့်ကြည့်ရအောင် .. ဒီနေရာမှာတစ်ခု သတိထားမိလားတော့မသိဘူး Srart Menu Bar မပါတော့ အရင်လို Control Panel ကိုဘယ်လို သွားမလဲ ဆိုပြီးမေးစရာ ဖြစ်လာပါလိမ့်မယ် .. အဲ့ဒီအတွက် Windows 8 မှာတော့ Folder Option မှာ ပိုပြီးတော့ အဆင်ပြေအောင် လုပ်ပေးထားပါတယ်.. အောက်မှာ ကျွန်တော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..


အပေါ်ကပုံမှာ ပြထားသလို အရင်လို အလုပ်ရှုပ်နေစရာ မလိုတော့ပဲ Control Panel ကိုသွားမယ်ဆို ရင်လဲ Open Control Panel ကိုရွေးပြီးသွားလိုက်ယုံပါပဲ ဒါမှမဟုတ် Uninstall လုပ်မယ်ဆိုရင်လဲ Uninstall or Change a program ကနေ တိုက်ရိုက်သွားလို့ရပါတယ်..


အပေါ်က ပုံနဲ့ အောက်ကပုံက ဘာကိုပြထားတာလဲ ဆိုတော့ ကျွန်တော်တို့က Folder တွေကို တစ်နေရာကနေ တစ်နေရာကို  တစ်နေရာကနေတစ်နေရာ ကိုအလွယ်တကူ ရွေ့နိုင်မယ် . ဒါမှမဟုတ် မိမိတို့ Copy ကူချင်တဲ့ နေရာကို တိုရိုက် Copy ကူးလို့ရမယ် ဖျက်ချင်တဲ့ဖိုဒါကို ရွေးပြီး Delete တိုက်ရိုက် လုပ်လို့ရမယ် .. Rename ပေးချင်ရင်လဲ တိုက်ရိုက်ပေးလို့ ရမယ်.. ဒါက ပိုပြီးအသုံးပြုလို့အဆင်ပြေ အောင်လုပ်ပေးထားတဲ့ Function တွေပါ..


ကျွန်တော်တို့ Folder Option  ထဲက View  ကတော့အရင်ထက် အသုံးပြုရတာ ပိုအဆင်ပြေသွား တာပေါ့..


ပြီးရင် ကျွန်တော်တို့ Drive  ကိုသွားကြည့်လိုက်ပါ .. အရင်လို Partaio တွေကို Clean Up လုပ်ချင်တာပဲ ဖြစ်ဖြစ် Format လုပ်ချင်တာပဲ ဖြစ်ဖြစ် အလွယ်တကူဆောင်ရွက် နိုင်မှာဖြစ်ပါတယ်..


ပြီးရင်နောက်တစ် ချက်ကတော့ Unicode Font ကို Windows 8 မှာ Support လုပ်တာပဲ ဖြစ်ပါတယ်.. ဒါကတော့ Windows 8 ထွက်လာတာနဲ့ ပါတ်သတ်ပြီး မြန်မာလူမျိုး တွေအတွက် အဓိကအားသာချက် ဖြစ်ပါတယ်. အရင်လို ဖောင့်သက်သက် Install လုပ်စရာမလိုပဲ Unicode နဲ့ရေးထားတဲ့ စာတွေကို ဖတ်လို့ရမှာဖြစ်ပါတယ်.. အရင်လို မြန်မာဖောင့်နေရာဆိုရင် အတုံးတုံးလေးတွေ အပေးတော့ ပဲဖောင့်ပေါ် သွားပြီပေါ့ဗျာ.. တကယ် ကြိုးစားပေးကြတဲ့ ပညာရှင်တွေကိုလဲ အရမ်း ကျေးဇူးတင်ဖို့ ကောင်းပါတယ်.အောက်မှာ ကြည့်ကြည့်ပါ Myanmar Text Regular ဆိုပြီးတွေ့ ပါလိမ့်မယ်..
အောက်ကပုံကတော့ သူထဲမှာ မူရင်းပါတဲ့ Theme ပုံပါ.. 
အောက်ကပုံကတော့ ကျွန်တ်ာတို့  Welcome Screen ပုံလေးပါ.. ကျွန်တော်တို့က Enter ခေါက်ပြီး ၀င်သွားရမှာ ဖြစ်ပါတယ်.. မိမိတို့စိတ်ကြိုက် ပုံစံပြောင်းလို့ရပါတယ်..
အောက်ကပုံကတော့ ကျွန်တော်တို့ ၀င်သွားလိုက်ရင် Windows Install လုပ်တုန်းက အကောင့်ဖောက်ခဲ့သလိုပဲ User ပေါ်နေမှာဖြစ်ပါတယ်.. အဲ့ဒီကနေ၀င် ပြီးရင် Password ရိုက်ထည့်ပြီးဝင်သွား လိုက်ယုံပါပဲ..
ဒီလောက် ဆိုရင်တော့ Windows 8 နဲ့ပါတ်သတ်ပြီး တီးမိခေါက်မိတော့ ရှိသွားလိမ့်မယ်လို့ ထင်ပါတယ်.. ကျွန်တော်လဲ လောလောဆယ် စမ်းကြည့်မိတာ လေးတွေပဲရေးပေး ထားတာပါ.. Windows 7 အသုံးပြုနေသူ တွေအတွက်တော့ သုံးရတာ အရမ်းကြီးခက်ခဲမှု ရှိမှာမဟုတ်ပါဘူး..

အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ..

20 comments:

  1. အခုလိုရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

    ReplyDelete
  2. အထူးပဲကျေးဇူးတင်ပါတယ် နောက်လဲ windows 8 အကြောင်းများရှိရင်ရှင်ပြပေးပါဦး

    ReplyDelete
  3. channyeinsoe46@gmail.comNovember 16, 2011 at 8:18 PM

    အကိုရေကျွှန်တော့်စက်မှာdriveပျောက်နေလို့ကူညီပါဦး။

    ReplyDelete
  4. ဟုတ်ကဲ့အကို .. အဆင်ပြေမယ်ဆိုရင် အကိုဖြစ်နေတာလေးကို မေးလ်ပို့ပေးပါလားခင်ဗျာ ..

    ReplyDelete
  5. ကျေးဇူးပါ ကိုနေမင်းမောင် ခင်ဗျာ...ဒီပို့စ် လေးကို ကူးသွားပါတယ်..အခက်အခဲရှိတဲ့အခါ အကူအညီတောင်းမယ်နော်...

    ReplyDelete
  6. အကို တင်ထားတာ ကောင်းပါတယ် ဒါပေမဲ အကို အနော်ကလဲ အခု မှ လေလာမလိုရှိပါတယ် အကိုကိုယ် စော်ကားသလိုဖြစ်သွားမယ်ဆို တောင်းပန်ပါတယ် အကို အနေနဲ နောက်ထပ် ပြည်ပြည်စုံစုံလေး ထပ်တင်ပေးဖိုမျှော်လင့်ပါတယ် လုံခြုံရေးနဲ ပက်သက်တာ နောက်ပြိးတော့ အသုံးပြုနည်းတွေ အများကြိးကွဲလွဲတာ ရှိသေးတယ် ဗျ ဒိကနေပြောရင်တော့ မပြိးတော့ပါဘူး ဗျာ( ကော်ပိ ) ကူးတာ လည်းတော်တော်လေးကွဲလွဲတယ်ဗျ
    မယုံစမ်းကြည်နော် အကို အဲဒိမှာ အကို တစ်ခုကို ကူးပြိး ရပ်ထား နောက်ထပ်တစ်ခု ထပ်ကူး ရတယ် ပြောရင် တော့ မကုန်နိုင်ဘူး ဗျာ ဘာပဲ ပြောပြော အကို ကိုယ် ကျေးဇူး တင်ပါတယ် လေးလည်း လေးစားပါတယ် ခင်ဗျာ ..........

    ReplyDelete
  7. ဟုတ်ကဲ့အကို .. အခုလိုမျိုး ဝေဖန်ပေးတာလည်း ကျေးဇူးတင်ပါတယ် .. အမှန်အတိုင်းပြောရရင်တော့ အကိုရာ ကျွန်တော်ဒီပို့စ်လေးကို ရေးပေးတယ် ဆိုတာကလည်း အမြည်းသဘောအနေနဲ့ Windows 8 နဲ့ပါတ်သတ်တာလေးတွေကို မသုံးရသေးတဲ့ သူတွေ သိအောင်လောက်ပဲ လေ့လာပြီး ရေးပေးဖြစ်တာပါ .. တကယ့်တကယ်ကျတော့ Windows တစ်ခု ဆိုတာ အချိန်နည်းနည်းပေးပြီး သုံးကြည့်လိုက်တာနဲ့ ဒီဝင်းဒိုးရဲ့ အပေါ်ယံ အသုံးပြုနည်းကိုတော့ အားလုံးသဘော ပေါက်သွားတာပါပဲ .. ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ပို့စ်တစ်ခု ရေးတယ်ဆိုတာ အချိန်ပေးရပါတယ်အကို ..နောက်တစ်ချက်က အသုံးဝင်တာ မ၀င်တာ တစ်ချက်ရှိပါသေးတယ် .. Popular ဖြစ်တာလေး တစ်ခုလောက်နဲ့တော့ အဲ့ဒီလိုမျိုးပို့စ်ကို ကျွန်တော် မရေးပေးချင်သေးပါဘူးအကို .. နောက်ပိုင်း Windows 8 ဆိုတာကို တကယ်ပဲ တွင်တွင်ကျယ်ကျယ် သုံးလာပြီ ဆိုရင်တော့ ဒီကောင်နဲ့ပါတ်သတ်တဲ့ Windows တစ်ခုကို Backup လုပ်ထားသင့်တဲ့အပိုင်းတွေ တောင်ယုံတန်ယုံ Error လောက်တွေကို Restore ပြန်လုပ်ယုံနဲ့ Windows ပြန်တင်စရာမလို အောင်ဘယ်လိုလုပ်လို့ရမယ် ဆိုတဲ့အပိုင်းမျိုးတွေကို ကျွန်တော် အဓိကထားပြီးပဲ ရေးပေးချင်တာပါ .. ရေးလည်းရေးသွားမှာပါ .. အခုကျွန်တော်ရေးခဲ့တဲ့ ပို့စ်မှာ ခေါင်းစဉ်ကိုက Windows 8 အားလေ့လာခြင်းလို့ မပေးပဲ Windows 8 အကြောင်းတစ်စေ့တစ်စောင်းလို့ ပေးခဲ့တာလည်း Windows 8 နဲ့ပါတ်သတ်ပြီး ပေါ်ခါစအနေအထားမှာ ဘာတွေသုံးလို့ရတယ် .. ဘယ်လိုပုံစံတွေပါတယ် ဆိုတာကို မိတ်ဆက်အနေနဲ့ပဲ ရေးပေးထားတာပါ .. ဒါကြောင့်လိုအပ်ချက်တွေ ရှိတယ်ဆိုရင်တော့ နားလည်ပေးနိုင်မယ်လို့ထင်ပါတယ်ခင်ဗျာ .. ခင်မင်လေးစားစွာဖြင့် ... နေမင်းမောင်

    ReplyDelete
  8. မလောက်လေးမလောက်စားNovember 29, 2011 at 5:40 PM

    thankတင်မဟုတ်ပါဘူး တော်ပါတယ်မိုက်ပါတယ်နောင်လဲများများသိများများေ၇းပီးများများတင်နိုင်ပါစေအကိုကောင်းပါတယ်ခုမှဝင်ကြည်.ဖစ်တာသူမျာြးော့လို.
    တော်တော်မိုက်တယ်
    နောင်လဲဝင်ကြည်.ဖစ်မှာပါကျေးဇူးတင်ပါတယ်အကို

    ReplyDelete
  9. ကျေးဇူးတင်ပါတယ်အစ်ကိုရေ

    ReplyDelete
  10. အစ်ကိုနေမင်းမောင်ရေ....
    Windows 8 အကြောင်းတစ်စေ့တစ်စောင်းတဲ့..
    အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်...
    ကျွန်တော်တို့အတွက်တော့...အများကြီး....အသိပညာတွေရသွားတယ်ဗျိုး........
    ကျေးဇူးလည်းတင်ပါတယ်
    ကျန်းမာချမ်းသာပါစေဗျာ..

    ReplyDelete
  11. အသေးလေးJanuary 9, 2012 at 8:39 AM

    ခုလိုမျိုးUpdate လေးတွေတင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်..။
    ဒါပေမယ့် အစ်ကိုတင်ပေးထားတဲ့ post တွေကို pdf file ပါတင်ပေးရင်အရမ်းကောင်းမယ်နော်။
    အကြံပေးတာပါ၊

    ReplyDelete
  12. ဟုတ်ကဲ့ခင်ဗျာ .. အလိုအကြံပေးတာ ကျေးဇူးတင်ပါတယ်အကို ..

    ReplyDelete
  13. ဟုတ်ကဲ့အကို .. ကျွန်တော် ဒီအောက်ကလင့်မှာ တင်ပေးထားပါတယ်အကို .။.

    http://www.nayminmaung.info/2011/09/windows-8-developer-preview-build-8102.html

    ReplyDelete
  14. အကို့ကိုတစ်ခုလောက်မေးချင်ပါတယ်...ဝင်းဒိုး 8 ကိုကျွန်တော်ခုလက်ရှိစမ်းသုံးနေပါတယ်..ကျွန်တေည်မသိ
    တာက Theme ပြောလိုက်တဲ့အချိန်မှာမြန်မာစာရိုက်လို့မရတော့ပါဘူး..7 မှာတော့ window color နေရာမှာ
    သွားချိန်ရင်ရပါတယ် 8 မှာကြတျော့မပါတော့ပါဘူး..ဘယ်လိုလုပ်ရပါ့မလဲဗျာ..ပြောပြပေးပါနော်...Theme တစ်ခါပြောင်းရင်ဇော်ဂျီကိုတစ်ခါပြစ်ပြီးတစ်ခါပြန်အင်စတောလုပ်နေရတယ်...ပြောပြပေးပါနော်...ကျေးဇူးတင်ပါတယ်..

    ReplyDelete
  15. အကို့ကိုတစ်ခုလောက်မေးချင်ပါတယ်...ဝင်းဒိုး 8 ကိုကျွန်တော်ခုလက်ရှိစမ်းသုံးနေပါတယ်..ကျွန်တေည်မသိ
    တာက Theme ပြောလိုက်တဲ့အချိန်မှာမြန်မာစာရိုက်လို့မရတော့ပါဘူး..7 မှာတော့ window color နေရာမှာ
    သွားချိန်ရင်ရပါတယ် 8 မှာကြတျော့မပါတော့ပါဘူး..ဘယ်လိုလုပ်ရပါ့မလဲဗျာ..ပြောပြပေးပါနော်...Theme တစ်ခါပြောင်းရင်ဇော်ဂျီကိုတစ်ခါပြစ်ပြီးတစ်ခါပြန်အင်စတောလုပ်နေရတယ်...ပြောပြပေးပါနော်...ကျေးဇူးတင်ပါတယ်..

    ReplyDelete
  16. အကို့ကိုတစ်ခုလောက်မေးချင်ပါတယ်...ဝင်းဒိုး 8 ကိုကျွန်တော်ခုလက်ရှိစမ်းသုံးနေပါတယ်..ကျွန်တေည်မသိ
    တာက Theme ပြောလိုက်တဲ့အချိန်မှာမြန်မာစာရိုက်လို့မရတော့ပါဘူး..7 မှာတော့ window color နေရာမှာ
    သွားချိန်ရင်ရပါတယ် 8 မှာကြတျော့မပါတော့ပါဘူး..ဘယ်လိုလုပ်ရပါ့မလဲဗျာ..ပြောပြပေးပါနော်...Theme တစ်ခါပြောင်းရင်ဇော်ဂျီကိုတစ်ခါပြစ်ပြီးတစ်ခါပြန်အင်စတောလုပ်နေရတယ်...ပြောပြပေးပါနော်...ကျေးဇူးတင်ပါတယ်..

    ReplyDelete
  17. အကို့ကိုတစ်ခုလောက်မေးချင်ပါတယ်...ဝင်းဒိုး 8 ကိုကျွန်တော်ခုလက်ရှိစမ်းသုံးနေပါတယ်..ကျွန်တေည်မသိ
    တာက Theme ပြောလိုက်တဲ့အချိန်မှာမြန်မာစာရိုက်လို့မရတော့ပါဘူး..7 မှာတော့ window color နေရာမှာ
    သွားချိန်ရင်ရပါတယ် 8 မှာကြတျော့မပါတော့ပါဘူး..ဘယ်လိုလုပ်ရပါ့မလဲဗျာ..ပြောပြပေးပါနော်...Theme တစ်ခါပြောင်းရင်ဇော်ဂျီကိုတစ်ခါပြစ်ပြီးတစ်ခါပြန်အင်စတောလုပ်နေရတယ်...ပြောပြပေးပါနော်...ကျေးဇူးတင်ပါတယ်..

    ReplyDelete
  18. thank you very much.
    next day see you

    ReplyDelete
  19. ဒါပေမဲ့ Windows 8 Developer Preview က VMWare အတွက်သုံးဖို့ပဲလားဗျာ တကယ်အနေနဲ့ရော မိမိPC မှာရောသူ့ရဲ့ functions အပြည့်သုံးနိုင်ပါ့မလား

    ReplyDelete
  20. မိမိတို့ရဲ့ ကွန်ပျူတာမှာ တင်ပြီး သုံးရင်လည်း ရပါတယ် .. ကျွန်တော်က သူ့ရဲ့ ပုံစံလေးကို သိချင်သူတွေ အတွက် သက်သက် တင်စရာမလိုပဲ ဒီနည်းလမ်းလေးကို သုံးပြီး အလွယ်တကူ သိနိုင်လို့ ရေးပေးထားတာပါ ..

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်