• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Friday, March 9, 2012

Windows အတက်မှာ မိမိ မတက် စေချင်တဲ့ Program တွေကို ဖြုတ် ထားချင် တယ် ဆိုရင်



ကျွန်တော်အခုတလော အများစု ခဏခဏ အဆင်မပြေ ဖြစ်နေတဲ့ နည်းလမ်းလေး တစ်ခုကို ရေးပေးပါမယ် .. ကျွန်တော်တို့ Windows စတက်တက်ချင်းမှာ Program တွေ အများကြီး တက်မလာစေချင်တဲ့သူတွေ ၊ Windows အတက်မှာ မိမိ မလိုအပ်တဲ့ Application တွေ တက်မလာအောင် ဖြုတ်ထားချင်တဲ့ သူတွေ ၊ မိမိတို့က Application တွေကို Uninstall လုပ်လိုက်ပေမယ့် လည်း Windows စတက်တက်ချင်းမှာ အဲ့ဒီဖြုတ်ပြီး သား Application က တက်တက်လာတာတွေကို ကြုံတွေ့နေရတဲ့ သူတွေအတွက် ဖြေရှင်းလို့ ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားမှာ ဖြစ်ပါတယ် ..နည်းလမ်းလေးကတော့ လွယ်ပါတယ် ..အောက်မှာ ကျွန်တော် ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..

အရင်ဆုံး Keyboard မှ Ctrl + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ msconfig လို့ရိုက်ထည့်ပြီး OK ပေးလိုက်ပါ .. ဒါဆိုရင် System Configuration Box လေးပေါ်လာပါလိမ့်မယ် ..

ပြီးရင် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း မိမိတို့ Windows စတက်တက်လာချင်းမှာ မတက်စေချင်တဲ့ Program တွေကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ .. ကိုယ်က ဘယ် Program ကို မတက်စေချင်တာလည်း ဆိုတာကိုတော့ နာမည်လေးတော့ သေချာ မှတ်ထားပေါ့ဗျာ .. တော်ကြာ မှားပြီး ဖြုတ်မိနေမှာ စိုးလို့ပါ .. ပြီးရင်တော့ Apply >> OK ပေးလိုက်ပါ ..


အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Restart ပေးလိုက်ယုံပါပဲ ..

ဒါဆိုရင်တော့ မိမိတို့ မတက်စေချင်တဲ့ Program ကို Windows တက်အလာမှာ တွေ့ရတော့မှာ မဟုတ်ပါဘူး..

အားလုံးပဲ အဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ ..


15 comments:

  1. ဖတ်သွားပါတယ်ရှင်
    ကျေးကျေးပါ

    ReplyDelete
  2. ကျေးဇူး အများကြီးတင်ပါတယ် အသိပညာတွေ ဒီထက်မက တိုးပွား အောင်မြင်ပါစေ

    ReplyDelete
  3. Thanks a million,bro.

    ReplyDelete
  4. ကျေးဇူးပါ

    ReplyDelete
  5. ကျေးဇူးပါ .... စမ်းကြည့်လိုက်ပါအုံးမယ်အစ်ကို

    ReplyDelete
  6. ကျေးဇူးပါအစ်ကို..... စမ်းကြည့်လိုက်ပါအုံးမယ်။ cs3 Portable လေးများရှိရင် တင်ပေးပါအုံးခင်ဗျာ ... အစ်ကိုအားတဲ့အချိန်ပေါ့။

    ReplyDelete
  7. Thank . Mr Nay Min Maung . myanmar write can't likthat ေေေေေေေ why? place help me . very thank

    ReplyDelete
  8. ကျေးဇူးအထူးတင်ပါတယ်အကို

    ReplyDelete
  9. thank ...အကိုဆိုဒ်ကို အမြဲလို ၀င်ကြည့်ဖြစ်ပါတယ်..လိုအပ်တာလေးတွေ့ ရင် ..ဒေါင်းသွားတယ်အကို..

    ReplyDelete
  10. သိုင်းကျူး ပါ%%%%

    ReplyDelete
  11. Desktop Computer မှာ Canon 2900 Printer ကို User Account နဲ့ မပိတ်ဘဲ Password နဲ့ပိတ်လို့ရတဲ့နည်းလေးသိချင်လို့ပါ။

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်