မင်္ဂလာပါခင်ဗျာ ... အဆင်မပြေတာများရှိရင် nayminmaung89@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ လေးစားစွာဖြင့် ... နေမင်းမောင်

  • Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Friday, March 30, 2012

Youtube မှ MP 4 Mp3 .FLV . အဖြစ် download လုပ်ရန်..


ကျွန်တော်တို့တွေ မြန်မာမှာလည်း youtube ကြည့်လို့ ရပြီလို့ သိရတော့ အတိုင်းမသိလေး ၀မ်းသာရပြန်ပါတယ်။ တကယ်တော့ youtube မှာ မကုန်ခမ်းနိုင်တဲ့ နည်းပညာတွေ အသိပညာ အတက်ပညာတွေ video ဖိုင်တွေနဲ့ပဲ့ သင်ပေးတင်ပေးနေတာတွေ ရှိတယ်။ ဒီနေရာမှာ အခွင့်အရေးရလာတဲ့ အချိန်မှာ ကြိုးစားကြပါလို့ တိုက်တွန်းရင် ကျွန်တော် ဒီနေ့ ဖော်ပြပေးမဲ့ အကြောင်းအရာလေးကတော့ youtube မှာ ကိုယ်ကြိုက်တဲ့ သီချင်းလေးပဲ့ ဖြစ်ဖြစ် tutorial ဖိုင်လေးတွေပဲ့ ဖြစ်ဖြစ် ဒေါင်းလုပ်ချချင်ကာကျရင် ကျွန်တော်တို့တွေ အရင်က IDM ကို အသုံးပြုထားရင် အပေါ်မှာ ICon လေးပေါ်ပြီး ဒေါင်းလုပ်တန်းရပေ့မယ် IDM က error များတဲ့ အတွက် မသုံးချင်ကြတော့ဘူး။ဒီတော့ ကျွန်တော်တို့တွေက Mozilla firefox ကို အသုံးများတော့ Add on အကောင်းဆုံးတွေကို စမ်းသပ် ရှာဖွေပေးလိုက်ပါတယ်။ IDM မလိုဘူး Add On ပဲ့ လိုပါတယ်။ idm နှင့်ပတ်သတ်တဲ့ ပြသနာတွေ ဖြေရှင်းနိုင်ဖို့ကိုလည်း ကျွန်တော် ဒီနေရာမှာ သေချာ ရေးပြ ရှင်းပြခဲ့ပြီးပါပြီ။

Thursday, March 29, 2012

laptop tutorial videos by TzH


ကျွန်တော် ဒီနေ့ ဆွေးနွေးပေးမယ့် အကြောင်းအရာလေးကတော့ အများကြီး လေရှည်မနေတော့ပါဘူး။ ကျွန်တော်တို့ ခုနောက်ပိုင်း ခေတ်ထ လာတဲ့ Laptop ပိုင်းတွေကို ပျက်ရင် ပြင်ဆင်တဲ့ အပိုင်းလေးတွေမှာ သိထားသင့်တာလေးတွေ ပြုပြင်တက်ဖို့တွေအတွက် Video ဖိုင်တွေ နဲ့ ရှင်းပြထားတာလေးတွေကို တင်ပေးမှာ ဖြစ်ပါတယ်။ ဘာတွေပါသလဲံ့ ဘယ် အပိုင်းတွေကို ပြင်ဆင်ပေးထားသလဲ့ဆိုတာကတော့ အောက်က ခေါင်းစဉ်တွေကို ကြည့်ပါ။ Laptop ရှိသူတိုင်း ဆောင်ထားသင့်တဲ့ အပိုင်းတွေ ချည်းပါပဲ့။ 
ဖြည်ဆွက်ချက် ... အပိုင်း ၁ ကို မေးလာတဲ့ အတွက် ဖြည့်ဆွက်ချက် အနေနဲ့ ထည့်ပြောလိုက်ပါတယ်။ အပိုင်း ၁ က introdution အပိုင်းပါ။ အင်ထရို အပိုင်း နဲ့ စက္ကန့်လေး ၄၉ စက္ကန့်မို့ မထည့်ပေးလိုက်တော့တာပါ။ နားလည်ပေးနိုင်မယ် ထင်ပါတယ်။ 

Laptop များနှင့် Battery Life




Meeting တစ်ခုခု သွားရင်း - ကျောင်းစာကြည့်တိုက်သွားရင်း - ဒါမှမဟုတ် အရေးကြီးကိစ္စတစ်ခုခု အတွက် ထွက်လာရင်း လမ်းခရီးရောက်မှ ကျွန်တော်တို့သုံးနေတဲ့ Laptop အတွက် Power ကြိုး အိမ်မှာ မေ့ကျန်ခဲ့ကြပြီ ဆိုပါစို့။ သွားရမယ့် နေရာကလည်း ရောက်ခါနီးနေပြီ။ အိမ်ပြန်ပြီး ယူဖို့ကိုလည်း အချိန်မပေးချင်တော့ဘူး - ဒါဆို ကျွန်တော်တို့ရဲ့ Laptops တွေကို အသုံးချရမယ့် နေရာမှာ Battery စားနှုန်း သက်သက်သာသာနဲ့ ကြာရှည်အသုံးချနိုင်အောင် ဘယ်လိုများ လုပ်ဆောင်ကြပါမလဲ။


Wednesday, March 28, 2012

hardware အကြောင်း သိကောင်းစရာ

ကျွန်တော် စာမရေးဖြစ်တာ အတော်ကြာပြီ။အခုလည်း ညီလေး နေမကောင်းနေတဲ့ အချိန်လေးတွေမှာ ဆိုဒ်မှာ စာလာဖတ်သူတွေ အတွက် အကျိုးရှိအောင် ပိုစ့်လေး တစ်ပိုစ့် တက်နိုင်သလောက်လေးပေါ့ တင်ပေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ ခဏ စာဝင်ရေးတာပါ။ ကျွန်တော် အရင်နှစ်တွေကတော့ စာကို ဇောက်ချ ရေးနိုင်ပေမယ် ဒီနှစ်တော့ စာမရေးဖြစ်တော့တာပါ။ စာတန်း တစ်ဖတ် ကွန်ပျုတာပိုင်း တစ်ဖတ် စာရေးဖို့ တစ်ဖတ်နဲ့ ဆို အတော်လေး ဗျာများလို့ စာရေးတဲ့ အပိုင်းကို လက်လွှတ်လိုက်တော့တာပါ။ ဒါကြောင့်မို့ စာမရေးတာလည်း ကြာပြီ ဆိုတော့ မှားတာတွေ ရှိလာခဲရင်လည်း နားလည်ပေးနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်ဗျာ။ ကဲ့ ဒီတော့ အစလည်း ပျိုးပြီးပြီ နိဒါန်းစပြီးရင်တော့ စာကိုယ်တော့ လာရတော့မယ် မဟုတ်လား။ ကျွန်တော်တို့ Hardware အကြောင်းကို စာအများကြီး ဖတ်စရာမလိုပဲ့ အတော် အသင့် တော်တော်လေး နားလည်သွားနိုင်အောင် ဒီပိုစ့်လေးကို တင်ပေးလိုက်တာပါ။
 

Monday, March 26, 2012

အဆင်ပြေကြပါစေ ။

ကျွန်တော် လည်းခုရက်ပိုင်း အဖျားက မထင်မှတ်ပဲ ရက်ရှည်သွားတော့ ဘာမှကို မလုပ်နိုင်ဘူး ဖြစ်နေလို့ပါ . လောလောဆယ် စာရေးနိုင်ဖို့ မရေးနိုင်ဖို့ ဆိုတာထက် နေကောင်းဖို့ကိုတောင် တော်တော် ကြိုးစားနေရလို့ပါ . ဖြစ်နိုင်ရင် အခုအချိန်တောင်းချင်တာ မေးချင်တာလေးတွေကို ကျွန်တော် ဘာမှလုပ်ပေးနိုင်မှာ မဟုတ်သေးပါဘူး .. ဆိုဒ်ကို ပိုစ် အသစ်တွေ မတင်ဖြစ် တာတောင် သံယောဇဉ်ထား ပေးကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် .. မိမိအတွက် လက်တလော အရေးမကြီးဘူး တောင်းဆိုချင်တာ အကြံပြုချင်တာများ ရှိရင်လည်း မေးလ်ပို့ထားနိုင်ပါတယ် ။ အားလုံးပဲ ကျန်းမာ ပျော်ရွင်တဲ့ ဘ၀လေးတွေကို ပိုင်ဆိုင် နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ..

ခင်မင်လေးစားစွာဖြင့် .... နေမင်းမောင် 

Saturday, March 17, 2012

ကျွန်တော် စိတ်ကူးမိသော အမြင်လေးများ



ကျွန်တော့် ဆိုဒ်မှာ အခုတက်ပိုင်း တက်နိုင်တာလေးတွေကို တစ်နိုင်တစ်ပိုင် ရေးပေးဖို့တော့ စဉ်းစားနေပါတယ် .. အပြင်မှာ ကွန်ပျူတာ သင်တန်း တက်ဖို့ အခက်အခဲ ဖြစ်နေတဲ့ သူတွေအတွက် ကွန်ပျူတာ အခြေခံလောက်ကိုတော့ ကျွန်တော်ရေးပေးထားတဲ့ ပို့စ်လေးတွေကိုဖတ်ပြီး အဆင်ပြေပြေနဲ့ လုပ်တက်သွားအောင် ကျွန်တော် ရေးပေးသွားချင်ပါတယ် .. နောက်ပိုင်း ရေးသမျှပို့စ်တွေ အကုန်လုံးကိုလည်း PDF ထုတ်ပေးသွားပါမယ် .. အရင်က ရေးထားပြီးသား ပို့စ်တွေကိုလည်း PDF ပြန်ထုတ်ပြီး ပြန်တင်ပေး သွားပါမယ် .. 

ကျွန်တော် စဉ်းစား ထားတာက ကျွန်တော့်ဆိုဒ်လေးကနေပြီး ကွန်ပျူတာ အခြေခံလောက်လေးတွေကို တက်နိုင်သလောက်လေး ရေးပေးရင်း ကိုယ်တိုင် လေ့လာနိုင်တဲ့ အနေအထား တစ်ခုအထိ ရောက်အောင် ကျွန်တော် တက်နိုင်သလောက် တွဲခေါ်သွားချင်ပါတယ် .. ကျွန်တော် တော်ယုံတန်ယုံ ဆိုဒ်နဲ့ပါတ်သတ်ပြီးရော ကိုယ်ပိုင် အမြင်လေးတွေကိုရော မရေးဖြစ်ပါဘူး .. ကျွန်တော် ရေးချင်ပါတယ် .. ဒါပေမယ့် အဲ့လို ရေးမဲ့ အချိန်ကို အားလုံးအတွက် အသုံးဝင်မဲ့ ပို့စ်လေးတစ်ခု ရေးလိုက်တာ ပိုပြီး တန်ဖိုးရှိပါတယ် ဆိုတဲ့ စိတ်လေး ၀င်လာလိုက် မရေးဖြစ်တော့လိုက် ဖြစ်ဖြစ်သွားတာပါ .. ဒီနေ့တော့ ကျွန်တော် စိတ်ကူးထားတာလေးကို လည်း ကျွန်တော့် ဆိုဒ်လေးကို နေ့စဉ် ၀င်ရောက် အားပေးနေတဲ့ သူများ အားလုံးကိုလည်း ပြန်ပြီး ပြောပြ ပေးချင်တဲ့ သဘောနဲ့ ရေးဖြစ်သွားတာပါ .. 

Windows 8 Consumer Preview ကို Virtual Box ထဲမှာ စမ်းပြီး သုံးကြည့်ရအောင်



ကျွန်တော် အခု  Windows 8 Consumer Preview ကိုစမ်းပြီး အသုံးပြုချင်သူများ အတွက် Virtual Box ပေါ်မှာ တင်ပြီးတော့ စမ်းသပ် အသုံးပြုလို့ ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. ကျွန်တော် အရင်က လည်း မြန်မာ ၀င်းဒိုးကို Virtual Box ပေါ်မှာ တင်ပြီး အသုံးပြုနည်း ဆိုပြီး ရေးပေးခဲ့ဖူးပါတယ် .. အခု ကျွန်တော် Virtual Box Install လုပ်ပုံကအစ တစ်ဆင့်ချင်း ရေးပေးသွားပါမယ် .. မသိသေးတဲ့ သူများပါ စမ်းသုံးကြည့်ချင်ရင် အဆင်ပြေပြေ လုပ်တက်သွား စေချင်လို့ပါ .. 

Friday, March 16, 2012

ArcSoft Perfect365 1.1.0.12


ကျွန်တော်တို့ ဓါတ်ပုံလေးတွေကို အကောင်းဆုံးနဲ့ အလွယ်ဆုံးပြုပြင်ပေးနိုင်ဖို့အတွက် ဒီ Tools လေးတစ်ခု တင်ပေးလိုက်ပါတယ်။ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ ကလစ်တစ်ချက်နဲ့တင်ကို ကျွန်တော်တို့ရဲ့ မျက်နှာက အမဲစက် တွေ အချိုင့်တွေ နဲ့ တခြား မျက်ကွင်းညိုတာကအစ ပေါ့ပေါ့ပါးပါးနဲ့  အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ မိန်းကလေးတွေအတွက်ဆိုရင်တော့ ပိုပြီးအဆင်ပြေပါတယ်။ မျက်တောင်အတုထည့်ပေးတာက အစ ပါဝင်ပါတယ်။ အသုံးပြုနည်းကတော့ ရိုးရှင်းပါတယ်။ 13.9 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ဗျာ။

Internet Download Manager 6.10 Build 2 Final


ကျွန်တော်ဒီနေ့  Internet Download Manager မှာ နောက်ဆုံး Update လေးဖြစ်တဲ့ Build 7  Beta Version လေးတင်ပေးလိုက်ပါတယ်။  ဒီနေ့ Build 5 ထပ်ထွက်ပါတယ်။ ကျွန်တော်လည်းနည်းနည်း လေးနောက်ကျသွားပါတယ်။    IDM ကိုတော့ ကျွန်တော် Update ဖြစ်တိုင်းနောက်မကျအောင် တင်တင် ပေးသွားမှာပါ။ အခုလည်း IDM ကို Install လုပ်ရတာအဆင်မပြေသူများအတွက် ဒီလင့်ခ်လေး မှာရှင်းပြပေးထားပါတယ်။ ကြည့်ကြည့်လိုက်ပါ။ ဖိုင်ဆိုဒ်ကတော့ 5 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက် ပါဗျာ။

PDFCreator 1.3.1


ကျွန်တော်အခု PDF Creator ကိုအသုံးပြုနေသူများအတွက် နောက်ဆုံးထပ်ထွက်လာတဲ့  ကောင်လေးတင်ပေး လိုက်ပါတယ်။ ကျွန်တော်တို့ Microsoft word ကနေ PDF ချိန်းနေသူများ နဲ့ လိုအပ်နေသူများအတွက် တင်ပေးလိုက်ပါတယ်။ ကျွန်တော်အများကြီးတော့ မပြောပြတော့ပါဘူး။ သုံးနေတဲ့သူအများလဲ သိကြမယ်ထင်ပါတယ်။ ဖိုင်ဆိုဒ်က 17.3 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

Advanced SystemCare Pro 5.2.0.223


ကျွန်တော် ဒီလိုကောင်လေးတွေ အရင်က လည်း အများကြီး တင်ပေးခဲ့ပြီးပါပြီ။ အခုနောက်ဆုံးထပ်ထွက် လာတဲ့ Update လေးဖြစ်ပါတယ်။ Support လုပ်ပေးနိုင်တဲ့ OS တွေကတော့ Microsoft® Windows® 7 (32-bit and 64-bit) Starter/ Home Basic/Home Premium/Professional/Ultimate ,Microsoft® Windows® Vista (32-bit and 64-bit) Starter/Home Basic/Home Premium/Business /Ultimate ,Microsoft® Windows® XP (32-bit and 64-bit) with SP2/SP3 or Home/Professional/Media Center,Microsoft® Windows® 2000 စတဲ့ OS တွေကို Support လုပ်ပေးနိုင်ပါတယ်။ အောက်မှာ သူ့ရဲ့ Features လေးတွေကိုလည်း ထပ်ထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့   30.6 MB ပဲရှိပါတယ်.။ အောက်မှာ ယူသွားလိုက်ပါဗျာ။.

Perfect Uninstaller 6.3.3.9

ကျွန်တော် Software လေးတွေ Update တင်မပေးဖြစ်တာ တော်တော်ကြာသွားပါတယ်။ မအားတာလေးတွေရော တခြားအကြောင်းလေးတွေရောကြောင့် Update နည်းနည်းနောက်ကျသွားတာ ခွင့်လွှတ်ပါဗျာ.။ အခုကျွန်တော်အရင်ကလည်းတင်ပေးခဲ့ဘူးပါတယ်။ အခုလည်း ဒီ Perfect Uninstaller လေးကို သုံးနေသူတွေလည်းရှိမှာပါ.။ တောင်းထားတာလေးလဲ အရင်ကရှိခဲ့ဘူးလို့ ကျွန်တော် နောက်ဆုံး Update လေးကိုရှာပြီး တင်ပေးလိုက်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 3.6 ပဲရှိပါတယ်.။ အထဲမှာ Full Version လေး သုံးလို့ရအောင် Keys လေးတွေပါ ထည့်ပေးထားပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။

Windows 7 SP 1 တွင် Language Pack ချိန်းပြီး သုံးချင်သူများ အတွက်



ကျွန်တော် ဒီနေ့တော့ Windows 7 SP1 ကို Language Pack ချိန်းပြီး အသုံးပြုချင် သူများအတွက် နည်းလမ်းလေးကို ပြန်ပြီးတော့ မျှဝေပေး သွားမှာ ဖြစ်ပါတယ် .. အရင်တုန်းကတော့ ရေးပေး ထားတာ ရှိပါတယ် .. အခု SP 1 အတွက် Language Pack ချိန်းလို့ရသွားပြီ ဖြစ်တဲ့အတွက် အသစ်ထပ်ရေးပေး သွားမှာ ဖြစ်ပါတယ် .. ကျွန်တော်တို့ အနေနဲ့ နိုင်ငံ ရပ်ခြားမှာ ရောက်နေတဲ့ အခါမှာ အများစု Laptop တွေဝယ် ကြတဲ့ အခါမှာ သူတို့ နိုင်ငံတွေရဲ့ Language တွေနဲ့ Windows တွေကို တင်ပေးလိုက်ကြပါတယ် .. အင်္ဂလိပ်လို အသုံးပြုတဲ့ နိုင်ငံတွေက ၀ယ်လိုက်တာ ဆိုရင်တော့ ပြသနာ မရှိပေမယ့် ဥပမာ ၊   ဂျပန်တို့ ၊ တရုတ်တို့ ၊ ရုရှားတို့ ကနေ ၀ယ်မယ်ဆိုရင် သူတို့ရဲ့ Language နဲ့ Windows ကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ် .. အဲ့ဒီအခါမှာ ကျွန်တော်တို့ အနေနဲ့ Orginal Windows ကိုလည်း မဖြုတ်ချင်ဘူး English လိုလည်း အသုံးပြုချင်တယ် ဆိုရင် အခု ကျွန်တော် ရေးပေးသွားမဲ့ နည်းလမ်းလေး အတိုင်း Language Pack ချိန်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. 

အင်တာနက် ဂျာနယ် အတွဲ ( ၁၃ ) ၊ အမှတ် ( ၁၁ )

ကျွန်တော် အခု အင်တာနက် ဂျာနယ် အတွဲ ( ၁၃ ) ၊ အမှတ် ( ၁၁ ) လေး ထပ်ပြီးတော့ ရှယ် ပေးလိုက်ပါတယ် http://mmzone.co.nr/  မှာ အပါတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်း တင်ပေးနေပါတယ် .. အခုလို အင်တာနက် ပေါ်မှာရှိတဲ့ ကွန်ပျူတာ ၀ါသနာရှင်များ အတွက် တကူတက Scan ဖတ်ပြီး တင်တင်ပေးနေတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် .. ကျွန်တော့်လိုပဲ အပြင်မှာ ၀ယ်ဖတ်ဖို့ အဆင်မပြေတဲ့ သူများ အဆင်ပြေအောင် ပြန်ရှယ် ပေးလိုက်ပါတယ် .. လိုအပ်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာဒေါင်းလော့ ချသွားလိုက်ပါ .. 

Windows 7 Home Basic နှင့် Starter အသုံးပြုသူများ အတွက်



အရင်က မေးထားတာလေးတွေ ရှိပါတယ် .. ကျွန်တော်တို့ Windows Home Basic တို့ Windows Starter တို့မှာ Ultimate တို့မှာပါတဲ့ Personalize မပါတဲ့ အတွက် ဘယ်လို အသုံးပြုလို့ ရမလည်း ဆိုပြီး မေးထားတာလေး ရှိပါတယ် .. ကျွန်တော် အခု အဲ့ဒီ အဆင်မပြေတဲ့ သူများအတွက် .. Personalization Panel v1.2.1  လေး တင်ပေးလိုက်ပါတယ် .. ဒီကောင်လေးကို အသုံးပြုပြီး Home Basic တို့ Starter  တို့မှာ Ultimate တို့မှာ အသုံးပြုရသလို Personalize လေးကို ထည့်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. အသုံးပြုရတာလည်း မခက်ပါဘူး .. အခု ကျွန်တော် တင်ပေးလိုက်တဲ့ ကောင်လေးကို မိမိတို့ ကွန်ပျူတာမှာ အင်စတော လုပ်ပေးလိုက်ပါ .. ပြီးရင် Restart ချပေးလိုက်ပါ .. Windows ပြန်တက်လာ ပြီဆိုရင် မိမိတို့ရဲ့ Windows Home Basic ဒါမှမဟုတ် Starter တို့မှာ Personalize လေးနဲ့ Aero Feature လေးကို အသုံးပြုနိုင်သွားပြီ ဖြစ်ပါလိမ့်မယ် .. ကျွန်တော် အောက်မှာ သုံးနေရာ ခွဲတင်ပေးထားပါတယ် .. လိုအပ်တဲ့ သူတွေကတော့ မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Thursday, March 15, 2012

MAGIX Digital DJ v2.00



MAGIX Digital DJ 2  ဆိုတာ DJ ဖန်တီးဖို့အတွက် အထောက်အကူ ပြုနိုင်တဲ့ ကောင်လေးပဲ ဖြစ်ပါတယ် .. ဒီကောင်လေးကို Windows  ရော MAC ရောနှစ်မျိုးလုံး အသုံး ပြုနိုင်ပါတယ် .. ၀ါသနာပါလို့ အချိန် ပေးပြီး ကလိချင်တဲ့ သူတွေ အတွက်လည်း အဆင်ပြေအောင် တင်ပေးလိုက်ပါတယ် .. အောက်မှာ သုံးနေရာ ခွဲပြီး တင်ပေးထားပါတယ် .. မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..

Soting Logo Maker 3.3



အခုကျွန်တော် .. Logo Maker လေးတစ်ခု ထပ်တင်ပေးလိုက်ပါတယ် .. Logo Maker လေးတွေတော့ ခဏခဏ တင်ပေးဖြစ်ပါတယ် .. အခုတင်ပေးလိုက်တဲ့ ကောင်လေးကတော့ Soting Logo Maker 3.3 ပဲ ဖြစ်ပါတယ် .. ကျွန်တော် လိုအပ်တဲ့ သူတွေအတွက် အဆင်ပြေအောင် အောက်မှာ သုံးနေရာ ခွဲပြီး တင်ပေးထားပါတယ် .. မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Internet Download Manager 6.10 Beta + Patch



Internet Download Manager 6.10 Beta Version လေးထွက်လာလို့ တင်ပေးလိုက်ပါတယ် .. Update လေးကိုမှ အသုံးပြုချင် သူတွေအတွက်ပါ .. IDM ကို အများစု အသုံးပြုနေကြတယ် ဆိုတဲ့အတိုင်း အများစုလည်း အဆင်မပြေကြတာ တွေ့ရပါတယ် .. ကျွန်တော် အဆင်ပြေအောင်တော့ ရေပေးထားတာတွေ ရှိပါတယ် .. သုံးနေလက်စ အဆင်ပြေနေတဲ့ သူတွေက ဒီကောင်လေးကို မသုံးချင်လည်း ရပါတယ် ။။ ကျွန်တော်က Update လေးကိုမှ သုံးချင်ပါတယ် ဆိုတဲ့ သူတွေအတွက် တင်ပေးလိုက်တာပါ .. ဒီကောင်လေးကို Full Version လေး သုံးချင်သူများ အတွက် အထဲမှာ Patch File လေးပါ ထည့်ပေးထားပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ...

Windows ခွေတွေကို Ultra ISO လေးသုံးပြီးအလွယ် ကူဆုံး Burn ရအောင်



ကျွန်တော် အားလုံး အတွက် အသုံးဝင်မယ် ထင်တာလေး တွေရေးဖို့၇ှိပါတယ်..။ ဒါပေမယ့် ဒီရက်ပိုင်းမအားသေးတာရယ် ၊ အချိန်မပေးနိုင်တာ ရယ်ကြောင့် မရေးဖြစ် သေးတာပါ..။ အခုလဲရတဲ့ အချိန်လေးကိုအသုံးဝင်တာလေး တစ်ခုတင်ပေး လိုက်ပါတယ်..။ ကျွန်တော့်ပို့ဒ်တွေကို ဖတ်ကြည့်၇င် သိပါလိမ့်မယ်.။ ကျွန်တော် မသိသေးတဲ့ သူများကို လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ဖို့ပဲ အဓိကထားပြီး ရေးနေတာ ဖြစ်တဲ့အတွက် သိပြီးသားသူများကလဲသည်းခံပြီး ဖတ်ပေးဖို့ တောင်းဆို ချင်ပါတယ်..။ ကျွန်တော်အခု Ultra ISO လေးကိုသုံးပြီးတော့ Windows ခွေတွေကို အလွယ်တကူနဲ့ Burn လို့ရမဲ့နည်းလမ်းလေးကို ပြန်ပြီးတော့ မျှဝေပေးခြင်ပါတယ်..

Tuesday, March 13, 2012

Virtual Drive အသုံးပြုနည်း


ကျွန်တော် ဒီနေ့တော့ Virtual Drive အသုံးပြုနည်းလေး ရေးပေးသွားပါမယ် .. သုံးဖူးတဲ့ သူများလည်း သိရင်တော့ သိပါလိမ့်မယ် .. ဒီကောင်လေးကို ဘာအတွက် အသုံးပြုတာလည်း ဆိုတာကိုတော့ ကျွန်တော်တို့ အနေနဲ့ Software CD တွေ Game CD တွေကို အသုံးပြုပြီး မိမိတို့ စက်မှာ Software ကို အသုံးပြုမယ် ၊ Game ကစားမယ် ဆိုရင် CD Drive ထဲမှာ CD ခွေထည့်ထားမှ အဲ့ဒီ ဆော့ဝဲလ်တွေ ၊ ဂိမ်းတွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. တကယ်လို့ ကျွန်တော်တို့ အနေနဲ့ Software CD တွေ Game CD တွေကနေတစ်ဆင့် CD Drive ထဲမှာ CD ခွေကို အမြဲတမ်း ထည့်မထားပဲ အသုံးပြုချင်တယ် ဆိုရင် ကျွန်တော် အခုပြောတဲ့ Virtual Drive ဆိုတဲ့ ကောင်လေးကို အသုံးပြုပြီး  Software တွေ Game တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. သဘောကတော့ ကျွန်တော်တို့ အနေနဲ့ CD ၊ DVD Drive အတု ဖန်တီးပြီး အသုံးပြုတဲ့ သဘောပဲ ဖြစ်ပါတယ် .. 

IObit Malware Fighter PRO 1.3.0.3 Final Multilanguage



စီဘောက်မှာ အကို တစ်ယောက် တောင်းထားလို့ DOWNLOAD IObit Malware Fighter Pro ဗားရှင်းလေး တင်ပေးလိုက်ပါတယ် .. ကျွန်တော် ဒီကောင်လေးကို Pro Version လေးသုံးဖို့ အတွက် Serial Key လေးပါ ထည့်ပေးလိုက်ပါတယ် .. ဒီကောင်လေးကို အသုံးပြု ဖို့ပြီး မိမိတို့ ကွန်ပျူတာမှာ ၀င်ရောက်လာမဲ့ spyware, adware, trojans, keyloggers, bots, worms, and hijackers တွေကို ကာကွယ် ပေးနိုင်မှာ ဖြစ်ပါတယ် .. ကျွန်တော် ဒီကောင်လေးကို Pro Version လေး သုံးလို့ ရအောင် Key ဘယ်လို ထည့်ရမယ် ဆိုတာကို အောက်မှာ ပုံလေးနဲ့ ပြပေးထားပါတယ် .. 

Monday, March 12, 2012

မကြည့်စေချင်တဲ့ ဆိုဒ်တွေကို လွယ်လွယ် ကူကူ Block လုပ်ရအောင်



ကျွန်တော် အခု မိမိတို့ရဲ့ ကွန်ပျူတာမှာ မကြည့်စေချင်တဲ့ ဆိုဒ်တွေကို အချိန်အကန့်အသတ် ထားပြီး ပိတ်ထားလို့ ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. FocalFilter ဆိုတဲ့ Software လေးကို အသုံးပြုပြီး မိမိတို့ မကြည့်စေချင်တဲ့ ဆိုဒ်ကို Block လုပ်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. ကျွန်တော် မသုံးတက်တဲ့ သူများ အလွယ်တကူ အသုံးပြုလို့ ရအောင် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် .. 

Bluefish-2.0.3 For Programer



အခု ကျွန်တော် တင်ပေးလိုက်တဲ့  Bluefish ဆိုတဲ့ ကောင်လေးက Programmer တွေအတွက် Coding ပိုင်းလေးတွေ ရေးပြီးတော့ ပြင်ဆင်ချင်တာပဲ ဖြစ်ဖြစ် မိမိတို့ ၀ါသနာ အရ Coding လေးတွေ ရေးပြီး ကလိချင်တာပဲ ဖြစ်ဖြစ် အထောက် အကူ ပြုမဲ့ ကောင်လေးပဲ ဖြစ်ပါတယ် .. PHP , HTML စတဲ့ Program Language တော်တော်များများကို လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. လိုအပ်လို့ ဆောင်ထား ချင်တယ် ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Rainbowas Theme For Windows 7



ကျွန်တော် Themes လေးတွေ မတင်ပေးဖြစ်တာ တော်တော် ကြာသွားပါပြီ .. အခုကျွန်တော် Rainbows လေးတင်ပေး လိုက်ပါတယ် .. ဒီကောင်လေးကို အသုံးပြုချင်ရင်တော့  အခုတင်ပေးလိုက်တဲ့ ကောင်လေးကို Double Click ပေးလိုက်ယုံပါပဲ .. ဒါဆိုရင် Rainbows Theme လေးကို အလိုအလျောက် အသုံးပြုလို့ ရသွားပါလိမ့်မယ် ..

Sunday, March 11, 2012

အင်တာနက်ဂျာနယ် အတွဲ ( ၁၃ ) ၊ အမှတ် ( ၁၀ )



ကျွန်တော် အခု အင်တာနက် ဂျာနယ် အတွဲ ( ၁၃ ) ၊ အမှတ် ( ၁၀ ) လေး ထပ်ပြီးတော့ ရှယ် ပေးလိုက်ပါတယ် http://mmzone.co.nr/  မှာ အပါတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်း တင်ပေးနေပါတယ် .. အခုလို အင်တာနက် ပေါ်မှာရှိတဲ့ ကွန်ပျူတာ ၀ါသနာရှင်များ အတွက် တကူတက Scan ဖတ်ပြီး တင်တင်ပေးနေတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် .. ကျွန်တော့်လိုပဲ အပြင်မှာ ၀ယ်ဖတ်ဖို့ အဆင်မပြေတဲ့ သူများ အဆင်ပြေအောင် ဗုဒ္ဓဟူးနေ  ကနေ ပြန်ရှယ် ပေးလိုက်ပါတယ် .. လိုအပ်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာဒေါင်းလော့ ချသွားလိုက်ပါ .. 

Intel Chipset Software Installation Utility 9.3.0



ကျွန်တော် Intel Chipset Software Installation Utility 9.3.0 တင်ပေးလိုက်ပါတယ် .. ကျွန်တော်တို့ မြန်မာလူမျိုး အများစုက Intel  Prosessor အမျိုးအစားကိုသာ အများစု အသုံးပြုကြ ပါလိမ့်မယ် .. AMD ထက်စာရင် Intel ကို မြန်မာလူမျိုးတွေ ပိုပြီးတော့ အသုံးများ ကြပါတယ် .. ကျွန်တော်တို့ အနေနဲ့ စက်အသစ် ဆင်တဲ့ အခါမှာပဲ ဖြစ်ဖြစ် Windows XP ကို အသစ်တင်ပြီး သုံးတဲ့ အခါမှာပဲ ဖြစ်ဖြစ် တစ်ချို့ Driver တွေက Install လုပ်ထား ပေးမဲ့လည်း အလုပ်မလုပ် ကြပါဘူး .. အဲ့ဒီအခါမှာမျိုးမှာ ကျွန်တော် အခုတင်ပေးလိုက်တဲ့ Intel Chipset ကို မိမိတို့ ကွန်ပျူတာမှာ Install လုပ်ပေးလိုက်မှသာ Driver က အလုပ်လုပ်ပြီး အဆင်ပြေမှာ ဖြစ်ပါတယ် .. ကျွန်တော် တစ်ခါ ကြုံဖူးပါတယ် .. ညီလေးတစ်ယောက် စက်အသစ် ဆင်ပြီးတဲ့ အချိန်မှာ Network Card က အလုပ်မလုပ်ပါဘူး .. သက်ဆိုင်ရာ Network Card Driver ကို အင်စတော့ လုပ်ပေးပေမဲ့လည်း အဆင်မပြေပါဘူး .. ကျွန်တော် အခုတင်ပေးလိုက်တဲ့ Chipset လေးကို ရှာပြီး အင်စတော လုပ်ပေးလိုက်တော့မှပဲ Network Card ကို အဆင် ပြေပြေနဲ့ အသုံးပြု နိုင်သွားပါတယ် .. ဒါကြောင့် အမြဲတမ်း မလိုအပ်ဘူး ဆိုရင်တောင် အလိုအပ်တဲ့ အချိန်မှာ အသုံးပြုနိုင်ဖို့ အတွက် ဆောင်ထား ချင်တယ် ဆိုရင်တော့ အောက်မှာ ဒေါင်လော့ချသွားလိုက်ပါ .. 

AceMoney 4.20.5 Full



ကျွန်တော် အခု ကိုယ်ပိုင် လုပ်ငန်းငယ်လေးတွေ ၊ လုပ်ငန်း အသေးစား လေးတွေ မှာ အသုံး ပြုဖို့ အတွက် အထောက် အကူပေးနိုင်မဲ့ AceMoney လို့ခေါ်တဲ့ Account Software လေးတင်ပေးလိုက်ပါတယ် .. ဒီကောင်လေးမှာ home or even small-business accounting  အတွက် လိုအပ်တဲ့ Feature လေးတွေ ပါဝင်ပါတယ် .. ကျွန်တော်အောက်မှာ သူ့ရဲ့ Feature လေးတွေကို ဖော်ပြပေးထားပါတယ် .. ဒီကောင်လေးကို Full Version လေးသုံးလို့ ရအောင် Key ဘယ်လို ထည့်ရမယ် ဆိုတာကိုတော့ အောက်မှာ ပုံလေးနဲ့ ပြပေးထားပါတယ် .. 

Windows_Loader_v2.1.1 For Windows 7



ဒီရက်ပိုင်း Windows Genuine မဖြစ်တာနဲ့ ပါတ်သတ်ပြီး တော်တော်များများ မေးကြတာ တွေ့ရပါတယ် .. မိမိတို့ အသုံးပြုနေတဲ့ Windows က Genius မဖြစ်တော့ဘူး .. ဆိုရင် အခုကျွန်တော် တင်ပေးလိုက်တဲ့ Windows_Loader_v2.1.1 ကိုအသုံးပြုပြီး ဖြေရှင်း နိုင်မှာ ဖြစ်ပါတယ် .. Windows 7 အသုံးပြုသူတိုင်း မဖြစ်မနေ ဆောင်ထားသင့်တဲ့ Tool တစ်ခုပါပဲ .. ကျွန်တော်တို့ သုံးနေတဲ့ Windows တွေအများစုက Microsoft ကနေ တရားဝင် ၀ယ်ပြီး အသုံးပြုတာ မဟုတ်တဲ့ အတွက် တစ်ချိန်ချိန်မှာ မိမိတို့ အသုံးပြုနေတဲ့ Windows က Genius မဖြစ်တာတွေ ကြုံလာရမယ် ဆိုရင် အခုကျွန်တော် တင်ပေးလိုက်တဲ့ ကောင်လေးကို အသုံးပြုပြီး အလွယ်တကူ ဖြေရှင်း နိုင်ပါလိမ့်မယ် .. အသုံးပြုနည်းကလည်း အရမ်းကြီး မခက်ခဲပါဘူး .. Windows_Loader_v2.1.1 လေးကို မိမိတို့ စက်မှာ ရမ်းပေးလိုက်ပါ .. ပြီးရင် Install ဆိုတာလေးကို နှိပ်လိုက်ပါ .. ပြီးရင် ခဏစောင့်နေလိုက်ပါ .. Restart တောင်းတဲ့ အခါမှာ Restart ချပေးလိုက်ပါ .. Windows ပြန်တက်လာရင် မိမိတို့ အသုံးပြုနေတဲ့ Windows က Genuine ဖြစ်သွားတာ တွေ့ရပါလိမ့်မယ် .. ဆောင်ထားချင်တဲ့ သူများ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ...

Saturday, March 10, 2012

လွယ်လွယ်ကူကူ ကျော်ကြရအောင်


အခုတော့ Proxy သုံးဖို့ လိုအုံးမလား မလိုဘူးလားတော့ မသိတော့ပါဘူး .. ဒါပေမယ့် ကျွန်တော်တို့ စီမှာတော့ အခုသုံးဖို့ လိုအပ်နေသလို တစ်ခြား မသိသေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် Proxy Sever ရဲ့ Ip Address ကို အသုံးပြုပြီး မိမိတို့ ကိုကြည့်ရှုဖို့ ခွင့်မပြုပဲ ပိတ်ထားတဲ့ ဆိုဒ်မျိုးတွေကို Proxy ကျော်ပြီး ကြည့်တဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. Proxy ကျော်ကြတာတော့ အမျိုးမျိုးပါပဲ .. တစ်ချို့ကလည်း ဆော့ဝဲလ်သုံးပြီး ကျော်ကြတယ် .. တစ်ချို့ကျတော့လည်း Proxy Sites တွေကနေ တစ်ဆင့် ကျော်ကြတယ် .. အခု Proxy Sever ရဲ့ IP Address ကိုထည့်ပြီး ကျော်တဲ့ နည်းလမ်းလေးကိုတော့ အသုံးပြုရတာလည်း အဆင်ပြေသလို လွယ်လည်း လွယ်ကူပါတယ် .. 

Peer Network ( or ) Work Group ချိတ်ဆက်ခြင်း ( E-Book )



ကျွန်တော်အခု Peer Network ( or ) Work Group ချိတ်ဆက်ခြင်း အကြောင်း ရေးထားတဲ့ အကြောင်း အရာလေးကို PDF ဖိုင်လေးနဲ့ တင်ပေးလိုက်ပါတယ် .. စတင်လေ့လာ ခါစ သူတွေအတွက် Peer Network ဘယ်လို ချိတ်ဆက်ရမယ် ဆိုတာကို အသေးစိတ် ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..

Photoinstrument_5.4.551 + Serials



ကျွန်တော် အခု PhotoInstrument  Version အသစ်လေး ထပ်ထွက် လာလို့ တင်ပေးလိုက်ပါတယ် .. ဒီကောင်လေးကိုတော့ Version ထွက်တိုင်း တင်ပေး ဖြစ်ပါတယ် .. ကျွန်တော်တို့ ဓာတ်ပုံတွေမှာ အစက်အပျေက်လေး တွေကအစ အသေးစိတ် ပြင်ချင်တဲ့ သူတွေ အတွက် ပေါ့ပေါ့ ပါးပါးနဲ့ အသုံးပြုလို့ အဆင်ပြေစေမဲ့ ကောင်လေးပါ .. ကျွန်တော် ဒီကောင်လေးကို Full Version လေးနဲ့ သုံးလို့ရအောင် အထဲမှာ Serial Key လေးပါ ထည့်ပေးထားပါတယ် .. Key ဘယ်လို ထည့်ရမယ် ဆိုတာကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ပြထားပေးပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Friday, March 9, 2012

Local Area Network အတွင်း Printer Sharing ပြုလုပ်ခြင်း ( Windows 7 )




ကျွန်တော် ဒီနေ့ Local Area Network ထဲမှာ ရှိတဲ့ Client Computer အချင်းချင်း Printer Sharing လုပ်တဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ မျှဝေပေး သွားပါမယ် .. မိမိတို့ အဓိကထားပြီး အသုံးပြုချင်တဲ့ ကွန်ပျူတာ တစ်လုံးမှာ Printer ကိုတပ် ဆင်ထားပြီး မိမိရဲ့ Local Area Network အတွင်းမှာ ရှိတဲ့ တစ်ခြားသူများပါ .. မိမိကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Printer ကိုလှမ်းပြီး အသုံးပြုနိုင်စေဖို့ အတွက် Printer Sharing ပြုလုပ်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. ကျွန်တော် Windows 7 အသုံးပြုတဲ့ ကွန်ပျူတာ အချင်းချင်း စမ်းပြီး ရေးပေးထားတာ ဖြစ်ပါတယ် .. ကျွန်တော် မသိသေးတဲ့ သူများ အဆင်ပြေပြေနဲ့ လုပ်တက်သွားအောင် အောက်မှာ ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ် .. 

ဝင်းဒိုးခွေများ ဒေါင်းလော့ချရန်



ကျွန်တော် ၀င်းဒိုးခွေ တွေတော့ တင်ပေးချင်ပါတယ် .. သိတဲ့ အတိုင်း ၀င်းဒိုးခွေတွေ တင်လိုက်ပြီ ဆိုတာနဲ့ မိုက်ခရိုဆော့ကနေပြီးတော့ တန်းလိုက်ပြီး ဒေါင်းလော့လင့်တွေကို ဖျက်ခိုင်း တော့တာပါပဲ .. အဲ့ဒီတော့ ကျွန်တော်တို့ မြန်မာ လူမျိုးတွေ အဆင်ပြေအောင် မြန်မာလို ရေပေးပြီး တင်ပေးပါမယ် .. ဘာပုံမှတော့ တင်မပေးတော့ဘူးဗျာ .. တော်ကြာ ပုံမြင်ရင် ဘာတင်တယ်ဆိုတာ သိနေမှာစိုးလို့ပါ .. အခု ကျွန်တော် တင်ပေးတဲ့ ကောင်တွေ အကုန်လုံး တိုက်ရိုက်လင့်တွေ ပဲဖြစ်ပါတယ် .. လိုအပ်တဲ့ သူတွေကတော့ ဒေါင်းလော့ ချထားလိုက်ပါ .. ဒီကောင်လေးတွေက ရုံးသုံးဆိုတော့ ဆောင်ထား သင့်ပါတယ် .. ဖိုရမ်တစ်ခုက သူ့ရဲ့ ဟော့စတင်းမှာ တိုက်ရိုက်တင်ပေးထားတာ ဖြစ်တဲ့ အတွက် အဲ့ဒီ ဖိုရမ် မပျက်သရွေ့ ဒီလင့်တွေ ပျက်မှာ မဟုတ်ပါဘူး .. ၃၂ ဘစ်နဲ့ ၆၄ ဘစ် ဆိုပြီး ခွဲပြီး တင်ပေးထားပါတယ် .. မိမိတို့ လိုအပ်တဲ့ ဗားရှင်းကို ဒေါင်းလော့ ချသွားလိုက်ပါ ..

မိမိဓာတ်ပုံလေးတွေနဲ့ Funny ပုံလေးတွေ ဖန်တီးချင်သူများ အတွက်



ကျွန်တော် အခု  အားလုံးအတွက်  Funny ပုံလေးတွေကို ဖန်တီးလို့ရမဲ့ ဆိုဒ်လေးတွေကို စုပြီး တင်ပေး လိုက်ပါတယ် ။။ တစ်ခါတစ်လေကျတော့လည်း ကိုယ့်ပုံကိုယ်ပဲ ဖြစ်ဖြစ် ကိုယ့်သူငယ်ချင်း ချစ်သူ ပုံလေးတွေကိုပဲ ဖြစ်ဖြစ် Funny ပုံလေးတွေ ဖန်တီးချင်တယ် ဆိုရင်လည်း အလွယ်တကူ ဖန်တီးလို့ရအောင် ကျွန်တော် ဆိုဒ်လေးတွေကို စုပြီး တင်ပေးလိုက်ပါတယ် .. မိမိတို့ စိတ်ကြိုက် တ၀ ဖန်တီးလိုက်အုံးပေါ့ဗျာ .. အောက်မှာ ဆိုဒ်လိပ်စာလေးတွေ ပေးထားပါတယ် .. မိမိတို့ ကြိုက်တဲ့ ဆိုဒ်မှာသွားပြီ စိတ်ကြိုက် ပုံလေးတွေ ဖန်တီးလို့ ရပါတယ် .. ဘယ်လို အသုံးပြုရမယ် ဆိုတာကိုတော့ အားလုံးပဲ သိလိမ့်မယ်ထင်လို့ ရေးမပေးတော့ပါဘူး ...

Windows အတက်မှာ မိမိ မတက် စေချင်တဲ့ Program တွေကို ဖြုတ် ထားချင် တယ် ဆိုရင်



ကျွန်တော်အခုတလော အများစု ခဏခဏ အဆင်မပြေ ဖြစ်နေတဲ့ နည်းလမ်းလေး တစ်ခုကို ရေးပေးပါမယ် .. ကျွန်တော်တို့ Windows စတက်တက်ချင်းမှာ Program တွေ အများကြီး တက်မလာစေချင်တဲ့သူတွေ ၊ Windows အတက်မှာ မိမိ မလိုအပ်တဲ့ Application တွေ တက်မလာအောင် ဖြုတ်ထားချင်တဲ့ သူတွေ ၊ မိမိတို့က Application တွေကို Uninstall လုပ်လိုက်ပေမယ့် လည်း Windows စတက်တက်ချင်းမှာ အဲ့ဒီဖြုတ်ပြီး သား Application က တက်တက်လာတာတွေကို ကြုံတွေ့နေရတဲ့ သူတွေအတွက် ဖြေရှင်းလို့ ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားမှာ ဖြစ်ပါတယ် ..နည်းလမ်းလေးကတော့ လွယ်ပါတယ် ..အောက်မှာ ကျွန်တော် ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..

Wallpaper Collection

ကျွန်တော်လည်း  Wallpaper တွေ မတင်ပေးဖြစ်တာ တော်တော် ကြာသွားပါပြီ .. Microsoft ကနေ Free ပေးနေတဲ့ Wallpaper လေးတွေပါပဲ .. လိုအပ်တဲ့ သူတွေ အလွယ်တကူ သုံးလို့ရအောင် အောက်မှာ တင်ပေးလိုက်ပါတယ် ..



Wednesday, March 7, 2012

Photo.DVD.Maker.Pro.8.35 + Keygen



ကျွန်တော်အခု Photo DVD Maker လေးတစ်ခု ထပ်တင်ပေးလိုက်ပါတယ် .. မိမိတို့ရဲ့ ဓာတ်ပုံလေးတွေ ကို ပဲဖြစ်ဖြစ် ၊ ဓာတ်ပုံလေးတွေနဲ့ Slide Show လေးတွေ ပြုလုပ်ပြီး DVD ပြန်ထုတ်ချင်တဲ့ အခါမှာပဲ ဖြစ်ဖြစ် အလွယ်တကူ ဆောင်ရွက်နိုင်ဖို့ အတွက် အခုကျွန်တော် တင်ပေးလိုက်တဲ့ Photo.DVD.Maker လေးက အထောက်အကူ ပြုမယ်လို့ ထင်ပါတယ် .. အထဲမှာ မိမိတို့ သုံးချင်တဲ့ Effect လေးတွေကို လွယ်လွယ်ကူကူ အသုံးပြုပြီး ဖန်တီးနိုင်မှာ ဖြစ်ပါတယ် .. ကျွန်တော် ဒီကောင်လေးကို Full Version လေးအသုံးပြုလို့ ရအောင် Keygen လေးပါ ထည့်ပေးထားပါတယ် .. Keygn လေးကို ဘယ်လို အသုံးပြုရမယ် ဆိုတာကိုတော့ အော်ကမှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် .. လိုအပ်တဲ့ သူတွေကတော့ မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချ သွားလိုက်ပါ .. 

Uniblue PowerSuite 2012 3.0.5.6 + Key



Uniblue PowerSuite 2012 Update လေးထပ် ထွက်လာလို့ တင်ပေးလိုက်ပါတယ် .. အများစုလည်း အသုံးပြုဖူး ကြလိမ့်မယ်လို့ ထင်ပါတယ် .. Uniblue ကထုတ်တဲ့ Registry Booster , SpeedUpMyPC နဲ့ Driver Scanner သုံးမျိုးလုံးကို တစ်စုတစ်စည်းထည်း သုံးလို့ရအောင် ထုတ်ပေးထားတာ ဖြစ်ပါတယ် .. ကျွန်တော် ဒီကောင်လေးကို Full Version လေးနဲ့ သုံးလို့ရအောင် Key လေးပါ ထည့်ပေးထားပါတယ် .. Key ဘယ်လို ထည့်ရမယ် ဆိုတာကိုတော့ သက်သက် မရေးပေးတော့ပါဘူး .. အလွယ်တကူ ဆောင်ရွက် တက်မယ်လို့ ထင်ပါတယ် .. လိုအပ်လို့ အသုံးပြုချင်သူ များကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Nero 8 Micro v8.3.20.0 European Edition



ကျွန်တော် Nero_8.3.20.0 ကို Full Version လေးသုံးလို့ရအောင် Key Maker လေးနဲ့ ရှာပြီး တင်ပေး လိုက်ပါတယ် ။။ Nero ကိုတော့ အများစု အသုံးများကြသလို ဒီကောင်လေးတစ်ခုထဲကနေ Feature တွေ အများကြီး အသုံးပြုနိုင်တာ ဖြစ်တဲ့အတွက် အားလုံးကိုလည်း အထောက်အကူ ပြုစေပါတယ် .. ကျွန်တော် အခုတင်ပေးလိုက်တဲ့ Nero_8.3.20.0 မှာ Burning Room , Cover Designer , Nero Express အစရှိသဖြင့် Function တော်တော်စုံစုံ လင်လင်ပါဝင်ပါတယ် .. ဖိုင်ဆိုဒ်ကတော့ 228 MB လောက်ရှိပါတယ် .. ကျွန်တော် ဒေါင်းလော့ ချရတာ အဆင်ပြေအောင် သုံးပိုင်းခွဲပြီး တင်ပေးထားပါတယ် .. အောက်မှာ မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Monday, March 5, 2012

Xbox Skin Pack 1.0



ကျွန်တော် အခု Skin Pack လေးတစ်ခု တင်ပေးလိုက်ပါတယ် .. Xbox Skin Pack  လေးပဲ ဖြစ်ပါတယ် .. ဒီကောင်လေးက ကျွန်တော်တို့ Theme တွေသုံးသလို မိမိတို့လက်ရှိ အသုံးပြုနေတဲ့ Windows Screen ပုံစံလေးပဲ ချိန်းသွားမှာ မဟုတ်ပဲ Windows Screen Logo တက်တာတွေ  Shutdown ကျတဲ့ ပုံစံလေးတွေပါ ချိန်းပေးသွားမှာ ဖြစ်ပါတယ် .. စမ်းသုံးကြည့်ချင်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေ ဒေါင်းလော့ ချသွားလိုက်ပါ .. တကယ်လို့ မိမိတို့က အသုံးမပြုချင်လို့ ပြန်ဖြုတ်ချင်တယ် ဆိုရင်တော့ Control Panel ထဲက Program and Features ထဲက Xbox Skin Pack ဆိုတဲ့ ကောင်လေးကို ပြန်ရှာပြီး ဖြုတ်ပေးလိုက်ယုံပါပဲ .. ဒါဆိုရင် မူရင်းပုံစံ အတိုင်း ပြန်သုံးလို့ ရသွားပါလိမ့်မယ် ..ကျွန်တော် အောက်မှာ 32 Bits နဲ့ 64 Bits နှစ်မျိုးလုံး တင်ပေးထားပါတယ် .. မိမိတို့ လက်ရှိ အသုံးပြုနေတဲ့ Windows အမျိုးအစားကို ရွေးပြီး ဒေါင်းလော့ချသွားလိုက်ပါ ..

Sunday, March 4, 2012

Latop မှတစ်ဆင့် Wifi လွင့်ချင်သူများ အတွက်



ကျွန်တော် အခု Laptop အသုံးပြု သူတွေအနေနဲ့ မိမိရဲ့ Laptop မှာအသုံးပြုနေတဲ့ Internet Connection ကို Connectify Pro  ဆိုတဲ့ ကောင်လေးကို အသုံးပြုပြီး Wifi လွတ်ကာ တစ်ခြား အသုံးပြုချင်သူများအား Internet Connectionအား Wifi မှတဆင့် ပြန်ပြီး Share ပေးလို့ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. အများစုကတော့ သိပြီးသား ဖြစ်ပါလိမ့်မယ် .. မသိသေးတဲ့ သူများကို ရည်ရွယ်ပါတယ် .. အခုလို Connectify Pro  ကိုအသုံးပြုပြီး Share ပေးခြင်းဖြင့် မိမိလွတ်ထားတဲ့ Wifi ကို Hotspot Password ကိုမသိပဲ ၀င်ရောက် အသုံးမပြုနိုင်ခြင်း မရှိတဲ့ အတွက် .. မိမိတို့ ပေးသုံးချင်တဲ့ သူများကိုသာ Client Users များအနေနဲ့ အသုံးပြု ခိုင်းလို့ရမှာ ဖြစ်ပါတယ် .. နောက်ပြီး မိမိတို့ Share ပေးထားတဲ့ Connection ထဲကို မိမိမသိပဲ ၀င်ရောက် အသုံးပြု နေသူများ ရှိမရှိကိုလည်း Clients မှာ ကြည့်ခြင်းဖြင့် အလွယ်တကူ သိရှိနိုင်မှာ ဖြစ်ပါတယ် ..

အင်တာနက် ဂျာနယ် ( အတွဲ ၁၃ ၊ အမှတ် ၉ )



ကျွန်တော်တို့ အင်တာနက် ဂျာနယ်ကို မျော်လင့်နေတဲ့ သူတွေအတွက် ဒီလထုတ် အင်တာနက် ဂျာနယ် အတွဲ ( ၁၃ ) ၊ အမှတ် ( ၈ ) ကို Myanmar Free Zone ဆိုတဲ့ ဆိုဒ်လေးမှာ တင်ထားတာ တွေ့တာနဲ့ တောင်းထားတဲ့ အကိုတွေ လည်းရှိလို့ ပြန်ရှယ် ပေးလိုက် ပါတယ် .. ကျွန်တော် အောက်မှာ သုံးနေရာ ခွဲပြီး တင်ပေးထားပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ .

Avast! Internet Security v7.0.1407 + Serial Keys


ကျွန်တော်တို့ ကွန်ပျူတာကို Virus တွေဝင်ရောက်နိုင်မဲ့ အခြေအနေကနေ ကာကွယ်နိုင်ဖို့အတွက် လက်ရှိမှာ Antivirus Software တွေကို မဖြစ်မနေ အသုံးပြုလာတာ ဖြစ်ပါတယ်.. အခုကျွန်တော် Avast ပရိတ်သတ်တွေ အတွက် Avast Internet Security နောက်ဆုံးထွက်တဲ့ ဗားရှင်းလေကို တင်ပေးလိုက်ပါတယ် .. အထဲမှာ ဒီကောင်လေးကို Active ဖြစ်အောင် လုပ်ဖို့အတွက် Key File လေးပါ ထည့်ပေးထားပါတယ် .. 2013 အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. Avast Antivirus ကို Install လုပ်တဲ့ အခါမှာ သူက Trail Version သုံးမှာလား License Key ရှိလို့လား မေးတဲ့ အခါမှကျရင် အခု ကျွန်တော် ထည့်ပေးလိုက်တဲ့ Key လေးကို ရွေးပြီး ထည့်ပေးလိုက်ယုံပါပဲ .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်ေးလာ့ ချသွားလိုက်ပါ ..

Saturday, March 3, 2012

dvd.slideshow.builder.deluxe.6.1.9.60 Full

 
 
ကျွန်တော် အစကတော့ ဒီကောင်လေးကို အသုံးပြုနည်း ရေးမယ်လို့ စဉ်းစား ထားတာ .. အချိန်လည်း မပေးနိုင်တော့ တာကြောင့် မရေးပေး ဖြစ်တော့ပါဘူး .. DVD Slide Show ပြုလုပ်ချင်သူတွေ အတွက်တော့ ဒီကောင်လေးက တော်တော် အသုံးဝင်မှာ ဖြစ်ပါတယ် .. ဖိုင်ဆိုဒ်ကလည်း အရမ်းမကြီးပဲ ပေါ့ပေါ့ ပါးပါးနဲ့ အသုံးပြုနိုင်မှာ ဖြစ်သလို ဒီဇိုင်း ပုံစံ အမျိုးမျိုးနဲ့ ပုံလေးတွေကို ဖန်တီး နိုင်မှာ ဖြစ်သလို Effect တွေကိုလည်း လန်းလန်းလေးတွေ သုံးနိုင်မှာ ဖြစ်ပါတယ် .. Zawgyi-One လည်း သုံးရတာ အဆင်ပြေပါတယ် .. မြန်မာဖောင့် ကောင်းကောင်း သုံးလို့ရပါတယ် .. U-Lead သုံးရတာထက် ဒီကောင်လေးက လွယ်လည်းလွယ်သလို .. ပိုပြီးတော့လည်း အဆင်ပြေပါတယ် .. ဓာတ်ပုံ DVD Slideshow လေးတွေကို လန်လန်းလေး ဖန်တီးချင်သူတွေ အတွက်တော့ အထူးဆောင်ထားသင့်တဲ့ ကောင်လေးပါ .. ကျွန်တော် ဒီကောင်လေးကို Full Version လေးနဲ့ သုံးလို့ရအောင် အထဲမှာ Keygen လေးပါ ထည့်ပေး ထားပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Excel 2010 ( Myanmar E-Book )



မေးလ်ထဲမှာ အကိုတစ်ယောက် တောင်းထားတာလေး ရှိလို့ တစ်ခြား လိုအပ်တဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် တင်ပေးလိုက်ပါတယ် .. Microsoft Excel 2010 ကို အသုံးပြုချင်သူတွေ အတွက် Excel 2010 အသုံးပြုနည်း စာအုပ်လေးပါ .. ကျွန်တော် အောက်မှာ သုံးနေရာ ခွဲပြီး တင်ပေးထားပါတယ် .. မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Windows 8 Consumer Preview



ကျွန်တော် အခု စမ်းသပ်ပြီး အသုံးပြု ချင်သူတွေ အတွက် Windows 8 Consumer Preview လေးတင် ပေးလိုက် ပါတယ် .. Windows 8 ဆိုတာ မထွက်သေးခင်မှာ Microsoft ကနေပြီးတော့ Windows 8 နဲ့ပါတ်သတ်တဲ့ Feature တွေကို ဖော်ပြပေးပြီး လိုအပ်ချက် တွေကို ပြင်ဆင်နိုင်ဖို့ အတွက် Preview Version တွေကို အားလုံးနဲ့ မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ် ..  Windows 8 Consumer Preview မတိုင်ခင်မှာ  Windows 8 Developer Preview  ဆိုပြီး ထုတ်ခဲ့ပါသေးတယ် .. အသုံးပြုနေကြတဲ့ သူတွေလည်း ရှိမယ် ထင်ပါတယ် .. အခု Windows 8 Consumer Preview  လေးကိုလည်း စမ်းပြီး သုံးချင်တဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် တင်ပေးလိုက်ပါတယ် .. အောက်မှာ ကျွန်တော် ဒီကောင်လေးကို အသုံးပြုချင်သူတွေ အတွက် Installation လုပ်နည်းကို ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ် .. 

AAA Logo Business 2010 3.1 Full



ကျွန်တော်တို့ ကိုယ်ပိုင် လုပ်ငန်းတွေ အတွက်ပဲ ဖြစ်စေ ၊ ကိုယ်ပိုင် သင်တန်းတွေ အတွက်ပဲ ဖြစ်စေ .. နောက်ပိုင်း ကိုယ်ပိုင် Website တွေမှာ ကိုယ်ပိုင် Logo လေးတွေနဲ့ အသုံးပြု ချင်သူတွေ အတွက် AAA Logo Business 2010 3.1 လေးကို တင်ပေးလိုက်ပါတယ် .. ဒီကောင်လေးကို  Full Version လေးနဲ့ သုံးလို့ရအောင် ကျွန်တော် အထဲမှာ Crack File လေးနဲ့ Serial Keys လေးတွေပါ ထည့်ပေးလိုက်ပါတယ် .. အရင်ဆုံး ဒီကောင်လေးကို Install လုပ်လိုက်ပါ .. ပြီးရင် Crack File လေးကို My Computer >> Local Disk ( C: ) >> Program File ထဲက AAALOGO2010  ဆိုတဲ့ Folder ထဲမှာ Paste ပြန်လုပ် ပေးလိုက်ပါ .. ပြီးရင် အဲ့ဒီကောင်လေးကို Double Click ပေးလိုက်ပါ .. ပြီးရင် Serial Key တောင်းလာရင် အထဲမှာ ထည့်ပေးလိုက်တဲ့ အထဲက မိမိတို့ ကြိုက်နှစ်သက်တဲ့ Key တစ်ခုကို ယူပြီး ထည့်ပေးလိုက်ပါ .. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..

PhotoScape 3.6.1



Poto Skape ကိုတော့ ဓာတ်ပုံလေးတွေကို ရုပ်ပြောင်လေးတွေ အဖြစ်နဲ့ပဲ ဖြစ်ဖြစ် ပုံလေးတွေကို ကလိရတာ ၀ါသနာ ပါတဲ့ သူတော်တော် များများတော့ သိပါလိမ့်မယ် .. ကျွန်တော် အရင်ကလည်း တင်ပေးဖူးထားတာ ရှိပါတယ် . ဒီကောင်လေးက  Free အသုံးပြု ယုံပါပဲ .. အခုကျွန်တော် နောက်ထပ် ဗာရှင်း အသစ်လေး ထပ်ထွက်လာလို့ တင်ပေးလိုက်ပါတယ် .. လိုအပ်တဲ့ သူတွေအတွက် အဆင်ပြေအောင် ထပ်တင် ပေးလိုက်တာပါ .. အသုံးပြုချင်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Snagit 11 + Serial Keys



ကျွန်တော် ဆိုဒ်မှာ ပို့စ်တွေ ရေးတဲ့ အခါမှာ ပုံလေးတွေနဲ့ ရှင်းပြပြီး တစ်ချို့ အကြောင်းအရာလေးတွေကို လေးထောင့် ကွင်းလေး ၀ိုင်းပြတာတို့ မြားလေးတွေနဲ့ ညွန်ပြတာမျိုးတို့ ပြုလုပ်ချင်တဲ့ သူတွေ ၊ မိမိတို့ ကွန်ပျူတာပေါ်မှာ တစ်ခုခုလုပ်တာကို Video Recod လေးဖမ်းပြီး သူများကို ပြန်ပြ ချင်သူတွေအတွက် Snagit ဆိုတဲ့ ကောင်လေးကို အသုံးပြုယုံနဲ့ နှစ်မျိုးလုံး အဆင်ပြေစေမှာ ဖြစ်ပါတယ် .. သုံးရတာလည်း လွယ်ပါတယ် .. ကျွန်တော် အခု နောက်ဆုံးထွက်လာတဲ့ Snagit 11 လေးကို Serial Key လေးတွေနဲ့ တင်ပေးလိုက်ပါ .. လိုအပ်တဲ့ သူတွေကတော့အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..

Friday, March 2, 2012

Samsung Glaxy Ace တွင် Root လုပ်စရာမလိုပဲ မြန်မာဖောင့် ထည့်နည်း



ကျွန်တော် အခု Samsung Glaxy Ace မှာ Root လုပ်စရာ မလိုပဲ မြန်မာဖောင့် ထည့်တဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ ရှယ်ပေးသွားပါမယ် .. Myanmar Mobile Application Store မှာတော့ ပိုပြီးတော့ စုံပါတယ် .. ကျွန်တော် အဆင်ပြေတဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ တစ်ခြား အဆင်မပြေ သေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် ပြန်ရေးပေးသွားပါမယ် .. အမှန်တကယ် လုပ်ကြည့်လိုက်ရင်တော့ အဆင့်တွေက အရမ်းမများပါဘူး .. ကျွန်တော် မသိသေးတဲ့ သူတွေ အခက်အခဲ ရှိမှာ စိုးလို့ တစ်ဆင့်ချင်း ရှင်းပြပေး ထားတဲ့ အတွက် .. ပုံတွေ အရမ်း များနေလို့ပါ .. တစ်ဆင့်ချင်းပဲ လိုက်လုပ် ကြည့်လိုက်ပါ .. အဆင်ပြေသွား ပါလိမ့်မယ် ..

Thursday, March 1, 2012

G-Mail မှ Free SMS ပို့ချင်သူများအတွက် ..



အခု Free SMS ပို့ချင်သူတွေ အတွက် G-Mail ကနေ Free SMS ပို့လို့ရမဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. လုပ်နည်းလေးက လည်း အရမ်း လွယ်ပါတယ် .. G-mail Setting ထဲက Lab ထဲမှာ တစ်ချက် သွားပြင် ပေးယုံပါပဲ .. ပြီးရင် ဖုန်းကို SMS ပို့ချင်တယ် ဆိုရင် မိမိ G-Mail လေးကို ဖွင့်ပြီး အလွယ် တကူ ပို့ယုံပါပဲ .. Oversea က ဖုန်းတော်တော် များများတော့ ရမယ် ထင်ပါတယ် .. မြန်မာပြည်တော့ ကျွန်တော် စမ်းကြည့်တာတော့ မရပါဘူး ... စမ်းတော့ ကြည့်လိုက် အုံးပေါ့ဗျာ .. ကျွန်တော် မေအာက်မှာ ဘယ်လို လုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် ။။