• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Wednesday, September 2, 2015

Internet Download Manager ကို Full Version ဖြစ်အောင် Install လုပ်နည်း

ကျွန်တော် ဒီနေ့တော့ တောင်းဆိုတာလဲ များနေတဲ့အပြင် တော်တော်များများလဲ အဆင်မပြေသေးတဲ့ IDM ကို Full Version ဖြစ်အောင်မသုံးတက်သေးတဲ့ သူတွေအတွက် Keygen နဲ့ Patch File အသုံးပြုနည်းရယ် ၊ အဲ့ဒါတွေကို အသုံးမပြုမှီ ဘာတွေပြင်ဆင်ဖို့ လိုတယ်ဆိုတာရယ် မိမိစက်မှာ လက်ရှိသုံးနေတဲ့ Internet Downlaod Manager က Update မဖြစ်ဖူးဆိုရင် ဘယ်လို Update ပေးပြီး Full Version သုံးလို့ရအောင် ဘယ်လိုလုပ် ရမယ်ဆိုတာကို အသေးစိတ် Install လုပ်နည်းကအစ ပုံလေးတွေနဲ့ ရှင်းပြပေးသွားပါမယ်.. ဒီနေရမှာ ကျွန်တော်က ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ ဆိုတာကိုပဲ အဓိကရေးပေးသွားမှာပါမယ် .. 

တစ်ခါတစ်လေ ကျတော့လဲ စာရေးရတာ တော်တော်စဉ်းစား နေရပါတယ်.. တစ်ချို့က ကွန်ပျူတာ နဲ့ပါတ်သတ်ရင် သုံးတက်တာကလွဲပြီး Software ပိုင်းတွေ နဲ့ပါတ်သတ်ရင် လုံးလုံးကိုနားမလည်တဲ့ သူတွေရှိပါတယ် .. ကျွန်တော်အနေနဲ့ အများစုအဆင်ပြေအောင် အတက်နိုင်ဆုံးတော့ ပုံလေးတွေနဲ့အဓိက ထားပြီး ရေးပေးနေတာပါပဲ.. တကယ်လို့မိမိတို့က ကွန်ပျူတာအခြေခံ လုံးဝမရှိသေးလို့ နားမလည်ဘူးဆိုရင်တောင် ပုံလေးတွေကြည့်ပြီးတော့ ကြိုးစားပြီးလုပ်ပေးစေချင်ပါတယ်.. စမ်းမကြည့်ပဲနဲ့ ဘာတွေရေးထားမှန်း နားမလည်ဘူးဆိုရင်တော့ ကျွန်တော်လည်း ဘာမှတက်နိုင်မှာမဟုတ်ပါဘူး .. ဘယ်အရာမဆို ကိုယ်တိုင်ကြိုးစား အားထုတ်မှုလေးတွေတော့ လိုအပ်တာအမှန်ပါပဲ.. ဘာမှမသိဘူးဆိုပြီး ဘာမှမလုပ်ပဲနေရင်တော့ ဘာမှသိလာမှာလဲမဟုတ်ပါဘူး ..

ကျွန်တော် အနေနဲ့ ပို့စ်တွေကို ပုံတွေနဲ့အသေးစိတ်ရှင်းပြဖို့ ပြင်ဆင်ရတာ အရမ်းအချိန်ပေးရပါတယ်.. စာရေးတယ် ဆိုတာက ကိုရေးချင်တာကို ချရေးရတာ တစ်ခုထဲဖြစ်လို့ အဆင်ပြေပါတယ်.. ပုံတွေနဲ့ရှင်းရတဲ့ အခါကျတော့ ပုံတွေကို Record လုပ်ဖို့အတွက် ပြင်ဆင်ရတယ်.. ပြီးရင် တစ်ခါကိုလိုချင်တဲ့ ပုံစံလေးတွေ ဖြစ်အောင် ပြင်ဆင်ရတယ် နောက်ပြီး ပို့စ်တင်တဲ့အခါ ပုံတွေကို Upload ပြန်တင်ရတယ်.. အရမ်းအချိန်ပေးရသလို ကျွန်တော်လဲ ပင်ပန်းပါတယ်.. ကျွန်တော်အနေနဲ့ အားလုံးကို အဆင်ပြေစေချင်လို့ အပင်ပန်းခံပြီး လုပ်ပေးရတာပါ ဒါကြောင့် ကြိုးစားပြီး လိုက်လုပ်ပေးပါလို့ပဲ ကျွန်တော် တောင်းဆိုပါရစေခင်ဗျာ.. 

အရင်ဆုံး ကျွန်တော် Internet Download Manager 6.05 ကို Keygen သုံးပြီး Full Version ဖြစ်အောင်ဘယ်လိုလုပ် ရမယ်ဆိုတာကို ရှင်းပြပေးပါမယ်.. အရင်ဆုံး Internet Download Manager ကိုစပြီး မိမိတို့စက်မှာ Install မလုပ်ခင် Registry ထဲမှာ အရင် Trail Version သုံးခဲ့တုန်းက ကျန်ခဲ့တဲ့ Key File တွေ အစအန လေးတွေကို အောက်မှာ ပုံလေးတွေနဲ့ပြထားသလို ရှင်းပေးလိုက်ပါ.. တကယ်လို့ ကျွန်တော် တို့က Registry ထဲမှာ မရှင်းခဲ့ဘူးဆိုရင် Patch ချိုးတဲ့အခါမှာ Internet Download Manager ကိုအသုံးပြု နေပါတယ်ဆိုပြီး Error တက်နေမှာဖြစ်ပါတယ်.. တကယ်လို့ Internet Download Manager ကိုခုမှ စပြီး Install လုပ်မှာဆိုရင်တော့ တန်းပြီး Install လုပ်လို့ရပါတယ်..

အရင်ဆုံး Keyboard မှ Windows + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ.. ပြီးရင် Run Box ထဲမှာ regedit လို့ရိုက် ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..





အပေါ်ကအဆင်အတိုင်း Registry ထဲမှာရှင်းပြီးပြီဆိုရင် My Computer >> Local Disk ( C : ) >> Program File  ထဲမှာ  Internet Download Manager  ဆိုတဲ့ Folder ရှိမရှိရှာလိုက်ပါ.. တကယ်လို့ တွေ့တယ်ဆိုရင် အဲ့ဒီကောင်လေးကို Delete လုပ်ပေးလိုက်ပါ.. တကယ်လို့ မရှိတော့ဘူးဆိုရင်တော့ Delete လုပ်ပေးစရာမလို တော့ပါဘူး.. 




ကျွန်တော် တို့အပေါ်က အဆင့်တွေတိုင်း ရှင်းပြီးပြီ ဆိုရင်တော့ Internet Download  Manager  ကိုစပြီး Install လုပ်လို့ ရပါပြီ..အောက်မှာ ကျွန်တော် Install လုပ်နည်းကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..





အပေါ်က ပုံအတိုင်း  Finish ပေးပြီးပြီဆိုရင်တော့ သူက Firefox မှာသုံးမှာလား စသည်ဖြင့် မေးတာတွေရှိပါ လိမ့်မယ် .. အားလုံးကို OK ပေးလိုက်ပါ.. ပြီးရင် ကျွန်တော်တို့ Keygen File လေးကိုဖွင့်လိုက်ပါ .. ဒီနေရာမှာ Patch File လေးကိုအသုံးပြုလည်း ရပါတယ်.. ကျွန်တော် Patch File အသုံးပြုနည်း ကိုတော့ နောက်တစ်ဆင့် မှာရှင်းပြပေးပါမယ်..
အရင်ဆုံး အောက်ကပုံအတိုင်း Patch Server Check ကိုနှိပ်ပြီး Patch ချိုးပေးလိုက်ပါ..
အပေါ်က Serial Key လေးကို Copy ကူးပြီးပြီဆိုရင်တော့ IDM လေးကိုဖွင့်လိုက်ပါ .. ပြီးရင်အောက်ကပုံ မှာပြထားတဲ့ အတိုင်း Key ထည့်ပေးလိုက်ပါ..
အောက်ကပုံအတိုင်း ပေါ်လာပြီးဆိုရင်တော့ First Name နဲ့ Last Name မှာမိမိတို့ ကြိုက်တဲ့ နာမည်တစ်ခု ထည့်လိုက်ပါ .. E-Mail မှာတော့ မိမိတို့ အသုံးမပြုတော့တဲ့ E-Mail တစ်ခုထည့်လိုက်ပါ.. ပြီးရင် Serial Number မှာတော့ စောစောက Copy ကူးထားတဲ့ Serial Key လေးကို Paste ပေးလိုက်ပါ.. ပြီးရင်တော့ OK ပေးလိုက်ယုံပါပဲ..
Serial Key ထည့်ပြီးသွားပြီဆိုရင်တော့ Full Version ဖြစ်မဖြစ် ကိုအောက် နည်းအတိုင်း သွားပြီး ကြည့်လိုက်ပါ..

အပေါ်ကနည်းကတော့ Keygen ကိုအသုံးပြုပြီး Full Version သုံးလို့ရအောင် ပြုလုပ်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်.. ဆက်ပြီး ဖော်ပြမဲ့ နည်းလမ်းကတော့ IDM ကို Update ဖြစ်အောင် ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းလမ်းလေးကို Update လုပ်ပြီးတဲ့ အချိန်မှာ Full Version လေးဖြစ်အောင် လုပ်တဲ့ နည်းလမ်းလေးကို Patch File လေးနဲ့ ကျွန်တော် ရှင်းပြပေးသွားပါမယ်.. ဒီနေရာမှာ ဘာကြောင်း Update လုပ်ရတယ် ဆိုတာကို ကျွန်တော် ရှင်းပြပေးပါမယ်.. အပေါ်မှာ ကျွန်တော် ရှင်းပြပေးထားတဲ့ IDM Version က 6.05 ပါ . လက်ရှိ IDM က Version 6.07 အထိ ထွက်နေပါပြီ ကျွန်တော်တို့ အနေနဲ့ နောက်ဆုံး Version လေးကိုအသုံးပြုချင်ပါတယ် .. အဲ့ဒီအတွက် စက်ထဲမှာ အရင်က သုံးနေတဲ့ Version အဟောင်းကို ဖြုတ်စရာမလိုပါဘူး .. လက်ရှိ သုံးနေတဲ့ Version ကို Update ပေးလိုက်ပါ .. ဒါဆိုရင် သူက နောက်ဆုံး Version ကို Download ချပေးပြီး Install လုပ်ပေးသွားပါလိမ့်မယ်.. ကျွန်တော်တို့က နောက်ဆုံး Version အတွက် Keygen နဲ့ Patch File လေးတွေရှာပြီး Patch ချိုးပေးလိုက်ယုံပါပဲ.. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ကျွန်တော် အောက်မှာ ဘယ်လို Update လုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..

အပေါ်က Full Version ဖြစ်မဖြစ် ကြည့်တဲ့ အဆင့်အတိုင်းသွားပြီး Check For Update ဆိုတာလေးကို နှိပ်ပေးလိုက် ယုံပါပဲ..



အပေါ်ကပုံအတိုင်း Finish ပေးလိုက်ပြီဆိုရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. ကျွန်တော်တို့က အရင်သုံးနေတဲ့ မြင့်တဲ့ Version ကို Update ပေးလိုက်တာ ဖြစ်တဲ့အတွက်  အရင်သုံထားတဲ့ Serial Key ကအလုပ်လုပ်တော့မှာ မဟုတ်ပါဘူး.. ကျွန်တော်အောက်မှာ Update လုပ်လိုက်တဲ့ Version အသစ်ကို Full Version ဖြစ်အောင် လုပ်တဲ့ နည်းလေးကိုတော့ Patch File လေးနဲ့ ရှင်းပြပေးထားပါတယ်.. အောက်ကပုံ အတိုင်း ပေါ်လာရင် OK ပေးလိုက်ပါ.
အပေါ်က ပုံအတိုင်း OK ပေးပြီးပြီ ဆိုရင်တော့ Patch File လေးကို  Copy ကူးလိုက်ပါ..
အပေါ်ကပုံအတိုင်း Patch File လေးကို Copy ကူးပြီးပြီ ဆိုရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း  My Computer >> Local Disk ( C: ) >> Program File အထိအဆင့်ဆင့်သွားပြီး Internet Download Manager ဆိုတဲ့ Folder ထဲမှာ Paste လုပ်ပေးလိုက်ပါ .. 






အပေါ်ကပုံအတိုင်း Patch File လေးကို Double Click ပေးလိုက်ပြီ ဆိုရင် အောက်က ပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. ကျွန်တော်တို့က Patch ဆိုတာလေးကို နှိပ်ပေးလိုက်ပါ .. 



အပေါ်က ပုံအတိုင်း Patch ချိုးပြီးသွားပြီ ဆိုရင်တော့ IDM လေးကိုဖွင့်ကြည့်လိုက်ပါ .. Full Version လေးဖြစ် သွားတာကို တွေ့ရပါလိမ့်မယ်..

တကယ်လို့  Trail Version လေးပဲ ဖြစ်နေသေးတယ် ဆိုရင်တော့ Patch File နဲ့အတူတူ ပါလာတဲ့ Keygen လေးကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Generate လုပ်လိုက်ပါ .. ပြီးရင် Key လေးကို Copy လုပ်ပြီး အပေါ်မှာပြခဲ့တဲ့ နည်းအတိုင်း ထည့်ပေးလိုက်ယုံပါပဲ .. ဒီလောက်ဆိုရင်တော့ အားလုံးပဲ  Internet  Downlaod  Manager  ကို Install လုပ်တာနဲ့ ပါတ်သတ်ပြီး အဆင်ပြေပြေနဲ့ ဆောင်ရွက်တက် သွားလိမ့်မယ်လို့ ထင်ပါတယ်..

ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ်ဆိုရင် အောက်မှာဒေါင်းလော့ချသွားလိုက်ပါ..။

Download  Ifile.it 

Download  Ziddu

အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ..

74 comments:

  1. ကျေးဇူးအရမ်းတင်တယ်ဗျာ

    ReplyDelete
    Replies
    1. Internet Manager ကို Full Version ဖြစ်အောင် Install လုပ်နည်း ~ နေမင်းမောင် ( နည်းပညာ ) >>>>> Download Now

      >>>>> Download Full

      Internet Manager ကို Full Version ဖြစ်အောင် Install လုပ်နည်း ~ နေမင်းမောင် ( နည်းပညာ ) >>>>> Download LINK

      >>>>> Download Now

      Internet Manager ကို Full Version ဖြစ်အောင် Install လုပ်နည်း ~ နေမင်းမောင် ( နည်းပညာ ) >>>>> Download Full

      >>>>> Download LINK i3

      Delete
  2. ကျွန်တော်လည်းကူးထားလိုက်ပါတယ်---
    ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ--။

    ReplyDelete
  3. ကျေးဇူး တင်တယ် အကို ... ဒီလိုမျိုးလေးတွေရှင်းပြ ပေးတဲ့ အတွက်....

    ReplyDelete
  4. အရမ်းကိုကျေးဇူးတင်ပါတယ်အစ်ကိုရေ...ကိုယ်မသိတာတွေကိုသေချာရှင်းပြပေးတဲ့ အတွက့် အရမ်းလေးစားမိပါတယ်။

    ReplyDelete
  5. ကျေးဇူးတင်ပါတယ် )

    ReplyDelete
  6. thank a lost for sharing

    ReplyDelete
  7. တကယ်လေးစားပါတယ်ဗျာ အဲ့ဒီထက်ကိုပိုပြောချင်သေးတယ် မပြောတတ်လို့ ပါ

    ReplyDelete
  8. ကျေးဇူးအများကြီးပါတယ် ရှင် ......နောက်များမှာလည်း အများကြီး အကျိုးပြုနိုင်ပါစေ

    ReplyDelete
  9.ွှ့Thanks you so much

    ReplyDelete
  10. အစ်ကို နေမင်းမောင်ကို ကျေးဇူးအရမ်းတင်ပါတယ် IDM ကို အခုမှပဲအဆင်ပြေတော့တယ် ဗျာ... အချိန်ကုန်ခံ လူပင်ပန်းခံပြီး ကျတော်တို့ လို နားမလည်တဲ့ သူတွေ နားလည်အောင် ရှင်းပြပေးတာ အရမ်းကို ကျေးဇူးတင်ပါတယ်......အခုလို ဆော့ဝဲတွေ ကို မျှဝေပေးတဲ့ အတွက်လည်း ထပ်လောင်း ကျေးဇူးတင်ပါရစေ........ဗျာ....

    ReplyDelete
  11. ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလုံးကလွဲလို.ဘာမှမရဘဲသူတပါးအဆင်ပြေရေးကိုသာရည်ရွယ်တဲ့ဒီအလုပ်မျိုးကိုပါရမီမြောက်တဲ့ပညာဒါနလို.ခေါ်ပါတယ်မိမိအတွက်အလွန်ကျေးဇူးများပါတယ်၊
    လိုချင်တဲ့ဆုကိုဒီကုသိုလ်ကိုအကြောင်းပြုပြီးတောင်းရင်ရပါတယ်။

    ReplyDelete
  12. အခုလိုအပင်ပန်းခံ အချိန်ကုန်ခံပြီး ပုံလေးနဲ့ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete
  13. ကျေးဇူးအများကြီးပါတယ် ......နောက်များမှာလည်း အများကြီး အကျိုးပြုနိုင်ပါစေ

    ReplyDelete
  14. fully worked. thank you so much...

    ReplyDelete
  15. အများကြီးကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete
  16. ကျေးဇူးအထူးပါခင်ဗျာ

    ReplyDelete
  17. ကျေးဇူးအထူးပါခင်ဗျာ

    ReplyDelete
  18. ကျေးဇူးအထူးပါခင်ဗျာ

    ReplyDelete
  19. ကျေးဇူးအထူးတင်ပါတယ် ယခုလိုနည်းပညာများကိုမျှဝေပေးတာ။
    အကိုရဲ့ နည်းပညာများကိုလည်းကျနော် ထပ်ဆင့်မျှဝေပေးပါ့မယ် မသိသေးသူများ သိလာအောင်။
    ကျနော်ဆိုက်ဒ်မှာ ကူးယူဖော်ပြပေးလိုက်ပြီနော်။ (www.myittarshin.com).
    Happy New Year.

    MTS

    ReplyDelete
  20. ကျေးဇူးပါ အကို...

    ReplyDelete
  21. Path ဖိုင် ဘယ်လိုဖွင့်၇မလဲညီေ၇..လုပ်လို့ မ၇ဘူးဖြစ်နေတယ်..ကီးတောင်းတဲ့နေ၇ာထိတော့၇တယ်

    ReplyDelete
  22. ဒေါင်းသွားတယ်နော်အကို ကျေးဇူးတင်ပါတယ်နော်။

    ReplyDelete
  23. ကျေးဇူးအများကြီးတင်ပါတယ်။ ဒီထက်မက ပညာတွေတိုးတက်ပါစေ။

    ReplyDelete
  24. ကဲ
    ကိုနေမင်းမောင်ရာ

    သောက်လိုက်ပါအုံး အားဆေးတစ်ခွက်



    ကျေးဇူးပါါါါါါါါါါါါါါါါါါါါါါါါါါါါါ

    ReplyDelete
  25. ကျေးဇူးအရမ်းတင်တယ်ဗျာ ခုလိုစိတ်ရှည်လက်ရှည်သင်ပေးလို...ကျောင်းဆရာလုပ်စားရမှာဗျ အကိုရ

    ReplyDelete
  26. ကျေးဇူးတင်ပါတယ်ဗျာ...

    ReplyDelete
  27. Internet Download Manager Folder ကို Delete လုပ်တာလုပ်လို့ မရဘူးဖြစ်နေတယ်
    ကိုနေမင်း
ြုဖစ်နိုင်ရင် ဘယ်လို Delete လုပ်ရမလဲဆိုတာရှင်းပြပေးပါလား

    ReplyDelete
  28. အားလုံး ကအစဉ်ပြေသွားကြပေမဲ့ ကျွန်တော်တယောက်ပဲဒုခရောက်နေတယ် ........ကိုနေမင်း.......Internet Download Manager ကိုလုပ်နေတာ၁၅ရက်တောင်ရှိသွားပြီဗျာ
    ဘယ်လိုမှလုပ်လို့မရဘူး............အရင်ဖွင့်ထားတဲ့ ရက်၃၀ ပဲသုံးလို့ရတာပဲပြန်ေ၇ာက်နေတယ်
ုပြီးတော့ ကျွန်တော့ စက်ထဲမှာ Patch File ကိုရှာလို့ မရဘူး
    ကူညီပါအုံးဗျာ

    ReplyDelete
  29. ကျေးဇုးနော် ကိုနေမင်းမောင်

    ReplyDelete
  30. အေူပာအဆိုအရေးအသားစိတ်ဓါတ်ရောပြည့်စုံကောင်းမွန်တဲ့ကိုနေမင်းမောင်ကိုကျေးဇူးအရမ်းတင်ပါတယ်ဗျာ.....

    ReplyDelete
  31. အစ်ကိုရေ...IDM ကိုစက်ထဲမှာ အစအနမကျန်အောင် ရှင်းလို့မရဖြစ်နေလို့ပါ..အကိုပြောတဲ့အတိုင်း..အပေါ်က အဆင့်တွေတော့ လုပ်လို့ရပါတယ်..ဒါပေမယ့်..
    My Computer >> Local Disk ( C : ) >> Program File ထဲမှာ Internet Download Manager ဆိုတဲ့ Folder ကို delete လုပ်တာ အကုန်မပျက်ဘူး ဖြစ်နေတယ် ကျန်နေတယ် ဘယ်လိုမှကိုဖျက်လို့မရတော့လို့ ကူညီပါဦး....

    ReplyDelete
  32. အကိုရေ ဒီPostကို PDF file ဒေါင်းလို့မရဘူးဖြစ်နေတယ်
    လင့်(ခ်) ၃ခုလုံးမှာ ဖိုင်တွေမရှိတော့ဘူးလို့ပြောနေတယ်အကို
    ဖြစ်နိင်ရင်ပြန်တင်ပေးပါလားဗျာ
    ကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete
  33. အကို ကျနော့် ကွန်ပျူတာမှာ patch ဖိုင်ကို virus အဖြစ်ဖျက်ဖျက် နေတာ ဘယ်လိုလုပ်ရမလဲ

    ReplyDelete
  34. many thank brother for your ..............

    ReplyDelete
  35. This comment has been removed by the author.

    ReplyDelete
  36. အောင်ဇော်May 20, 2012 at 2:06 AM

    ကျေးဇူးတင်လိုက်တာအကိုရာ..ဒီလိုနည်းပညာလေးတွေကိုမျှဝေပေးတဲ့အတွက်..
    ကျန်းမာ..ချမ်းသာ...စွာနေနိုင်ပါစေဗျာ....

    ReplyDelete
  37. ကျေးဇူးတင်ပါတယ်ဒါပေမဲ့တော့လုပ်လို့တော့မရဘူး
    kegen မပေါဘူးဖြစ်နေတယ်ဘယ်လိုနေရာမှာသွားလုပ်ရမှာလဲ
    ကျေးဇူးတင်ပါတယ်ကိုနေမင်းမောင်

    ReplyDelete
  38. အကိုရေ...keygen ..patch ကမရှိဘူ:ဗျ...ပြီ:တော့ အကိုပေ:ထာ:တဲ့လင့်၃ ခုကသေနေပြီ...
    တခြာ:တော့လုပ်လို့ ရတယ် အဲနှစ်ခု ဘဲ ခက်နေတာ...search နဲ့ ရှာလဲ မရှိဘူ:..ကူပါဦ:

    ReplyDelete
  39. link သေနေတယ် ပြန်တင်ပေးပါအုံး

    ReplyDelete
  40. အစ်ကို့လိုလူမျိုးများများရှိရင်ကောင်းမယ်။

    ReplyDelete
  41. ကျေးဇူးဘဲကိုနေမင်းရေ ခါတိုင်းဆို update မလုပ်ရဲဘူးဖြစ်နေတယ်။ခုတော့အားလုံးအိုကေသွားပြီ။ကျေးဇူးအထူးတင်ပါတယ်ဗျာ။လေးစားပါတယ်။အများအတွက်အချိန်ပေးတဲ့အတွက် အစ်ကိုလဲ အစစအရာရာအဆင်ပြေပါစေ။လိုအင်ဆန္ဒတွေလဲပြည့်ပါစေလို့ဆုတောင်းပေးတယ်နော်။

    ReplyDelete
  42. ကျွန်တော်လို ငတုံးကို ၇အောင်သင်ပေးခဲ့တဲ့ အတွက်အ၇မ်းကို ကျေးဇူးပါ

    ReplyDelete
  43. အကိုေ၇ ဆွဲလို့ မရဘူးဗျာ...........လင့်အသစ်လေးရှိရင်မျှပါဦး.........
    ကျွန်တော် အ၇မ်းလို ချင်လို့ ပါ.........

    ReplyDelete
  44. Patch file လေး ဝေမျှပါ။

    ReplyDelete
  45. အခြားdownload manager ၇ှိသေးလား

    ReplyDelete
  46. thanks...brother. Your are really great.

    ReplyDelete
  47. အကိုရေ ကျေးဇူးအရမ်းတင်ပါတယ်နော် ကျွန်တော်လည်းဒါနဲ့ဘဲရွာလည်နေတာဗျ အကိုရှင်းပြမှဘဲအဆင်ပြေသွားတော့တယ်ဗျာ...အချိန်ကုန်ခံပြီးရှင်းပြတဲ့အကိုတယောက်ကျန်းမာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်လည်းဒီထက်မကရှင်းပြနိုင်ပါစေဗျာ .. မသိတဲ့သူများသိသွားရအောင်လို့ကျွန်တော့်
    ဆိုဒ်ထဲမှာ ကူးယူဖော်ပြချင်လို့ပါ ခွင့်ပြုပါနော်

    ReplyDelete
  48. အခုလိုစိတ်ရှည်ရှည်နဲ့ရှင်းပြပေးတဲ့အတွက်ကျေးဇူးအရမ်းတင်ပါတယ်

    ReplyDelete
  49. ကျေးဇူအများကြီးတင်ပါတယ်...အကို

    ReplyDelete
  50. Thanks for your details.Keep going,my brother.We're proud of you.

    ReplyDelete
  51. ကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete
  52. install က ဘယ်မှာ လုပ် ရ မှာ လဲ



    ReplyDelete
  53. ကျေးဇူးတင်ပါတယ် ကိုနေမင်းမောင် Full version မလုပ်တတ်တော့ သုံးရတာအဆင်မပြေတာ ခုလိုရှင်းပြတဲ့တွက် အရမ်းကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete
  54. ကျွန်​​တော်​က.uninstall..လုပ်​လိုက်​တယ်​..အစကပြန်​​ဒေါင်းရမှာလား.အကို..link.ကဘယ်​လိုယူရမလဲအကို..store ကလည်း.try again ပဲပြ​နေတယ်

    ReplyDelete
  55. ကျေးဇူုးပြုပြီး လင့်လေးတွေ အသစ်ပြန်တင်နိုင်ရင် တင်ပေးစေချင်ပါတယ်ဗျာ...

    ReplyDelete
  56. ဆရာ download လင့်ရှာမတွေ့ဘူးဗျာ အလင်းပြပါအုံး

    ReplyDelete
  57. Whats up very nice web site!! Man .. Excellent .. Wonderful ..
    I'll bookmark your site and take the feeds additionally?
    I am happy to seek out so many helpful information here in the publish, we want work out more strategies on this regard,
    thanks for sharing. . . . . .

    ReplyDelete
  58. Internet Manager ကို Full Version ဖြစ်အောင် Install လုပ်နည်း ~ နေမင်းမောင် ( နည်းပညာ ) >>>>> Download Now

    >>>>> Download Full

    Internet Manager ကို Full Version ဖြစ်အောင် Install လုပ်နည်း ~ နေမင်းမောင် ( နည်းပညာ ) >>>>> Download LINK

    >>>>> Download Now

    Internet Manager ကို Full Version ဖြစ်အောင် Install လုပ်နည်း ~ နေမင်းမောင် ( နည်းပညာ ) >>>>> Download Full

    >>>>> Download LINK

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်