မင်္ဂလာပါခင်ဗျာ ... အဆင်မပြေတာများရှိရင် nayminmaung89@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ လေးစားစွာဖြင့် ... နေမင်းမောင်

  • Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Sunday, April 29, 2012

CCleaner Slim 3.18.707 Portable

ကျွန်တော်ဒီကောင်လေးကို ဟိုးအရင်တုန်းက တစ်ခေါက်တင်ပေးခဲ့ဘူးပါတယ်။ System optimization,  privacy နဲ့ cleaning tool တွေထဲမှာ သုံးရတာလွယ်ကူပြီး ပေါ့ပေါ့ ပါးပါးသုံးနိုင်တဲ့ အတွက် လူသုံးများပါတယ်။ ဒါလေးကို ကျွန်တော်နည်းနည်းရှင်းပြပါ့မယ်။ ကျွန်တော်တို့ Browsers တွေ တော်တော်များများ ဖြစ်တဲ့ Internet Explorer,Firefox,Google Chrome,Opera နဲ့ Safari စတဲ့ Browsers တွေမှာရှိတဲ့ Temporary files, URL history, cookies, Autocomplete form history, index.dat နဲ့ download history လေးတွေကို ရှင်းထုတ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ Window မှာဆိုရင်လည်း Recycle Bin, Recent Documents, Temporary files နဲ့  Log files စတာတွေကို ပေါ့ပေါ့ပါးပါးနဲ့ ရှင်းထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကလည်း 1.8 MB ပဲရှိပါတယ်။ Portable လေးလဲဖြစ်တဲ့အတွက် သုံးရတာလည်း အဆင်ပြေပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ.။

Your Uninstaller! 7.4.2012.05 (28.04.2012)


ဒါလေးကိုတော့ ကျွန်တော်အရင်ကလည်း တင်ပေးခဲ့ပြီးပါပြီ။ ဒါကတော့ 2012 အတွက် ထွက်လာတဲ့   နောက်ဆုံး Update လေးဖြစ်ပါတယ်။ သူ့အတွက်လဲ Full Version လေးရအောင် ကီးလေးပါထည့်ပေးထားပါတယ်။ အသုံးပြုနေတဲ့ အစ်ကိုတွေအစ်မတွေကတော့ ဒီကောင်လေးရဲ့  အကျိုးကျေးဇူးလေးတွေကိုသိကြမယ်ထင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 9.12 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။ သူ့ရဲ့ Features လေးတွေကိုလည်း အောက်မှာ ထပ်ထည့်ပေးထားပါတယ်။

Friday, April 27, 2012

Home Doctor, 2 edition


ဒီစာအုပ်လေးကိုတော့ ကျွန်တော် ထွေထွေထူးထူးပြောစရာမလိုလောက်ဘူးလို့ ထင်ပါတယ်ဗျာ.။ အထဲမှာ ကျွန်တော်တို့ အိမ်သုံးဆေးဝါးတွေနဲ့ အရေးပေါ်အသက်ကယ်နည်းတွေနဲ့ တခြား နည်းတွေလည်း ပါဝင်ပါတယ်.။ ပုံလေးတွေနဲ့ပါ တစ်ခါတည်း ရှင်းပြပေးထားပါတယ်။ အနည်းဆုံးတော့ ကျွန်တော်တို့ ဆောင်ထားသင့်တယ်လို့ ထင်လို့ပါ။ ကျွန်တော်အရင်ကပြောခဲ့သလိုပဲပေါ့နော်။ စာအုပ်ဆိုတာကတော့ ဆောင်ထားလိုက်လဲ မမှားပါဘူးဗျာ။ ဖိုင်ဆိုဒ်ကလည်း 4.9 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

Aurora 3D Text & Logo Maker 12.04.27


ကျွန်တော်အရင်ကလည်း တင်ပေးခဲ့ပါတယ်။ အခုလည်းနောက်ထပ် Update ထပ်ထွက်လာလို့  တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ Animation လေးတွေကို အဆင်အပြေဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ Save တဲ့ အချိန်မှာလည်း မိမိတို့ နှစ်သက်ရာ ဖိုင်အမျိုးအစားနဲ့ Save ပေးနိုင်ပါတယ်။ ကျွန်တော်အောက်မှာလည်း ပြပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 33.54 MB ရှိပါတယ်။ အထဲမှာသူ့အတွက် Keygen လေးပါထည့်ပေးထားပါတယ်။ အသေးစိတ် ထပ်ပြီးလေ့လာလိုရင်တော့ ဒီအောက်မှာ လင့်ခ်လေးပေးထားပါတယ်.။ အောက်မှာ ယူသွားလိုက်ပါဗျာ။


Free Alarm Clock 2.7 + Portable


ကျွန်တော် အခုဒါလေးလမ်းကြုံတွေ့လို့ တစ်ခါတည်း အဆင်ပြေအောင် တင်ပေးလိုက်ပါတယ်။ Portable လေးပါ သုံးရတာအဆင်ပြေအောင် တစ်ခါတည်းထည့်ပေးလိုက်ပါတယ်.။ ဖိုင်ဆိုဒ်ကလည်း 2 MB နီးပါးစီပဲရှိပါတယ်။ သုံးရတာလည်း လွယ်ကူပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။။

Driver Checker 2.7.5 Datecode.27.04.2012

ဒီတစ်ခါ DriverChecker Update လေးတစ်ခုတင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ စက်    ထဲမှာရှိတဲ့Printer Drivers,     USB Drivers, Sound/Audio Drivers, Vista Drivers, Bluetooth Drivers, Mouse Drivers, Keyboard Drivers, RAID Drivers, Scanner Drivers,             Video Drivers, Modem Drivers, Network Drivers, Linksys Drivers, Webcam Drivers, Graphic Drivers, VGA Drivers  စတဲ့ Drivers      တွေအတွက် Check လုပ်ပေးပြီး၊ တစ်ခါတည်း Download ဆွဲ၊            Install လုပ်ပေးပါတယ်။ Window တင်ပြီး   အသံမလာတာကအစ မိမိတို့ စက်ထဲက Update မဖြစ်တော့တဲ့ Driver တွေကိုလည်း      Check လုပ်ပေးပြီး Install လုပ်ပေးနိုင်ပါတယ်။

Pointstone System Cleaner 6.02.30


ကျွန်တော်တို့ System Cleaner လေးတွေကို ပေါ့ပေါ့ ပါးပါးနဲ့ အသုံးပြုနိုင်အောင် ရှေ့မှာလည်း ကျွန်တော် အများကြီး တင်ပေးခဲ့ပါတယ်။ အခုလည်း ဒီကောင်လေးက ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပြေအသုံး ပြုနိုင်ပါတယ်။ ကျွန်တော်တို့ Crack ဖိုင်လေးကို Install လုပ်ထားတဲ့ ဖိုလ်ဒါလေးထဲကို ကူးထည့်ပေးလိုက်ရင် Full Version လေးရပါပြီ။ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ Windows 7/Vista/XP/2003 တွေကို Support လုပ်ပေးပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ သူ့ရဲ့ မူလ Home Page လေးမှာ သွားကြည့်လိုက်ပါ။   


VirtualBox-4.1.14-77440-Win


ကျွန်တော်တို့ VirtualBox  တစ်ခုရဲ့ နောက်ထွက်လာတဲ့ Update လေးတစ်ခုကို တင်ပေးလိုက်ပါပြီ။ ကျွန်တော်အခုရက်ပိုင်း Update လေးတွေနောက် ကျသွားရင်ခွင့်လွှတ်ပေးပါဗျာ။ အခုအချိန်ကစပြီး ကျွန်တော်စတင်ပေးသွားပါ့မယ်။ ဖိုင်ဆိုဒ်လေးကတော့ နည်းနည်းများပါတယ်။ 85.66   MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

Remove Logo Now! from Video v1.1


ကျွန်တော်တို့ အခု Video တွေမှာရှိတဲ့ LOGO လေးတွေဖယ်ရှားလို သူများအတွက်ပါ။ ပါနေတဲ့ ရက်စွဲတွေ နဲ့အချိန်တွေကို အလွယ်တကူဖယ်ရှားပေး နိုင်ပါလိမ့်မယ်။ Support လုပ်ပေးတဲ့ Video Formats လေးတွေကတော့ AVI, MOV, M1V, MP2, SVCD, FLV, MP4, M2V, DVD, SWF, 3GP, MKV, WMV, နဲ့  RM10 စတာလေးတွေပဲဖြစ်ပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။

Super Hide IP v3.2.0.8


ကျွန်တော်တို့ Proxy ကျော်ရ ဆိုဒ်တွေထဲဝင်ရတာ စိတ်ညစ်နေသူများအတွက် ကျွန်တော်အရင်ကလည်း အများကြီးတင်ပေးပြီးပါပြီ။ ဒါကလည်း နောက်ဆုံးထပ်ထွက်လာတဲ့ Update လေးဖြစ်ပါတယ်။ အသုံးပြုပုံကတော့ အရင် ကောင်လေးတွေ အသုံးပြုသလိုပါပဲ။ အထဲမှာ သူ့အတွက် Full Version လေးသုံးလို့ရအောင် Crack ဖိုင်လေးကိုပါ ထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကလည်း  6.31 MB ပဲရှိပါတယ်။ သုံးတဲ့အချိန်မှာတော့ Firefox မှာ Plugin လေးသွင်းပေးလိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့ Proxy ကျော်ရတဲ့ ဒုက္ခကနေ ကင်းပါလိမ့်မယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

WinISO Standard 6.1.0.4499


ကျွန်တော်အခု Win ISO ရဲ့ နောက်ဆုံးထွက်လာတဲ့ Update လေးဖြစ်တဲ့ 6.1.0.4499 လေးတင်ပေးလိုက်ပါတယ်။ ကျွန်တော်အရှေ့မှာလည်း တင်ပေးခဲ့ပြီးပါပြီ။ ကျွန်တော်တို့ ISO files လေးတွေ CD/DVD/Blu-ray Disc image files လေးတွေကို Extract လုပ်ပေးနိုင်ပါတယ်။ ISO image file အနေနဲ့ ကျွန်တော်တို့ရဲ့ CD/DVD/Blu-ray Disc တွေထဲကို Burn ပေးနိုင်ပါတယ်။ bootable CD/DVD/Blu-ray Disc စတာတွေကိုလည်းပြုလုပ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ အသုံးပြုနေတဲ့သူအများစု ကတော့ သိကြမှာပါ။ ကျွန်တော့်မိတ်ဆွေတွေအတွက် အဆင်ပြေမယ့်ကောင်လေးတွေကိုလည်း ကျွန်တော် Update လေးနောက်မကျအောင် တင်ပေးသွားပါ့မယ်။ ဖိုင်ဆိုဒ်လေးကတော့ 12.9 MB ရှိပါတယ်။

cFosSpeed 7.01 Build 1942 Beta

 ကျွန် တော်တို့ Internet Speed နဲ့ Web Browsers တွေကို ဖွင့်ရတဲ့ Speed လေးတွေမြန်ဆန်လာအောင် ဒီကောင် လေးက အထောက်အကူပြုပါလိမ့်မယ်။ ကျွန်တော်တို့ Beta Version လေးဖြစ်တဲ့ အတွက် ကီးထည့် ပေးစရာမလိုပါဘူး။ နောက်ကိုလည်း ကျွန်တော် Connection မြန်အောင် အထောက် အကူပြုပေး နိုင်တဲ့ Software လေးတွေရလာတာနဲ့ တင်တင်ပေးသွားပါ့မယ်။အသေးစိတ်သိလိုရင်   တော့ သူ့ရဲ့ Home Page လေးမှာ လေ့လာကြည့်လိုက်ပါဗျာ။အောက်ကလင့်ခ် လေးကသူ့ရဲ့ Home Page လေးဖြစ်ပါတယ်။ အထဲမှာ သူ့အတွက် Crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်။

Wednesday, April 25, 2012

G-talkမှာမြန်မာဖောင့်မပေါ်ပဲလေးထောင့်အတုံးလေးတွေပေါ်နေ လျင်

WordPress plugin


ကျွန်တော်ဒီနေ့တော့အခုတလောအားလုံးလိုလိုခေါင်းရှုပ်ကြရတဲ့ပြသနာလေးတစ်ခုကိုမသိသေးသူများအတွက်
မိမိတို့ရဲ့စက်မှအဲ့လိုမျိုးဖြစ်လာခဲ့လျင်အလွယ်တကူပြင်လို့ရအောင်အာင်ဖော်ပြပေးလိုက်ပါတယ်။ကျွန်တော်တို့
ဒီရက်ပိုင်းInternet Explorer 9 ကို Uplate ပေးလိုက်တဲ့အခါမှာ G-talkမှာမြန်မာဖောင့်မပေါ်ပဲအပေါ်ကပုံ
မှာပြထားသလိုမျိုးလေးထောင့်အတုံးလေးတွေပေါ်နေတာတွေ့ ရပါလိမ့်မယ်။စာရိုက်တဲ့အချိန်မှာလဲမြန်မာဖောင့်ပေါ်
ပါတယ်။ဒါပေမယ့်စာကိုရိုက်ထည့်လိုက်တဲ့အချိန်မှာ G-talk Chat Box ထဲမှာမြန်မာဖောင့်မပေါ်ပဲလေးထောင့်
အတုံးလေးတွေပေါ်နေတာပါ။ကဲမိမိတို့စက်မှာလဲ Update ပေးမိလိုက်လို့အခုလိုမျိုးကြုံလာခဲ့ရင်တော့အောက်
ကနည်းလမ်းလေးတွေအတိုင်းသာလိုက်လုပ်ကြည့်လိုက်ပါခင်ဗျာ.......။

Skype မှာ မြန်မာဖောင့် ပေါ်ချင်တယ် ဆိုရင်



ကျွန်တော်လည်း တက်နိုင်သလောက်လေး တွေတော့ လုပ်ပေး သွားပါမယ် .. လူက အရမ်းကြီး မကောင်းချင် သေးတော့ အဆင်မပြေလို့ပါ .. ကွန်ပျူတာ ရှေ့မှာ အာရုံစိုက်တာ များလာရင် ခေါင်းက ထိုးထိုးနေလို့ တစ်ချို့ စာဖတ်ရမဲ့ အကြောင်းအရာ တွေ ရေးပေးရမဲ့ အကြောင်း အရာတွေဆို ဘာမှ Reply မပြန်နိုင်သေးတာ နားလည်း ပေးပါခင်ဗျာ .. အခု အကိုတစ်ယောက် မေးထားလို့ Skype မှာ မြန်မာ ဖောင့် သုံးလို့ရမဲ့ နည်းလေးကို ရေးပေးသွားပါမယ် .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..

BitDefender Antivirus Plus 2012 (x86/x64) ( Activation )



ကျွန်တော် အခု Antivirus ကို BitDefender အသုံးပြု သူတွေအတွက် 2012 Version လေး တင်ပေး လိုက်ပါတယ်  ..  အသုံးပြု ရတာတော့ နည်းနည်း ရှုပ်ပါတယ် .. ဒါပေမယ့် အများစုက ဒီကောင်ကို Security ပိုပြီး စိတ်ချရတယ် ဆိုပြီး အသုံးပြု ကြပါတယ် .. ကျွန်တော် ဒီကောင်လေးအတွက် Keygen File ထဲမှာ (12851 days) အထိ သုံးလို့ရမဲ့ Crack File ရယ် Keygen ရယ် အသုံးပြုလို့ရမဲ့ Key တွေပါပါတယ် .. Crack File ကို ဘယ်လို Install လုပ်ရမယ် ဆိုတာကို အထဲမှာလည်း Notepad နဲ့ ရေးပေးထားပါတယ် .. ဒါပေမယ့် ကျွန်တော် အောက်မှာ Crack အသုံးပြုနည်းကို ရေးပေးပါမယ် ..

Revo Uninstaller Pro 2.5.8



ကျွန်တော် အခု Software တွေကို Unistall လုပ်တဲ့ အခါမှာ ကျွန်တော် အမြဲသုံးနေကျ Revo Unstaller Update လေး တင်ပေးလိုက်ပါတယ် .. ကျွန်တော်တို့ ဆော့ဝဲလ်တွေကို ဖြုတ်တဲ့ အခါမှာ ပုံမှန်အတိုင်း Control Panel ထဲက သွားပြီး ဖြုတ်နေတာထက်စာရင် အခုလို Uninstaller Tool တစ်ခုခု သုံးပြီး ဖြုတ်တာက ပိုပြီးတော့ Error ကင်းသလို အဆင်ပြေစေပါတယ် .. ကျွန်တော်က ဘယ်ဆော့ဝဲ ဖြုတ်ဖြုတ် ဒီကောင်လေးပဲ သုံးပါတယ် .. သူ့ကို Full Version လေး သုံးလို့ရအောင် အထဲမှာ Patch File လေးပါ ထည့်ပေးထားပါတယ် .. လိုအပ်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Monday, April 23, 2012

3D Wallpaper For Desktop



ကျွန်တော်လည်း Desktop Fun လေးတွေ တင်မပေး ဖြစ်တာ တော်တော် ကြာပါပြီ .. ဒီနေ့တော့ ကျွန်တော့် ဆိုဒ်လေးကို လာလည်တဲ့ သူငယ်ချင်းများ အတွက် 3D Wallpaper လေးတွေ တင်ပေးလိုက်ပါတယ် .. အကြိုက်တွေ့တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..



Antivirus Uninstaller Tool Pack



ကျွန်တော်တို့ Antivirus Software တွေကို အသုံးပြုတဲ့ အခါမှာ တစ်ခါတစ်လေ မိမိတို့က ရိုးရိုး Control Panel ထဲက ဖြုတ်လိုက်တဲ့ အခါမှာ ပြုတ်မသွား ကျန်နေတာတွေ ကြုံဖူး ကြပါလိမ့်မယ် .. အခုကျွန်တော် တင်ပေးလိုက်တဲ့ Antivirus Uninstaller Tool ကတော့ မိမိတို့ အသုံးပြုနေတဲ့ Antivirus အမျိုး အစားအလိုက် ရွေးချယ်ပြီး ဖြုတ်ပေးလိုက်မယ်ဆိုရင် အလွယ်တကူပဲ အဆင်ပြေသွား ပါလိမ့်မယ် .. လူတိုင်း ဆောင်ထားသင့်တဲ့ ကောင်လေးပါ .. မိမိရဲ့ ကွန်ပျူတာမှာလည်း တစ်ချိန် မဖြစ်လာဘူးလို့ မပြောနိုင်ပါဘူး .. လိုအပ်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..

Cafezee Software အသုံးပြုနည်း ( E-Book )



ကျွန်တော် အကိုတစ်ယောက် တောင်းထားတာ ရှိလို့ Cafezee Software ကိုတော့ တင်ပေး ပြီသွားပါပြီ .. ဒါပေမယ့် ဒီကောင်လေးကို ဘယ်လို အသုံးပြုရမယ် ဆိုတဲ့ အသုံးပြုနည်း E-Book လေးကို မတင်ပေးဖြစ်လို့ အခု သက်သက် ပြန်ပြီး တင်ပေးလိုက်ပါတယ် .. ဒီစာအုပ်ထဲမှာ Cafezee Software အား Install လုပ်နည်း ( Saver , Client ) ၊ Sever ကွန်ပျူတာ တွင် Install လုပ်ပြီးပါက လိုအပ်သည်များကို ပြင်ဆင်ခြင်း ၊ Client Computers များတွင် Install လုပ်ပြီး ပါက လိုအပ်သည်များကို ပြင်ဆင်ခြင်း စသည်ဖြင့် အဆင့်လိုက် ရေးသားထား ပါတယ် .. လိုအပ်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Cafezee 3.9 + Crack



ကျွန်တော် Cafezee Software ကို ရှာလို့ ရတဲ့ Version လေးပဲ တင်ပေးလိုက်ပါတယ် .. ဘာပဲ ဖြစ်ဖြစ် အသုံးပြုလို့တော့ အဆင်ပြေမယ် ထင်ပါတယ် .. ကျွန်တော် ဒီကောင်လေးအတွက် အထဲမှာ Crack File လေးပါ ထည့်ပေးထားပါတယ် .. Crack File ကို ဘယ်လို အသုံးပြုရမယ် ဆိုတာကိုတော့ အထဲမှာ Notepad လေးနဲ့ ရေးပေးထားပါတယ် .. ဒီကောင်လေးကို ကျွန်တော်တို့ အင်တာနက် ဆိုင်တွေမှာ အသုံးပြုသူ User တွေရဲ့ သုံးစွဲသွားတဲ့ အချိန်အလိုက်ကို မှတ်ခိုင်းထားပြီး ကျသင့်တဲ့ ပိုက်ဆံကိုပါ တွက်ချက် ပေးတဲ့ အတွက် အင်တာနက် ဆိုင်တွေ အတွက်တော့ အသုံးများတဲ့ ဆော့ဝဲတစ်ခု ဖြစ်ပါလိမ့်မယ် .. ဒီကောင်လေးကို ဘယ်လို အသုံးပြုရမယ် ဆိုတဲ့ PDF လေးကိုတော့ နောက်မှာပဲ တင်ပေးပါတော့မယ် .. လောလောဆယ် လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Aleo Flash Intro and Banner Maker V 3.8

 

 

Aleo Flash Intro and Banner Maker လေးကို သုံးဖူးတဲ့ သူတွေတော့ သိပါလိမ့်မယ် .. ကျွန်တော်တို့ Web သမား တွေအတွက် မိမိတို့ ဆိုဒ်မှာ လိုအပ်တဲ့ Animation Bunner လေးတွေ ပြုလုပ်ချင်တဲ့ သူများ အတွက် လွယ်လွယ်ကူကူနဲ့ Animation Bunner လေးတစ်ခုကို ဖန်တီး ပေးနိုင်မှာ ဖြစ်ပါတယ် .. မြန်မာဖောင့်လည်း အသုံးပြုလို့ ရတဲ့ အတွက် ပိုပြီးတော့ အဆင်ပြေပါတယ် .. အသုံးပြုရတာလည်း မခက်ပါဘူး .. အဆင်ပြေပြေနဲက အသုံးပြု တက်သွားမယ်လို့ ထင်ပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..

Sunday, April 22, 2012

Splash Pro HD Movie Player



ကျွန်တော်တို့ ရုပ်ရှင် ဗီဒီယို တွေကို ကြည့်တဲ့ အခါမှာ အဆင်ပြေပြေ ကြည့်ရှုနိုင်ဖို့  အတွက် အခု တင်ပေး လိုက်တဲ့ Splash PRO ဆိုတဲ့ Player လေးက အထောက်အကူ ပြုပါလိမ့်မယ် .. ဒီ Player လေးကို အသုံးပြုပြီး HD Movie တွေကို ကြည့်ရှုတဲ့ အခါမှာ တော်တော် အဆင်ပြေပါတယ် .. Substitle အတွက်လည်း ပါပြီးသားမို့ ပိုပြီး အဆင်ပြေပါတယ် .. တစ်ချို့ Srt ဖိုင်တွေကနေ မြန်မာ ပြန်ထားတဲ့ ဇာတ်ကားတွေဆို Open File ကနေ ကိုကြည့်ချင်တဲ့ ဇာတ်ကားကို ရွေး ပြီးရင် Substitle ကနေ Srt File လေးကို ရွေးပေးလိုက်ယုံ ပါပဲ .. ဒါဆိုရင် စာတန်းထိုးနဲ့ ကြည့်ချင်သူတွေ အတွက်လည်း အဆင်ပြေစေဖို့ ဒီကောင်လေးက အထောက်အကူ ပြုပါလိမ့်မယ် .. အသုံးပြု ရတာတော့ တော်တော် အဆင်ပြေပါတယ် .. လိုအပ်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..

Ashampoo PhotoCommander



အခု တင်ပေးလိုက်တဲ့ Ashampoo Photo Commander 10 လေးကတော့ ပုံတွေကို ပြင်ဆင်ဖို့ Scan ဖတ်ဖို့ မိမိတို့ စိတ်ကြိုက် အသစ် Create လုပ်ဖို့အတွက် အထောက်အကူ ပြုပါလိမ့်မယ် .. ဒီကောင်က အသုံးပြု ရတာတော့ နည်းနည်း ရှုပ်ပါလိမ့်မယ် .. ဒါပေမယ့် စမ်းသုံးကြည့် ချင်သူတွေက တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေ ဒေါင်းလော့ ချသွားလိုက်ပါ .. ဒီကောင်လေး အတွက် Registry Key လေးကိုလည်း ထည့်ပေးထားပါတယ် .. ဖိုင်ဆိုဒ်က ( 140.9 MB ) ရှိပါတယ် ..

VLC Player 2.00



မိမိတို့ရဲ့ ကွန်ပျူတာမှာ သီချင်းတွေ ဖွင့်ဖို့ MP4 File တွေ ဖွင့်ဖို့ အတွက် အသုံးများတဲ့ Player တစ်ခု ဖြစ်တဲ့  VLC Player ကို လိုအပ်တဲ့ သူများ ရှိရင် အလွယ် တကူ အသုံးပြုလို့ ရအောင် တင်ပေးလိုက်ပါတယ် .. အခုတင်ပေးလိုက်တဲ့ Version လေးက 2.0 ဖြစ်ပါတယ် ..  လိုအပ်တဲ့ သူများအတွက် အောက်မှာ သုံးနေရာ ခွဲပြီး တင်ပေးထား ပါတယ် .. မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Avast Pro Antivirus 7.0.1476 + Crack ( 1/14/2050 )



ကျွန်တော်လည်း Antivirus တွေ မတင်ပေး ဖြစ်တာ တော်တော်လေးကို ကြာသွားပါပြီ .. လောလောဆယ် စာမရေးနိုင်သေးတော့ တင်ပေးနိုင်တဲ့ ဆော့ဝဲလ်လေးတွေတော့ နိုင်သလောက် တင်ပေးသွား ပါမယ် .. ကျွန်တော့်စီမှာကလည်း နက်က တော်တော်ကို မကောင်းလို့ပါဗျာ .. အဲ့ဒါကြောင့် စိတ်သွားတိုင်း ကိုယ်မပါဘူး ဖြစ်နေလို့ပါ .. အခု ကျွန်တော် Avast Antivirus Pro 7.0.1426 ကို Crack File လေးသုံးပြီး 2050 အထိ သုံးလို့ရမဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. ဒီနေရာမှာ ကျွန်တော် တစ်ခုကြိုပြီး တောင်းဆိုင်ချင်တာက Antrivirus Pro ကို Crack လုပ်ပေးတဲ့ သူက 2050 အထိ လုပ်ပေးထား ပေးမယ့် ရက် 60 လောက် သုံးရလည်း မဆိုးဘူးလို့ ကြိုပြီး တွေးထား စေချင်ပါတယ် .. ၀ယ်ပြီးတော့ သုံးရတာ မဟုတ်တဲ့ အတွက် သေချာပေါက် အဲ့လောက်ထိ ရမယ်လို့ ကျွန်တော်လည်း အာမမခံနိုင်ပါဘူး .. ဒါပေမယ့် နှစ်လလောက် သုံးရတယ် ဆိုရင်တောင် တော်တော်လေးကို တန်နေပါပြီ .. Free သုံးရတာပဲဗျာ .. 

Saturday, April 21, 2012

Windows XP Professional SP3 Integrated April 2012 (32-bit) + SATA Drivers



ကျွန်တော် အခု Windows XP Professional SP 3 ကို April လအတွက် ထွက်လာတဲ့ Update လေး တင်ပေးလိုက် ပါတယ် .. ကျွန်တော် အနေနဲ့ Windows ခွေတွေကို ကိုယ်တိုင် ပြန်တင်ပေးနိုင်ဖို့ အင်တာနက် အခြေအနေက မပေးပါဘူး .. အဲ့ဒါကြောင့် ကျွန်တော် မူရင်းလင့် တွေကိုပဲ ပြန်ရှယ်ပေးနိုင်ပါတယ် ..  လိုအပ်တဲ့ သူများကတော့ လင့်တွေ မသေခင်မှာ ဒေါင်းလော့ ချထားစေချင်ပါတယ် .. လင့်တွေ သေသွားရင် ကျွန်တော်လည်း ပြန်မတင်ပေး နိုင်ပါဘူး .. ဖိုင်ဆိုဒ်က 612.5 MB ရှိပါတယ် .. 

လွယ်ကူလေ့လာ အခြေခံကွန်ပျူတာ ( E-Book )



ဒီစာအုပ်လေးကတော့ အားလုံးအတွက် အထောက် အကူပြုလိမ့်မယ်လို့ ထင်ပါတယ် .. ကွန်ပျူတာ အခြေခံနဲ့ပါတ်သတ်ပြီး အရမ်းကြီး အသေးစိတ် ကျကျကြီး ရှင်းပြ ပေးထားတာ မဟုတ်ပေမယ့် ကွန်ပျူတာ တစ်လုံးမှာ ပါဝင်တဲ့ အမျိုးအစားတွေ ၊ အမျိုးအစား တစ်ခုချင်းအလိုက် ပြန်ပြီး ရှင်းပြချက်တွေနဲ့ ၀ယ်ယူမယ် ဆိုရင်လည်း အဆင်ပြေအောင် Buying Guide ဆိုပြီး ရှင်းပြပေးထားပါတယ် .. ကျွန်တော် အောက်မှာ သုံးနေရာ ခွဲတင်ပေးထားပါတယ် .. လိုအပ်တဲ့ သူများ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

CPU နည်းပညာနှင့် မျိုးဆက်သစ် ပရိုဆက်ဆာ ( E-Book )



ကျွန်တော်တို့ ကွန်ပျူတာရဲ့ အဓိက အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုလို့ ပြောလို့ရတဲ့ Processor အကြောင်း ရေးသား ထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် .. Processor နဲ့ပါတ်သတ်ပြီး အသေးစိတ် စုစည်း ရေးသားထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် .. Processor နဲ့ပါတ်သတ်ပြီး အသေးစိတ် လေ့လာချင်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..

A + စံပြမေးခွန်း ၊ အဖြေများနှင့် ရှင်းလင်းချက်များ



ဒီစာအုပ်လေး ကတော့ A+ နဲ့ပါတ်သတ်ပြီး စာမေးပွဲ ဖြေဆိုမည့် သူများ အတွက် စာမေးပွဲ အထောက်အကူ စံပြမေးခွန်း၊ အဖြေများနှင့် ရှင်းလင်း ချက်များကို ရေးသား ပေးထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ် .. ကျွန်တော် အရင်က တင်ပေးခဲ့ဘူး ပြီးသားလို့ ထင်ပါတယ် .. ဒါပေမယ့် လင့်တွေ အလုပ်မလုပ်တော့မှာနဲ့ လိုအပ်တဲ့ သူတွေလည်း တစ်ခါတည်း ဒေါင်းလော့ ချလို့ရအောင် အသစ်ပြန်တင်ပေး လိုက်ပါတယ် .. လိုအပ်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ယူသွားလိုက်ပါ ...

အခမဲ့ Websites များ ရေးတင်နည်း ( E-Book )



အခု တင်ပေးလိုက်တဲ့ စာအုပ်လေးက ဆရာမျိုးသူရ ရေးသားတဲ့ အခမဲ့ Website ရေးတင်နည်းဆိုတဲ့ စာအုပ် လေးပဲ ဖြစ်ပါတယ် .. ဒီစာအုပ်မှာ Website နဲ့ ပါတ်သတ်တဲ့ အခြေခံ အခေါ်အဝေါ်တွေ အသုံးအနှုံးတွေကို နားလည်အောင် ရှင်းပြပေးထားတဲ့ အပြင် မိမိရဲ့ Domain name မှတစ်ဆင့် E-Mail လိပ်စာ လုပ်နည်း Uploading လုပ်ခြင်း စတဲ့ အကြောင်းအရာ တွေနဲ့ ပါတ်သတ်ပြီး ရေးသားပေးထားတာ ဖြစ်ပါတယ် .. ကျွန်တော် အောက်မှာ သုံးနေရာ ခွဲတင်ပေးထားပါတယ် .. လိုအပ်တဲ့ သူများ မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ...

A BASIC ENGLISH GRAMMER ( U THEIN LWIN )



ကျွန်တော်လည်း ဆိုဒ်ကို သေချာ အာရုံမစိုက်နိုင်ဘူး ဖြစ်နေလို့ပါ .. အဖျားက ရက်ရှည်သွားပြီး အခုအချိန်ထိ လုံးဝ ပျောက်ကင်းတဲ့ အနေအထားကို မရောက်သေးဘူး ဖြစ်နေတော့ ကျွန်တော် အဆင်ပြေတဲ့ နေ့လေးတွေတော့ အသုံးဝင်တာလေးတွေ တင်ပေးသွားပါမယ် .. အားလုံး အတွက်လည်း အထောက်အကူ ဖြစ်အောင်လို့ပါ .. အခုတင်ပေးလိုက်တဲ့ စာအုပ်လေးကတော့ အင်္ဂလိပ်စာကို လေ့လာ လိုက်စားနေတဲ့ သူများအတွက် အင်္ဂလိပ် သဒ္ဒါပိုင်း ဆိုင်ရာနဲ့ ပါတ်သတ်ပြီး ဆရာ ဦးသိန်းလွင် ရှင်းလင်း ရေးသားထားတဲ့ စာအုပ် တစ်အုပ်ဖြစ်ပါတယ် ..။ လိုအပ်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Saturday, April 14, 2012

ဓာတ်ပုံလေးတွေ ပြင်ကြရအောင်



အခုတင်ပေးလိုက်တဲ့ ကောင်လေးကတော့ ဓာတ်ပုံတွေကို မိမိစိတ်ကြိုက် ပြင်နိုင်ဖို့ အတွက် Photoshop လိုပဲ အသုံးပြုနိုင်တဲ့ Tool လေးတစ်ခုပဲ ဖြစ်ပါတယ် .. Photoshop လောက် Function မစုံလင်ဘူး ဆိုပေမယ့် ပုံတွေကို ပြင်ဖို့ အတွက်တော့ အသုံးဝင်မယ်လို့ ထင်ပါတယ် .. ပြီးတော့ ဒီကောင်လေးက Free ပေးထားတာလေးပါ .. သူ့မှာ ပါတဲ့ Tools တွေကို ဘယ်လို အသုံးပြုရမယ်ဆိုတာ မသိဘူး ဆိုရင်လည်း Software ကိုဖွင့်လိုက်တဲ့ အချိန်မှာ ပေါ်လာတဲ့ Tip and Trick ကနေပြီး  အသုံးပြုနည်းတွေကိုလည်း ကြည့်လို့ ရပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချ သွားလိုက်ပါ ..

Internet Download Manager 6.11 Beta Build 3 + Patch



ကျွန်တော်အခု Internet Download Manager Beta Version လေး April 3 ရက်နေ့ အတွက် ထွက်လာတဲ့ Update လေးကို တင်ပေးလိုက်ပါတယ် .. အရင် Internet Download Manager တင်ထားပြီး သားရှိတဲ့ သူတွေကလည်း ဒီကောင်လေးကို မသုံးချင်ရင်လည်း ရပါတယ် .. အသစ်ထွက်လာတာ လေးတွေကိုမှ စမ်းပြီး သုံးချင်သူတွေ အတွက် တင်ပေးလိုက်တာပါ ... ကျွန်တော် ဒီကောင်လေးအတွက် အထဲမှာ Patch File လေးပါ ထည့်ပေးထားပါတယ် .. Patch File လေးကို My Computer >> Local Disk ( C:) >> Program  မှာရှိတဲ့ Internet Download Manager ဆိုတဲ့ Folder ထဲမှာ ထည့်ပေးလိုက်ပါ .. ပြီးရင် Patch File လေးကို Run ပေးပြီး Patch ချိုးပေးယုံပါပဲ .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်တွေကသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Google_Earth_Pro_6.0.0.1735 + Patch



ကျွန်တော်ကို တောင်းထားတဲ့ အကိုတစ်ယောက်လည်း ရှိတာနဲ့ တစ်ခြားလိုအပ်တဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင်  Google Earth ကို Patch ဖိုင်လေးနဲ့ ရှာပြီး တင်ပေးလိုက်ပါတယ် .. Patch File လေးကို အသုံးပြုမှာသာ Full Version အသုံးပြုလို့ ရမှာ ဖြစ်ပါတယ် .. ကျွန်တော်တို့ Patch File ကို အသုံးမပြုမှီ Patch File ကို အသုံးပြု ဖို့အတွက် လိုအပ်တဲ့ dll file လေးတွေကို ထည့်ပေးဖို့ လိုမှာ ဖြစ်ပါတယ် .. ကျွန်တော် အောက်မှာ Patch File ဘယ်လို အသုံးပြုရမယ် ဆိုတာကို ရေးပေးထားပါတယ် .. လိုအပ်တဲ့ သူများ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ... 

အဆင့်မြင့် အင်တာနက် အသုံးပြုနည်း



နောက်ထပ် ဆရာမျိုးသူရ ရေးတဲ့ အဆင့်မြှင့် အင်တာနက် အသုံးပြုနည်း ဆိုတဲ့ စာအုပ်လေး ထပ်တင်ပေးလိုက် ပါတယ် .. ဒီစာအုပ်လေးမှာတော့ ဖိုရမ်တွေရဲ့ သဘော သဘာဝတွေ Website တွေရဲ့ အကြောင်းတွေ ဘလော့နဲ့ ပါတ်သတ်တာတွေ စတဲ့ Website ပိုင်းနဲ့ ပါတ်သတ်ပြီး အဓိကထား ရေးပေးထားပါတယ် .. ကျွန်တော် အောက်မှာ သုံးနေရာ ခွဲတင်ပေးထားပါတယ် .. အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

နေ့စဉ်သုံး အင်တာနက် ( E-Book )



အခု တင်ပေးလိုက်တဲ့ စာအုပ်ကတော့ မျိုးသူရ ရေးထားတဲ့ နေ့စဉ်သုံး အင်တာနက် ဆိုတဲ့ စာအုပ် ပဲ ဖြစ်ပါတယ် .. အင်တာနက်ကို ခုမှ စပြီး သုံးမဲ့ သူတွေ အတွက်တော့ အထောက် အကူပြုပါလိမ့်မယ် .. ဒီစာအုပ်မှာ ဂျီမေးလ် အသုံးပြုနည်း ၊ ဂျီမေးလ်အကောင့်ဖောက်နည်း ၊ အီးမေးလ်ပို့ခြင်း စတဲ့ အခြေခံ အချက်အလက်တွေကို ရေးပေးထားပါတယ် .. စသုံးခါစ လူတွေအတွက်တော့ ဖတ်ပြီး လုပ်ကြည်တော့ ပိုနားလည်စေမယ်လို့ ထင်ပါတယ် .. လိုအပ်တဲ့ သူများ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

အင်တာနက် အသုံးပြုသူများ အတွက် သတိပေးချက် ( ၈ ) ချက်



ကျွန်တော် အရင်ကတော့ တင်ပေးခဲ့ပြီးသားပါ ... ဒါပေမယ့် လင့်တွေ အလုပ် မလုပ်တော့လို့ ပြန်တင်ပေးပါ ဆိုပြီး တောင်းထားတာလေး ရှိလို့ အကုန် အသစ်ပြန်တင်ပေး လိုက်ပါတယ် .. အခုတင်ပေးလိုက်တဲ့ စာအုပ်လေးကတော့ အင်တာနက် အသုံးပြုသူများ အတွက် သတိပေးချက် ( ၈ ) ချက်ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် .. အင်တာနက် အသုံးပြုသူတွေ အနေနဲ့ အင်တာနက် အသုံးပြုတဲ့ အခါမှာ သတိပြုစရာ အချက်လေးတွေကို ရေးပေးထားတာ ဖြစ်ပါတယ် .. လိုအပ်လို ဖတ်ကြည့်ချင်တယ် ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Friday, April 13, 2012

Sky Net Line ကြည့်ချင်သူများ အတွက်



ကျွန်တော် လည်း နေမကောင်း ဖြစ်သွားထဲက ဆိုဒ်နဲ့တော်တော်လေးကို အဆက်အသွယ် ပြတ်သွားတယ် .. လူကလည်း အဖျားတာရှည် သွားတော့ ဘာမှကို မလုပ်နိုင်တဲ့ အနေအထားမျိုး ဖြစ်သွားတော့ ဆိုဒ်ရေးဖို့တောင် ဦးမတည်နိုင်ဘူး ဖြစ်သွားလို့ပါ .. ဒီနေ့တော့ ကျွန်တော် အဝေးရောက် မြန်မာများအတွက် http://www.tvunetworks.com/ ကနေတစ်ဆင့် Sky Net Line ကို တိုက်ရိုက်ကြည့်လို့ ရမဲ့ နည်းလမ်းလေးကို ညီလေးတစ်ယောက် စီကနေ တစ်ဆင့်ရလို့ ပြန်ရှယ် ပေးသွားပါမယ် .. သိပြီးသားသူတွေ ရှိရင်ပဲ ဖြစ်ဖြစ် ဒီထက်ကောင်းတဲ့ အဆင်ပြေတဲ့ နည်းလမ်းလေးတွေ ရှိရင်ပဲ ဖြစ်ဖြစ် ပြန်ရှယ်ပေးခဲ့အုံး ပေါ့ဗျာ .. အားလုံးအတွက် အဆင်ပြေတာပေါ့ ... ကျွန်တော် တစ်ချို့ မသိသေးတဲ့ သူတွေအတွက် အသုံး ပြုလို့ အဆင်ပြေအောင် အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့်ချင်း ပြပေးထားပါတယ် .. စစချင်း မလာခင်တော့ နည်းနည်း စောင့်ရပါတယ် .. ကောင်နက်ရှင်ကြောင့်လားတော့ မပြောတက်ဘူး .. နောက်ပိုင်းလိုင်းလာပြီ ဆိုရင်တော့ ပုံမှန် ကြည့်နေရသလို အဆင်ပြေပြေ ကြည့်လို့ရတော့ အဆင်ပြေပါတယ် .. 

Sunday, April 1, 2012



Photo from eu2010.es

အဲ့တုန်းက -

( ၉ ) တန်းအောင်ပြီး ( ၁၀ ) တန်းခု စတက်မယ်လုပ်တော့ ဝိုင်းခေါ်သင်တဲ့သူ Guide ဌားတဲ့သူတွေ ရှိပေမယ့် ကျွန်တော်တို့ ခေတ်က ဝိုင်း တို့ Guide တို့ ဆိုတာ အဲ့လောက်ကြီးထိ ခေတ်မစားသေးဘူး - ခေတ်စားခဲ့ရင်တောင် အဲ့လောက်ထိ ကျွန်တော်တို့ မိသားစု မတတ်နိုင်ဘူး - ကျွန်တော်တို့ မိသားစုက ဝင်ငွေနဲ့ ထွက်ငွေ ဘယ်တော့မှ ကာရန်မညီတဲ့ ဝန်ထမ်းမိသားစု - အဖေ သက်ရှိထင်ရှား ရှိပေမယ့် တာဝန်ကြောင့် ကျွန်တော်တို့ မိသားစု တစ်ကွဲတစ်ပြား ဖြစ်နေကြတယ် - ဘယ်မှာနေလဲ ဆို ရန်ကုန်လို့ ပြောဖြစ်ပေမယ့် တကယ်တော့ ကျွန်တော်နေခဲ့တာ ရန်ကုန်မြို့ရဲ့ အစွန်အဖျား ၁၉၉၅ ခုနှစ် အခြေအနေက ဒဂုံမြို့သစ်တောင်ပိုင်းမှာ -