မင်္ဂလာပါခင်ဗျာ ... အဆင်မပြေတာများရှိရင် nayminmaung89@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ လေးစားစွာဖြင့် ... နေမင်းမောင်

  • Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Monday, August 29, 2016

Re-Loader v3.0


ကျွန်တော် Loader လေးတွေလည်း မတင်ပေးဖြစ်တာကြပါပြီ။ သုံးရတာ အဆင်အပြေဆုံးဖြစ်တဲ့ ဒီ Reloader လေးကို  Windows XP, Windows Vista , Windows 7, Windows 8, Windows 10, Windows 10 Pre-release, Windows Server 2008, Windows Server 2008 R2, Windows Server 2012, Windows Server 2012 R2, Windows Server 2016 RTM တွေအပြင် Microsoft Office အပိုင်းမှာဆိုရင် Office 2010, Office 2013, Office 2015, Office 2016 / 365 စတဲ့ Version လေးတွေအထိ Support လုပ်ပေးနိုင်ပါတယ်။ Version အသေးစိတ်ကို အောက်မှာ ထပ်ပြီး ဖေါ်ပြပေးထားပါတယ်။

iPhone Data Recovery 3.1


ကျွန်တော်တို့ iPhone ၊ iPad တွေထဲက အရေးကြီးဖိုင်တွေကို မှားဖျက်မိလိုက်တာပဲဖြစ်ဖြစ် ၊ iOS devices တွေ Jailbreak failure ဖြစ်တာပဲဖြစ်ဖြစ် Hardware သို့ system failure ဖြစ်တာပဲဖြစ်ဖြစ် ပျောက်ဆုံးသွားတဲ့  photos, videos, messages, contacts, call history, notes စတဲ့ ဖိုင်တွေကို  (1) Recover from iDevice Directly ၊ (2) Recover from iTunes Backup ၊ (3) Recover from iCloud Backup ဆိုတဲ့ အဆင့် (၃)ဆင့်နဲ့ Recovery ပြန်လုပ်ပေးနိုင်ပါလိမ့်မယ်။

Sunday, August 28, 2016

Top Ten Torrent Sites များနှင့် အသုံးပြုပုံများ



Software ရှာဖို့အတွက်က Torrent Sites တွေကိုအသုံးပြုရတာ ပိုပြီး အဆင်အပြေဆုံးနည်းလမ်းတစ်ခုပါ။ ဘယ်လိုရှာကြမလဲ ??? 
ပထမဆုံးတစ်ချက်ကတော့ ရက်စွဲကို အရင်ဆုံးကြည့်လိုက်ပါ။ အချို့အချို့သော Software တွေက  ၄ နှစ် ၅ နှစ်တွေ ဖြစ်ကုန်ပါပြီ ။ ဒါဆိုရင်တော့ Download လုပ်ဖို့ အဆင်ပြေနိုင်မယ့်အခွင့်အလမ်းနည်းပါတယ်။ 
ဒုတိယတစ်ချက် Software Size ကိုကြည့်လိုက်ပါ။ မိမိအသုံးပြုမယ့် Software ဆိုဒ်က Torrent Sites မှာဖေါ်ပြထားသလောက်ရှိရဲ့လားဆိုတာပါ.။  တစ်ချို့ ဖိုင်တွေက ပါမလာတတ်တာတွေလည်း ရှိတတ်လို့ပါ။ 

တတိယတစ်ချက်အနေနဲ့ Seed ကိုကြည့်ပေးပါ။ Seeders များလေလေ Download ချဖို့ပိုပြီး အဆင်ပြေလေလေပဲဖြစ်ပါတယ်။ Leech များနေရင်တော့ အဆင်ပြေနိုင်ဖို့ အခွင့်အလမ်းနည်းပါးပါတယ်။ 
ချွင်းချက်အနေနဲ့ကတော့ Comment လေးတွေ ဖတ်ကြည့်သင့်ပါတယ်။ Comment တွေမှာ အဆင်မပြေတာလေးတွေ ရေးထားတာတွေ့ရင်တော့ နောက်တစ်ခု ထပ်ရှာတာက အချိန်ကုန်သက်သာပါလိမ့်မယ်။ Download လုပ်ပြီးမှ အဆင်မပြေရင် ကိုယ်ပဲ အချိန်ကုန် လူပမ်းဖြစ်ပါလိမ့်မယ်။ ကျွန်တော်အသုံးများတဲ့ Top Ten ထဲမှာပါတဲ့ Torrent Sites တော်တော်များများကို ဖေါ်ပြပေးသွားပါ့မယ်။ အောက်မှာကြည့်ရအောင် ... 

GeoGebra 5.0.270


Geometry, algebra, graphing, calculus စတဲ့ Education Levels အားလုံးနီးပါးကို အသုံးပြုနိုင်တဲ့ GeoGebro ကတော့ Multi-platform Dynamic Mathematics Software လေးတစ်ခုပဲဖြစ်ပါတယ်။ ပါဝင်တဲ့ Tools တွေကို အသုံးပြုပြီး လိုအပ်သလို လွယ်လွယ်ကူကူနဲ့ တွက်ချက် အသုံးပြုနိုင်ပါလိမ့်မယ်။ ဖိုင်ဆိုဒ်ကတော့ 50 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါ ...

Remo Recover Windows 4.0 ( Full )


2016 အတွင်း Top Ten recovery tool ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး Gold Award ရထားတဲ့  Remo Recovery Tool လေးတစ်ခုပဲဖြစ်ပါတယ်။ ပါဝင်တဲ့ Basic , Media , Pro Edition ဆိုတဲ့ သုံးမျိုးကနေ  Windows OS အမျိုးမျိုးမှာရှိတဲ့ ဖိုင်အမျိုးအစားပေါင်း ၃၀၀ ကျော်ကို Recovery လုပ်ပေးနိုင်ပါလိမ့်မယ်။ ဥပမာအနေနဲ့ File systems တွေမှာ  FAT12, FAT16, FAT32, ExFAT, NTFS နဲ့ NTFS5 ၊ Images Format အနေနဲ့  JPG, JPEG, TIF, TIFF, BMP, PNG, GIF, PSD ၊ Raw image format အနေနဲ့  CRW, CR2, NEF, RAW, DNG, KDC, K25 ၊ Audio , Video format များအနေနဲ့ MP3, AMR, MP4, WAV, MIDI,  M4B, M4A, AIFF,  AVI, MP4, MPEG, MOV, 3G2, 3GP စတဲ့ File Format တွေအလိုက် Recovery ပြန်ခေါ်ပေးနိုင်ပါလိမ့်မယ်။ ပေါ်လာတဲ့ Files တွေကို Preview အနေဖြင့် ကြည့်ရှုနိုင်သလို ၊ Save Recovery Session ကိုလည်း မိမိတို့ နှစ်သက်ရာ CD/DVD စတဲ့ Location တွေမှာလည်း သိမ်းဆည်းထားနိုင်ပါတယ်။ Full Version အတွက် အထဲမှာ Key ဖိုင်လေးပါ ထည့်ပေးထားပါတယ်။ File ဆိုဒ်ကတော့ 14 MB ကျော်ကျော်ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါ ...

Icare Data Recovery 7.9 Full Version


ကျွန်တော်တို့ Paragon တို့ Icare တို့ဆိုတာ တော်တော်များများသိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ Recovery လုပ်တဲ့ နေရာမှာ hard drives, sd cards, memory cards နဲ့ USB Flash drives တွေကို အပြည့်စုံဆုံးလုပ်ပေးနိုင်တဲ့ အတွက် အဆင်ပြေပါတယ်။ ကျွန်တော်တို့ Harddisk Partition ထဲကနေ ဗိုင်းရပ်စ်ကိုက်လို့ ပျက်သွားတာပဲဖြစ်ဖြစ် တခြားအကြောင်းအမျိုးမျိုးကြောင့်ပဲ ဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် ဒီကောင်လေးကနေ Recovery လုပ်ပေးနိုင်ပါလိမ့်မယ်။ သူ့မှာ Restore Wizard ၃ မျိုးပါဝင်ပါတယ်။ ပထမဆုံး Partition Recovery လေးကတော့ ကျွန်တော်တို့ ဖျက်လိုက်မိတဲ့ Partition တွေကို ပြန်ပြီး Recovery လုပ်ပေးပါလိမ့်မယ်။ နောက်တစ်ခုက Deleted File Recovery ဖြစ်ပါတယ်။ ဒါကတော့ ရှင်းပါတယ်။ ဖျက်မိလိုက်တဲ့ ဖိုင်လေးတွေကို ပြန်ခေါ်ပေးပါလိမ့်မယ်။ Deep Scan Recovery ဆိုတာလေးကလဲရှင်းပါတယ်။ ဖျက်မိလိုက်တဲ့ ဖိုင်အမျိုးအစားလေးတွေအလိုက် အသေးစိတ် Scan ဖတ်ပေးတာပါ။ ကျွန်တော်တို့ ပြန်ယူလိုတဲ့ ကောင်လေးကိုယူလိုက်ရုံပေါ့ဗျာ။ကျွန်တော်တို့ Format ရိုက်လိုက်မိတဲ့ hard drives, external drives, sd cards, USB Flash Drives လေးတွေကို Recovery ပြန်လုပ်ပေးပါလိမ့်မယ်။ ဒီလောက်ဆိုရင် Icare လေးရဲ့ အသုံးဝင်ပုံလေးကို သိလောက်ပြီထင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 5.15 MB ပဲရှိပါတယ်။

Facebook Pornographic video clip များဖြေရှင်းရန်



ကျွန်တော်တို့ Facebook News Feed မှာ ပေါ်လာတတ်တဲ့ သူငယ်ချင်းတွေ Share လုပ်ထားတယ်ဆိုတဲ့ Porn Video (pornographic video clip) Auto share လုပ်တာနဲ့ ပတ်သတ်ပြီး Click နှိပ်မိပြီဆိုတာနဲ့ (Fake) Flash player Install ခိုင်းတာပဲဖြစ်ဖြစ် ? Update လုပ်ခိုင်းတာပဲ ဖြစ်ဖြစ် Download လုပ်ခိုင်းတဲ့အချိန်မျိုးမှာ နောက်ကို အမြန်ပြန်ထွက်လိုက်ပါ။  ဒါက Facebook Users တော်တော်များများ ကူးစက်ခံနေရတဲ့ Malware တစ်မျိုးပဲဖြစ်ပါတယ်။  Fake flash player တွေဖြစ်တဲ့ downloader Trojan တွေကို Download မလုပ်မိဖို့လည်း အရေးကြီးပါတယ်။ ဒီအပိုင်းကိုလည်း ကျွန်တော်ရေးထားခဲ့တာ ကြာပါပြီ ကွန်ပျူတာတွေအတွက်ဖြစ်ပါတယ် .။  ဒီကောင်    ဝင်လာပြီဆိုတာနဲ့ စက်မှာရှိတဲ့မည်သည့် Antivirus  မဆိုအလုပ် မလုပ်တော့ပါဘူး  ဖြုတ်လို့တောင် မရတော့ပဲ  အသစ်ပြန်တင်တာနဲ့ စက်က  Restart ထိုးထိုး ကျသွားပြီးဘာမှကို   လုပ်လို့မရဘူး ဖြစ်နေတာကို တွေ့ရပါတယ်..   အခုအကို တစ်ယောက်ကလဲ  မေးထဲတာနဲ့ အဆင်ပြေနိုင်မယ့် နည်းလမ်းလေးကိုအောက် မှာပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် မဖြစ်သေးတဲ့သူတွေလဲ သတိထားစေချင်လို့ အဲ့ဒီအကိုပို့လိုက် Virus ၀င်လာပုံလေးကို   အောက်မှာဖော်ပြပေးထားပါတယ်။