nayminmaung89@gmail.com သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

Showing posts with label ကြန္ပ်ဴတာဆိုင္ရာ ဗဟုသုတမ်ား. Show all posts
Showing posts with label ကြန္ပ်ဴတာဆိုင္ရာ ဗဟုသုတမ်ား. Show all posts

Wednesday, September 2, 2015

CD နှင့် DVD ခွေများဝယ်မယ်ဆိုရင် သိထားသင့်သောအချက်များ

ကျွန်တော် ဒီနေ့တော့ သိထားသင့်တာလေး တစ်ခုကို ရေးပေးသွားပါမယ် .. အခုကျွန်တော် ရေးပေးမဲ့ အကြောင်း အရာလေးကတော့ ကွန်ပျုတာသမားတိုင်း အကျွမ်းတ၀င်အသုံးပြုနေပြီး အမှုမဲ့အမှတ်မဲ့ ထားတဲ့ အကြောင်းအရာ လို့ပြောရင်လည်း မမှားပါဘူး .. ကျွန်တော် အခုရေးပေးသွားမဲ့ အကြောင်းအရာကတော့ CD-R ၊ CD-RW ၊ CD+R ၊ CD+RW ၊ DVD-R ၊ DVD+R ၊ DVD-RW နဲ့ DVD+RW တို့ရဲ့ ကွာခြားချက်လေးတွေပဲ ဖြစ်ပါတယ် .. ဘာလို့ ကျွန်တော် ဒီအကြောင်းအရာကို ရေးပေးရလည်း ဆိုတော့ ကျွန်တော်တို့ ပါတ်ဝန်းကျင်မှာ အများစုက CD ၊ DVD ခွေတွေကို ၀ယ်ပြီးတော့ အသုံးပြုနေကြပေမယ့်လည်း  ဒီကွာခြားချက်တွေကို သတိမထားမိကြပါဘူး .. ဒါကြောင့် ဘာတွေဖြစ်လည်းဆိုတော့ အခွေတော့ ၀ယ်လာတယ် ဒါပေမယ့် အခွေက ၀ယ်ပြီးတော့မှ ကိုယ်သုံးချင်တဲ့ ပုံစံနဲ့ မကိုက်ညီတာမျိုး တွေကြုံကြရပါတယ် .. ကျွန်တော် အခုရေးပေးမဲ့ အကြောင်းအရာက တစ်ချို့သူတွေအတွက် အသုံးမ၀င် ဘူးဆိုရင်တောင် ဗဟုသုတ တစ်ခုအနေနဲ့ သိသွားမယ်ဆိုရင် ကျေနပ်ပါတယ် .. 

Win RAR အကြောင်း



ကျွန်တော်ဒီနေ့ Win RAR အကြောင်းလေးအနည်းငယ်ရေး ပေးချင်ပါတယ်။ အများစုလည်း သိပြီးသား ဖြစ်နေကြသလို မသိသေးတဲ့သူတွေလည်း အဆင်ပြေပြေနဲ့ အသုံးပြုနိုင်အောင်ရည်ရွယ်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ ဖိုင်တွေကို ဖြည်တဲ့နေရာမှာ အဓိကပြဿနာလေးဖြစ်ပါတယ်။ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ကို အသေးစိတ်တစ်ဆင့်ခြင်း ရှင်းပြပေးသွားပါ့မယ်။ သိပြီးသားသူတွေကတော့ သည်းခံပေးပါခင်ဗျာ။ ကျွန်တော်တို့စပြီး စခွဲတဲ့ အပိုင်းကိုအရင်ဆုံး ကြည့်ရအောင်ဗျာ။ အောက်မှာကြည့်လိုက်ပါ။

Wednesday, June 10, 2015

အင်တာနက်သမိုင်းကြောင်း




အင်တာနက် သမိုင်းကြောင်း   
           

အင်တာနက် ဆိုသည်မှာ International Network အားအတိုကောက်ခေါ်ဆိုခြင်းဖြစ်ပါသည်။ Internet Protocol Suite(TCP/IP) ကိုအသုံးပြု၍ Network ကွန်ရက်များ ချိတ်ဆက်ကာ သန်းထောင်နှင့်ချီသောနေရာ အနှံ့သုံးစွဲသများကို ဝန်ဆောင်မှုပေးပြီး ချိတ်ဆက်ထားသည့် စနစ်တစ်ခုပဲဖြစ်ပါသည်။ ကမ္ဘာ္ဘအနှံ့တွင်ရှိသော ကွန်ပျူတာကွန်ရက် (Computer Networks) များကိုချိတ်ဆက်ထားပြီး Data များကို Internet Protocol အသုံးပြု၍ Packet Switching နည်းလမ်းဖြင့် လွှဲပြောင်း ပို့ဆောင်ခြင်းပဲဖြစ်ပါသည်။  Internet ဆိုသည်မှာကမ္ဘာအနှံ့က ကွန်ပျူတာများ အချင်းချင်းချိတ်ဆက် အသုံးပြုခြင်းပင် ဖြစ်ပါသည်။ ကွန်ပျူတာတစ်ခုမှ တစ်ခုအားလိုအပ်သော Data များ File များကို လွှဲပြောင်းပေးအပ်ခြင်းလည်း ဖြစ်ပါသည်။  InternetNetwork အတွင်းသန်းချီသော ပြည်တွင်း ၊ ပညာရေး ၊ စီးပွားရေးနှင့် အစိုးရ Networks များဟာ Information နှင့် Services တွေကိုအတူတကွ အသုံးပြု ဆောင်ရွက်လျက်ရှိပါသည်။

Thursday, June 7, 2012

Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ






Topic မစခင် မေးခွန်း တစ်ခု မေးကြည့်ချင်တာက မိသားစုဝင်တွေ viruses, spyware, scareware, trojans, နဲ့ worms တွေ အကြောင်း ဘယ်လောက်တောင်များ နားလည် ထားကြပါသလဲ - ဒီလို မေးခွန်းမေးလိုက်လို့ ကျွန်တော် က သူတို့နဲ့ ပတ်သတ်လို့ အများကြီး သိနေခဲ့လို့ မဟုတ်ပါဘူး - ကျွန်တော့် မိသားစုဝင်တွေကို နေ့စဉ်နီးပါး တစ်ယောက် မဟုတ် တစ်ယောက်ကို ဒုက္ခလိုက်ပေးနေတဲ့ ဒီ Virus တွေ အကြောင်းကို ကျွန်တော် သိနားလည် ထားသလောက်လေး မျှဝေချင်လို့ပါ။

ဒီနေရာမှာ ကျွန်တော် အဓိက Target ထားပြီး ပြောသွားမှာ malware အမျိုးအစား အမျိုးမျိုး အကြောင်း နဲ့ သူတို့ ရန်ကို ဘယ်လို ကာကွယ် သွားမယ် ဆိုတာကို အလွယ်တကူ မှတ်မိသိရှိ လွယ်အောင် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Thursday, March 29, 2012

laptop tutorial videos by TzH


ကျွန်တော် ဒီနေ့ ဆွေးနွေးပေးမယ့် အကြောင်းအရာလေးကတော့ အများကြီး လေရှည်မနေတော့ပါဘူး။ ကျွန်တော်တို့ ခုနောက်ပိုင်း ခေတ်ထ လာတဲ့ Laptop ပိုင်းတွေကို ပျက်ရင် ပြင်ဆင်တဲ့ အပိုင်းလေးတွေမှာ သိထားသင့်တာလေးတွေ ပြုပြင်တက်ဖို့တွေအတွက် Video ဖိုင်တွေ နဲ့ ရှင်းပြထားတာလေးတွေကို တင်ပေးမှာ ဖြစ်ပါတယ်။ ဘာတွေပါသလဲံ့ ဘယ် အပိုင်းတွေကို ပြင်ဆင်ပေးထားသလဲ့ဆိုတာကတော့ အောက်က ခေါင်းစဉ်တွေကို ကြည့်ပါ။ Laptop ရှိသူတိုင်း ဆောင်ထားသင့်တဲ့ အပိုင်းတွေ ချည်းပါပဲ့။ 
ဖြည်ဆွက်ချက် ... အပိုင်း ၁ ကို မေးလာတဲ့ အတွက် ဖြည့်ဆွက်ချက် အနေနဲ့ ထည့်ပြောလိုက်ပါတယ်။ အပိုင်း ၁ က introdution အပိုင်းပါ။ အင်ထရို အပိုင်း နဲ့ စက္ကန့်လေး ၄၉ စက္ကန့်မို့ မထည့်ပေးလိုက်တော့တာပါ။ နားလည်ပေးနိုင်မယ် ထင်ပါတယ်။ 

Laptop များနှင့် Battery Life




Meeting တစ်ခုခု သွားရင်း - ကျောင်းစာကြည့်တိုက်သွားရင်း - ဒါမှမဟုတ် အရေးကြီးကိစ္စတစ်ခုခု အတွက် ထွက်လာရင်း လမ်းခရီးရောက်မှ ကျွန်တော်တို့သုံးနေတဲ့ Laptop အတွက် Power ကြိုး အိမ်မှာ မေ့ကျန်ခဲ့ကြပြီ ဆိုပါစို့။ သွားရမယ့် နေရာကလည်း ရောက်ခါနီးနေပြီ။ အိမ်ပြန်ပြီး ယူဖို့ကိုလည်း အချိန်မပေးချင်တော့ဘူး - ဒါဆို ကျွန်တော်တို့ရဲ့ Laptops တွေကို အသုံးချရမယ့် နေရာမှာ Battery စားနှုန်း သက်သက်သာသာနဲ့ ကြာရှည်အသုံးချနိုင်အောင် ဘယ်လိုများ လုပ်ဆောင်ကြပါမလဲ။


Tuesday, March 13, 2012

Virtual Drive အသုံးပြုနည်း


ကျွန်တော် ဒီနေ့တော့ Virtual Drive အသုံးပြုနည်းလေး ရေးပေးသွားပါမယ် .. သုံးဖူးတဲ့ သူများလည်း သိရင်တော့ သိပါလိမ့်မယ် .. ဒီကောင်လေးကို ဘာအတွက် အသုံးပြုတာလည်း ဆိုတာကိုတော့ ကျွန်တော်တို့ အနေနဲ့ Software CD တွေ Game CD တွေကို အသုံးပြုပြီး မိမိတို့ စက်မှာ Software ကို အသုံးပြုမယ် ၊ Game ကစားမယ် ဆိုရင် CD Drive ထဲမှာ CD ခွေထည့်ထားမှ အဲ့ဒီ ဆော့ဝဲလ်တွေ ၊ ဂိမ်းတွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. တကယ်လို့ ကျွန်တော်တို့ အနေနဲ့ Software CD တွေ Game CD တွေကနေတစ်ဆင့် CD Drive ထဲမှာ CD ခွေကို အမြဲတမ်း ထည့်မထားပဲ အသုံးပြုချင်တယ် ဆိုရင် ကျွန်တော် အခုပြောတဲ့ Virtual Drive ဆိုတဲ့ ကောင်လေးကို အသုံးပြုပြီး  Software တွေ Game တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. သဘောကတော့ ကျွန်တော်တို့ အနေနဲ့ CD ၊ DVD Drive အတု ဖန်တီးပြီး အသုံးပြုတဲ့ သဘောပဲ ဖြစ်ပါတယ် .. 

Wednesday, February 8, 2012

Hardware information နှင့် Slot လွတ်ခြင်းမလွတ်ကြည့်ခြင်း

vnaa: Laptop မှာ memory card slot အလွတ်ရှိမရှိ ကို cover တွေမဖွင့်ပဲနဲ့ ဘယ်လိုကြည့်ရမလဲ မသိဘူးနော်။

luupyogi: vnaa ရေ latop ရေ memory card slot အလွတ်ရှိသေးလား လို့မေးလိုက်ပါ...နောက်တာပါ ကိုသန့်ဇင်ကို မေးကြည်ပါ။

ဟုတ်ကဲ့ ကျွန်တော့ အနေနဲ့ ပြည်တော်ပြန်တော့မှာမို့ရော ကျောင်းကလည်းပြီးတော့မှာမို့ သိပ်ပြီးတော့ အရင်ကလို စာတွေ မရေးဖြစ်တော့တာကြောင့်ပါ။ ဒီအကြောင်းအရာတွေကို အရင်က resource မှာ ရေးဘူးပါတယ်။ နောက်ပိုင်း ပိုစ့်တွေပျက်တာရော ဆိုဒ်ချိန်းတာရောနဲ့ ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး။ မေးထားတဲ့ အကိုကိုရော ပြန်ပြီး လမ်းညွှန်ပေးထားတဲ့ အကိုကိုရော ကျေးဇူးတင်ပါတယ်။ သိချင်တာကို မေးသာမေးပါ။ ကျွန်တော် သိတာဆို တလုံးမကျန် အကုန်ဖြေမှာပါ။မေးတဲ့ အကိုတို့ကို ကျေးဇူးတင်တာက ဒီအကြောင်းအရာတွေကို မေးတဲ့သူရှိမှ ကျွန်တော်တို့ကလည်း ရေးဖြစ်တာမို့ ရေးဖြစ်ရင် မသိသေးတဲ့ ညီအကိုမောင်နှမတွေလည်းသိသွားစေအောင် အစဖော်ပေးသူဖြစ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ အရင်ဆုံး အစပျိုးပါရစေ.. .

Tuesday, February 7, 2012

(Untouched ) Copy လား ?? ( Touched ) Copy လား ??

ဒီအကြောင်းက ရေးဖို့ စီစဉ်ခဲ့တာ လေး - ငါးလလောက် ကြာပြီလို့တောင် ပြောရမယ် ထင်တယ် - ရေးချင်တယ် ဆိုပေမယ့် စာရေးဖို့ဘက်ကို လှည့်မယ်ကြံလိုက် တစ်ခြားဘက် ရောက်လိုက်နဲ့ လူက စာရေးတဲ့ဘက်ကို မလှည့်ဖြစ်ခဲ့ဘူး - ကျွန်တော်က အလွန်မှကို ပျင်းတတ်တဲ့ ကောင်ခင်ဗျ  Profile မှာ လာမေးထားတာ ဖတ်ရင်း ရေးဖို့ ကျန်နေပါသေးလား ဆိုတာ သတိရပြီး ပြန်ရေးဖို့ စီစဉ်ဖြစ်ခဲ့ပါတယ် -

ရေးသာရေးရမယ် မချယ်ရီမင်း မေးချင်တာ ဒီအကြောင်း ဟုတ်ပါ့မလားတောင် မပြောတတ်ဘူး - ကျွန်တော်လည်း ကျွန်တော်သိထားတာ သူသိချင်တာနဲ့ ကိုက်လောက်မယ်ထင်ပြီး တစ်ခြား မသိသေးသူတွေလည်း သိရအောင် ဒီမှာပဲ Thread အသစ်ဖွင့်ပြီး ရေးလိုက်ပါပြီ - မချယ်ရီမင်းရေ မဟုတ်ရင်တော့လည်း သည်းခံပါခင်ဗျ -

Monday, February 6, 2012

Window Offline Update လုပ်ဆောင်ခြင်း




ကျွန်တော် ဒီအကြောင်းကိုရေးဖို့ စာတော်တော်လေး လိုက်ဖတ်ဖြစ်ခဲ့တယ်။ အရင်က ကိုနိုးတူးမေးတဲ့ ပိုစ့်တပိုစ့်မှာ window update ပေးတာ Error တက်တာလေးကို ကျွန်တော် Offline လုပ်ဆောင်လို့ ရတယ်ဆိုရင် Offline Package တွေ ပေးခဲ့တယ် ။ အဲ့ကတည်းက ရှင်းပြဖို့ပါပဲ့။ ဘာကို ရှင်းပြချင်တာလည်းဆိုတာကတော့ ကျွန်တော်တို့ ညီအကိုမောင်နှမတွေ မြန်မာ ဆိုဒ်တွေမှာ ဖတ်ဖူးမှာတော့ မဟုတ်သေးဘူး။ ကျွန်တော်တို့ ထွက်သမျှ window Update တွေကို အင်တာနက်မရရင် ဘယ်လို ရနိုင်မလည်း ဆိုတဲ့ မေးခွန်းရယ်။ နောက်တခုက ကျွန်တော်တို့ အင်တာနက်ရတဲ့နေရာမှာ Window ကို တင်သွားမယ်။ ပြီးရင် Offline မှာ သုံးမယ်။ ဒါပေ့မယ် ကြာလာတာနဲ့ အမျှ ဒီ window ကို အသစ်ချိန်းချင်မှာပဲ့လေ။ ဒါဆို ဘယ်လိုလုပ် window update ကို Offline ကနေ ရနိုင်မလဲ့ အင်တာနက် မသုံးပဲ့ Update ဖိုင်တွေကို ဘယ်လို install လုပ်မလည်းဆိုတာလေးကိုကျွန်တော် ရှင်းပြပေးချင်ပါတယ်။ ပြောပြချင်ပါတယ်။

Saturday, February 4, 2012

Laptop ၀ယ်ရာတွင် သိရမည့်အချက်များ ( အပိုင်း ၁)

Laptop အကြောင်း သိကောင်းစရာ





ကျွန်တော် ဒီအကြောင်းအရာကို မြန်မာမိသားစုဖိုရမ်မှာ တင်ထားတာရှိပါတယ်။ ကျွန်တော် စရေးပြီး အပိုင်းတွေကို ၂ ထိပဲ့ ရေးထားပါသေးတယ်။ ဒါပေ့မယ်ဆိုဒ်တိုင်းမှာ လိုလိုရောက်နေပြီး ဖတ်ပြီးသူတွေလည်း ရှိပါလိမ့်မယ်။ ကျွန်တော် အပိုင်းသုံးထိ ဒီဆိုဒ်မှာ ဆက်ရေးပေးသွားပါ့မယ်။ကျွန်တော် Laptop တလုံးကို စတင်ဝယ်ယူတော့မယ်ဆိုရင် ဘာတွေ သိထားသင့်တယ် ဘယ်အမျိုးအစားတွေက ဘာအတွက် ပါဝင်လာတယ် နောက်ထပ် ဘယ်အပိုင်းလေးတွေကို ဂရုစိုက်ပီး ၀ယ်ယူရမယ်ဆိုတာကို ပြောပြချင်ပါတယ်။ ခုနောက်ပိုင်းမှာ Laptop တွေ ခေတ်စားလာတာနဲ့ အတူ ထွက်လာတဲ့ အမှားများစွာကို ကျွန်တော်တို့ တွေ့ပီးရင်ဆိုင်နေရသူတွေ ရှိသလို ကျွန်တော်တို့ ဘယ် အမျိုးအစားက ဘာအတွက် သုံးတယ်ဆိုတာကို သိဖို့တွက်ကို ပြောပြချင်ပါတယ်။ကျွန်တော် နားလည်သလောက်ကို လူတိုင်းနားလည်အောင် တက်နိင်သလောက် အသေးစိတ် ဆန်ဆန် ရေးပေးချင်မိပါတယ်။ တပိုစ့်ချင်းဆီကို စောင့်ဖတ်ပေးပါလို့ ပဲ့ တောင်းဆိုပါရစေ။ကျွန်တော် ပိုစ့်ခေါင်းစဉ်တွေကို အောက်က လို အပိုင်း ၃ ပိုင်း ခွဲထားပါတယ်။

Friday, February 3, 2012

Hide and Change Ip address with Firefox


ကျွန်တော် ဒီနေ့ရေးပေးမယ့် အကြောင်းအရာလေးကတော့ Ip change တာလေးပါပဲ့။တကယ်တော့ ဒီအကြောင်းအရာ လေးက Proxy ကျော်တာနဲ့ သိပ်တော့ မကွာခြားလှပါဘူး။ Firefox နဲ့ Ip change တာလေး ဒါမှမဟုတ် Proxy ကျော်တာပါ.
လုပ်ရမဲ့ အဆင့်လေးတွေကလည်း အဲ့လောက်မများပါဘူး ကဲ့ ကျွန်တော်တို့ စမ်းကြည့်ကြရအောင် ဘယ်လိုတွေ အဖြေတွေများထွက်လာမလဲ့ပေါ့။
အဆင့် ၁.. ကျွန်တော်တို့ ဒီလင့်က  Add on လေးကို သွားပြီးတော့ Add to firefox ကို နိုပ်လိုက်ပါ.


hardisk create partion parts on window



ဒီနေ့ ကျွန်တော် HDD ပိုင်း partition ပိုင်းတာလေးကို ရေးဖို့ တွေးမိတာနဲ့ ဒီအပိုင်းကို ကျွန်တော် စတင်မိပါတယ်။ တကယ်တော့ HDD partition ပိုင်းတာ  အမျိုးမျိုး ပိုင်းကြပါတယ်။ တချို့က window ခွေနဲ့ ပိုင်းတယ် တချို့ က window ပေါ်က ပိုင်းတယ်။ ဘယ်လိုပဲ့ ပိုင်းပိုင်း တူတူပါပဲ့ ဒါပေ့မယ် window ခွေထည့်ပြီးမှ ပိုင်းရင် အခက်ခဲ့ အားနည်းချက်ပိုရှိပါတယ်။ နောက်တခုက window ပေါ်က ပိုင်းရင် စက်နာတယ်တို့ ဘာတို့ ကြားဘူးပါတယ်။ စာသေချာလိုက်ဖတ်ကြည့်ပါ အငြင်းအခုံ အနေနဲ့ မညင်းပါဘူး။
ဒီတော့ ကျွန်တော် window ပေါ်ကနေ Partition ပိုင်းနည်းလေးကို ရေးပေးပါ့မယ်။ ကျွန်တော် ရဲ့ 180 GB ရှိတဲ့ ကို နမူနာ ထားပြီး ပိုင်းပြပါမယ်။  ဒီ window ပေါ်မှာ Partition ပိုင်းတာ နားလည်သွားပြီဆိုရင် ကျွန်တော် Window ခွေနဲ့ Parition ပိုင်းတာလေးကို ပုံတွေနဲ့ ထပ်ပြပြီး ရှင်းပြပေးနိုင်အောင် ကြိုးစားရေးပါဦးမယ်။ အခုတော့ .. Window ပေါ်က Partition ပိုင်းနည်းလေး စကြရအောင်...

ကျွန်တော်တို့ Window ပေါ်က Partition ပိုင်းတော့မယ်ဆိုရင် လိုတဲ့ Software့ ဒါမှမဟုတ် အသုံးပြုလို့ ရတဲ့ ဆော့ဝဲကတော့ အများကြီးပါ။ ဒီနေရာမှာ ကျွန်တော် Acronis Disk Director 11 နဲ့ ပိုင်းပြမှာ ဖြစ်ပါတယ်။ ဒီ Software ကို အောက်မှာ ဒေါင်းလုပ်ချပါ။ ဒေါင်းလုပ်ချလို့ ရလာတဲ့ ဆော့ဝဲကို ရမ်းပါ အထဲ့မှာ Serials ပါပါတယ်။

Friday, January 27, 2012

Window 7 ,XP နှင့် Ubuntu DVD Collections and Sharing


အပိုင်း (၂) ပါ အပိုင်း (၁) ကို ဒီနေရာမှာ တင်ပေးထားပါတယ်။


 


Window editions 6 မျိုးအကြောင်း..


ဒီအောက်က window 7 သုံးသပ်နိုင်းယှဉ်ချက်များကို ကိုကျော်ဇင်သန့်ရေးပေးထားတာပါ။ ဒါပေ့မယ် ဘယ်လင့်မှာမှန်းမသိလို့ ကျွန်တော့ရဲ့ Ms doc ကနေ ပြန်ကူးယူဖော်ပြပေးထားတာပါ။ နားလည်ပေး စေချင်ပါတယ်။ ကျွန်တော် တနေရာတည်းမှာ အကုန်သိအောင်လို့ စုစည်းပေးချင်တာကြောင့် လည်း ပြန်ရှာပီးထည့်ပေးလိုက်တာပါ။

Windows 7 သုံးသပ်နှိုင်းယှဉ်ချက်များ

Windows 7 Starter - Windows 7 Starter ဆိုတာ Windows 7 တွေထဲမှာမှ features အနည်းဆုံး Edition တစ်ခု ဖြစ်ပြီး အဲ့ version မှာ Windows Aero မပါဝင်ပါဘူး။ နောက် အဲ့ Edition ဟာ 64-bit မှာ အသုံးပြုလို့ မရပါဘူး။ Desktop wallpaper နဲ့ Visual Style (Windows 7 Basic) ကလည်း Change လို့ မရပါဘူး။ ဒီ Edition ရဲ့ ရည်ရွယ်ချက်က အထူးသဖြင့် netbooks တွေနဲ့ တစ်ခြား computer manufacturers တွေအတွက် ကွန်ပြူတာတွေမှာ အစဉ်သင့် ထည့်သွင်းပေးနိုင်အောင် ဖန်တီးထားတဲ့ ခပ်ပေါ့ပေါ့ version တစ်ခုလို့ ပြောလို့ရပါတယ်။


Window 7 ,XP နှင့် Ubuntu DVD Collections and Sharing

Window 7 ,XP နှင့် Ubuntu DVD Collections and Sharing အပိုင်း (၁)


ကျွန်တော် စာမရေးဖြစ်တာ အတော်ကိုကြာသွားပါပြီ။ ကျောင်းပိတ်ရက်ဆိုတော့ လျှောက်လည်ပတ်နေတာရော ပြည်တော်ကို ပြန်တော့မှာရော ဆိုတော့  မြန်မာ မိသားစုမှာလည်း စာမရေးဖြစ်တော့သလို ကျွန်တော် စာရေးနေကျ ဖိုရမ်တွေ အကုန်လုံးမှာ စာမရေးဖြစ်တော့တာပါ။ ဒီမှာမှ မဟုတ်ဘူး ။ ဘယ်ဖိုရမ် ဘယ်ဆိုဒ်မှာမှ မရေးဖြစ်တော့တာပါ။ အရင်က ဘာပဲ့ ဖြစ်ဖြစ် တနေ့ကို တပိုစ့်လောက်တော့ ရေးဖြစ်တယ်။ ဒီနေ့လည်း ဘာရယ် မဟုတ်ပါဘူး။ window 8 လည်းပေါ်ကာနီးမို့ Window 7 နဲ့ XP တုန်းက စုထားတဲ့ Collection လေးတွေကို ပေးချင်တာနဲ့ ပိုစ့်တခု ရေးဖြစ်တာပါ။ window 8 အကြောင်းကိုလည်း ညီမလေး တစ်ယောက် တောင်းဆိုထားတာ ရှိပါတယ် ။ ရေးပေးဖို့ ပြင်ထားပြီးပါပြီ။ မကြာမှီလာမည် မျှော်ပေါ့နော် .. :P
ဒီပိုစ့်ပြီးရင် ကျွန်တော် နောက်ထပ် Ebooks တွေကို မျှပေးဖို့ ရှိပါတယ်။ ဒီမှာပဲ့ လာတင်ဖြစ်မယ် ထင်တယ်။ဟိုတလောကတော့ ဆိုဒ်လေး တဆိုဒ်လုပ်ပြီး Ebook တွေကို တင်မယ် စိတ်ကူးခဲ့တာ နောက်ပိုင်းတော့ ဆိုဒ်က ပြင်ရမှာ နဲ့ ဘာနဲ့ဆိုပြီး ကျွန်တော် ဆိုဒ်ဘက်ကို မလှည့်တော့ပဲ့ ပိုစ်တပို့စ်အနေနဲ့ပဲ့ တက်မယ်ဆိုပြီး တွေးထားတာပါ။ ဒါကတော့ ကြော်ငြာဝင်တာပါ။

Tuesday, December 20, 2011

ISO ဆိုတာ ဘာလဲ၊ ဘယ်လို Burn မလဲ၊ ဘယ်လို Mount မလဲ၊??



 ISO ဆိုတာ ဘာလည်းဆိုတာကနေ စကြပါစို့...ဒီတော့  ISOဆိုတာ အရှည်ကတော့ .  International Organization for Standardization   ပေါ့..Archive ဖိုင်အမျိုးအစားတခုပါပဲ..DISC Image အမျိုးအစားတခုလို့လည်း လူသိများပါသေးတယ်.။ သူကိုတော့ခုနောက်ပိုင်းတော်တော် များများကို ISO တွေနဲ့ပဲ ထွက်လာကြတာ သတိထားမိပါလိမ့်မယ်... Window ခွေဆိုလည်း ISO  Software  collection  ဆိုလည်း ISO နဲ့ တော်တော်လေးကို တွင်တွင်ကျယ်ကျယ်သုံးနေကြတာကိုတွေ့မိကြမှာပါ.။  နောက်ထပ် UDF ဆိုတာ ရှိတယ်.. ဒါဆို UDF ဆိုတာကဘာလည်း ထပ်ပေါ်လာပြန်ပါပြီ.. UDF ဆိုတာကရဲ့ အရှည်ကတော့  Universal Disk Format (UDF) ပါ.  ကျယ်ကျယ်ပြန်ပြန့်တော့ ရှင်းပြမနေတော့ပါဘူး။နောက်ဆုံးတခုအနေနဲ့ Universal Image Format (UIF) ဆိုတာလည်း ရှိပါသေးတယ်  Bootable ခွေ တခွေ အဖြစ် သို့မဟုတ် DVD /CD ခွေ တခွေဖြစ်အောင် ဖန်တီးနိုင်တဲ့Format အမျိုးအစားတွေပါပဲ့.။ ‘ဒီထက်ပိုပြီး ISO ကိုသေချာ သိချင်တယ်ဆိုရင် ဒီနေရာမှာ  သွားရောက်လေ့လာကြည့်နိုင်ပါတယ်။ အကျယ်တ၀င့် တွေ့နိုင်ပါတယ်...

Monday, December 19, 2011

premium Account ဆိုတာ



Premium  အကောင့်ဆိုတာ ဘာလဲ


ကျွန်တော်တို့ ညီအကိုမောင် နှစ်မတွေထဲ့ မှာ သိတဲ့ သူတွေကကျော်ဖတ်သွားနိုင်ပါတယ်။ တကယ်တော့ Premium အကောင့်တွေက ဘာတွက် သုံးတာလည်း ဘာကြောင့်ပေါ်လာတာလည်းဆိုတာကို စပြောရမှာပါပဲ့။ ဒါကတော့ Online Make Money ပေါ့။ အရင်တုန်းကဆိုရင် Hotfile ကို အရမ်း သုံးကြတယ်။ ပြီးရင် Rapidshare ပေါ့။ သူတို့ နှစ်ဆိုဒ်က အရင်ကတော်တော်လေး နာမည်ကြီးခဲ့တဲ့ Premium ဆိုဒ်တွေဆိုပါတော့။ အကောင့်ကို Free ဖောက်လို့တော့ ရတယ်။ ၁၅ ရက်  ပြည့်တာနဲ့ အကောင့်က Auto Delete ပေါ့။ ဒါပေ့မယ် account ကို ၀ယ်လိုက်ပြီ အွန်လိုင်းပေါ်ကနေ ငွေပေးချေလိုက်ပြီဆိုရင် အဲ့အကောင့်မှာ တင်ထားသမျှ ဖိုင်တွေရော အကောင့်ရော ၀ယ်ထားသမျှ သက်တမ်းတစ်လျှောက်လုံးရော အကောင့်ရော ကိုယ့်စိတ်ကြိုက်သုံးလို့ရပါတယ်။ ဒေါင်းတာကလည်း လုံးဝ Limit မရှိဘူး။

Saturday, December 17, 2011

How To Make 300 Mb Movies

ကျွန်တော်တို့တွေ သူများတွေ တက်သလို တက်ချင်တယ် သူများတွေလုပ်သလို လုပ်ချင်တယ် ဒါပေ့မယ် စာဖတ်ကြရမှာတော့ တအားပျင်းတယ် တော်တော်များများပေါ့ အင်းပေါ့ လေ လူတိုင်းတော်တော်များများကတော့ စာဖတ်ရမှာတော့ တကယ်ပျင်းတယ်လို့ ပြောပေမယ့် ကျွန်တော်ကိုယ်တိုင် အဲ့ထဲ့မှာပါတာပါပဲ။ စာဖတ်တာက ကောင်မလေးတွေနဲ့ စကားပြောနေတာ ဂိမ်းဆော့နေတာလောက်တော့ ဘယ်ကောင်းပါ့မလဲ့ . ဖြစ်နိုင်ရင် စာတွေကို မဖတ်ပဲ့ မျက်စိနဲ့ မြင်လိုက်တာနဲ့ ဦးနှောက်ထဲ့ အလိုလိုရောက်သွားအောင် လုပ်နိုင်ရင်တော့ ကောင်းသား.. အင်း ထားပါလေ ဒီတော့ မဖြစ်နိုင်တာကို တွေးမိတာထက် ဖြစ်နိုင်တာလေးကို ကျွန်တော်တို့ စလိုက်ရအောင်.

ဒီနေ့ ဆွေးနွေးပေးမယ် အကြောင်းအရာလေးက ကျွန်တော်တို့  Torrentz သုံးဘူးတဲ့ ညီအကိုတွေ ပိုသတိထားမိမယ်ထင်တယ် နိုင်ငံခြားဇတ်လမ်း ဇတ်ကားကြီးတကားဆိုရင် တော်တော်လေးကို Mb များတယ် တခါတလေဆို 4 Gb လောက်ထိ ရှိတာတွေကို တွေ့ဘူးမှာပေါ့.. ဒါတွေကို 4 gb လုံးကြီး မြန်မာနိုင်ငံက ညီအကိုမောင်နှမတွေကိုပြန်ပေးဖို့ ဆိုရင် ပြန်ပြီး မြန်မာကနေ ဒေါင်းဖို့ ဆိုတာ တယ် မလွယ်တဲ့ ကိစ္စပါလား.. ဒီလောက် အများကြီးကို ဘယ်လိုများ ကျွန်တော်တို ပြန်ပေးကြမလဲ့ ဒီလောက်ဇတ်ကားကြီးတွေကို ကြည့်စေချင်ရင် ဘယ်လိုလုပ်ကြမလဲ့ ။အပိုင်းလိုက်တွေ ပိုင်းပေးမယ် ဆိုရင်လည်း အများကြီးဒေါင်းရမှာပဲ့ အဲ့တော့ Blueray ဇတ်ကားတွေကို ဒေါင်းပြီး အရည်အသွေးနည်းနည်း ချ Mb ကို ရှော့ချပြီး ပေးကြရင် ကောင်းမလား။ အင်းဒါပဲ့ ကောင်းပါတယ် ။ ဒီလို Mb ကို ရှော့တော့မယ်ဆိုရင် ဘယ်လောက်ကောင်းနိုင်မလဲ ဒီလို ရှော့နိုင်ရင် မြန်မာနိုင်ငံက လူတွေကို ဇတ်ကားကောင်းထွက်တိုင်း Mb ရှော့ပြီး ကြည့်ဖို့ ပေးလို့ ရတာပေါ့ ဒေါင်းရတာလည်း မြန်တာပေါ့..

Monday, December 12, 2011

Software မသုံးပဲ Internet Speed လေးမြှင့်ပြီး သုံးကြည့်ရအောင်



အခု ကျွန်တော် ရေးပေးမဲ့ နည်းလမ်းလေးကတော့ အင်တာနက် အသုံးပြုတဲ့ အခါမှာ မိမိတို့ကွန်ပျူတာက အသုံးပြုသူ ( Client Computer ) အဖြစ် အသုံးပြုတဲ့ သူများအတွက် အင်တာနက် Speed ကိုတိုးပြီး အသုံးပြုလို့ ရမယ့် နည်းလမ်းလေးပါ .. ကျွန်တော်လည်း အားလုံးအတွက် အဆင်ပြေမယ် ထင်လို့ ပြန်ရေး ပေးတာ ဖြစ်ပါတယ် .. ဒီနေရာမှာ တစ်ခါထဲ ပြောပြပါရစေ .. မေးခွန်းမေးရင်လည်း ဖြေလို့ ရမဲ့ မေးခွန်းမျိုးကို မေးတာ ပိုအဆင်ပြေမယ် ထင်ပါတယ် .. မြန်မာနိုင်ငံမှာ ပေးနေတဲ့ အင်တာနက်လိုင်းတွေ တစ်ချို့လိုင်းတွေ ပျက်နေတယ် .. လိုင်းတွေက မမှန်ပဲ တက်လိုက်ကျလိုက်တွေ ဖြစ်နေတာတွေက ကျွန်တော်လည်း ဘာမှ လုပ်ပေးလို့ မရပါဘူး .. အဲ့ဒါမျိုးကို ဘယ်လိုလုပ်ရမလည်း မေးရင်တော့ ကျွန်တော်လည်း ပြန်ဖြေပေးဖို့ ခက်ပါလိမ့်မယ် .. လောလောဆယ် အဆင်ပြေနိုင်မဲ့ နည်းလမ်းလေးကိုတော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..

Sunday, November 6, 2011

ကိုယ်တိုင် PDF File ပြုလုပ်ချင်တယ်ဆိုရင်



ဒါကတော့ ကျွန်တော်တို့ကို မေးလ်ထဲမှာလည်း အကိုတစ်ယောက် တောင်းထားတာလည်း ရှိတာနဲ့ ပြီးရင် တစ်ခြား မသိသေးတဲ့ သူတွေလည်း သိသင့်တယ် ထင်လို့ ရေပေးလိုက်ပါတယ် .. ကျွန်တော်တို့ PDF File တစ် File ကို သေသေ သပ်သပ်လေးနဲ့ ပြုလုပ်ချင်တဲ့ သူတွေ အတွက် ကျွန်တော် အခုအသုံးပြုနေတဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ မျှဝေပေးသွား ပါမယ် .. PDF File ထုတ်ဖို့အတွက် မိမိတို့ ကွန်ပျူတာမှာ Microsoft Office Version တစ်ခုခုကို Install လုပ်ပေးထားရပါမယ် .. ကျွန်တော်ကတော့ Microsoft Office 2010 ကိုအသုံးပြုပြီး ရေးပေးသွားမှာ ဖြစ်ပါတယ် ..