မင်္ဂလာပါခင်ဗျာ ... အဆင်မပြေတာများရှိရင် nayminmaung89@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ လေးစားစွာဖြင့် ... နေမင်းမောင်

  • Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Wednesday, June 27, 2012

32 Bits နှင့် 64 Bits ကွာခြားချက်များ



မေးထားတဲ့ အကိုတစ်ယောက်လည်း ရှိတာနဲ့ မသိသေးတဲ့ သူတွေလည်း တကယ်သိသင့်တဲ့ အရာလေးတွေ မိုလို့ ကျွန်တော့်အကို ကိုသန့်ဇင်ဌေး ရေးပေးထားတဲ့ ပို့စ်လေးကို သူလည်း ဒီရက်ပိုင်း စာမေးပွဲကြောင့် မအားတာရော ကျွန်တော်လည်း ဒီနောက်ပိုင်း ဆိုဒ်ဖက်မလှည်းဖြစ် တာကြောင့် အားလုံးနဲ့ ရင်းရင်းနှီးနှီး ပြန်ပြီးတော့ ဖြစ်ချင်တာလည်း ပါတာကြောင့် အကို့အစား ကျွန်တော်ပဲ တင်ပေးလိုက်ပါတယ် .. နောက်ပိုင်းတော့ အခြေအနေကြောင့် စာတွေရေးပေးနိုင်တော့မှာ မဟုတ်တော့ပါဘူး .. ဒါပေမယ့် သိသင့်သိထိုက်တဲ့ မေးခွန်းမျိုးတွေ ဆိုရင်တော့ ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ ပိုစ့်တွေကို ပြန်ရှယ်ပေး သွားပါမယ် .. စာတွေ အများကြီးရေးဖို့တော့ စိတ်ကူးယဉ်ခဲ့ပါတယ် .. ကျွန်တော့်ကို ကံဇာတာက အခွင့်အရေးမပေးတော့လည်း ကျွန်တော်လည်း လွန်ဆန်လို့ မရတော့ပါဘူး .... ကျွန်တော် တက်နိုင်သလောက်တော့ အားလုံးကို ထောက်ပံ့ပေးသွား အုံးမှာပါ .. နေမင်းမောင်ဆိုတာ ရှိနေသေးသရွေ့တော့ အားလုံးအတွက် အကူအညီ ရနေစေရအုံးမှာပါ ... မေးခွန်းတွေ မပြန်နိုင်တာတွေ ရှိရင်လည်း စိတ်မဆိုးကြဖို့ တောင်းပန်ချင်ပါတယ် .. ကျွန်တော့် ကိုယ်ရေးကိုယ်တာ အခြေအနေက တော်တော်ဆိုးရွားနေလို့ပါ .. 
. အားလုံးပဲ ပျော်ရွင်ချမ်းမြေ့ပါစေခင်ဗျာ ... အခုလို ပြန်နေလိုက်ရတာ စိတ်ထဲမှာတော့ တော်တော်ပျော်သွားတယ် .. ပြောချင်တာတွေ ပြောလိုက်တာ ခေါင်းစဉ်နဲ့ ဘာတွေရေးထားမှန်းမသိဘူး ဖြစ်နေအုံးမယ် .. ကဲအောက်မှာ အကိုရေးထားတာလေးကို လေ့လာ လိုက်ပါအုံး ခင်ဗျာ ...

Autodesk Autocad 2013 ( x86 )



ကျွန်တော် Autodesk Autocad 2013 ကို ( x86 ) သမားတွေ အတွက် တင်ပေးလိုက်ပါတယ် ..   လိုအပ်လို့ သုံးချင်တဲ့ သူများကတော့ မိမိတို့ ဒေါင်းလော့ချခါနီးမှာ မိမိတို့ အသုံးပြုနေတဲ့ Windows ဟာ x86  လား x64 လားဆိုတော့ ခွဲခြား သိဖို့ လိုပါလိမ့်မယ်.. ကျွန်တော် တစ်ခါထဲ ဒေါင်းလော့ဖိုင် တန်းတင်ပေးထားတာ မဟုတ်ပါဘူး .. ကျွန်တော် အခုသုံးနေတဲ့ စီမှာလည်း ကော်နက်ရှင်က အဲ့လောက် မကောင်းပါဘူး .. ဒါကြောင့် ကျွန်တော် Torrent ကနေ တင်ပေးထားတဲ့ ဖိုင်ကို ရှာပေးထားပါတယ် .. ( 1.14 GB ) ရှိပါတယ် ။။ ဒေါင်းလော့ မချတက် သူများအတွက် ကျွန်တော် ဒေါင်းလော့ ချနည်းလည်း ရေးပေးထား ပါတယ် .. အားလုံးပဲ အဆင်ပြေမယ်လို့ ထင်ပါတယ်.. အောက်မှာ သုံးနေရာခွဲပြီး တင်ပေးလိုက်ပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချ သွားလိုက်ပါ ..

Tuesday, June 26, 2012

VueScan_Pro_9.1.06 + Serials



ဒီကောင်လေး ကတော့ ကျွန်တော်တို့ မိမိတို့ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Scan ဖတ်ပြီးပြန် ထုတ်တဲ့ အခါမှာ Scan မထုတ်ခင် ပုံတွေကို မိမိတို့စိတ်ကြိုက် ကာလာချိန်တာတို့ Print size ချိန်တာတို့ Copy right , Date ထိုးတာတို့ စတာတွေကို Scanner နဲ့တွဲပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်.. ကျွန်တော် သုံးနေရာ ခွဲတင်ပေးထားပါတယ် .. အထဲမှာ 32 Bits နဲ့ 64 Bits ဆိုပြီး နှစ်မျိုးပါပါတယ် ။။ မိမိတို့ သုံးနေတဲ့ ၀င်းဒိုး အမျိုး အစားအလိုက် အင်စတောလုပ်ပြီး အသုံးပြုနိုင်ပါတယ် .. Full Version လေးသုံးလို့ရအောင် Keys တွေပါ ထည့်ပေးထားပါတယ်... လိုအပ်တဲ့သူများအောင်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချ သွားလိုက်ပါ..

pc.speed.maximizer.3.1.0.0 + Patch



ကျွန်တော် ဒီနေ့တော့ လက်ရှိမိမိတို့ အသုံးပြုနေတဲ့ Windows ထဲက မလိုအပ်တဲ့ ဖိုင်တွေ အင်တာနက် အသုံးပြုပြီးတဲ့ အခါမှာ ကျန်ခဲ့တဲ့ Webpage လိပ်စာတွေ cookies တွေ အသုံးမလိုတော့တဲ့ shortcut တွေ အစရှိတာ တွေကို Clean လုပ်ပေးပြီး ကွန်ပျူတာကို အရင်ထက်ပိုပြီး ပေါ့ပေါ့ပါးပါး သုံးနိုင်အောင် Optimize လုပ်ပေးမှာ ဖြစ်ပါတယ် .. အသုံးပြုရတာလည်း လွယ်ကူပါတယ် .. အထဲမှာ ဒီကောင်လေးအတွက် Patch file လေးပါ ထည့်ပေး ထားပါတယ် .. My Computer >>  Local  Disc ( C : ) >> Program File ထဲမှာရှိတဲ့ PC Speed Maximizer ဆိုတဲ့ ဖိုဒါထဲမှာ သွားထည့်လိုက်ယုံပါပဲ ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ် .. လိုအပ်တဲ့ သူများ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ .. 

Monday, June 18, 2012

စာသင်ခန်းထဲပို့ပေးလိုက်ကြရအောင်လားဗျာ


ကျွန်တော်တို့ ကလေးငယ်လေးတွေရဲ့ အကြောင်းတွေကို ကျွန်တော်တို့တွေ သေချာသိရဲ့လား ...................
သူတို့ဘဝလေးတွေရဲ့ ငိုသံလေးတွေကိုရော ကြားရရဲ့လား...................
သူ့တို့ဘဝလေးတွေရဲ့ ခက်ခဲမှုတွေကိုရော မြင်ရဲ့လား....................
ကြင်နာမှု ဂရုနာအပြည့်နဲ့ ရှုမြင်နားထောင်ပေးပါလားခင်ဗျာ....................
အရွယ်နဲ့ မမျှအောင် လှုပ်ရှားရုန်းကန်နေရတဲ့ သူတို့ဘဝလေးတွေကို ကယ်တင်တဲ့အနေနဲ့ ကျွန်တော်တို့ တစ်တွေ သူတို့ကို အလုပ်ခွင်ထဲကနေ စာသင်ခန်းထဲ ပို့ပေးလိုက်ကြရအောင်လားဗျာ.။ ကျွန်တော်တို့ မြန်မာ ကမ္ဘာကနေ အသိအမှတ်ပြု ကြရမယ့် ပညာရှင်တွေ ပညာတက်တွေ ဖြစ်လာကြရင် ဘယ်လောက်ကောင်းလိုက်မလဲဗျာ.။ ကျွန်တော်တို့ ဝိုင်းဝန်းကြိုးပမ်း ကြမှုကြောင့် စာဖတ် စာအံ​သံတို့ အစဉ်သဖြင့် ညံတက်နေတော့​မည့် စိမ်းလန်ြးေ​မပရဟိတပညာဒါ​နစာသင်ကျော​င်း လေးဟာ ထွက်ပေါ်လာခဲ့ပါပြီ။ လိုအပ်ချက်တွေကတော့ အများကြီးရှိနေပါသေးတယ်။ ကျွန်တော်တို့ စိမ်းလန်းမြေ ပရဟိတအဖွဲ့လေးကို  အောက်ပါ အခြေခံမူ ၃ရပ်ဖြင့် ဖွဲ့စည်းခဲ့ပါသည်။
၁။ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်သူများအတွက် ထိရောက် သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးရန်၊
၂။ ပညာကို လိုလားပါလျက် မတတ်နိုင်သူများအတွက် ကောင်းမွန်သော ပညာရေးစောင့်ရှောက်မှုများ ပေးရန်၊
၃။ "ဥတုရာသီ တောကိုမှီ" သဖြင့် သစ်ပင်များကို ထိန်းသိမ်းခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများ ပြုလုပ်ကြရန်။    ဆိုပြီး အချက်လေးတွေနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။

Thursday, June 14, 2012

ကလေးတွေကိုလမ်းမှားမရောက်အောင် ဘယ်လိုထိန်းချုပ်မလဲ ....

ဒီကောင်လေးကတော့ ကျွန်တော်တို့ ကလေးတွေနဲ့ မိဘတွေကြားမှာရှိတဲ့ ထိန်းချူပ်မှုလေးတစ်ခုပေါ့ဗျာ.။ တောင်းထားတာလေးလဲ ရှိတာနဲ့ တင်ပေးဖြစ်သွားတာပါ။ ကျွန်တော်နောက်ပိုင်း ကျွန်တော့်မိတ်ဆွေတွေ တောင်းထားတာလေးတွေကို ဖြေးဖြေးချင်းတင်ပေး သွားပါမယ် ခင်ဗျာ။ လက်တစ်လော အချိန်လေးအတွင်းမှာတော့ နည်းနည်းလေးသည်းခံပေးပါလို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ။ အခုကျောင်းပိတ်ပြီဆိုတော့ ကျွန်တော့်မိတ်ဆွေတွေအတွက် အချိန်ပြည့် Update ဖြစ်ပေးနိုင်အောင် ကျွန်တော်ကြိုးစားပေးသွားပါ့မယ်။ အခု ဒီကောင်လေးရဲ့အကြောင်းကို အသေးစိတ်ရှင်းပြပေးပါ့မယ်။ ကျွန်တော်တို့ စက်တွေကို ကလေးတွေရဲ့ နေရာမှာ ထားတယ်ပေါ့ဗျာ.။ ဥပမာ အခန်းခွဲ အိပ်တဲ့ ကလေးတွေပေါ့နော်။ Internet ကနေသူတို့ သူငယ်ချင်းအသစ်တွေရှာမယ် ပြီးတော့ အိမ်စာ assignments တွေကို Internet ကနေတစ်ဆင့်ရှာဖွေလာကြမယ် နောက်ပိုင်း သိလာတာနဲ့အမျှ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးလေးတွေလည်း ရှိလာပါမယ်။ ဥပမာ ကလေးတွေအတွက် မကြည့်သင့်တဲ့ ဆိုဒ်မျိုးတွေပေါ့ဗျာ။ ဒါက အရှင်းဆုံး ဥပမာအနေနဲ့ ပြောပြတာပါ။ Password နဲ့ အသုံးပြုတဲ့အတွက် လုံခြုံ ပါတယ်။ ထပ်ပြီးတော့ ကလေးတွေ ဝင်မဖြုတ်နိုင်အောင်လည်း Registry တွေ Command Prompt တွေကိုပါ ဒီကောင်လေးကနေ ဖျောက်ပေးထားနိုင်ပါတယ်။ ဒါထက်ပိုပြီးအသုံးဝင်တဲ့ Features လေးတွေ ထပ်ပြီး ပါဝင်ပါသေးတယ်။ ဒါတွေကို ကျွန်တော်တို့ မိဘတွေအနေနဲ့  ဒီကောင်လေးနဲ့ ကလေးတွေ မသိအောင် ဘယ်လို ထိန်းချူပ်ထားမလဲဆိုတာကို အောက်မှာ ဆက်ကြည့်ရအောင်ဗျာ.။ အဆင်မပြေတဲ့သူတွေအတွက်ကိုပါ ကျွန်တော် PDF ဖိုင်လေးပါထည့်ပေးထားပါတယ်။

Reg Organizer 5.45 Final

ကျွန်တော်တို့ စက်တွေမှာ ဆောင်ထားသင့်တဲ့ Tool လေးတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ system registry ထဲမှာရှိတဲ့ registry values လေးတွေ  exporting နဲ့ importing  key values လေးတွေကို ရှာဖွေပြုပြင်ပေးနိုင်ပါတယ်။ ကျွန်တော်တို့မလိုအပ်တဲ့ registry entries တွေနဲ့ အခြား Errors လေးတွေကို လည်း ရှင်းလင်းပေး နိုင်ပါတယ်။ Features လေးတွေကတော့ တော်တော်များပါတယ်.။ ကျွန်တော်ဆက်ပြီးရေးမပြတော့ပါဘူး။ ဆောင်ထားသင့်တဲ့ ကောင်လေးတစ်ခုဆိုတာကတော့ မမှားပါဘူးဗျာ။ ဖိုင်ဆိုဒ်ကတော့ 4.3 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။

Windows 7 SP1 All version


ကျွန်တော်ဝင်းဒိုးခွေတွေကိုလည်း မတင်ဖြစ်တာတော့ ကြာပါပြီ။။ အရှေ့မှာ ရှိတဲ့ လင့်ခ်လေးတွေကလည်း သေကုန်လောက်ပြီထင်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်အဆင်ပြေမယ့် တိုက်ရိုက် Download Links လေးတွေကို အတက်နိုင်ဆုံး ရှာပြီးတင်ပေးထားပါတယ်။ ကျွန်တော့်အစ်ကိုတွေလည်း ပြန်ခါနီးပြီတော့ ဝင်းဒိုးခွေလေးတွေ လက်ဆောင်ပေးလိုက်ချင်လို့ပါ။။ အောက်မှာ အတက်နိုင်ဆုံး အဆင်ပြေအောင် ရှာပြီးတင်ပေးလိုက်ပါတယ်.။ လင့်ခ်လေးတွေ မသေခင်လေး ယူပေးထားပါခင်ဗျာ.။

Wednesday, June 13, 2012

Wedding Album Maker Gold 3.50


ကျွန်တော်တို့ ဒီ Wedding Album Maker လေးမျိုး ဟိုးအရှေ့မှာ တင်ပေးခဲ့ပြီးပါပြီ။ ဆက်ပြီးတော့လည်း Update ဖြစ်ရင်ဆက်တင်ပေးသွားပါ့မယ်။ အထဲမှာ Full Version လေးဖြစ်အောင် Key လေးပါထည့်ပေးထား ပါတယ်။ ဒီ ကောင်လေးဟာဆိုရင်တော့ ကျွန်တော်တို့ Wedding Photos တွေကို background music တွေ Pan&Zoom တွေနဲ့  transition effects တွေကို ထည့်သွင်းပြီး မိမိတို့ စိတ်ကြိုက်နှစ်သက်သလို ပြုပြင်ပေးနိုင်ပါတယ်။ Lovely Music လေးတွေ  Transition Effects လေးတွေနဲ့ ကျွန်တော်တို့ရဲ့ Wedding Album လေးကို အကောင်းဆုံး နဲ့ ချစ်စရာအကောင်းဆုံး ဖြစ်အောင်ပြုပြင်ပေးနိုင်ပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့ အခွေထဲ ထည့်ပြီး Burn ပေးလိုက်ရင် အဆင်ပြေပါပြီ။ အဆင့်သုံးဆင့်ပါဝင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 24.62 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။

Tuesday, June 12, 2012

Start Menu X 4.35


ကျွန်တော်ဒီတစ်ခါတော့ Freeware လေးတစ်ခုပါ။ ကျွန်တော်တို့ Window 7 ကို အရင်ကျွန်တော်တို့ အသုံးပြု ခဲ့ကြတဲ့ Window XP နဲ့ Window Vista စတိုင်လေး အသုံးပြုလိုသူများအတွက် ဖြစ်ပါတယ်။ မိမိတို့ နှစ်သက်တဲ့ Skin လေးတွေကို ချိန်းပြီးအသုံးပြုနိုင်တဲ့ အပြင် ဘာသာစကားတွေကိုလည်း မိမိတို့ နှစ်သက်သလိုပြုပြင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လိုအပ်မယ့် Group လေးတွေအလိုက် မိမိတို့ နှစ်သက်သလိုပြုပြင်ပေး နိုင်ပါသေးတယ်။ ဖိုင်ဆိုဒ်ကတော့ 16.9 MB ရှိပါတယ်။. အောက်မှာ ယူသွားလိုက်ပါဗျာ.။

ဖိုလ်ဒါ Lock 7.1.0 Final

ကျွန်တော်ဟိုး အရှေ့မှာတုန်းကလဲ တင်ပေးခဲ့ဘူးပါတယ်။ မြန်မာလိုရေးလိုက်ရတာကတော့ ကျွန်တော်တို့ ဖိုလ်ဒါ Register အတွက် ဖြစ်ပါတယ်။ Register လုပ်တဲ့ နေရာမှာ အဆင်မပြေဖြစ်နေတဲ့ သူတွေအတွက်ရော နောက်ဆုံး Update ကို အသုံးပြုလိုသူများအတွက်ပါ အဆင်ပြေအောင် တင်ပေးလိုက်တာဖြစ်ပါတယ်။ ကျွန်တော်အောက်မှာ Full Version ဖြစ်အောင် လုပ်ထားတဲ့ ပုံလေးကိုပါ ထည့်ပေးထားပါတယ်။  ကျွန်တော်တို့ Crack ဖိုင်လေးကို Install လုပ်ထားတဲ့  Folder လေးထဲကို ကူးထည့်ပေးလိုက်ရင် Full Version လေးရပါပြီ.။ ဒီကောင်လေးကိုတော့ နာမည်ကိုမြင်ရုံနဲ့တင် သိကြလိမ့်မယ်လို့လဲ ထင်ပါတယ်ခင်ဗျာ။ ကျွန်တော်အရှေ့မှာတုန်းကလဲ ရေးပေးခဲ့ဘူးပါတယ်။ သူ့ရဲ့ Features လေးတွေကတော့ တော်တော်များပါတယ်။ ဖိုင်ဆိုဒ်ကတော့ 14.8 MB ရှိပါတယ်။ အောက်မှာယူသွား လိုက်ပါဗျာ.။

Internet Download Manager v6.11.8-BRD


ကျွန်တော်ဒီနေ့  Internet Download Manager မှာ နောက်ဆုံး Update လေးဖြစ်တဲ့ 6.11 Build 8 Final လေးတင်ပေးလိုက်ပါတယ်။  အရင်နေ့က 6.11 Build 7    ထွက်ပြီးပါပြီ။  IDM ကိုတော့ ကျွန်တော် Update ဖြစ်တိုင်းနောက်မကျအောင် တင်တင် ပေးသွားမှာပါ။ အခုရက်ပိုင်းကတော့နည်းနည်းလေး ခွင့်လွှတ်ပေးပါဗျာ.။  အခုလည်း IDM ကို Install လုပ်ရတာအဆင်မပြေသူများအတွက် ဒီလင့်ခ်လေး မှာရှင်းပြပေးထားပါတယ်။ ကြည့်ကြည့်လိုက်ပါ။ ဖိုင်ဆိုဒ်ကတော့ 5 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက် ပါဗျာ။

Trojan Remover v6.8.3.2605

ကျွန်တော်အခု Malware တွေဖြစ်တဲ့ Trojan Horses, Worms, Adware, Spyware စတဲ့ ကောင်လေးတွေရဲ့ ရန်က ကာကွယ် နိုင်အောင် ဒီကောင်လေးကို တင်ပေးလိုက်တာဖြစ်ပါတယ်.။ ပေါ့ပေါ့ပါးပါးနဲ့ သုံးရတာလည်း အဆင်ပြေတဲ့ အပြင်  Full Version လေးအသုံးပြုနိုင်အောင် Crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်။ ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေတဲ့ Standard antivirus programs တွေဟာလည်း အရမ်းကောင်းပါတယ်။ သို့သော်လည်း  အပြည့်အဝကြီးကာကွယ်ပေးနိုင်မယ်လို့ ယူဆလို့မရပါဘူး။ ဒါကြောင့်ဒီ ကောင်လေးတွေရဲ့ ရန်ကို ကာကွယ်နိုင်အောင် ဒီလို Tools လေးတွေကို တစ်ခုလောက်တော့ စက်ထဲမှာ ရှိသင့်ပါတယ်။။ ကျွန်တော်တို့ ဒီ Trojan Remover လေးက Boot Time မှာတင် Adware, Spyware, Remote Access Trojans, Internet Worms တွေနဲ့  malwares တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီကောင်လေးစက်ထဲမှာ Run ပေးထားရုံနဲ့ကို ကျွန်တော်တို့ ဝင်းဒိုးအတက်မှာတင် Auto Scan ဖတ်ပေးပြီး တစ်ခါတည်း ရှင်းပေးသွားပါလိမ့်မယ်။ ကျွန်တော်တို့ ဖိုင်ဆိုဒ်ကတော့ 11.75 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

Driver Checker 2.7.5 Datecode (11.06.2012)

ဒီတစ်ခါ DriverChecker Update လေးတစ်ခုတင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ စက်    ထဲမှာရှိတဲ့Printer Drivers,     USB Drivers, Sound/Audio Drivers, Vista Drivers, Bluetooth Drivers, Mouse Drivers, Keyboard Drivers, RAID Drivers, Scanner Drivers,             Video Drivers, Modem Drivers, Network Drivers, Linksys Drivers, Webcam Drivers, Graphic Drivers, VGA Drivers  စတဲ့ Drivers      တွေအတွက် Check လုပ်ပေးပြီး၊ တစ်ခါတည်း Download ဆွဲ၊            Install လုပ်ပေးပါတယ်။ Window တင်ပြီး   အသံမလာတာကအစ မိမိတို့ စက်ထဲက Update မဖြစ်တော့တဲ့ Driver တွေကိုလည်း      Check လုပ်ပေးပြီး Install လုပ်ပေးနိုင်ပါတယ်။

Saturday, June 9, 2012

General Knowledge for myanmar


ကျွန်တော်တို့ ဆိုဒ်ဟာ နိုင်ငံရေးနဲ့ဆိုင်တာ တစ်ခုမှ မလုပ်ပါ။ နောက်ထပ် ကျွန်တော်တို့တွေက IT ပိုင်းကိုပဲ့ ဦးစားပေး အရေးများပါတယ်။ ဒီတော့ ကျွန်တော်ပြောချင်တာက ဒီနေ့ တင်ပေးတဲ့ စာအုပ်ကြောင့် ကျွန်တော်တို့ကို တမျိုး မမြင်စေချင်ပါဘူး။ ဒီစာအုပ် တင်ပေးရတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံသားတိုင်း သိထားသင့်တယ် ထင်လို့ပါ။ဘာတွေ သိထားသင့်တယ်ထင်လို့လည်းဆိုတော့ အောက်ပါ အချက်အလက်တွေက ဒီစာအုပ်မှာ အပြည့် အစုံပါလို့ပါ။အကြောင်းအရာတွေကို အသေးစိတ် လိုက်မရေးတော့ပဲ့ ကျွန်တော် မာတိကာရဲ့ အနည်းအကျဉ်းကို အောက်မှာ ပုံတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်နိုင်ငံ ကိုယ်လူမျိုး ၀န်ကြီးတွေက အစ အကုန်ပါတယ်။ အရင်အရင်က ချုပ်ဆိုခဲ့ဘူးတဲ့ စာချုပ် ဘယ်နှစ်ခု ရှိတယ်ဆိုတာကအစ ပါပါတယ်။

Adobe illustrator နှင့် Adobe Dreamweaver (CS 6)

System requirements
Windows
Intel® Pentium® 4 or AMD Athlon® 64 processor
Microsoft® Windows® XP with Service Pack 2 (Service Pack 3 recommended); Windows Vista® Home Premium, Business, Ultimate, or Enterprise with Service Pack 1; or Windows 7
512MB of RAM
1GB of available hard-disk space for installation; additional free space required during installation (cannot install on removable flash storage devices)
1280x800 display with 16-bit video card
Java™ Runtime Environment 1.6 (included)
DVD-ROM drive
QuickTime 7.6.6 software required for HTML5 media playback

ဒီဆော့ဝဲ နှစ်ခုကို တောင်းတဲ့ သူက များနေပြီ . မတင်ပေးဖြစ်သေးလို့ ခုတော့ တင်ပေးလိုက်ပါပြီ။ Portable ဆိုတော့ ပိုအဆင်ပြေမယ်ထင်ပါတယ်။ နောက်ထပ် System Requirements ကိုလည်း  ပုံနဲ့ တွဲပီးဖော်ပြပေးလိုက်ပါတယ်။ ဘယ်ဆော့ဝဲက ဘာအတွက်သုံးတယ်ဆိုတာ ရှင်းပြမနေတော့ပါဘူး။ တစ်ခုချင်းဆီရဲ့ Features တွေကိုသိချင်တယ်ဆိုရင်တော့  ဒီလင့်နဲ့ ဒီလင့်မှာ အသေးစိတ် သွားဖတ်နိုင်ပါတယ်။ ဒီထက်ပိုပြီး Adobe Company အကြောင်း သမိုင်းကြောင်းနဲ့ ဖြစ်တည်လာပုံကို သိချင်ရင် ဒီနေရာမှာ သွားဖတ်ကြည့်နိုင်ပါတယ်။

Thursday, June 7, 2012

Understanding and Using English Grammar - Teacher's Guide (4th ed.)

ကျွန်တော်အရှေ့မှာလည်း ဒါမျိုးစာအုပ်လေးတွေ တင်ပေးခဲ့ဘူးပါတယ်။ အခုလည်း ထပ်ပြီး တင်ပေးလိုက်ပါတယ်.။ ဖိုင်ဆိုဒ်ကတော့ 1.4 MB ပဲရှိပါတယ်။ အထဲမှာ သူ့အတွက် Lessons လေးတွေ အကန့်လိုက် ပါဝင်ပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။

Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ






Topic မစခင် မေးခွန်း တစ်ခု မေးကြည့်ချင်တာက မိသားစုဝင်တွေ viruses, spyware, scareware, trojans, နဲ့ worms တွေ အကြောင်း ဘယ်လောက်တောင်များ နားလည် ထားကြပါသလဲ - ဒီလို မေးခွန်းမေးလိုက်လို့ ကျွန်တော် က သူတို့နဲ့ ပတ်သတ်လို့ အများကြီး သိနေခဲ့လို့ မဟုတ်ပါဘူး - ကျွန်တော့် မိသားစုဝင်တွေကို နေ့စဉ်နီးပါး တစ်ယောက် မဟုတ် တစ်ယောက်ကို ဒုက္ခလိုက်ပေးနေတဲ့ ဒီ Virus တွေ အကြောင်းကို ကျွန်တော် သိနားလည် ထားသလောက်လေး မျှဝေချင်လို့ပါ။

ဒီနေရာမှာ ကျွန်တော် အဓိက Target ထားပြီး ပြောသွားမှာ malware အမျိုးအစား အမျိုးမျိုး အကြောင်း နဲ့ သူတို့ ရန်ကို ဘယ်လို ကာကွယ် သွားမယ် ဆိုတာကို အလွယ်တကူ မှတ်မိသိရှိ လွယ်အောင် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Wednesday, June 6, 2012

How to Maintain Your Hard Disk Drive




ကွန်ပြူတာ တစ်လုံးမှာ ကျွန်တော် စိတ်အဝင်စားမိဆုံး အစိတ်အပိုင်း တစ်ခုကို ပြပါဆိုရင် Hard Disk လို့ ခေါ်တဲ့ နေ့စဉ် သုံးစွဲနေကျ ကျွန်တော်တို့ရဲ့ Data တွေ သိမ်းဆည်းပေးထားတဲ့ နေရာတစ်ခုကို ညွှန်ပြချင်ပါတယ်။ ကွန်ပြူတာကို စသုံးခဲ့စဉ် တည်းက ဒီ Hard Disk အကြောင်းကို လက်လှမ်းမှီသမျှ ဖတ်ခဲ့လေ့လာခဲ့တာ ခုထိလည်း လေ့လာလို့ မကုန်နိုင်သေးဘူး - ဖတ်လို့လည်း မဆုံးနိုင်သေးဘူး - Hard Disk အကြောင်းလို့ ဆိုလိုက်တော့ ခေါင်းစဉ်က အရမ်းကို ကျယ်ပြန့်သွားပါတယ် - တကယ်တော့ ကျွန်တော် အဲလောက်ကြီးထိလည်း ကျယ်ကျယ်ပြန့်ပြန့် မလေ့လာနိုင်ပါဘူး - Hard Disk အကြောင်းဆိုတဲ့ ခေါင်းစဉ်အောက်ကမှ ကျွန်တော် စိတ်ဝင်စားတာ Hard Disk Failure လို့ ခေါ်တဲ့ Hard Disk တစ်ခု ပျက်စီးရခြင်း Data ဆုံးရှုံးရခြင်းရဲ့ အဓိက ဇစ်မြစ် အခြေခံ အကြောင်းတရား တွေကိုပါ။