မင်္ဂလာပါခင်ဗျာ ... အဆင်မပြေတာများရှိရင် nayminmaung89@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ လေးစားစွာဖြင့် ... နေမင်းမောင်

  • Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Friday, August 31, 2012

Internet Download Manager 6.12 Build 11 + Patch



ကျွန်တော် Internet  Download  Manager နောက်ဆုံး Update လေးဖြစ်တဲ့ 28 ရက်နေ့ ထွက်တဲ့ ကောင်လေးကို တင်ပေးလိုက်ပါတယ် .. လောလောဆယ်တော့ နောက်ဆုံး Update လေးပါပဲ .. ဒီကောင်လေးကို Full Version လေးနဲ့ သုံးလို့ရအောင် အထဲမှာ Patch File လေးပါ ထည့်ပေးထားပါတယ် .. Patch File လေးကို အသုံးပြုမယ် ဆိုရင်တော့ မိမိတို့ အသုံးပြုနေတဲ့ Antivirus ကို ခဏပိတ်ထားဖို့တော့ လိုပါလိမ့်မယ် ... ကျွန်တော်တော့ စမ်းပြီးသွားပါပြီ အဆင်ပြေပါတယ် .. ကျွန်တော်လည်း လက်ရှိ ဒီကောင်လေးကိုပဲ အသုံးပြုနေတာပါ .. Firefox 13 အထိ Support လုပ်ပေးပါတယ် .. Update လေးကိုမှ အသုံးပြုချင်တယ် ဆိုသူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ..

DriverPack Solution 12.3 R250 Final ( 3.09 GB - Torrent Download )




ကျွန်တော်တို့ အခုနောက်ပိုင်း Latop တွေဝယ်တဲ့ အခါမှာ သတိထားမိကြပါလိမ့်မယ် .. Driver ခွေတွေ ပါမလာတော့ပဲ မိမိတို့ ကွန်ပျူတာအတွက် လိုအပ်တဲ့ Driver တွေကို သူရဲ့ဆိုဒ်မှာ သွားပြီး ဒေါင်းလော့ ချကြရပါတယ် .. တကယ်လို့ မိမိတို့က အခုလို Driver တွေပြန်ရှာဖို့ အခက်အခဲ ဖြစ်နေမယ်ဆိုရင် အခုကျွန်တော် တင်ပေးလိုက်တဲ့ Driver Pack Solution လေးကို ဆောင်ထားလိုက်ယုံနဲ့ အဆင်ပြေသွားပါလိမ့်မယ် .. Destop အသုံးပြုတဲ့ သူတွေအတွက်လည်း အတူတူပါပဲ .. မိမိတို့ ကွန်ပျူတာမှာ Motherboard ခွေပျောက်သွားလို့ ပဲဖြစ်ဖြစ် Windows တင်ပြီးလို့ Driver လိုအပ်နေတယ်ဆိုရင် Driver Pack Solution လေးကို ဆောင်ထား လိုက်ယုံနဲ့ အဆင်ပြေသွားစေမှာပါ .. အသုံးပြုရတာလည်း လွယ်ပါတယ် .. ကွန်ပျူတာကို Windows အသစ် တင်ပြီးတာနဲ့ ဒီကောင်လေးကို Run ပေးလိုက်ယုံပါပဲ .. သူကလိုအပ်တဲ့ Driver တွေကို ရှာပြီး Install လုပ်ခိုင်းပါလိမ့်မယ် .. ဒါဆိုရင် ကျွန်တော်တို့က Install လုပ်ပေးလိုက်ယုံပါပဲ .. Connection ကောင်းတဲ့ နေရာမှာ ရောက်နေတဲ့ သူတွေအတွက်တော့ ဒီကောင်လေးတွေကို ယူထားစေချင်ပါတယ် .. ကျွန်တော် Torrent Link ကိုပဲ ပြန်တင်ပေးထားပါတယ် .. အောက်မှာ အဆင်ပြေတဲ့ လင့်ကနေ အရင်ဒေါင်းလော့ ချလိုက်ပါ .. ပြီးရင် မိမိတို့စက်မှာ Torrent ကို Install လုပ်ပြီး ဒေါင်းလော့ချလိုက်ယုံပါပဲ .. ဒါဆိုရင် အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ် ..

Thursday, August 30, 2012

ကွန်ပျူတာမှ ပြသနာများ ဖြေရှင်းနည်း ( E-Book )


 
ကျွန်တော် အခုတင်ပေးလိုက်မဲံ စာအုပ်လေးကတော့ ကွန်ပျူတာ သမား တော်တော် များများ ဆောင်ထား သင့်တယ်လို့ ထင်ပါတယ် ... အ သုံးလည်း ၀င်ပါတယ် .. ကျွန်တော်တို့ ကွန်ပျူတာတွေမှာ ဖြစ်တက်တဲ့ Error တော်တော် များများကို Bios /  Cmos ကနေစတင်ပြီး လေ့လာလို့ ရမှာ ဖြစ်သလို Error များ ဖြစ်လာပြီ ဆိုရင်လည်း ဘယ်လို ပြုပြင်မှု ပေးရမယ် ဆိုတာကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ် .. လိုအပ်တဲ့ သူများအတွက်တော့ ကျွန်တော် နှစနေရာခွဲပြီး တင်ပေးထားပါတယ် .. မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ ...

Wednesday, August 29, 2012

iPhone အသုံးပြုမှု လက်စွဲ လမ်းညွှန် ( E-Book )




အခု တင်ပေးလိုက်တဲ့ စာအုပ်လေးကတော့ iPhone အသုံးပြုနည်း စာအုပ်လေးပဲ ဖြစ်ပါတယ် .. နောက်ဆုံး Update အထိ မပါဝင်ပေမယ် အသုံးဝင်မဲ့သူတွေ အတွက်တော့ အထောက်အကူ ပြုမယ်လို့ထင်လို့ တင်ပေးလိုက်ပါတယ်.. လိုအပ်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေ ဒေါင်းလော့ ချသွား လိုက်ပါ .. ကျွန်တော် နှစ်နေရာခွဲပြီး တင်ပေးလိုက်ပါတယ် ..

Tuesday, August 28, 2012

Using Laptops ( Ebook )




အခု ကျွန်တော် တင်ပေးမဲ့ စာအုပ်လေးကတော့ ဆရာ ဦးအောင်မြင့် ရေးသားထားတဲ့ Using Laptops ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် .. ဒီစာအုပ်လေးမှာ Laptop အကြောင်းကိုသာ မကပဲ Tablets အကြောင်းကိုလည်း ထည့်သွင်းရေးသား ပေးထားပါတယ် ..  ကျွန်တော်တို့ Laptop တွေအကြောင်းကို သိချင်သူများ အတွက်တော့ ဒီစာအုပ်လေးက အများကြီး အထောက်အကူ ပြုပေးမှာ ဖြစ်ပါတယ်. . လိုအပ်တဲ့ သူများ အတွက်တော့ ကျွန်တော် အောက်မှာ နှစ်နေရာ ခွဲပြီး တင်ပေးထားပါတယ် ။။ မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ယူသွားလိုက်ပါ..

Microsoft Access 2010 ဖြင့် Database ရေးဆွဲခြင်း




ကျွန်တော်လည်း စာအုပ်တွေ မတင်ပေး ဖြစ်တာ ကြာသွားပါပြီ ... ဒီနေ့တော့ အားလုံးအတွက် အသုံးဝင်မယ်လို့ ထင်တဲ့ စာအုပ်လေးတွေကို တင်ပေးသွားပါမယ် .. အခုတင်ပေးမဲ့ စာအုပ်လေးကတော့ ကျွန်တော်တို့ Microsoft Access 2010 ကိုအသုံးပြုပြီူ Database တည်ဆောက်ခြင်း အကြောင်းကို ရေးသားထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် ... အသေးစိတ်က စပြီး ရေးသားထားတာ ဖြစ်တဲ့ အတွက် Microsoft Access ကို စတင်လေ့လာ သူတွေ အတွက်လည်း အထောက်အကူ ပြုမဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ် .. လိုအပ်တဲ့ သူတွေအတွက်တော့ ကျွန်တော် အောက်မှာ နှစ်နေရာ ခွဲတင်ပေးထား ပါတယ် .. မိမိတို့အဆင်ပြေတဲ့ လင့်ကနေသာ ယူသွားလိုက်ပါ ... 

Saturday, August 25, 2012

Microsoft Office Professional 2010 ( 585.55 MB )



ကျွန်တော်တို့ Microsoft Office 2010 ကို Full Version လေးနဲ့ လိုအပ်တဲ့ သူတွေအတွက် ထပ်ပြီး တင်ပေးလိုက်ပါတယ် ... အရင်က တင်ပေးထား တာလည်း ကြာနေပါပြီ .. လင့်တွေလည်း သေနေပါပြီ .. အခု ဒါရိုက်လင့်လေး ရှာပေးလိုက်ပါ တယ် .. ဒီကောင်လေးကို Full Version လေးဖြစ်အောင် အသုံးပြုဖို့ အတွက်  Activator လေးကိုတော့ ကျွန်တော် ပြန်ရှာပြီး တင်ပေးလိုက်ပါတယ် ...

Saturday, August 18, 2012

Windows 8 Activator v1.5.1


ကျွန်တော် ဒီတစ်ခါ Window 8 အသုံးပြုသူများအတွက် Activator လေးတင်ပေးလိုက်ပါတယ်။ တစ်ချက်ရှိတာကတော့ ကျွန်တော်တို့ Window 7 လိုတော့ အပြည့်မရသေးပါဘူး။ ဒါပေမယ့် ရက်ပေါင်း ၁၈၀ ရပါတယ်။ ရက်ပြည့်သွားရင်တော့ ဒီ Program လေးကို နောက်တစ်ကြိမ် ထပ် RUN လိုက်ပါ။ အဆင်ပြေပါလိမ့်မယ်။ကျွန်တော်တို့ ဒီကောင်လေးရဲ့ ဖိုင်ဆိုဒ်ကတော့ 6 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။

Kaspersky AntiVirus 2013 Final + License Key


ကျွန်တော် Antivirus လေးတွေမတင်ဖြစ်တာလည်းကြာ သွားပါတယ်။ အဆင်မပြေတာတွေကလည်း များနေတော့ မတင်ပေးဖြစ်သေးတာပါ။ အခုတော့ ဒီကောင်လေးကတော့ အဆင်ပြေပါတယ်။ သုံးလဆိုတာလည်း မနည်းပါဘူးဗျာ။ ကုန်သွားရင်တော့ အထဲမှာ Key files လေးတွေထပ်ပြီးပါဝင်ပါသေးတယ်။ System Requirements လေးတွေကတော့ ထွေထွေ ထူးထူးပြောစရာမရှိပါဘူး။ RAM မှာတော့ 512 MB ရှိဖို့လိုအပ်ပါတယ်။ Product activation လုပ်နိုင်ဖို့အတွက်တော့ Internet Connection လေးလိုအပ်ပါတယ်။ Kaspersky အသုံးပြုနေသူများအတွက်တော့ အဆင်ပြေလိမ့်မယ်ထင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 100 MB ကျော်တာနဲ့ ကျွန်တော် Download လုပ်ရတာအဆင်ပြေအောင် သုံးပိုင်းခွဲတင်ပေးထားပါတယ်။ အောက်မှာ Activated လုပ်တဲ့ပုံစံလေးကိုပါ တစ်ခါတည်းပြပေးထားပါတယ်။ အောက်မှာဆက်ကြည့်ရအောင်ဗျာ။

USB Disk Security 6.2.0 Full Keygen

ဟိုးအရှေ့မှာလည်း တော်တော်များများတင်ပေးခဲ့ပြီးပါပြီ။ ဒါပေမယ့် လင့်ခ်လေးတွေ ကတော့ သေနေလောက်ပြီထင်ပါတယ်။ အရင်အဟောင်းတွေကိုတော့ ကျွန်တော်ပြန်မ တင်ပေးတော့ပါဘူး။ နောက်ပိုင်းမှာ Update ဖြစ်တာလေးတွေကိုပဲ Full Version လေးရအောင်တင်တင်ပေးသွားပါ့မယ်။ ကျွန်တော် စာသိပ်မရေးဖြစ်တာကို ခွင့်လွှတ်ပေးပါဗျာ။ ကျွန်တော်စာပြန်ရေးပါ့မယ်။ မေးထားတာတွေကိုလည်း ကျွန်တော် အကောင်းဆုံး   ဖြစ်အောင်ကြိုးစားဖြေထား တာလေးတွေကို တင်ပေးသွားပါ့မယ်။ အခု ဒီ USB Disk Security လေးရဲ့ ဖိုင်ဆိုဒ်ကတော့ 4.9 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။

Auslogics BoostSpeed 5.4.0.5 Multilanguage

ကျွန်တော်တို့ရဲ့ PC တွေကို Error ကင်းကင်း နဲ့ မြန်မြန်ဆန်ဆန် Run ပေးနိုင်ဖို့အတွက်ကို ဒီကောင်လေးက ကူညီပေးနိုင်ပါလိမ့်မယ်။ သူ့မှာပါဝင်တဲ့ Features လေးတွေကို ကျွန်တော်အကြမ်းဖျဉ်းလေး ပြောပြပါ့မယ်။ ကျွန်တော်တို့ရဲ့ PC ကို Speed Up PC With BoostSpeed ဆိုတဲ့ Feature လေးနဲ့ စပြီးအလုပ်လုပ်ပါတယ်။ နောက်ထပ်လည်း Speed Up Internet, Block Banner Advertisements,  Keep Disk and Registry Clean, Optimize Memory and Appearance, Keep your PC fast and safe, System Optimization Tools တွေ Networks Tools လေးတွေနဲ့ အတူ ကျွန်တော်တို့ရဲ့ PC Speed လေးကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ အသေးစိတ်လေ့လာလိုတယ်ဆိုရင်တော့ သူ့ရဲ့ Home Page လေးပါထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 12.39 MB ရှိပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ.။

Animated Screensaver Maker 3.1 Full Crack

ဒီကောင်လေးကတော့ ကျွန်တော်တို့ အသုံးပြုလိုတဲ့ Background တွေ animation လေးတွေနဲ့စိတ်ကြိုက်ပြုပြင် ပေးနိုင်ပါတယ်။ ကျွန်တော်တို့ screensavers လေးတွေကို မိမိတို့ စိတ်ကြိုက်ပြုပြင်ဖန်တီးယူ နိုင်တဲ့အတွက် အဆင်ပြေပါတယ်။ အထဲမှာ Full Version လေးအသုံးပြုနိုင်အောင် Crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 11.1 MB ရှိပါတယ်။အောက်မှာ ယူသွားလိုက်ပါဗျာ.။

Windows Expert Tool 4.2 - Recover all Passwords in Windows OS


ဒါလေးကတော့ ကျွန်တော်တို့လည်း သိကြမယ်ထင်ပါတယ်။ ကျွန်တော် ဟိုးအရှေ့မှာလည်း တင်ပေးခဲ့ဘူးပါတယ်.။ ကျွန်တော်တို့ Recovery လုပ်ပေးတဲ့ tools လေးတွေကိုလည်း  ကျွန်တော်အောက်မှာ ထပ်ပြီးထည့်ပေးထားပါတယ်။ ဆက်ကြည့်ရအောင်ဗျာ.။

Actual Window Manager 7.2 Final

ဒါလေးကတော့ ကျွန်တော်တို့ Window Manager အသုံးပြုလိုသူများအတွက်ပါ.။ အရင်ကတင်ပေးခဲ့တဲ့ Window manager ပုံစံလေးမျိုးပါပဲ။ Full version လေးရအောင် Crack ဖိုင်လေးပါထည့်ပေးထားပါတယ်။ ကျွန်တော်တို့ Window အတွက် handy tools ပေါင်း 50 ကျော်နဲ့ ကျွန်တော်တို့ PC တွေကို လိုအပ်သလိုပြုပြင်ယူနိုင်ပါလိမ့်မယ်။  ဖိုင်ဆိုဒ်ကတော့ 7.35 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။

3D Object Converter v4.80

ကျွန်တော်တို့ ဒီကောင်လေးကတော့ 3d polygon model translation လေးတစ်ခုပဲဖြစ်ပါတယ်.။ ပြီးတော့ ဒီ program လေးဟာ  file formats ပေါင်း 615 မျိုးကို supports လုပ်ပေးပါတယ်.။ Support လုပ်ပေးထားတဲ့ OS လေးတွေကတော့ Windows95/98/Me/NT/2K/Server 2003/XP x32|x64/Vista x32|x64/Windows 7 x32|x64/Windows Server 2008 x32|x64/Windows Server 2008 R2 x64 အားလုံးကို Support လုပ်ပေးနိုင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 3.18 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။

A Thin White Line Theme For Windows 7

ဒါလေးကလည်း Window 7 အတွက် နောက် Theme လေးတစ်ခုပါ ။ ဖိုင်ဆိုဒ်ကတော့ 18.7 MB ရှိပါတယ်။ အောက်ကအဆင်ပြေမယ့်လင့်ခ်လေးမှာ ယူသွားလိုက်ပါဗျာ.။

Cloudy Mac Theme For Windows 7


ကျွန်တော် Themes လေးတွေလည်း မတင်ပေးဖြစ်တာကြာပါပြီ။ ကျွန်တော်လည်းအခုရက်ပိုင်း ပရဟိတဘက်လေးကို နည်းနည်းလေး အားထည့်နေမိတယ်။ အခုတော့ဒီကောင်လေးကို မြင်တာနဲ့ သိလိမ့်မယ်လို့ ထင်ပါတယ်။ File Size ကတော့ 6.54 MB ရှိပါတယ်။ အောက်က အဆင်ပြေမယ့်လင့်ခ် လေးမှာ ယူသွားလိုက်ပါဗျာ.။

Monday, July 30, 2012

Internet Download Manager 6.12 Beta Build 7


ကျွန်တော်ဒီနေ့  Internet Download Manager မှာ နောက်ဆုံး Update လေးဖြစ်တဲ့ 6.12 Build 7 Beta  လေးတင်ပေးလိုက်ပါတယ်။  အရင်နေ့က 6.12 Build 7     ထွက်ပြီးပါပြီ။  IDM ကိုတော့ ကျွန်တော် Update ဖြစ်တိုင်းနောက်မကျအောင် တင်တင် ပေးသွားမှာပါ။ အခုရက်ပိုင်းကတော့နည်းနည်းလေး ခွင့်လွှတ်ပေးပါဗျာ.။  အခုလည်း IDM ကို Install လုပ်ရတာအဆင်မပြေသူများအတွက် ဒီလင့်ခ်လေး မှာရှင်းပြပေးထားပါတယ်။ ကြည့်ကြည့်လိုက်ပါ။ ဖိုင်ဆိုဒ်ကတော့ 4.6 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက် ပါဗျာ။

Maximum PC 2012

ဒါလေးကိုလည်း ကျွန်တော်တို့ စာအုပ်မျက်နှာဖုံးလေးကို မြင်ရင်ကိုပဲ သိကြလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်အရှေ့မှာလည်း PC အတွက်တင်သာမကပဲ ကျန်းမာရေး အားကစားနဲ့ အခြားအခြားသော ပညာရပ်ပိုင်းဆိုင်ရာ E-books လေးတွေကိုလည်း တင်ပေးခဲ့ပြီးပါပြီ.။ နောက်ပိုင်းလည်း တန်ဖိုးရှိတဲ့စာအုပ်လေးတွေ ရလာတာနဲ့ အမျှ ကျွန်တော်ဆက်ပြီးတင်ပေးသွားပါ့မယ်။ အထဲမှာလည်း ပုံလေးတွေနဲ့ ရှင်းပြပေးထားတဲ့ အတွက် အဆင်ပြေပါတယ်။ ဖိုင်ဆိုဒ်ကတော့ 41.7 MB ရှိပါတယ်။

PDF24 Creator 4.8.0

ကျွန်တော်အရှေ့မှာလည်း PDF Creator လေးတွေ တော်တော်များများတင်ပေးခဲ့ပြီးပါပြီ။  ဒီတစ်ခါဒီကောင်လေးကတော့ အသစ်လေးပါပဲ။ သုံးလို့လဲအဆင်ပြေပါတယ်။ ဒီကောင်လေးရဲ့ Several features လေးတွေကိုလည်း ကျွန်တော်အောက်မှာ ထပ်ထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 10.2 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

Gmail Notifier Pro 4.3 Multilanguage


ကျွန်တော်ဒီတစ်ခါ Gmail မှာ Notification လေးတွေတက်လိုသူများအတွက်ဖြစ်ပါတယ်.။ Full Version ရအောင် အထဲမှာ Keygen လေးပါထည့်သွင်းပေးထားပါတယ်။  ကျွန်တော်တို့  32-bit , 64-bit Windows XP, Windows Vista နဲ့  Windows 7 OS တွေကို Support လုပ်ပေးနိုင်ပါတယ်.။ ဖိုင်ဆိုဒ်ကတော့ 5.9 MB ပဲရှိပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ.။

Activators For Window Xp,Vista & 7

Activators လင့်ခ်လေးတွေ အဆင်မပြေဘူးလို့ ပြောတာနဲ့ ကျွန်တော်ထပ်တင်ပေးလိုက်ပါတယ်။ အရှေ့ပိုင်းမှာရှိတဲ့ လင့်ခ်လေးတွေကတော့ နည်းနည်းသေ နေနိုင်ပါတယ်။ ဒါပေမယ့် လိုအပ်တာတွေကို ကျွန်တော် Update လေးတွေကိုပဲရွေးပြီးရှာတင်ပေးပါ့မယ်။ အခုလည်း  Activators လေးသုံးမျိုးပါပါတယ်။ XP, Vista နဲ့ Window 7 အတွက်ပါ.။ သုံးခုခွဲပြီးထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 7.24 MB ရှိပါတယ်။ အောက်က အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ.။

Advanced SystemCare Pro 5.4.0.257 ( 30.07.2012)

ကျွန်တော်တို့ Advanced SystemCare Pro လေးကတော့ PC Health အတွက် Top System Utility လေးတစ်ခု ထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ကျွန်တော်ဟိုးအရှေ့မှာလည်း ဒီကောင်လေးတွေတင်ပေးခဲ့ပါတယ်။ အခုတော့ နောက်ဆုံးထပ်ထွက်လာတဲ့ Update လေးပဲဖြစ်ပါတယ်။ဒီနေ့  30.7.2012 ထွက်လာတာလေးပါ။သူ့ရဲ့ Performance လေးတွေကတော့ အသုံးပြုနေသူများလည်း သိကြမှာပါ။ အထဲမှာလည်း Full Version လေးသုံးလို့ရအောင် Key လေးပါထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 26.7 MB ရှိပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ.။

Sunday, July 29, 2012

TextAloud 3.0.44


ဒါလေးကတော့ ကျွန်တော်သဘောအကျဆုံးထဲမှာ ပါတယ်လို့ပြောရမှာပေါ့ဗျာ။ ကျွန်တော်အရှေ့ပိုင်းမှာ အင်္ဂလိပ်အသံထွက်နဲ့ ပတ်သတ်ပြီးတော့ Software လေးတွေတင်ပေးခဲ့တာတွေရှိပါတယ်။ ဒါလေးကလည်း အကောင်းဆုံးတွေထဲက အကောင်းဆုံးတစ်ခုလို့ပြောလို့ရပါတယ်။ ဖိုင်ဆိုဒ်ကလည်း နည်းနည်းလေးနဲ့ ကျွန်တော်တို့မသိနိုင်တဲ့အင်္ဂလိပ်အသံထွက်လေးတွေကိုပါ ထည့်သွင်းနားထောင်နိုင်ပါပြီ။ ကျွန်တော်တို့ ဒီကောင်လေးက Tools လေးတွေက ကျွန်တော်တို့ရဲ့ Microsoft Office , IE , Firefox , Outlook စသည်ဖြင့်ပေါ့ဗျာ။ အားလုံးကို Tools လေးတွေသွင်းပေးပါတယ်။ ကျွန်တော်အောက်မှာလည်း ပုံလေးနဲ့ထပ်ပြပေးထားပါတယ်။ အသံထွက်ကို တစ်ကူးတစ်က သွားပြီး ထည့်နားထောင်စရာမလိုပဲနဲ့ Plug in လေးသွင်းထားပေးလိုက်ရင်ကိုပဲ ကျွန်တော်တို့ ချက်ချင်းအသံထွက်ကိုနားထောင်နိုင်ပါပြီ.။ Full version လေးဖြစ်အောင်လည်း Keygen လေးပါထည့်ပေးထားပါတယ်။ အောက်မှာဆက်ကြည့်ရအောင်ဗျာ။

Wise Care 365 PRO 1.77.133


ကျွန်တော်အရင်တုန်းကလဲ ဒီလို System Tools လေးတွေ တော်တော်များများတင်ပေးခဲ့ပြီးပါပြီ။ အခုလည်း ကောင်းတာလေးတစ်ခုရတာနဲ့ တင်ပေးလိုက်ပါတယ်။ အထဲမှာ Full Version လေးရအောင် Key လေးပါထည့်ပေးထားပါတယ်.။ တော်တော်လေးကောင်းပါတယ်။ ကျွန်တော်တို့ Boot speed လေးကိုပါ မြှင့်တင်ပေးပါတယ်။ ပါဝင်တဲ့ Features လေးတွေကလည်း တော်တော်များများစုံလင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 7.37 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။

Nero 11 Fully Activated


ကျွန်တော်အရင်တုန်းကလဲတင်ပေးခဲ့ပါတယ်။ နောက်ပိုင်းထွက်လာတာနဲ့အမျှ သူ့မှာပါဝင်တဲ့ Tools လေးတွေ Features လေးတွေပါပိုပြီးစုံလင်လာတာကို သိလာပါလိမ့်မယ်။ ကျွန်တော်တစ်နေရာတည်းပဲ တင်ပေးထားပါတယ်။  လင့်ခ်လေးမသေခင်လေး ယူထားပေးပါခင်ဗျာ။။ ဖိုင်ဆိုဒ်ကတော့ 341 MB ရှိပါတယ်။ သူ့မှာပါဝင်တဲ့ ကောင်လေးတွေကတော့ Nero Burning ROM,Nero BackItUp,Nero ControlCenter,Nero CoverDesigner,Nero Express,Nero Recode,Nero SoundTrax,Nero Vision,Nero WaveEditor,NeroContent တို့ပဲဖြစ်ပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

Desktop iCalendar


ကျွန်တော်မတင်ပေးဖြစ်တာလည်း နည်းနည်းကြာသွားပါတယ်။ ဒါလေးကတော့ ပေါ့ပေါ့ပါးပါးလေးပါပဲ။ Full Version ရအောင်လည်း အထဲမှာ Keygen လေးပါထည့်ပေးထားပါတယ်။ ကျွန်တော်တို့ Google Acc တွေနဲ့လည်း Sign in ဝင်ပြီးအသုံးပြုနိုင်ပါတယ်။ တစ်ချက်ရှိပါတယ်။ Keygen လေးကိုတော့ Administrator လေးနဲ့ Run ပေးပါ.။ ပြီးရင်တော့ Full Version လေးရပါပြီ။ နောက်ပိုင်းကျွန်တော် ဆက်တင်ပေးသွားပါဦးမယ်။ ဒီကောင်လေးရဲ့ဆိုဒ်ကတော့ 2MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။

DriverFinder 2.1.0.0


ကျွန်တော်တို့  Driver ရှာနေရတဲ့ ပြဿနာလေးတွေအတွက်ပါ။ အရင်လည်း တော်တော်များများတင်ပေးခဲ့ ဘူးပါတယ်။ အခုတော့နောက်ဆုံးထွက်လာတဲ့ Update လေးဖြစ်တာမို့လို့ တင်ပေးလိုက်ပါတယ်။ ဒီလပိုင်းလေးအတွင်းမှာ ကျွန်တော်လည်း တစ်ခြားကိစ္စလေးတွေ နည်းနည်းလေးရှုပ်နေလို့ မတင်ပေးဖြစ်သေးတာ Update လေးတွေနောက်ကျသွားတာခွင့်လွှတ်ပေးပါဗျာ။။ ဒီကောင်လေးရဲ့ ဆိုဒ်ကတော့ 1.7 MB ပဲရှိပါတယ်။ အောက်ကအဆင်ပြေတဲ့ လင့်ခ်လေးကနေသာ ယူသွားလိုက်ပါဗျာ။ သူ့ရဲ့ Home Page လေးကတော့ --- http://desktoolssoft.com/products.php  ပဲဖြစ်ပါတယ်။

Saturday, July 14, 2012

Windows XP Professional SP- 3 (x86) !ntegrated July 2O12

ကျွန်တော် ဝင်းဒိုးခွေလေးတွေကိုလည်း မတင်ပေးဖြစ်တာ နည်းနည်းကြာသွားပါတယ်။ အခု ဒီ July လအတွက် နောက်ဆုံး ထွက်လာတဲ့ Update လေးဖြစ်တဲ့ Window XP Sp -3 Professional လေးတင်ပေးလိုက်ပါတယ်.။ အရှေ့မှာလည်း ကျွန်တော်ဝင်းဒိုးခွေလေးတွေတင်ပေး ခဲ့ပြီးပါပြီ.။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လင့်ခ်လေးတွေ သေနေတာလေးတွေရှိပါတယ်။ လိုက်ပြီးပြင်နေပေမယ့် အခက်အခဲဖြစ်နေတဲ့အတွက် ဒီလို Update ဖြစ်တာလေးတွေကိုပဲ တင်ပေးလိုက်ပါတယ်။ နောက်ပိုင်းမှာလည်း အားလုံးအတွက် အဆင်ပြေမယ့်နည်းလမ်းလေးတွေကို ကျွန်တော်မပြန်ခင် ဒီတစ်နှစ်အတွင်းမှာ အားလုံးကို ရေးပေးခဲ့ပါမယ်။ Software တစ်ခုကို ရှာရမယ့်နည်းတွေ ပြီးတော့ Active ဖြစ်အောင်ပြုလုပ်ရမယ့် နည်းလမ်းတွေနဲ့ တခြားကျွန်တော့်မိတ်ဆွေအားလုံး အဆင်ပြေအောင် ရေးပေးခဲ့မှာပါ။ အခု ဒီကောင်လေးရဲ့ ဆိုဒ်ကတော့ 613 MB ရှိပါတယ်။ အောက်မှာ ကျွန်တော်အဆင်ပြေအောင် နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေသာ ယူသွားလိုက်ပါဗျာ.။

Friday, July 13, 2012

Veronisoft IP Net Checker 1.4.8.6 (x86/x64)

ကျွန်တော်တို့  IP Net Checker လေးကတော့ network monitoring software လေးတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ Network Connectivity တွေဖြစ်တဲ့ Internet and LAN တွေရဲ့ IP Hosts လေးတွေကို ပြောင်းလဲပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီ Program လေးကတော့ အခါအားလျော်စွာ workstations, servers တွေ network devices (routers) တွေမှာ အသုံးပြုနေတဲ့ user specified computers တွေရဲ့TCP ports or HTTP တွေကို Check လုပ်ပေးနိုင်ပါတယ်။ အောက်မှာ သူ့ရဲ့ Features လေးတွေကိုထပ်ထည့်ပေးထားပါတယ်။ အသေးစိတ်လေ့လာလိုသူများအတွက်တော့ မူရင်းလင့်ခ်လေးပါ ထည့်ပေးထားပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ.။

Home Page - http://veronisoft.hostei.com/

Your Uninstaller Pro v7.4.2012.5



ဒါလေးကိုတော့ ကျွန်တော်အရင်ကလည်း တင်ပေးခဲ့ပြီးပါပြီ။ ဒါကတော့ 2012 အတွက် ထွက်လာတဲ့   နောက်ဆုံး Update လေးဖြစ်ပါတယ်။ သူ့အတွက်လဲ Full Version လေးရအောင် ကီးလေးပါထည့်ပေးထားပါတယ်။ အသုံးပြုနေတဲ့ အစ်ကိုတွေအစ်မတွေကတော့ ဒီကောင်လေးရဲ့  အကျိုးကျေးဇူးလေးတွေကိုသိကြမယ်ထင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 9.12 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။ သူ့ရဲ့ Features လေးတွေကိုလည်း အောက်မှာ ထပ်ထည့်ပေးထားပါတယ်။

Monday, July 2, 2012

WebShot 1.8.8.1 + Portable

ဒါလေးကတော့ ကျွန်တော်တို့ Web Pages လေးတွေကို အလွယ်တကူ Image ဖိုင်နဲ့ ဒေါင်းလို့ အဆင်ပြေအောင်လုပ်ပေးထားတဲ့ Tool လေးတစ်ခုဖြစ်ပါတယ်။ ကျွန်တော်ပုံမှာပြထားတဲ့အတိုင်းလေးပါပဲ။ Source Url: ဆိုတဲ့နေရာလေးမှာ ကျွန်တော်တို့ ဒေါင်းလိုတဲ့ Webpage လိပ်စာလေးထည့်ပေးပြီး အောက်မှာတော့ ကျွန်တော်တို့ ဖိုင် Save မယ့်နေရာလေးရွေးပေးပါ။ ပြီးရင်လင့်ခ်လေး အောက်ကိုဝင်သွားအောင် Import ဘေးနားလေးက Link Add Button လေးကိုနှိပ်ပေးလိုက်ပါ။ ပြီးရင်တော့ ဒေါင်းလို့ရပါပြီ။ အဆင်ပြေအောင် ကျွန်တော် Portable လေးကိုပါ တစ်ခါထဲ အထဲမှာတွဲထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 1.97 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။

USB Drive Antivirus 3.02 build 0509


ဒီကောင်လေးကတော့ ကျွန်တော်တို့ USB Drives တွေအတွက်ပါ။ ကျွန်တော်ဟိုး အရှေ့တုန်းကလဲ တင်ပေးခဲ့ ဘူးပါတယ်။ အရှေ့မှာတင်ပေးခဲ့တဲ့ ပိုစ့်လေးတွေမှာ လင့်ခ်လေးတွေ သေနေတာလေးတွေ ရှိပါတယ်။ ဘာမှစိတ်မပျက်ကြပါနဲ့ဗျာ။ ကျွန်တော် လိုအပ်တဲ့ Software လေးတွေကို အကောင်းဆုံး အဆင်ပြေဆုံးဆိုတာတွေကိုပဲ ရွေးပြီးတင်ပေးပါ့မယ်။ ပြီးတော့ နောက်ပိုင်း ကျွန်တော် Update လေးဖြစ်နိုင်အောင်လည်း ကြိုးစားပေးပါ့မယ်။ အခုဆို လပိုင်းလောက်ရှိနေပါပြီ.။ ကျွန်တော် အရင်လို မေးလ်တွေလည်းမပြန်ဖြစ်တာ အရမ်းလည်းအားနာပါတယ်။ အဆင်မပြေတဲ့ အစ်ကိုတွေအစ်မတွေ ကျွန်တော့်မိတ်ဆွေတွေကိုလည်း ဒီနေရာလေးကနေ တောင်းပန်ပါရစေခင်ဗျာ.။ ဒီကောင်လေးအတွက် အထဲမှာ Keygen လေးပါတစ်ခါတည်း ထည့်ပေးထားပါတယ်.။ ဖိုင်ဆိုဒ်ကတော့ 4.5 MB ရှိပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။.။

Wednesday, June 27, 2012

32 Bits နှင့် 64 Bits ကွာခြားချက်များ



မေးထားတဲ့ အကိုတစ်ယောက်လည်း ရှိတာနဲ့ မသိသေးတဲ့ သူတွေလည်း တကယ်သိသင့်တဲ့ အရာလေးတွေ မိုလို့ ကျွန်တော့်အကို ကိုသန့်ဇင်ဌေး ရေးပေးထားတဲ့ ပို့စ်လေးကို သူလည်း ဒီရက်ပိုင်း စာမေးပွဲကြောင့် မအားတာရော ကျွန်တော်လည်း ဒီနောက်ပိုင်း ဆိုဒ်ဖက်မလှည်းဖြစ် တာကြောင့် အားလုံးနဲ့ ရင်းရင်းနှီးနှီး ပြန်ပြီးတော့ ဖြစ်ချင်တာလည်း ပါတာကြောင့် အကို့အစား ကျွန်တော်ပဲ တင်ပေးလိုက်ပါတယ် .. နောက်ပိုင်းတော့ အခြေအနေကြောင့် စာတွေရေးပေးနိုင်တော့မှာ မဟုတ်တော့ပါဘူး .. ဒါပေမယ့် သိသင့်သိထိုက်တဲ့ မေးခွန်းမျိုးတွေ ဆိုရင်တော့ ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ ပိုစ့်တွေကို ပြန်ရှယ်ပေး သွားပါမယ် .. စာတွေ အများကြီးရေးဖို့တော့ စိတ်ကူးယဉ်ခဲ့ပါတယ် .. ကျွန်တော့်ကို ကံဇာတာက အခွင့်အရေးမပေးတော့လည်း ကျွန်တော်လည်း လွန်ဆန်လို့ မရတော့ပါဘူး .... ကျွန်တော် တက်နိုင်သလောက်တော့ အားလုံးကို ထောက်ပံ့ပေးသွား အုံးမှာပါ .. နေမင်းမောင်ဆိုတာ ရှိနေသေးသရွေ့တော့ အားလုံးအတွက် အကူအညီ ရနေစေရအုံးမှာပါ ... မေးခွန်းတွေ မပြန်နိုင်တာတွေ ရှိရင်လည်း စိတ်မဆိုးကြဖို့ တောင်းပန်ချင်ပါတယ် .. ကျွန်တော့် ကိုယ်ရေးကိုယ်တာ အခြေအနေက တော်တော်ဆိုးရွားနေလို့ပါ .. 
. အားလုံးပဲ ပျော်ရွင်ချမ်းမြေ့ပါစေခင်ဗျာ ... အခုလို ပြန်နေလိုက်ရတာ စိတ်ထဲမှာတော့ တော်တော်ပျော်သွားတယ် .. ပြောချင်တာတွေ ပြောလိုက်တာ ခေါင်းစဉ်နဲ့ ဘာတွေရေးထားမှန်းမသိဘူး ဖြစ်နေအုံးမယ် .. ကဲအောက်မှာ အကိုရေးထားတာလေးကို လေ့လာ လိုက်ပါအုံး ခင်ဗျာ ...

Autodesk Autocad 2013 ( x86 )



ကျွန်တော် Autodesk Autocad 2013 ကို ( x86 ) သမားတွေ အတွက် တင်ပေးလိုက်ပါတယ် ..   လိုအပ်လို့ သုံးချင်တဲ့ သူများကတော့ မိမိတို့ ဒေါင်းလော့ချခါနီးမှာ မိမိတို့ အသုံးပြုနေတဲ့ Windows ဟာ x86  လား x64 လားဆိုတော့ ခွဲခြား သိဖို့ လိုပါလိမ့်မယ်.. ကျွန်တော် တစ်ခါထဲ ဒေါင်းလော့ဖိုင် တန်းတင်ပေးထားတာ မဟုတ်ပါဘူး .. ကျွန်တော် အခုသုံးနေတဲ့ စီမှာလည်း ကော်နက်ရှင်က အဲ့လောက် မကောင်းပါဘူး .. ဒါကြောင့် ကျွန်တော် Torrent ကနေ တင်ပေးထားတဲ့ ဖိုင်ကို ရှာပေးထားပါတယ် .. ( 1.14 GB ) ရှိပါတယ် ။။ ဒေါင်းလော့ မချတက် သူများအတွက် ကျွန်တော် ဒေါင်းလော့ ချနည်းလည်း ရေးပေးထား ပါတယ် .. အားလုံးပဲ အဆင်ပြေမယ်လို့ ထင်ပါတယ်.. အောက်မှာ သုံးနေရာခွဲပြီး တင်ပေးလိုက်ပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချ သွားလိုက်ပါ ..

Tuesday, June 26, 2012

VueScan_Pro_9.1.06 + Serials



ဒီကောင်လေး ကတော့ ကျွန်တော်တို့ မိမိတို့ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Scan ဖတ်ပြီးပြန် ထုတ်တဲ့ အခါမှာ Scan မထုတ်ခင် ပုံတွေကို မိမိတို့စိတ်ကြိုက် ကာလာချိန်တာတို့ Print size ချိန်တာတို့ Copy right , Date ထိုးတာတို့ စတာတွေကို Scanner နဲ့တွဲပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်.. ကျွန်တော် သုံးနေရာ ခွဲတင်ပေးထားပါတယ် .. အထဲမှာ 32 Bits နဲ့ 64 Bits ဆိုပြီး နှစ်မျိုးပါပါတယ် ။။ မိမိတို့ သုံးနေတဲ့ ၀င်းဒိုး အမျိုး အစားအလိုက် အင်စတောလုပ်ပြီး အသုံးပြုနိုင်ပါတယ် .. Full Version လေးသုံးလို့ရအောင် Keys တွေပါ ထည့်ပေးထားပါတယ်... လိုအပ်တဲ့သူများအောင်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချ သွားလိုက်ပါ..

pc.speed.maximizer.3.1.0.0 + Patch



ကျွန်တော် ဒီနေ့တော့ လက်ရှိမိမိတို့ အသုံးပြုနေတဲ့ Windows ထဲက မလိုအပ်တဲ့ ဖိုင်တွေ အင်တာနက် အသုံးပြုပြီးတဲ့ အခါမှာ ကျန်ခဲ့တဲ့ Webpage လိပ်စာတွေ cookies တွေ အသုံးမလိုတော့တဲ့ shortcut တွေ အစရှိတာ တွေကို Clean လုပ်ပေးပြီး ကွန်ပျူတာကို အရင်ထက်ပိုပြီး ပေါ့ပေါ့ပါးပါး သုံးနိုင်အောင် Optimize လုပ်ပေးမှာ ဖြစ်ပါတယ် .. အသုံးပြုရတာလည်း လွယ်ကူပါတယ် .. အထဲမှာ ဒီကောင်လေးအတွက် Patch file လေးပါ ထည့်ပေး ထားပါတယ် .. My Computer >>  Local  Disc ( C : ) >> Program File ထဲမှာရှိတဲ့ PC Speed Maximizer ဆိုတဲ့ ဖိုဒါထဲမှာ သွားထည့်လိုက်ယုံပါပဲ ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ် .. လိုအပ်တဲ့ သူများ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ .. 

Monday, June 18, 2012

စာသင်ခန်းထဲပို့ပေးလိုက်ကြရအောင်လားဗျာ


ကျွန်တော်တို့ ကလေးငယ်လေးတွေရဲ့ အကြောင်းတွေကို ကျွန်တော်တို့တွေ သေချာသိရဲ့လား ...................
သူတို့ဘဝလေးတွေရဲ့ ငိုသံလေးတွေကိုရော ကြားရရဲ့လား...................
သူ့တို့ဘဝလေးတွေရဲ့ ခက်ခဲမှုတွေကိုရော မြင်ရဲ့လား....................
ကြင်နာမှု ဂရုနာအပြည့်နဲ့ ရှုမြင်နားထောင်ပေးပါလားခင်ဗျာ....................
အရွယ်နဲ့ မမျှအောင် လှုပ်ရှားရုန်းကန်နေရတဲ့ သူတို့ဘဝလေးတွေကို ကယ်တင်တဲ့အနေနဲ့ ကျွန်တော်တို့ တစ်တွေ သူတို့ကို အလုပ်ခွင်ထဲကနေ စာသင်ခန်းထဲ ပို့ပေးလိုက်ကြရအောင်လားဗျာ.။ ကျွန်တော်တို့ မြန်မာ ကမ္ဘာကနေ အသိအမှတ်ပြု ကြရမယ့် ပညာရှင်တွေ ပညာတက်တွေ ဖြစ်လာကြရင် ဘယ်လောက်ကောင်းလိုက်မလဲဗျာ.။ ကျွန်တော်တို့ ဝိုင်းဝန်းကြိုးပမ်း ကြမှုကြောင့် စာဖတ် စာအံ​သံတို့ အစဉ်သဖြင့် ညံတက်နေတော့​မည့် စိမ်းလန်ြးေ​မပရဟိတပညာဒါ​နစာသင်ကျော​င်း လေးဟာ ထွက်ပေါ်လာခဲ့ပါပြီ။ လိုအပ်ချက်တွေကတော့ အများကြီးရှိနေပါသေးတယ်။ ကျွန်တော်တို့ စိမ်းလန်းမြေ ပရဟိတအဖွဲ့လေးကို  အောက်ပါ အခြေခံမူ ၃ရပ်ဖြင့် ဖွဲ့စည်းခဲ့ပါသည်။
၁။ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်သူများအတွက် ထိရောက် သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးရန်၊
၂။ ပညာကို လိုလားပါလျက် မတတ်နိုင်သူများအတွက် ကောင်းမွန်သော ပညာရေးစောင့်ရှောက်မှုများ ပေးရန်၊
၃။ "ဥတုရာသီ တောကိုမှီ" သဖြင့် သစ်ပင်များကို ထိန်းသိမ်းခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများ ပြုလုပ်ကြရန်။    ဆိုပြီး အချက်လေးတွေနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။

Thursday, June 14, 2012

ကလေးတွေကိုလမ်းမှားမရောက်အောင် ဘယ်လိုထိန်းချုပ်မလဲ ....

ဒီကောင်လေးကတော့ ကျွန်တော်တို့ ကလေးတွေနဲ့ မိဘတွေကြားမှာရှိတဲ့ ထိန်းချူပ်မှုလေးတစ်ခုပေါ့ဗျာ.။ တောင်းထားတာလေးလဲ ရှိတာနဲ့ တင်ပေးဖြစ်သွားတာပါ။ ကျွန်တော်နောက်ပိုင်း ကျွန်တော့်မိတ်ဆွေတွေ တောင်းထားတာလေးတွေကို ဖြေးဖြေးချင်းတင်ပေး သွားပါမယ် ခင်ဗျာ။ လက်တစ်လော အချိန်လေးအတွင်းမှာတော့ နည်းနည်းလေးသည်းခံပေးပါလို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ။ အခုကျောင်းပိတ်ပြီဆိုတော့ ကျွန်တော့်မိတ်ဆွေတွေအတွက် အချိန်ပြည့် Update ဖြစ်ပေးနိုင်အောင် ကျွန်တော်ကြိုးစားပေးသွားပါ့မယ်။ အခု ဒီကောင်လေးရဲ့အကြောင်းကို အသေးစိတ်ရှင်းပြပေးပါ့မယ်။ ကျွန်တော်တို့ စက်တွေကို ကလေးတွေရဲ့ နေရာမှာ ထားတယ်ပေါ့ဗျာ.။ ဥပမာ အခန်းခွဲ အိပ်တဲ့ ကလေးတွေပေါ့နော်။ Internet ကနေသူတို့ သူငယ်ချင်းအသစ်တွေရှာမယ် ပြီးတော့ အိမ်စာ assignments တွေကို Internet ကနေတစ်ဆင့်ရှာဖွေလာကြမယ် နောက်ပိုင်း သိလာတာနဲ့အမျှ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးလေးတွေလည်း ရှိလာပါမယ်။ ဥပမာ ကလေးတွေအတွက် မကြည့်သင့်တဲ့ ဆိုဒ်မျိုးတွေပေါ့ဗျာ။ ဒါက အရှင်းဆုံး ဥပမာအနေနဲ့ ပြောပြတာပါ။ Password နဲ့ အသုံးပြုတဲ့အတွက် လုံခြုံ ပါတယ်။ ထပ်ပြီးတော့ ကလေးတွေ ဝင်မဖြုတ်နိုင်အောင်လည်း Registry တွေ Command Prompt တွေကိုပါ ဒီကောင်လေးကနေ ဖျောက်ပေးထားနိုင်ပါတယ်။ ဒါထက်ပိုပြီးအသုံးဝင်တဲ့ Features လေးတွေ ထပ်ပြီး ပါဝင်ပါသေးတယ်။ ဒါတွေကို ကျွန်တော်တို့ မိဘတွေအနေနဲ့  ဒီကောင်လေးနဲ့ ကလေးတွေ မသိအောင် ဘယ်လို ထိန်းချူပ်ထားမလဲဆိုတာကို အောက်မှာ ဆက်ကြည့်ရအောင်ဗျာ.။ အဆင်မပြေတဲ့သူတွေအတွက်ကိုပါ ကျွန်တော် PDF ဖိုင်လေးပါထည့်ပေးထားပါတယ်။

Reg Organizer 5.45 Final

ကျွန်တော်တို့ စက်တွေမှာ ဆောင်ထားသင့်တဲ့ Tool လေးတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ system registry ထဲမှာရှိတဲ့ registry values လေးတွေ  exporting နဲ့ importing  key values လေးတွေကို ရှာဖွေပြုပြင်ပေးနိုင်ပါတယ်။ ကျွန်တော်တို့မလိုအပ်တဲ့ registry entries တွေနဲ့ အခြား Errors လေးတွေကို လည်း ရှင်းလင်းပေး နိုင်ပါတယ်။ Features လေးတွေကတော့ တော်တော်များပါတယ်.။ ကျွန်တော်ဆက်ပြီးရေးမပြတော့ပါဘူး။ ဆောင်ထားသင့်တဲ့ ကောင်လေးတစ်ခုဆိုတာကတော့ မမှားပါဘူးဗျာ။ ဖိုင်ဆိုဒ်ကတော့ 4.3 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။

Windows 7 SP1 All version


ကျွန်တော်ဝင်းဒိုးခွေတွေကိုလည်း မတင်ဖြစ်တာတော့ ကြာပါပြီ။။ အရှေ့မှာ ရှိတဲ့ လင့်ခ်လေးတွေကလည်း သေကုန်လောက်ပြီထင်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်အဆင်ပြေမယ့် တိုက်ရိုက် Download Links လေးတွေကို အတက်နိုင်ဆုံး ရှာပြီးတင်ပေးထားပါတယ်။ ကျွန်တော့်အစ်ကိုတွေလည်း ပြန်ခါနီးပြီတော့ ဝင်းဒိုးခွေလေးတွေ လက်ဆောင်ပေးလိုက်ချင်လို့ပါ။။ အောက်မှာ အတက်နိုင်ဆုံး အဆင်ပြေအောင် ရှာပြီးတင်ပေးလိုက်ပါတယ်.။ လင့်ခ်လေးတွေ မသေခင်လေး ယူပေးထားပါခင်ဗျာ.။

Wednesday, June 13, 2012

Wedding Album Maker Gold 3.50


ကျွန်တော်တို့ ဒီ Wedding Album Maker လေးမျိုး ဟိုးအရှေ့မှာ တင်ပေးခဲ့ပြီးပါပြီ။ ဆက်ပြီးတော့လည်း Update ဖြစ်ရင်ဆက်တင်ပေးသွားပါ့မယ်။ အထဲမှာ Full Version လေးဖြစ်အောင် Key လေးပါထည့်ပေးထား ပါတယ်။ ဒီ ကောင်လေးဟာဆိုရင်တော့ ကျွန်တော်တို့ Wedding Photos တွေကို background music တွေ Pan&Zoom တွေနဲ့  transition effects တွေကို ထည့်သွင်းပြီး မိမိတို့ စိတ်ကြိုက်နှစ်သက်သလို ပြုပြင်ပေးနိုင်ပါတယ်။ Lovely Music လေးတွေ  Transition Effects လေးတွေနဲ့ ကျွန်တော်တို့ရဲ့ Wedding Album လေးကို အကောင်းဆုံး နဲ့ ချစ်စရာအကောင်းဆုံး ဖြစ်အောင်ပြုပြင်ပေးနိုင်ပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့ အခွေထဲ ထည့်ပြီး Burn ပေးလိုက်ရင် အဆင်ပြေပါပြီ။ အဆင့်သုံးဆင့်ပါဝင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 24.62 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။

Tuesday, June 12, 2012

Start Menu X 4.35


ကျွန်တော်ဒီတစ်ခါတော့ Freeware လေးတစ်ခုပါ။ ကျွန်တော်တို့ Window 7 ကို အရင်ကျွန်တော်တို့ အသုံးပြု ခဲ့ကြတဲ့ Window XP နဲ့ Window Vista စတိုင်လေး အသုံးပြုလိုသူများအတွက် ဖြစ်ပါတယ်။ မိမိတို့ နှစ်သက်တဲ့ Skin လေးတွေကို ချိန်းပြီးအသုံးပြုနိုင်တဲ့ အပြင် ဘာသာစကားတွေကိုလည်း မိမိတို့ နှစ်သက်သလိုပြုပြင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လိုအပ်မယ့် Group လေးတွေအလိုက် မိမိတို့ နှစ်သက်သလိုပြုပြင်ပေး နိုင်ပါသေးတယ်။ ဖိုင်ဆိုဒ်ကတော့ 16.9 MB ရှိပါတယ်။. အောက်မှာ ယူသွားလိုက်ပါဗျာ.။

ဖိုလ်ဒါ Lock 7.1.0 Final

ကျွန်တော်ဟိုး အရှေ့မှာတုန်းကလဲ တင်ပေးခဲ့ဘူးပါတယ်။ မြန်မာလိုရေးလိုက်ရတာကတော့ ကျွန်တော်တို့ ဖိုလ်ဒါ Register အတွက် ဖြစ်ပါတယ်။ Register လုပ်တဲ့ နေရာမှာ အဆင်မပြေဖြစ်နေတဲ့ သူတွေအတွက်ရော နောက်ဆုံး Update ကို အသုံးပြုလိုသူများအတွက်ပါ အဆင်ပြေအောင် တင်ပေးလိုက်တာဖြစ်ပါတယ်။ ကျွန်တော်အောက်မှာ Full Version ဖြစ်အောင် လုပ်ထားတဲ့ ပုံလေးကိုပါ ထည့်ပေးထားပါတယ်။  ကျွန်တော်တို့ Crack ဖိုင်လေးကို Install လုပ်ထားတဲ့  Folder လေးထဲကို ကူးထည့်ပေးလိုက်ရင် Full Version လေးရပါပြီ.။ ဒီကောင်လေးကိုတော့ နာမည်ကိုမြင်ရုံနဲ့တင် သိကြလိမ့်မယ်လို့လဲ ထင်ပါတယ်ခင်ဗျာ။ ကျွန်တော်အရှေ့မှာတုန်းကလဲ ရေးပေးခဲ့ဘူးပါတယ်။ သူ့ရဲ့ Features လေးတွေကတော့ တော်တော်များပါတယ်။ ဖိုင်ဆိုဒ်ကတော့ 14.8 MB ရှိပါတယ်။ အောက်မှာယူသွား လိုက်ပါဗျာ.။

Internet Download Manager v6.11.8-BRD


ကျွန်တော်ဒီနေ့  Internet Download Manager မှာ နောက်ဆုံး Update လေးဖြစ်တဲ့ 6.11 Build 8 Final လေးတင်ပေးလိုက်ပါတယ်။  အရင်နေ့က 6.11 Build 7    ထွက်ပြီးပါပြီ။  IDM ကိုတော့ ကျွန်တော် Update ဖြစ်တိုင်းနောက်မကျအောင် တင်တင် ပေးသွားမှာပါ။ အခုရက်ပိုင်းကတော့နည်းနည်းလေး ခွင့်လွှတ်ပေးပါဗျာ.။  အခုလည်း IDM ကို Install လုပ်ရတာအဆင်မပြေသူများအတွက် ဒီလင့်ခ်လေး မှာရှင်းပြပေးထားပါတယ်။ ကြည့်ကြည့်လိုက်ပါ။ ဖိုင်ဆိုဒ်ကတော့ 5 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက် ပါဗျာ။

Trojan Remover v6.8.3.2605

ကျွန်တော်အခု Malware တွေဖြစ်တဲ့ Trojan Horses, Worms, Adware, Spyware စတဲ့ ကောင်လေးတွေရဲ့ ရန်က ကာကွယ် နိုင်အောင် ဒီကောင်လေးကို တင်ပေးလိုက်တာဖြစ်ပါတယ်.။ ပေါ့ပေါ့ပါးပါးနဲ့ သုံးရတာလည်း အဆင်ပြေတဲ့ အပြင်  Full Version လေးအသုံးပြုနိုင်အောင် Crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်။ ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေတဲ့ Standard antivirus programs တွေဟာလည်း အရမ်းကောင်းပါတယ်။ သို့သော်လည်း  အပြည့်အဝကြီးကာကွယ်ပေးနိုင်မယ်လို့ ယူဆလို့မရပါဘူး။ ဒါကြောင့်ဒီ ကောင်လေးတွေရဲ့ ရန်ကို ကာကွယ်နိုင်အောင် ဒီလို Tools လေးတွေကို တစ်ခုလောက်တော့ စက်ထဲမှာ ရှိသင့်ပါတယ်။။ ကျွန်တော်တို့ ဒီ Trojan Remover လေးက Boot Time မှာတင် Adware, Spyware, Remote Access Trojans, Internet Worms တွေနဲ့  malwares တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီကောင်လေးစက်ထဲမှာ Run ပေးထားရုံနဲ့ကို ကျွန်တော်တို့ ဝင်းဒိုးအတက်မှာတင် Auto Scan ဖတ်ပေးပြီး တစ်ခါတည်း ရှင်းပေးသွားပါလိမ့်မယ်။ ကျွန်တော်တို့ ဖိုင်ဆိုဒ်ကတော့ 11.75 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

Driver Checker 2.7.5 Datecode (11.06.2012)

ဒီတစ်ခါ DriverChecker Update လေးတစ်ခုတင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ စက်    ထဲမှာရှိတဲ့Printer Drivers,     USB Drivers, Sound/Audio Drivers, Vista Drivers, Bluetooth Drivers, Mouse Drivers, Keyboard Drivers, RAID Drivers, Scanner Drivers,             Video Drivers, Modem Drivers, Network Drivers, Linksys Drivers, Webcam Drivers, Graphic Drivers, VGA Drivers  စတဲ့ Drivers      တွေအတွက် Check လုပ်ပေးပြီး၊ တစ်ခါတည်း Download ဆွဲ၊            Install လုပ်ပေးပါတယ်။ Window တင်ပြီး   အသံမလာတာကအစ မိမိတို့ စက်ထဲက Update မဖြစ်တော့တဲ့ Driver တွေကိုလည်း      Check လုပ်ပေးပြီး Install လုပ်ပေးနိုင်ပါတယ်။

Saturday, June 9, 2012

General Knowledge for myanmar


ကျွန်တော်တို့ ဆိုဒ်ဟာ နိုင်ငံရေးနဲ့ဆိုင်တာ တစ်ခုမှ မလုပ်ပါ။ နောက်ထပ် ကျွန်တော်တို့တွေက IT ပိုင်းကိုပဲ့ ဦးစားပေး အရေးများပါတယ်။ ဒီတော့ ကျွန်တော်ပြောချင်တာက ဒီနေ့ တင်ပေးတဲ့ စာအုပ်ကြောင့် ကျွန်တော်တို့ကို တမျိုး မမြင်စေချင်ပါဘူး။ ဒီစာအုပ် တင်ပေးရတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံသားတိုင်း သိထားသင့်တယ် ထင်လို့ပါ။ဘာတွေ သိထားသင့်တယ်ထင်လို့လည်းဆိုတော့ အောက်ပါ အချက်အလက်တွေက ဒီစာအုပ်မှာ အပြည့် အစုံပါလို့ပါ။အကြောင်းအရာတွေကို အသေးစိတ် လိုက်မရေးတော့ပဲ့ ကျွန်တော် မာတိကာရဲ့ အနည်းအကျဉ်းကို အောက်မှာ ပုံတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်နိုင်ငံ ကိုယ်လူမျိုး ၀န်ကြီးတွေက အစ အကုန်ပါတယ်။ အရင်အရင်က ချုပ်ဆိုခဲ့ဘူးတဲ့ စာချုပ် ဘယ်နှစ်ခု ရှိတယ်ဆိုတာကအစ ပါပါတယ်။

Adobe illustrator နှင့် Adobe Dreamweaver (CS 6)

System requirements
Windows
Intel® Pentium® 4 or AMD Athlon® 64 processor
Microsoft® Windows® XP with Service Pack 2 (Service Pack 3 recommended); Windows Vista® Home Premium, Business, Ultimate, or Enterprise with Service Pack 1; or Windows 7
512MB of RAM
1GB of available hard-disk space for installation; additional free space required during installation (cannot install on removable flash storage devices)
1280x800 display with 16-bit video card
Java™ Runtime Environment 1.6 (included)
DVD-ROM drive
QuickTime 7.6.6 software required for HTML5 media playback

ဒီဆော့ဝဲ နှစ်ခုကို တောင်းတဲ့ သူက များနေပြီ . မတင်ပေးဖြစ်သေးလို့ ခုတော့ တင်ပေးလိုက်ပါပြီ။ Portable ဆိုတော့ ပိုအဆင်ပြေမယ်ထင်ပါတယ်။ နောက်ထပ် System Requirements ကိုလည်း  ပုံနဲ့ တွဲပီးဖော်ပြပေးလိုက်ပါတယ်။ ဘယ်ဆော့ဝဲက ဘာအတွက်သုံးတယ်ဆိုတာ ရှင်းပြမနေတော့ပါဘူး။ တစ်ခုချင်းဆီရဲ့ Features တွေကိုသိချင်တယ်ဆိုရင်တော့  ဒီလင့်နဲ့ ဒီလင့်မှာ အသေးစိတ် သွားဖတ်နိုင်ပါတယ်။ ဒီထက်ပိုပြီး Adobe Company အကြောင်း သမိုင်းကြောင်းနဲ့ ဖြစ်တည်လာပုံကို သိချင်ရင် ဒီနေရာမှာ သွားဖတ်ကြည့်နိုင်ပါတယ်။

Thursday, June 7, 2012

Understanding and Using English Grammar - Teacher's Guide (4th ed.)

ကျွန်တော်အရှေ့မှာလည်း ဒါမျိုးစာအုပ်လေးတွေ တင်ပေးခဲ့ဘူးပါတယ်။ အခုလည်း ထပ်ပြီး တင်ပေးလိုက်ပါတယ်.။ ဖိုင်ဆိုဒ်ကတော့ 1.4 MB ပဲရှိပါတယ်။ အထဲမှာ သူ့အတွက် Lessons လေးတွေ အကန့်လိုက် ပါဝင်ပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။