မင်္ဂလာပါခင်ဗျာ ... အဆင်မပြေတာများရှိရင် nayminmaung89@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ လေးစားစွာဖြင့် ... နေမင်းမောင်

  • Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Monday, February 27, 2012

Antamedia Hotspot 1.4.6 + Crack

ကျွန်တော် အခု Antamedia Hotspot 1.4.6 ကို Crack File လေးနဲ့ တင်ပေးလိုက်ပါတယ် .. တော်တော် တော့ကြာပြီ ထင်ပါတယ် .. အကိုတစ်ယောက် တောင်းဖူးတာ ရှိပါတယ် .. ကျွန်တော်လည်း အဲ့ဒီတုန်းက ရှာလို့ မတွေ့တာနဲ့ တင်မပေး ဖြစ်လိုက်ပါဘူး .. အခု Crack File လေးနဲ့ပါ အဆင်ပြေတာနဲ့ တင်ပေးလိုက်ပါတယ် .. ကျွန်တော် ဒီကောင်လေးနဲ့ ပါတ်သတ်ပြီး လေ့လာလို့ ရအောင် အထဲမှာ Manual စာအုပ်လေးပါ ထည့်ပေးလိုက်ပါတယ် .. Download Speed တွေ Upload Speed တွေကို မိမိတို့ စိတ်ကြိုက် သတ်မှတ် ထိန်းချုပ်ချင်တာပဲ ဖြစ်ဖြစ် .. Bandwidth ပမာဏကို ကန့်သတ် ချင်တာ တွေအပြင် တစ်ခြား Feature တော်တော်များများကို အသုံးပြုလို့ ရမှာ ဖြစ်ပါတယ် .. Crack File လေးကိုလည်း အသုံးပြုရတာ လွယ်ပါတယ် .. ကျွန်တော် အောက်မှာ Crack File ကို ဘယ်လို သုံးရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် .. 

ISA Sever 2006 အသုံးပြုနည်း ( E-Book )



ကျွန်တော့်ကို မေးလ်ထဲမှာ တောင်းထားတဲ့ အကို တစ်ယောက် ရှိလို့ တစ်ခြား လိုအပ်တဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် တင်ပေးလိုက်ပါတယ် .. ကိုရာမည ဖိုးလပြည့် ရေးထားတဲ့ ISA Sever 2006 Configuration စာအုပ်ပဲ ဖြစ်ပါတယ် .. ISA Sever 2006 အသုံး ပြုပုံနဲ့ ပါတ်သတ်ပြီး အသေးစိတ် ပုံလေးတွေနဲ့ ရှင်းပြပေးထား ပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..

Boot Menu မှာ Windows နှစ်ခု မပေါ်ချင်ဘူး ဆိုရင်

ကျွန်တော် အခု မေးထားတာ တွေကို အတက်နိုင် ဆုံးတော့ ပြန်ဖြေပေး နေပါတယ် .. စာရေးလိုက် ဖြေလိုက်တော့ လုပ်ပေး သွားပါမယ် .. မေးခွန်းတွေ ချည်းပဲ လိုက်ဖြေ နေရရင်လည်း ဘာစာမှ မရေးဖြစ်လောက် တော့မှာ သေချာပါတယ် .. အဲ့ဒါကြောင့် စာရေးလို့ ဖြေလိုက်တော့ လုပ်ပေး သွားပါမယ် .. အခု ကျွန်တော် အကို တစ်ယောက် မေးထားတဲ့ Windows နှစ်ခု တင်ပြီးတဲ့ အချိန်မှာ Windows တစ်ခုကို ဖြုတ်ပြီး သွားပေမယ် .. Boot တက်တဲ့ အချိန်ကျရင် Windows တန်းမတက်ပဲ Windows နှစ်ခု ရွေးခိုင်း တာလေးကို Windows တန်းတက်အောင် ဘယ်လို လုပ်ရမယ် ဆိုတဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. နည်းလမ်း လေးကတော့ လွယ်ပါတယ် .. ဒါပေမယ့် မသိသေးတဲ့ သူတွေလည်း အဆင်ပြေအောင် ကျွန်တော် ပုံလေးတွေနဲ့ အသေးစိတ် ရေးပေးသွားပါမယ် ..

Sunday, February 26, 2012

Xilisoft Video Converter Ultimate 7.0.1 + Key ထည့်နည်း



အခုကျွန်တော် Video Conveter လေးတစ်ခု ထပ်တင်ပေးလိုက်ပါတယ် .. Xilisoft Video Converter Ultimate ပဲဖြစ်ပါတယ် .. ကျွန်တော် အရင်တုန်းကတော့ တင်ပေးခဲ့ပြီးတာ ရှိပါတယ် .. အခု နောက်ထပ် Version အသစ် မို့လို့ တင်ပေးလိုက်တာပါ .. ကျွန်တော် ဒီကောင်လေးကို Full Version လေးနဲ့ လွယ်လွယ် ကူကူ အသုံးပြုနိုင်အောင် Keygen လေးကို ဘယ်လို အသုံးပြု ရမယ် ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့်ချင်း ရှင်းပြပေးထားပါတယ် .. အသုံးပြုနည်းကတော့ လွယ်ပါတယ် .. အဆင်ပြေမယ်လို့ ထင်ပါတယ် .. Keygen မသုံးတက်ဘူး ဆိုရင်တော့ အောက်က ပုံလေးတွေနဲ့ ရှင်းပြထားတဲ့ အတိုင်း အဆင့်ဆင့် လိုက်လုပ် သွားမယ်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ် ..

Error Repair Pro 4.0.5 + Serials



ကျွန်တော်တို့ အသုံး ပြုနေတဲ့ Windows တွေရဲ့ Registry ပိုင်းမှာ ဖြစ်နေတဲ့ Error တွေကို ဖြေရှင်း နိုင်ဖို့ အတွက် System Tool တစ်ခု ဖြစ်တဲ့ Error Repair Pro ဆိုတဲ့ ကောင်လေးကို တင်ပေးလိုက်ပါတယ် .. ကျွန်တော် တို့ ကွန်ပျူတာရဲ့ Windows System ထဲမှာ Registry ဆိုတာလည်း အရေးပါတဲ့ အခန်းက ပါဝင်ပါတယ် .. တစ်ချို့ဆိုရင် ဒီ Registry မှာရှိတဲ့ Key လေးတစ်ခုကို မှားပြီး ဖျက်ပလိုက် မိတာနဲ့တင် ၀င်းဒိုး က သုံးရတာ ဘယ်လိုမှ အဆင်မပြေတဲ့ အါနေအထား မျိုးတွေ အထိ ကြုံရတာမျိုး တွေလည်း ရှိပါတယ် .. အခု ကျွန်တော် တင်ပေးလိုက်တဲ့ ကောင်လေးက Registry ထဲမှာ ရှိတဲ့ အမျိုးအစား ( ၂၀ ) လောက်ကို Repair လုပ်ပေးနိုင်မှာ ဖြစ်ပါတယ် .. လိုအပ်တဲ့ သူတွေ အတွက်တော့ ကျွန်တော် သုံးနေရာ ခွဲပြီး တင်ပေးထားပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Coral Reef Aquarium Screensaver



အခု ကျွန်တော် Screen Saver လေးတစ်ခု ထပ်တင် ပေးလိုက်ပါတယ် .. Aquarium Screensaver အမျိုး အစား ထဲက ပါပဲ .. ဒီကောင်လေး ကတော့ ဒီဇိုင်း တစ်မျိုး ဖြစ်ပါတယ် .. ဒီကောင်လေးကို သုံးချင်တယ် ဆိုရင်တော့ တင်ပေးလိုက်တဲ့ အထဲမှာ ပါတဲ့ ကောင်လေးကို အရင်ဆုံး Destop ပေါ်ကို ရွေ့ပါ .. ပြီးရင် RIGHT Click ထောက်လိုက်ပါ .. ပြီးရင် Run as administrator ကိုနှိပ်ပြီး Install လုပ်ပေး လိုက်ယုံပါပဲ .. ဒါဆိုရင် အဆင်ပြေ သွားပါလိမ့်မယ် .. ကျွန်တော် အောက်မှာ သုံးနေရာ ခွဲပြီး တင်ပေးလိုက်ပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Windows 7 SP1 5in1+4in1 english (x86/x64) 15.02.2012



အခု ကျွန်တော် Windows 7 SP1 5in1 +4 in1 english  ခွေကို လိုအပ်တဲ့ သူတွေ  အတွက် ပြန်ရှယ်ပေး လိုက်ပါတယ် .. 2 လပိုင်း 15 ရက်နေ့ ထွက်တဲ့ ဗာရှင်းလေးပါ .. ( 64 bits ) အတွက်ရော ( 32 bits ) အတွက်ရော နှစ်မျိုးလုံး ပါပါတယ် .. ကျွန်တော့် စီမှာ တင်ပေးထားတာ မဟုတ်ပေမယ့် .. ကျွန်တော် ဒေါင်းလော့ ချရတာ အဆင်ပြေအောင် Mediafire နဲ့ Iifle.it ကနေပြီး ပြန်ရှယ် ပေးလိုက်ပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အမြန်ဆုံး ဒေါင်းလော့ ချထားလိုက်ပါ .. နောက်ပိုင်း လင့်တွေ သေသွားမှ ပြန်တင်ပေးပါ ဆိုရင်တော့ .. ကျွန်တော်လည်း ပြန်တင်ပေး နိုင်မှာ မဟုတ်ပါဘူး .. လိုအပ်တဲ့ သူများက အောက်မှာ အဆင်ပြေတဲ့ လင့်ကနေ ရွေးပြီး ဒေါင်းလော့ချ သွားလိုက်ပါ .. 

Saturday, February 25, 2012

အင်တာနက် ဂျာနယ် ( အတွဲ ၁၃ ၊ အမှတ် ၈ )



ကျွန်တော်တို့ အင်တာနက် ဂျာနယ်ကို မျော်လင့်နေတဲ့ သူတွေအတွက် ဒီလထုတ် အင်တာနက် ဂျာနယ် အတွဲ ( ၁၃ ) ၊ အမှတ် ( ၈ ) ကို Myanmar Free Zone ဆိုတဲ့ ဆိုဒ်လေးမှာ တင်ထားတာ တွေ့တာနဲ့ တောင်းထားတဲ့ အကိုတွေ လည်းရှိလို့ ပြန်ရှယ် ပေးလိုက် ပါတယ် .. ကျွန်တော် အောက်မှာ သုံးနေရာ ခွဲပြီး တင်ပေးထားပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ .. 

Internet Download Manager 6.09 Build 3 + Crack



အခု ကျွန်တော် Internet Download Manager Update အသစ်လေး ထပ်ထွက်လာလို့ တင်ပေးလိုက်ပါတယ် .. အခုတင်ပေးလိုက်တဲ့ ကောင်လေးကတော့ IDM 6.09 Build 3 ပါ .. ကြားထဲမှာ Build 2 ထွက်ထားတာတော့ ရှိပါတယ် .. ကျွန်တော် မတင်ပေးဖြစ်တော့လို့ အခု ဒီကောင်လေးကို တင်ပေးလိုက်တာပါ .. Update ကိုမှ သုံးချင်တဲ့ သူတွေ အတွက်တော့ အဆင်ပြေ ပါလိမ့်မယ် .. အခုကျွန်တော် ဒီကောင်လေးကို Full Version လေး သုံးလို့ ရအောင် Crack File လေးပါ ထည့်ပေးလိုက်ပါတယ် .. ကျွန်တော် ထည့်ပေးလိုက်တဲ့ Crack File လေးကို My Computer >> Local Disk ( C: ) >> Program File ထဲမှာ ရှိတဲ့ Internet Download Manager ဆိုတဲ့ Folder လေးထဲမှာ ထည့်ပြီး Double Click ပေးလိုက်ရင် အဆင်ပြေ သွားပါလိမ့်မယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..

AIMP 3.00 Build 981 Final



ကျွန်တော် အခု Audio Player လေးတစ်ခု ထပ်ပြီး တင်ပေးလိုက်ပါတယ် .. အရင် တစ်ခါ တင်ပေး ထားတာလည်း ရှိပါတယ် .. အခုကောင်လေးက Update Version  လေးမို့ ထပ် တင်ပေးလိုက်တာပါ .. အသုံးပြု ရတာလည်း လွယ်ပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. ကျွန်တော် သုံးနေရာခွဲပြီး တင်ပေးထားပါတယ် ..

Photoshop CS5 ( Update Link )






အမေးအဖြေ ဖိုရမ်မှာ လာပြီးတော့ CS 5 ကို တောင်းထားတာ တွေ့မိတယ်။ ချက်ချင်း ပြန်တင်မပေးနိုင်တာကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်ဗျာ။ တကယ်တော့ ကျွန်တော့မှာ Adobe CS5 Master collection ပဲ့ ရှိလို့ပါ၊ သူက ဖိုင်ဆိုဒ်ကြီးတယ်။ ပြီးတော့ Adobe က ထုတ်တဲ့ ဆော့ဝဲတွေ အကုန်ပါတယ်။ ဒါကြောင့် တင်ပေးမယ်ဆိုရင် အရမ်းများနေလို့ မတင်ပဲ့ ထားပြီး CS 5 သက်သက်ပဲ့ ကျွန်တော် ရှာတင်ပေးလိုက်ပါတယ်။

နောက်ထပ် CS 5 Tutorials တွေ လာပါဦးမယ်။ တောင်းဆိုသူတွေ မရှိတာလည်းပါသလို ဆိုဒ်လည်း ကြီးလို့ တင်ပေးဖို့ စဉ်းစားနေရတာပါ။ လိုတဲ့ သူရှိရင်ပြောပါ။ နောက်တခုက ချက်ဘောက်မှာ Programming tutorials တွေကို တောင်းထားတာ ရှိတယ်။ Programming ဆိုပြီး တခုတည်း ပြောသွားလို့ မရပါဘူး ။

Wednesday, February 22, 2012

Windows Media Player Error ဖြေရှင်းနည်း




အခု ကျွန်တော် မေးလ်ထဲမှာလည်း အကိုတစ်ယောက် မေးထားတာလေး ရှိလို့ တစ်ခြား အဆင်မပြေတဲ့ သူများ ရှိရင်လည်း အဆင်ပြေအောင် ဖြေရှင်း နည်းလေးကို ရေးပေးလိုက်ပါတယ် .. ကျွန်တော်တို့ U-Tube ကနေ ဒေါင်းလော့ ချထားတဲ့ Video File တွေကိုပဲ ဖြစ်ဖြစ် Windows Media Player နဲ့ ဖွင့်ချင်တဲ့ အခါမှာ တစ်ချို့ File Type တွေက ဖွင့်လို့မရပဲ Windows Media Player cannot play the file. The Player might not supportthe file type or might not support the codec that was used to compress the file. ဆိုပြီး Error Code လေးတွေ ပြနေတဲ့ သူတွေအတွက် ဖြေရှင်းလို့ရမဲ့ နည်းလမ်းလေးတွေကို ကျွန်တော် ရေးပေးသွားပါမယ် .. 

ဟက်ကာ လက်စွဲ ( မြန်မာပြန် ) ( E-Book )



အခု တင်ပေးလိုက်တဲ့ စာအုပ်လေးကတော့ Hacker Underground Handbook ဆိုတဲ့ စာအုပ်လေးကို မြန်မာလို ဘာသာ ပြန်ပြီး ရေးသားထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် .. ၀ါသနာ ပါလို့ ဖတ်ချင်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်လေးကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..

VLC Media Player 2.0.0



ကျွန်တော်အခု အများစု အသုံးပြု ဖူးကြမှာ ဖြစ်တဲ့ Player  များထဲမှာ VLC Player  နောက်ထပ် ထွက်လာတဲ့ Update အသစ်လေးကို တင်ပေး လိုက်ပါတယ် .. ဒီကောင်လေးကို အသုံးပြုပြီးတော့ တစ်ချို့ Player တွေနဲ့ ဖွင့်လို့ အဆင်မပြေတဲ့ Video Format တော်တော် များများကို ဖွင့်နိုင်ပါတယ် .. (MPEG-1, MPEG-2, MPEG-4, DivX, mp3, Ogg, OGM, MOV, wma, wmv  ) စတဲ့ Video Format တွေကို VLC Player က ကောင်းကောင်း Support လုပ်ပေးမှာ ဖြစ်ပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

အင်တာနက် အသုံးပြုနည်း လမ်းညွန် ( E-Book )



အခု ကျွန်တော် တင်ပေးလိုက်တဲ့ စာအုပ်လေးက အင်တာနက် အသုံးပြုနည်း လမ်းညွန် ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် .. ကျွန်တော်တို့ အများစုက အင်တာနက်ကို လက်ရှိ အသုံးပြုနေကြတော့ အင်တာနက်ပဲ လမ်းညွန်းမလိုပါဘူးကွာ .. သုံးရင်းနဲ့ သိသွားပါလိမ့်မယ်လို့ .. ယူဆချင် ယူဆကြပါလိမ့်မယ် .. ဒါပေမယ့် အခု ကျွန်တော် တင်ပေးလိုက်တဲ့ စာအုပ်လေးမှာ အင်တာနက် ချိတ်ပုံ အင်တာနက် ပေါ်မှာ ရှိတဲ့ Webpage တွေရဲ့ အခေါ်အဝေါ်တွေ .. အင်တာနက်ကို စတင် အသုံးပြု သူတွေအတွက် တစ်ဆင့်ချင်း အသုံးပြု ပုံတွေကို ရေးသားပေးထားပါတယ် .. ဒီစာအုပ်လေးကို ဖတ်ကြည့် ခြင်းဖြင့် သင့်အတွက် အင်တာနက် နဲ့ပါတ်သတ်ပြီး မသိရှိသေးတဲ့ ဗဟုသုတတွေကိုတော့ ရရှိစေမှာ ဖြစ်ပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Windows Xp Pro Sp3 Corporate Student Edition



အခု ကျွန်တော် Windows XP အသုံးပြုချင် သူတွေ အတွက် ဒီလ ထွက်တဲ့ Windows Xp Pro Sp3 Corporate Student Edition လေးရှာပြီး တင်ပေးလိုက်ပါတယ် .. ဒီကောင်လေးကို Activation လုပ်စရာမလိုပဲ အသုံးပြု နိုင်မှာ ဖြစ်ပါတယ် .. ကျွန်တော် အောက်မှာ ဒီ Windows မှာ ပါဝင်တဲ့ Application တွေနဲ့ Feature တွေကို ဖော်ပြ ပေးထားပါတယ် .. ကျွန်တော် အောက်မှာ 200 MB စီနဲ့ လေးပိုင်း ခွဲပြီး တင်ပေးထားပါတယ် .. အောက်မှာ ဒေါင်းလော့ လင့်တွေ မသေခင်သာ ဒေါင်းလော့ ချသွားလိုက်ပါ ..

WinRAR 4.11 Final



အခုကျွန်တော် .. အားလုံးအတွက် ကွန်ပျူတာ ၀င်းဒိုး တင်ပြီးတာနဲ့ မရှိမဖြစ် လိုအပ်တဲ့ Application တစ်ခုလို့ ပြောလို့ ရမဲ့ WinRAR လေးကို နောက်ဆုံး ဗားရှင်းလေး ရှာပြီး တင်ပေးလိုက်ပါတယ် .. ကျွန်တော် ဒီကောင်လေးကို 32 Bits နဲ့ 64 Bits နှစ်မျိုးလုံး တင်ပေးလိုက်ပါတယ် .. ဒီကောင်လေးကို Full Version လေးနဲ့ အသုံးပြုလို့ ရအောင် Keygen လေးပါ ထည့်ပေးထားပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Thursday, February 16, 2012

Photoshop Cs 5 အသုံးပြုနည်း ( E-Book )



ကျွန်တော်တို့ Photoshop ကိုတော့ အားလုံးလိုလို စိတ်ပါဝင်စား ရှိကြပါတယ် .. တစ်ချို့ကလည်း လုပ်ငန်း ပိုင်းအတွက် အသုံးဝင်သလို တစ်ချို့ကလည်း စီးပွားရေးအတွက် လိုအပ်ကြပါတယ် .. တစ်ချို့ကြတော့ မိမိချစ်သူ သူငယ်ချင်း တွေအတွက် အပျော် လုပ်ချင် ကြတာမျိုးလည်း ရှိကြပါတယ် .. ကျွန်တော် အခုတင်ပေးလိုက်တဲ့ စာအုပ်လေးကတော့ အခုနောက်ပိုင်း ထွက်လာတဲ့ Adoble Photoshop Cs 5 အသုံးပြုနည်းကို Tool တစ်ခုချင်း စီအလိုက် ရှင်းပြထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် .. လိုအပ်တဲ့ သူတွေအတွက်တော့ အသုံးဝင်ပါလိမ့်မယ် .. ကျွန်တော် အောက်မှာ နှစ်နေရာ ခွဲပြီး တင်ပေးထားပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..

ဒစ်ဂျစ်တယ်ပစ္စည်း လုပ်ဆောင်မှုများနှင့် ပြသနာ ဖြေရှင်းခြင်း ( E-Book )



ဒီစာအုပ်လေးကတော့ လက်ရှိ ကျွန်တော်တို့ မြန်မာ ပြည်မှာ လူတိုင်းလိုလို အသုံးပြု နိုင်နေတဲ့ MP 3 ၊ MP 4 တို့နှင့်ပါတ်သတ်ပြီး ပျက်စီး မှုများ ဖြစ်လာပါက ပြန်လည် ပြင်ဆင်နိုင်စေရန်နှင့် အသုံးပြုပြု သူတွေ အနေနှင့် ကြုံတွေ့ ရတက်သော အခက်အခဲများကို ဖြေရှင်းတက်စေရန် ဆရာ သန်းထိုက် ( ရွှေရိပ် ) ရေးသား ထားသော စာအုပ်ပဲ ဖြစ်ပါတယ် .. မိမိတို့ လက်ဝယ်မှာ မရှိမဖြစ် အသုံးပြုနေတဲ့ ပစ္စည်း တွေ ဖြစ်တဲ့ အတွက် ကြုံလာရင် ပြန်ပြီး ဖြေရှင်းနိုင်အောင် ဖတ်ထားသင့်ပါတယ် .. ကျွန်တော် အောက်မှာ နှစ်နေရာ ခွဲပြီး တင်ပေး ထားပါတယ် အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .

ကွန်ပျူတာ ရောဂါများနှင့် ကာကွယ်ဆေး ( E-Book )



အခုတင်ပေးလိုက်တဲ့ စာအုပ်လေးကတော့ ကွန်ပျူတာ အသုံး ပြုသူ တွေအတွက် မဖြစ်မနေ ကြုံရမဲ့ Virus ၀င်ရောက်မှုနဲ့ ပါတ်သတ်ပြီး ကာကွယ်မှု နည်းလမ်းလေးတွေ ၀င်ရောက်လာပြီဆိုရင် သိရှိနိုင်မဲ့ နည်းလမ်းတွေ ဘယ်နေရာတွေမှာ ရှာဖွေ စစ်ဆေးနိုင်မယ် ဆိုတဲ့ အကြောင်းတွေကို ဆရာသန်းထိုက် ( ရွေရိပ် )  ရေးပေးထားတဲ့ စာအုပ်လေးပါ .. ကွန်ပျူတာ လေ့လာ သူတွေအနေနဲ့ ဖတ်ထားသင့်တဲ့ စာအုပ်လေးပါ .. အရင်တောင်း ထားတာလေးလည်း ရှိတာနဲ့ တင်ပေးလိုက်ပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Facebook ၏ လုပ်ဆောင်ချက်များ ( E-Book )




ကျွန်တော်ကို အကိုတစ်ယောက် တောင်းနေတာတော့ ကြာပါပြီ .. အခုမှ တင်ပေးဖြစ်တာပါ .. Facebook အသုံး ပြုနည်း စာအုပ်လေးပါ .. Facebook ကတော့ အခုအချိန်မှာ လူအများ စုအသုံး ပြုနေကြပါပြီ .. အခုမှ စသုံးမဲ့ သူတွေ အတွက်တော့ အထောက်အကူ ပြုပါလိမ့်မယ် .. သုံးနေတဲ့ သူတွေလည်း မိမိတို့ မသိသေးတဲ့ Facebook ရဲ့ Feature တွေကို ဒီစာအုပ်လေး ဖတ်ပြီး စမ်းသပ်လို့ ရတာပေါ့ဗျာ .. ကျွန်တော် သုံးနေရာ ခွဲပြီး တင်ပေး ထားပါတယ် လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

Saturday, February 11, 2012

A Dictionary and Phrasebook of French Medical Terms


ဒါလေးကတော့ ကျွန်တော်တို့ French Medical Terms အတွက်ပါ။ မလိုတဲ့သူတွေလည်းရှိပေမယ့် လိုအပ်တဲ့ သူတွေလည်းရှိမှာပါ။ ကျွန်တော်လည်းကြုံတာနဲ့ တင်ပေးလိုက်တာပါ။ အနည်းဆုံးတော့ လက်ဆောင်ပေးလို့ရပါတယ်ဗျာ။ စာမျက်နှာပေါင်း 352 မျက်နှာနဲ့ ဖိုင်ဆိုဒ်ကတော့ 22 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

Friday, February 10, 2012

How to Pass Higher English


ကျွန်တော်တင်နေကြအတိုင်းလေးဖြစ်တဲ့ English ဘာသာအတွက် အထောက်အကူပေးနိုင်မယ့် E-book လေးတစ်အုပ်ပဲဖြစ်ပါတယ်။ ကျွန်တော်ရှေ့မှာလည်း အများကြီးတင်ပေးခဲ့ ပြီးပါပြီ။ အထဲမှာလည်း Standard Grade, Intermediate နဲ့  Higher Level တွေရဲ့ examination levels သုံးခု ပါဝင်ပါတယ်။ ဖိုင်ဆိုဒ်ကလဲ 5.9 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

DVDFab.Passkey.8.0.5.0


ကျွန်တော့်ကိုမေးထားတာလဲ နည်းနည်းကြာသွားပါတယ်။ ကျွန်တော်တို့ DVD တွေကို Burn တဲ့ အချိန်မှာ ကူးလို့မရအောင် ဘယ်လိုကာကွယ်မလဲပေါ့နော်။ အဆင်ပြေတာလေးကိုရွေးရှာရင်းနဲ့ ဒီကောင်လေးကိုတွေ့တာနဲ့ နောက်ဆုံး Update လေးတင်ပေးလိုက်ပါတယ်။ DVD copy protections တွေကို မိမိတို့ နှစ်သက်သလိုပြုပြင်ပေးနိုင်ပါတယ်။ DVD folder ဒါမှမဟုတ် ISO image file တွေကိုပြောင်းပေးနိုင်သလို DVD folder ကနေ ISO image file တွေကို ပြောင်းလဲပေးနိုင်ပါတယ်။ အထဲမှာ သူ့ရဲ့ Features လေးတွေကို ကျွန်တော်ထပ်ထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 18.9 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

Valentine Skin Pack 1.0 for Windows 7 (x32/x64)

ကျွန်တော်အခု Valentine Skin Pack လေးတစ်ခုတင်ပေးလိုက်ပါတယ်။ အထဲမှာ 32 နဲ့ 64 အတွက်ဆိုပြီး ခွဲထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 15.7 MB ရှိပါတယ်။ အရင်တုန်းကလဲ Skin Pack လေးတွေ တော်တော်များများတင်ပေးခဲ့ပြီးပါပြီ.။ အဲ့ဒါကြောင့် ကျွန်တော်သိပ်အများကြီးပြောမပြတော့ပါဘူး။ အောက်မှာ ယူသွားလိုက်ပါဗျာ။

WinISO Standard v6.1.0.4423


ကျွန်တော်အခု Win ISO ရဲ့ နောက်ဆုံးထွက်လာတဲ့ Update လေးဖြစ်တဲ့ 6.1.3.4423 လေးတင်ပေးလိုက်ပါတယ်။ ကျွန်တော်အရှေ့မှာလည်း တင်ပေးခဲ့ပြီးပါပြီ။ ကျွန်တော်တို့ ISO files လေးတွေ CD/DVD/Blu-ray Disc image files လေးတွေကို Extract လုပ်ပေးနိုင်ပါတယ်။ ISO image file အနေနဲ့ ကျွန်တော်တို့ရဲ့ CD/DVD/Blu-ray Disc တွေထဲကို Burn ပေးနိုင်ပါတယ်။ bootable CD/DVD/Blu-ray Disc စတာတွေကိုလည်းပြုလုပ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ အသုံးပြုနေတဲ့သူအများစု ကတော့ သိကြမှာပါ။ ကျွန်တော့်မိတ်ဆွေတွေအတွက် အဆင်ပြေမယ့်ကောင်လေးတွေကိုလည်း ကျွန်တော် Update လေးနောက်မကျအောင် တင်ပေးသွားပါ့မယ်။ ဖိုင်ဆိုဒ်လေးကတော့ 6.38 MB ရှိပါတယ်။

CoolwareMax WebcamMax v7.5.9.6 Incl. Keygen and Patch-Lz0



ကျွန်တော်အခု CoolwareMax WebcamMax လေးတစ်ခုတင်ပေး လိုက်ပါတယ်။ရှေ့မှာလည်း ကျွန်တော်တင်ပေးခဲ့ပြီးပါပြီ။ ဒါကတော့ နောက်ထပ် ထပ်ထွက်တဲ့ Update လေးဖြစ်ပါတယ်။အသုံးပြုနေ တဲ့သူတွေဆို ရင်တော့ သိကြမှာပါ။  Animation လေးတွေနဲ့ Effects လေးတွေတော်တော် များများကိုစုံပါတယ်။ဒီကောင်လေးက Webcams Programs တွေဖြစ်တဲ့ ICQ,VZO, AIM, MSN, Camfrog, Skype, Paltalk, Yahoo, ANYwebcam, Stickam အစရှိတဲ့ Programs လေးတွေကို Support လုပ်ပေးပါတယ်။ကျွန်တော်တို့ ရဲ့ Webcam ပေါ်မှာ  Floating text, Frame effects,Transform effects,Emotion effects စတဲ့ Effects လေးတွေကို ထည့်သွင်းပေးနိုင်ရုံမျှမက Webcam effects လေးတွေကိုလည်း အပတ်တိုင်း update လုပ်ပေးနိုင်ပါတယ်။ Programs 16 ခုကိုလည်း Share လုပ်ပေးနိုင်ပါတယ်။ကျန်တဲ့ Animation တွေနဲ့ Effects လေးတွေလည်းတော်တော်များများ ပါဝင်ပါသေးတယ်။ အောက်မှာ ကျွန်တော် Patchဖိုင်နဲ့ Keygen ကို ဘယ်လိုဖြည့်ရမလဲ ဆိုတာကို ပုံလေးနဲ့ပြပေးထား ပါတယ်။နည်းနည်းတော့ရှုပ်ပါတယ်။ အခုနောက်ထွက်လာတဲ့ Update လေးပါ။

Wednesday, February 8, 2012

Hardware information နှင့် Slot လွတ်ခြင်းမလွတ်ကြည့်ခြင်း

vnaa: Laptop မှာ memory card slot အလွတ်ရှိမရှိ ကို cover တွေမဖွင့်ပဲနဲ့ ဘယ်လိုကြည့်ရမလဲ မသိဘူးနော်။

luupyogi: vnaa ရေ latop ရေ memory card slot အလွတ်ရှိသေးလား လို့မေးလိုက်ပါ...နောက်တာပါ ကိုသန့်ဇင်ကို မေးကြည်ပါ။

ဟုတ်ကဲ့ ကျွန်တော့ အနေနဲ့ ပြည်တော်ပြန်တော့မှာမို့ရော ကျောင်းကလည်းပြီးတော့မှာမို့ သိပ်ပြီးတော့ အရင်ကလို စာတွေ မရေးဖြစ်တော့တာကြောင့်ပါ။ ဒီအကြောင်းအရာတွေကို အရင်က resource မှာ ရေးဘူးပါတယ်။ နောက်ပိုင်း ပိုစ့်တွေပျက်တာရော ဆိုဒ်ချိန်းတာရောနဲ့ ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး။ မေးထားတဲ့ အကိုကိုရော ပြန်ပြီး လမ်းညွှန်ပေးထားတဲ့ အကိုကိုရော ကျေးဇူးတင်ပါတယ်။ သိချင်တာကို မေးသာမေးပါ။ ကျွန်တော် သိတာဆို တလုံးမကျန် အကုန်ဖြေမှာပါ။မေးတဲ့ အကိုတို့ကို ကျေးဇူးတင်တာက ဒီအကြောင်းအရာတွေကို မေးတဲ့သူရှိမှ ကျွန်တော်တို့ကလည်း ရေးဖြစ်တာမို့ ရေးဖြစ်ရင် မသိသေးတဲ့ ညီအကိုမောင်နှမတွေလည်းသိသွားစေအောင် အစဖော်ပေးသူဖြစ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ အရင်ဆုံး အစပျိုးပါရစေ.. .

Tuesday, February 7, 2012

Keyloggers Collections

Keyloggers Collections

နည်းပညာပိုစ့်တပိုစ့်ပြီးရင်တောံ Collection ပိုစ့်တပိုစ့်တွက်တော့ ကျွန်တော် Keyloggers Collections ကို ဒီနေ့တွက်ရွေးထားပါတယ်။ ကျွန်တော် Keyloggers Collections ကို သတ်သတ် ရှာစုထားတာပါ။ နောက်တခုလောက်တော့ မှာ ချင်ပါသေးတယ်။ ဒီ Keyloggers Collections ထဲ့က Software တခုခုနဲ့ပဲ့ဖြစ်ဖြစ် သူတစ်ပါး ဒုက္ခရောက်တာ စိတ်ညစ်ရအောင်လုပ်တာမျိုး မလုပ်ပါနဲ့ဗျာ။အမှန်ပြောရရင် တင်သာတင်ပေးတာ ကျောချမ်းတာတော့ အမှန်ပဲ့။ သိသင့်သိထိုက်တာကို သိဖို့ပဲ့ ကျွန်တော် ပြောတာ ဖြစ်သလို ပြန်လည် မျှဝေပေးတယ်ဆိုတာကလည်း ဒီ ဆော့ဝဲတွေက ဒီလိုရှိတယ်ဆိုတာကို ကိုယ်တိုင်စမ်းသပ်စေချင်တဲ့ သဘောကလွဲလို့ ကျန်တာ မရှိပါဘူး။ စကားတစ်ခွန်းလောက်တော့ လူကြီးတစ်ယောက်လို ပြောကြည့်ချင်ပါသေးတယ်။ ကိုယ်ကြောင့် သူများ ဒုက္ခ မရောက်ပါစေနဲ့ ဆိုတဲ့ စကားလေးပါ။

(Untouched ) Copy လား ?? ( Touched ) Copy လား ??

ဒီအကြောင်းက ရေးဖို့ စီစဉ်ခဲ့တာ လေး - ငါးလလောက် ကြာပြီလို့တောင် ပြောရမယ် ထင်တယ် - ရေးချင်တယ် ဆိုပေမယ့် စာရေးဖို့ဘက်ကို လှည့်မယ်ကြံလိုက် တစ်ခြားဘက် ရောက်လိုက်နဲ့ လူက စာရေးတဲ့ဘက်ကို မလှည့်ဖြစ်ခဲ့ဘူး - ကျွန်တော်က အလွန်မှကို ပျင်းတတ်တဲ့ ကောင်ခင်ဗျ  Profile မှာ လာမေးထားတာ ဖတ်ရင်း ရေးဖို့ ကျန်နေပါသေးလား ဆိုတာ သတိရပြီး ပြန်ရေးဖို့ စီစဉ်ဖြစ်ခဲ့ပါတယ် -

ရေးသာရေးရမယ် မချယ်ရီမင်း မေးချင်တာ ဒီအကြောင်း ဟုတ်ပါ့မလားတောင် မပြောတတ်ဘူး - ကျွန်တော်လည်း ကျွန်တော်သိထားတာ သူသိချင်တာနဲ့ ကိုက်လောက်မယ်ထင်ပြီး တစ်ခြား မသိသေးသူတွေလည်း သိရအောင် ဒီမှာပဲ Thread အသစ်ဖွင့်ပြီး ရေးလိုက်ပါပြီ - မချယ်ရီမင်းရေ မဟုတ်ရင်တော့လည်း သည်းခံပါခင်ဗျ -

Monday, February 6, 2012

Photoshop Plugin Collections



ကျွန်တော် စာရေးပုံက သူများတွေနဲ့တော့ သိပ်မတူဘူး။ ကျွန်တော်ရေးတာတွေ နည်းနည်း အသေးစိတ်ဆန်တယ်ထင်တယ်။ ကွန်ပျုတာ အထိအတွေ့နည်းသူတွေအတွက် အဓိကထားရေးတာပါ။ ဒါကြောင့် အသေးစိတ်ဆန်နေရင် ကျွန်တောံ့ကို နားလည်ပေးစေချင်ပါတယ်။ အခုကျွန်တော် တနေ့ကို နည်းပညာပိုစ့်တပိုစ့် Collection ပိုစ့်တပိုစ့်နေ့စဉ်တက်ပေးမယ်လို့တော့ စဉ်းစားထားတာပဲ့ အခုလည်း Window Offline Update အကြောင်းကိုရေးခဲ့ပြီးပြီဆိုတော့ ကျွန်တော် Collection ပိုစ့် တပိုစ့်တွက်တော့ Photoshop Plus collection ကိုရွေးထားတယ်။ဖိုတိုရှော့သုံးသူတိုင်း ဒီ Collection ကို ဆောင်ထားသင့်ပါတယ်။ Plug in မရှိရင် အသက်မဲ့သလိုပါပဲ့။ နောက်ပိုင်း ဖိုတိုရှော့တွက် brushes တွေတင်ပေးဖြစ်ဦးမယ်ထင်ပါတယ်။ ခုကတော့ ပါဝင်တဲ့ Plug In တွေကို အောက်မှာ နာမည်တွေ အစဉ်လိုက်ဖော်ပြပေးလိုက်ပါတယ်။

Window Offline Update လုပ်ဆောင်ခြင်း




ကျွန်တော် ဒီအကြောင်းကိုရေးဖို့ စာတော်တော်လေး လိုက်ဖတ်ဖြစ်ခဲ့တယ်။ အရင်က ကိုနိုးတူးမေးတဲ့ ပိုစ့်တပိုစ့်မှာ window update ပေးတာ Error တက်တာလေးကို ကျွန်တော် Offline လုပ်ဆောင်လို့ ရတယ်ဆိုရင် Offline Package တွေ ပေးခဲ့တယ် ။ အဲ့ကတည်းက ရှင်းပြဖို့ပါပဲ့။ ဘာကို ရှင်းပြချင်တာလည်းဆိုတာကတော့ ကျွန်တော်တို့ ညီအကိုမောင်နှမတွေ မြန်မာ ဆိုဒ်တွေမှာ ဖတ်ဖူးမှာတော့ မဟုတ်သေးဘူး။ ကျွန်တော်တို့ ထွက်သမျှ window Update တွေကို အင်တာနက်မရရင် ဘယ်လို ရနိုင်မလည်း ဆိုတဲ့ မေးခွန်းရယ်။ နောက်တခုက ကျွန်တော်တို့ အင်တာနက်ရတဲ့နေရာမှာ Window ကို တင်သွားမယ်။ ပြီးရင် Offline မှာ သုံးမယ်။ ဒါပေ့မယ် ကြာလာတာနဲ့ အမျှ ဒီ window ကို အသစ်ချိန်းချင်မှာပဲ့လေ။ ဒါဆို ဘယ်လိုလုပ် window update ကို Offline ကနေ ရနိုင်မလဲ့ အင်တာနက် မသုံးပဲ့ Update ဖိုင်တွေကို ဘယ်လို install လုပ်မလည်းဆိုတာလေးကိုကျွန်တော် ရှင်းပြပေးချင်ပါတယ်။ ပြောပြချင်ပါတယ်။

Sunday, February 5, 2012

Laptop ၀ယ်ရာတွင် သိရမည့်အချက်များ ( အပိုင်း ၂ )

အပိုင်း (၂) Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။

 .


Screen size နှင့် အလေးချိန်..

Screen size က Laptop screen size ထက်ပိုပီး သေးငယ်ပါတယ်။ သူ့ကို ဈေးကွက်မှာ 9 လက်မ ကနေပီးတော့ 14 လက်မ ထိ တွေ့နိင်ပါတယ်။ Laptop Screen size ကိုတော့ ကျွန်တော်တို့ 14 လက်မ ကနေ 17 လက်မ ထိ တွေ့နိင်ပါတယ်။.Screen အရွယ်အစား ငယ်တာ ကြီးတာ အပြင်.နောက်ထပ် ကွာခြားသွားတာကတော့ ခရီးတခုကို သွားတော့မယ်ဆိုရင် အလေးချိန်က Netbook က 0.9 kg ကနေပီးတော့ 1.4 kg ထိပဲ့ရှိပါတယ်။Laptop မှာတော့ 1.4 kg ကနေပီးတော့ 5.4 kg ထိ ရှိပါတယ်။ဒါကတော့ အလေးချိန်နဲ့ Screen size အရွယ်အစားကို နှစ်ခု ယှဉ်ပြောပြတာပါ။

Saturday, February 4, 2012

Laptop ၀ယ်ရာတွင် သိရမည့်အချက်များ ( အပိုင်း ၁)

Laptop အကြောင်း သိကောင်းစရာ





ကျွန်တော် ဒီအကြောင်းအရာကို မြန်မာမိသားစုဖိုရမ်မှာ တင်ထားတာရှိပါတယ်။ ကျွန်တော် စရေးပြီး အပိုင်းတွေကို ၂ ထိပဲ့ ရေးထားပါသေးတယ်။ ဒါပေ့မယ်ဆိုဒ်တိုင်းမှာ လိုလိုရောက်နေပြီး ဖတ်ပြီးသူတွေလည်း ရှိပါလိမ့်မယ်။ ကျွန်တော် အပိုင်းသုံးထိ ဒီဆိုဒ်မှာ ဆက်ရေးပေးသွားပါ့မယ်။ကျွန်တော် Laptop တလုံးကို စတင်ဝယ်ယူတော့မယ်ဆိုရင် ဘာတွေ သိထားသင့်တယ် ဘယ်အမျိုးအစားတွေက ဘာအတွက် ပါဝင်လာတယ် နောက်ထပ် ဘယ်အပိုင်းလေးတွေကို ဂရုစိုက်ပီး ၀ယ်ယူရမယ်ဆိုတာကို ပြောပြချင်ပါတယ်။ ခုနောက်ပိုင်းမှာ Laptop တွေ ခေတ်စားလာတာနဲ့ အတူ ထွက်လာတဲ့ အမှားများစွာကို ကျွန်တော်တို့ တွေ့ပီးရင်ဆိုင်နေရသူတွေ ရှိသလို ကျွန်တော်တို့ ဘယ် အမျိုးအစားက ဘာအတွက် သုံးတယ်ဆိုတာကို သိဖို့တွက်ကို ပြောပြချင်ပါတယ်။ကျွန်တော် နားလည်သလောက်ကို လူတိုင်းနားလည်အောင် တက်နိင်သလောက် အသေးစိတ် ဆန်ဆန် ရေးပေးချင်မိပါတယ်။ တပိုစ့်ချင်းဆီကို စောင့်ဖတ်ပေးပါလို့ ပဲ့ တောင်းဆိုပါရစေ။ကျွန်တော် ပိုစ့်ခေါင်းစဉ်တွေကို အောက်က လို အပိုင်း ၃ ပိုင်း ခွဲထားပါတယ်။

How to buy A Camera

ကျွန်တော် ဖိုရမ်မှာတုန်းက သူငယ်ချင်းတစ်ယောက်မေးထားတဲ့ အကြောင်းလေးကို ပြန်ဖြေပေးထားတာလေးကို ကင်မရာ Knowledge အဖြစ်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။



ကင်မရာက Sony , Canon တို့ကခေတ်စားတယ်လားလို့ပဲဗျ.. ဒါပေ့မယ် ကျွန်တော်က Sony ဆိုရင်ပုံစံပဲကြိုက်တာ Canon ကျတော့လည်း တစ်ချို့ပုံစံလေးတွေသဘောကျတယ် တစ်ခြားဟာတွေကျတော့သိပ်မကြည့်ဖြစ်ဘူးဗျ မစ်ဂါပစ်ဆယ်ကလည်း ၁၄ လောက်ကနောက်ဆုံးပေါ်ဖြစ်နေတယ်ဗျ အဲဒါက ဘယ်လိုဆိုင်လဲ မက်ဂါပစ်ဆယ်များရင် ပုံထွက်ကြည်တာလား အနီးအဝေးဆွဲလို့ရတာမျိုးလားဗျ.... ??????????????????အဲဒီလိုဆိုတော့ အဲဒါတွေကိုဘယ်လိုရွှေးချယ်မလဲဗျ (နည်းနည်းတုံးနေတယ်ဗျ သင်ပေးကြပါအုံးဗျာ.......)

Friday, February 3, 2012

တက်ဘလက် ၀ယ်မယ်ဆိုရင်

ကျွန်တော်လည်း ဒီရက်ပိုင်း စာမရေး ဖြစ်သေးလို့ပါ .. အခုနောက်ပိုင်း ခေတ်စားနေတဲ့ Tablet နဲ့ပါတ်သတ်တဲ့ ပို့စ်လေး တစ်ပို့ ပြန်ရှယ်ပေးလိုက်ပါတယ် .. အားလုံးအတွက် အသုံးဝင်မယ် ထင်ပါတယ် .. 
ဒီနှစ်ကိုတော့ touchscreen tablet နှစ်လို့ ပြောရတော့ မယ်ထင်တယ်။ လူတိုင်းအကြိုက်ကို ဖြည့်ဆည်းပေး နိုင်အောင် function တွေ တစ်မျိုးပြီးတစ်မျိုး တိုးလာတာကြောင့်လည်း တက်ဘလက်ခေတ်ကို ရောက်ပြီလို့ ပြောနိုင်တာပေါ့။
iPad ဆိုတာက tablet လောကမှာ ရှေ့ဆောင်နေတယ်လို့ ပြောနိုင်ပါတယ်။ နောက်ပိုင်း ကုမ္ပဏီ အတော်များများ tablet လိုင်းကို ပြောင်းလာကြတယ်။ တစ်ယောက်တစ်မျိုး tablet လိုင်းကို တိုးလာကြပေမယ့် မူလဆရာကြီးဖြစ်နေတဲ့ iPad ရဲ့ သဘောတရားတွေကိုတော့ ဖောက်ထွက်ကျော်လွန်နိုင်စွမ်း မရှိသေးပါဘူး။

Hide and Change Ip address with Firefox


ကျွန်တော် ဒီနေ့ရေးပေးမယ့် အကြောင်းအရာလေးကတော့ Ip change တာလေးပါပဲ့။တကယ်တော့ ဒီအကြောင်းအရာ လေးက Proxy ကျော်တာနဲ့ သိပ်တော့ မကွာခြားလှပါဘူး။ Firefox နဲ့ Ip change တာလေး ဒါမှမဟုတ် Proxy ကျော်တာပါ.
လုပ်ရမဲ့ အဆင့်လေးတွေကလည်း အဲ့လောက်မများပါဘူး ကဲ့ ကျွန်တော်တို့ စမ်းကြည့်ကြရအောင် ဘယ်လိုတွေ အဖြေတွေများထွက်လာမလဲ့ပေါ့။
အဆင့် ၁.. ကျွန်တော်တို့ ဒီလင့်က  Add on လေးကို သွားပြီးတော့ Add to firefox ကို နိုပ်လိုက်ပါ.


hardisk create partion parts on window



ဒီနေ့ ကျွန်တော် HDD ပိုင်း partition ပိုင်းတာလေးကို ရေးဖို့ တွေးမိတာနဲ့ ဒီအပိုင်းကို ကျွန်တော် စတင်မိပါတယ်။ တကယ်တော့ HDD partition ပိုင်းတာ  အမျိုးမျိုး ပိုင်းကြပါတယ်။ တချို့က window ခွေနဲ့ ပိုင်းတယ် တချို့ က window ပေါ်က ပိုင်းတယ်။ ဘယ်လိုပဲ့ ပိုင်းပိုင်း တူတူပါပဲ့ ဒါပေ့မယ် window ခွေထည့်ပြီးမှ ပိုင်းရင် အခက်ခဲ့ အားနည်းချက်ပိုရှိပါတယ်။ နောက်တခုက window ပေါ်က ပိုင်းရင် စက်နာတယ်တို့ ဘာတို့ ကြားဘူးပါတယ်။ စာသေချာလိုက်ဖတ်ကြည့်ပါ အငြင်းအခုံ အနေနဲ့ မညင်းပါဘူး။
ဒီတော့ ကျွန်တော် window ပေါ်ကနေ Partition ပိုင်းနည်းလေးကို ရေးပေးပါ့မယ်။ ကျွန်တော် ရဲ့ 180 GB ရှိတဲ့ ကို နမူနာ ထားပြီး ပိုင်းပြပါမယ်။  ဒီ window ပေါ်မှာ Partition ပိုင်းတာ နားလည်သွားပြီဆိုရင် ကျွန်တော် Window ခွေနဲ့ Parition ပိုင်းတာလေးကို ပုံတွေနဲ့ ထပ်ပြပြီး ရှင်းပြပေးနိုင်အောင် ကြိုးစားရေးပါဦးမယ်။ အခုတော့ .. Window ပေါ်က Partition ပိုင်းနည်းလေး စကြရအောင်...

ကျွန်တော်တို့ Window ပေါ်က Partition ပိုင်းတော့မယ်ဆိုရင် လိုတဲ့ Software့ ဒါမှမဟုတ် အသုံးပြုလို့ ရတဲ့ ဆော့ဝဲကတော့ အများကြီးပါ။ ဒီနေရာမှာ ကျွန်တော် Acronis Disk Director 11 နဲ့ ပိုင်းပြမှာ ဖြစ်ပါတယ်။ ဒီ Software ကို အောက်မှာ ဒေါင်းလုပ်ချပါ။ ဒေါင်းလုပ်ချလို့ ရလာတဲ့ ဆော့ဝဲကို ရမ်းပါ အထဲ့မှာ Serials ပါပါတယ်။

ဘုရားဖြစ်တော်မူသည့် ဗုဒ္ဓ၀င် အကျဉ်းနှင့် ပုံတော်များ


 

ဒီနေ့တော့ အများသိသင့်တဲ့ ဘာသာရေးအကြောင်းလေးတခုကို တင်ပြပေးချင်ပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်ရေးထားတာ မဟုတ်ပါဘူး။ သူငယ်ချင်းများနေ့ ဆိုဒ်မှ ကျွန်တော်တွေ့တာနဲ့ ခွင့်တောင်းပြီး ပြန်လည်ဖော်ပြပေးထားတာပါ။မူရင်းဆိုဒ်က ဒီမှာပါ။ ကျွန်တော် သိမ်းထားတာတော့ အတော်လေးကြာပါပြီ။ ဒီနေ့ ဗဟုသုတ အဖြစ်တင်ပေးလိုက်ပါတယ်။ အောက်မှာ ပါတာတွေက အကျဉ်းတွေပါ။ ဘာလို့ အကျဉ်းလို့ ပြောလည်းဆိုရင် အဘိညာဏ်ရ ဒေဝီလရှင်ရက သိဒ္ဓတ္ထမင်းသားငယ်ကို မြင်တဲ့ အချိန်မှာ ငိုချင်း ရယ်ချင်း နှစ်မျိုးကို ပြုပါတယ်။ ဒီလိုအပိုင်းတွေမပါပါဘူး။ ဒီထက် အကျယ်ရှင်းထားတာရှိပါတယ်။ အဆင်ပြေရင် အကျယ်ကို တင်ပေးနိုင်အောင် ကြိုးစားပေးပါဦးမယ်။ ခုရက်ပိုင်းတွင်း စိတ်ညစ်တာတွေများနေတာနဲ့ စာမရေးဖြစ်ဘူး။ ဒါကြောင့် ကျွန်တော့  google Doc မှာ ရှိတဲ့ စာလေးတွေကို တင်ပေးလိုက်တာပါ။ ဒီပိုစ်မူရင်းရေးသားသူကိုတော့ သေချာ မသိပါ။ ဒါပေ့မယ်။ သူငယ်ချင်းများနေ့ ဆိုဒ်မှာတော့ ဖော်ပြပေးထားပါတယ်။ မူရင်းရေးသားသူကို အထူးပဲ့ ကျေးဇူးတင်ပါတယ်။ 

ဘဂ၀တော         ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
အရဟတော        ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
သမ္မာသမ္ဗုဒ္ဓဿ    သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင်သိမြင်တော်မူသော မြတ်စွာဘုရား.. အား
နမောတဿ         ရှီခိုးပါ၏


Wednesday, February 1, 2012

Objective General English (10000 Plus Questions)


ဒါကနောက်ထပ် English လေ့လာနေသူများအတွက် အဆင်ပြေမယ့် E-Book လေးတစ်အုပ်ပါ။ ဒီစာအုပ်လေးကတော့ Bank P.O., S.B.I. P.O., R.B. I. Exam M.B.A., Hotel Management. Railway Recruitment Exam N.D.A., C.D.S., I.E.S., L.I.C.A.A.O., G.I.C.A.A.O. Income Tax and Central Excise Sub-Inspectors of Police Exam. Asst. Grade, Section Officers, U.D.C စတဲ့ Exam တွေက အမေးအဖြေတွေကိုပါ ထည့်သွင်းပြီး အခြေခံထားတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။ အထဲမှာ မေးခွန်းနဲ့ အဖြေပေါင်း 10000 ကျော်ပါဝင်ပါတယ်။ ဒါ့ထက် ဘယ်လို Lessons လေးတွေထပ်ပြီး ပါဝင်နေလဲဆိုတာကို အောက်မှာ ကျွန်တော် ထပ်ထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 17.29 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

Basic College Mathematics, 4th Edition


ဒီကောင်လေးကိုတော့ ခေါင်းစဉ်နဲ့ ပုံလေးကို မြင်ရုံနဲ့ ဘာဆိုတာကို သိလောက်မယ်ထင်ပါတယ်ခင်ဗျာ။ အဲ့ဒါကြောင့် ကျွန်တော်အရှည်ကြီးမရေးတော့ပါဘူး။ ကျွန်တော်တို့ အသုံးမလိုရင်တောင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ကျောင်းသားတွေ တခြားလိုအပ်နေမယ့်သူတွေလည်း ရှိကြမှာပါ။ အဲ့ဒါကြောင့် ကျွန်တော်ဒီကောင်လေးကို တင်ပေးလိုက်တာပါ။ ကိုယ်တိုင်မလိုရင်တောင် လိုအပ်နေတဲ့သူတွေကို ပေးလိုက်နိုင်တာပေါ့ဗျာ။ စာအုပ်ဆိုတာကတော့ သိမ်းထားလိုက်တာလဲ မမှားပါဘူး ဗျာ။ စာအုပ်လေးရဲ့ ဆိုဒ်ကတော့ 51 MB ရှိပါတယ်။ ကျွန်တော် အနည်းဆုံးအထိ ရအောင်ချုံ့ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 29.8 MB ဖြစ်ပါတယ်။  အောက်မှာ ယူသွားလိုက်ပါဗျာ။

cFosSpeed 7.01 Build 1923 Beta

ဒီကောင်လေးကတော့ ကျွန်တော့်ကိုလည်းအစ်ကိုတွေတောင်းထားတာ နည်းနည်းကြာသွားပါတယ်။ သည်းခံ ပေးပါဗျာ။  ကျွန် တော်တို့ Internet Speed နဲ့ Web Browsers တွေကို ဖွင့်ရတဲ့ Speed လေးတွေမြန်ဆန်လာအောင် ဒီကောင် လေးက အထောက်အကူပြုပါလိမ့်မယ်။ ကျွန်တော်တို့ Beta Version လေးဖြစ်တဲ့ အတွက် ကီးထည့် ပေးစရာမလိုပါဘူး။ နောက်ကိုလည်း ကျွန်တော် Connection မြန်အောင် အထောက် အကူပြုပေး နိုင်တဲ့ Software လေးတွေရလာတာနဲ့ တင်တင်ပေးသွားပါ့မယ်။အသေးစိတ်သိလိုရင်   တော့ သူ့ရဲ့ Home Page လေးမှာ လေ့လာကြည့်လိုက်ပါဗျာ။အောက်ကလင့်ခ် လေးကသူ့ရဲ့ Home Page လေးဖြစ်ပါတယ်။ အထဲမှာ သူ့အတွက် Crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်။

250 Ways to Say It in Business English

ကျွန်တော်တို့ ဒီတစ်ခါ အင်္ဂလိပ်စာပိုင်းနဲ့ ပတ်သတ်ပြီး ကျွန်တော့်ကို အစ်ကိုတွေကလည်း သတ်သတ်ခွဲပေးပါလို့ ပြောထားတာလေးရှိပါတယ်။ ကျွန်တော် အချိန်လေးရတာနဲ့ အရင်ကတင်ပေးခဲ့ပြီးတဲ့ English စာပိုင်းနဲ့ ပတ်သတ်တဲ့ Software လေးတွေ E-Books လေးတွေကို ထပ်ပြီး Upload တင်ပေးပြီး တစ်နေရာထဲမှာ စုစုစည်းစည်းနဲ့ တင်ပေးသွားပါ့မယ်။ အခုဒီစာအုပ်လေးရဲ့ဆိုဒ်ကတော့ 1.7 MB ပဲရှိပါတယ်။ သူ့အပိုင်းလိုက် အမေးအဖြေလေးတွေ တစ်ခါတည်း ပါဝင်ပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

Apple Hacks First Edition

ကျွန်တော်တို့ Mac book လေးတွေကိုအသေးစိတ် လေ့လာလိုသူများအတွက် အဆင်ပြေမယ့် E-Book လေး တစ်အုပ်ပါ။ အထဲမှာ သူ့အပိုင်း လိုက်အသေးစိတ် ရေးပေးထားပါတယ်။ မြန်မာလိုမဟုတ်ပေမယ့် ပုံလေးတွေနဲ့ပါ ရှင်းပြပေးထားတဲ့ အတွက်အဆင်ပြေမှာပါ။ စာအုပ်လေးရဲ့ဆိုဒ်ကတော့ 39.46 MB ရှိပါတယ်။  ဆောင်ထား လိုက်တာလည်း မမှားပါဘူးဗျာ။ အောက်မှာ ယူသွားလိုက်ပါ။

PC Magazine ( 75 Best IPhone Apps)


ဒါလေးကတော့ ကျွန်တော်တို့ IPhone သမားများအတွက် အဆင်ပြေပါလိမ့်မယ်။ အထဲမှာ IPhone Apps လေးတွေကို ရေးပြပေးထားပါတယ်။ စာအုပ်လေးရဲ့ ဆိုဒ်ကတော့ 57.72 MB ရှိပါတယ်။ ဘယ်လို Application လေးတွေက ဘယ်လိုနေရာမျိုးမှာရှိတယ် ဘယ်လိုအသုံးဝင်တယ်ဆိုတာကို ဖေါ်ပြပေးထား ပါတယ်။ အထဲမှာ လည်းပုံလေးတွေနဲ့ ရှင်းပေးထားပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။