• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Friday, March 2, 2012

Samsung Glaxy Ace တွင် Root လုပ်စရာမလိုပဲ မြန်မာဖောင့် ထည့်နည်း



ကျွန်တော် အခု Samsung Glaxy Ace မှာ Root လုပ်စရာ မလိုပဲ မြန်မာဖောင့် ထည့်တဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ ရှယ်ပေးသွားပါမယ် .. Myanmar Mobile Application Store မှာတော့ ပိုပြီးတော့ စုံပါတယ် .. ကျွန်တော် အဆင်ပြေတဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ တစ်ခြား အဆင်မပြေ သေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် ပြန်ရေးပေးသွားပါမယ် .. အမှန်တကယ် လုပ်ကြည့်လိုက်ရင်တော့ အဆင့်တွေက အရမ်းမများပါဘူး .. ကျွန်တော် မသိသေးတဲ့ သူတွေ အခက်အခဲ ရှိမှာ စိုးလို့ တစ်ဆင့်ချင်း ရှင်းပြပေး ထားတဲ့ အတွက် .. ပုံတွေ အရမ်း များနေလို့ပါ .. တစ်ဆင့်ချင်းပဲ လိုက်လုပ် ကြည့်လိုက်ပါ .. အဆင်ပြေသွား ပါလိမ့်မယ် ..

ကျွန်တော်တို့ မြန်မာဖောင့် သွင်းဖို့အတွက် အရင်ဆုံး အောက်မှာ တင်ပေးထားတဲ့ Myanmar Font ဆိုတဲ့ Folder လေးကို ဒေါင်းလော့ ချလိုက်ပါ .. Zawgyi_One.apk , Fontomizer_0.8.apk နဲ့ FrozenKeyboard_1.1.3.apk ဆိုပြီး Android Application သုံးခု တွေ့ရပါလိမ့်မယ် .. အဲ့ဒီကောင်လေးကို မိမိတို့ ဖုန်းရဲ့ SD CARD ထဲကို ထည့်လိုက်ပါ .. ပြီးသွားရင်တော့ ပထမဆုံး မြန်မာဖောင့်သွင်းဖို့အတွက် အပေါ်မှာ ဖော်ပြထားတဲ့ Application လေးတွေကို မိမိတို့ဖုန်းရဲ့ Android OS ထဲမှာ Install လုပ်လို့ ရဖို့အတွက် unknow sources ကိုသွားရွေးပေးထားဖို့လိုပါလိမ့်မယ် .. ဒါမှသာ Android Market ထဲက မဟုတ်တဲ့ Application တွေကို မိမိတို့ Android OS ထဲမှာ Install လုပ်လို့ရမှာ ဖြစ်ပါတယ် .. အောက်က ပုံမှာ ပြထားသလို အဆင့်ဆင့် သွားပြီး လုပ်ပေးလိုက်ပါ ..

အရင်ဆုံး Setting ကိုသွားပါ .. 



အောက်ကပုံမှာ ပြထားတဲ့အတိုင်း Unknow sources ကို အမှန်ခြစ်လေး ပေးလိုက်ပါ .. ဒါဆိုရင် မိမိတို့ Android OS ထဲမှာ Android Market ကမဟုတ်တဲ့ Application တွေကို Install လုပ်လို့ ရသွားပါလိမ့်မယ်..


အပေါ်က အဆင့်အတိုင်း ပြောင်းပြီး သွားပြီး ဆိုရင်တော့ Myanmar Font နဲ့ Keyboard ကို Install လုပ်ဖို့ အတွက် အောက်မှာ ပြထားတဲ့ အတိုင်း အဆင့်ဆင့် သွားလိုက်ပါ .. ပထမဆုံး My file ကိုသွားလိုက်ပါ ..


ပြီးရင် စောစောက SD Card ထဲကို ထည့်လိုက်တဲ့ Myanmar fonts ဆိုတဲ့ Folder လေးကို ဖွင့်လိုက်ပါ ..


အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Application သုံးခု တွေ့ပါလိမ့်မယ် .. သုံးခုလုံးကို Install လုပ်လိုက်ပါ .. 


ကျွန်တော် Zawgyi-One.apk ဆိုတဲ့ ကောင်လေးကို နမူနာ Install လုပ်ပြထားပါတယ် ..



အပေါ်က အဆင့်အတိုင်း Application သုံးခုလုံးကို Install လုပ်ပြီးသွားပြီ ဆိုရင်တော့ မြန်မာဖောင့် ရေးလို့ရဖို့နဲ့ ဖတ်လို့ရဖို့ အတွက် အောက်မှာ ပြထားတဲ့ အဆင့်လေးတွေ အတိုင်း လိုက်ပြင် ပေးလိုက်ပါ .. 

အရင်ဆုံး မြန်မာလက်ကွက် ရိုက်လို့ရအောင် လုပ်ပါမယ် .. အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Setting ကိုသွားလိုက်ပါ .. 




အောက်ကပုံအတိုင်း FrozenKeyboard ကို အမှန်ခြစ်လေး ရွေးပေးလိုက်ပါ ..




ပြီးရင် နောက်တစ်အဆင့်  FrozenKeyboard အပေါ်မှာ ရှိတဲ့ Select input method ကိုသွားလိုက်ပါ .. 


ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း FrozenKeyboard ကိုရွေးပေးလိုက်ပါ .. 


အပေါ်က အဆင့်တွေ အတိုင်း ပြောင်းပေး ပြီးသွားပြီ ဆိုရင်တော့ မြန်မာ လက်ကွက်ကို အသုံးပြုလို့ ရသွားပါလိမ့်မယ် .. နောက်တစ်ဆင့် မြန်မာစာ ပေါ်အောင် အောက်က အဆင့်အတိုင်း သွားပြီး ပြောင်းပေး လိုက်ပါ .. 

အရင်ဆုံး  Setting ကိုသွားလိုက်ပါ .. 


ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Display ကိုသွားလိုက်ပါ ..






အောက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Zawgyi One TTF ကိုရွေးပေးလိုက်ပါ .. 


ဒါဆိုရင်တော့ မိမိတို့ Android OS မှာ မြန်မာဖောင့်ကို ကောင်းကောင်း ရေးလို့ ဖတ်လို့ ရသွားပါလိမ့်မယ် ..








Myanmar  Fonts  Download




ဒီပို့စ်လေးကို  PDF ဖြင့် လိုချင်တယ် ဆိုရင် အောက်မှာ ယူလိုက်ပါ ..


အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

58 comments:

  1. အဲဒီနည်းက သိသလောက်ဆိုရင်တော့ samsung ဖုန်းတွေမှာဘဲရတာပါ.. android ဖုန်းတိုင်းမှာမရပါ..

    ReplyDelete
  2. ကျော်စွာMarch 2, 2012 at 4:25 PM

    ဟုတ်တယ်ဗျို့..sony မှာတော့ မရဘူး..samsung မှာတော့ ရမယ်ထင်တယ်..

    ReplyDelete
  3. ကျော်စွာMarch 2, 2012 at 4:29 PM

    sony ericsson w8 မှာရော root လုပ်စရာ မလိုပဲ မြန်မာစာ ဖောင့် ထည့်လို့ရပါသလား။ရှိရင် တင်ပေးပါလား အစ်ကို။ကျေးဇူးတင်ပါတယ်..

    ReplyDelete
  4. အင်..ကျွှန်တော် ..huawei မှာရော ရမလားသိဘူး.......

    ReplyDelete
  5. samsung andriod တမျိုးတည်းသာ Root လုပ်စ၇ာမလိုပဲမြန်မာဖောင့်၊ကီးဘုတ်ထည့်လို့ရတယ်..ကျန်andriod များမှာတော့root လုပ်ပေး၇ပါတယ်
    ကျနော် samsung ,htc ,sony andriod အားလုံးစမ်းကြည့်ပီးပါပီ

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. Black Berry Bold မှာရောရမလား...?

    ReplyDelete
  8. အစ်ကိုတို့ရေ...acer liquid E S100 ကိုလဲ root လုပ်လို့ရမရလေး နဲ့ လုပ်နည်းလေးများသိထားကြရင် ကူညီပါဦးးး...
    ကျေးဇူးအထူးတင်လျက်

    ReplyDelete
  9.ုကိုနိုင်March 13, 2012 at 3:41 AM

    အကိုပြောပြပြီးတင်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ sony ericsson w705 ဖုန်းတွေမှာေ၇ာ၇အောင်လုပ်ကြည့်၇ပါ့မလားအကို။ ၇၇င်ပြောပြပြီးကျေးဇုးပြူပြီးတင်ပြပေးပါ့လားဗျာ
    ။ကျွန်တော်အကိုဝှပ်ဆိုတ်ကိုကြည့်ပြီးကျေးဇူးတင်ပါတယ်။မသိသေးတဲ့လြုတွေကိုနားလယ်အောင်၇ှင်းပြတဲ့အတွက်တကယ်ကျေးဇူးပါအကို။ sony ericsson w705 ဖုန်းကို၇အောင်၇ှင်းပြပေးပါနော်။မျော်လင့်ခြင်းများစ္စာနဲ့စောင့်နေမယ်နော်အကို

    ReplyDelete
  10. LG မှာကောရလားမသိဘူး

    ကျေးဇူးတင်ပါတယ်...

    ReplyDelete
  11. အရမ်းကိုကျေးဇူးတင်ပါတယ် အစ်ကို ခုမှဘဲ လုပ်တတ်သွားပီ....

    ReplyDelete
  12. ကျွန်ုတော်မှရတယ်samsung galaxy mini မှရတယ်

    ReplyDelete
  13. ဒီနည်းက samsung မှာပဲရတာပါ ပြီး မြန်မာဖောင့်သုံးတာ internet ကတော့အဆင်ပြေပါတယ်၊ sms ပို့ရင် samsung အချင်းချင်းပဲရတယ်၊တခြားဖုန်းတွေနဲ့ဆိုမရဘူး အကောင်းဆုံးက root ချပြီးသွင်းပါ၊ samsung တော်တော်များများက Z4 root နဲ့ရပါတယ်။

    ReplyDelete
  14. ကျေးဇူးတင်ပါတယ်ကိုနေမင်းမောင် ဆရာပြတဲ့နည်းနဲ့ကျနော့်samsunggalaxy gioကနေဒီစာကိုရေးပါတယ် သူငယ်ချင်းရဲ့ galaxy sကိုလည်းကျနော်မြန်မာစာသွင်းပေးလိုက်ပ့ပြီး အချိန်ရရင်
    root လုပ်တယ်ဆိုတာကိုလည်းရှင်းပြပေးပါအုံးခင်ဗျိား

    ReplyDelete
  15. Samsung Mobiles has Fonts Pack changer automatically installed on firmwares. HTC and Others doesn't have Fonts changer Packages is not Originally Install. If u want to
    Install Other Fonts pack u will be need to Root. Root is dangerous and If u don't have
    Knowledge about ROOT METHOD. U don't test it. There are many root method. not all are same. Many Company,Many Method. If u want to istall fonts. 1. Root 2.Busy box install 3.Fonts changer Install ( Fonts Changer Need BusyBox ) That is important. 4.U will replace with system fonts with u r fonts. That is not very Simple Method But Nothing is willing our mind. We are Human.

    ReplyDelete
  16. အစ်ကိုရာ
    ကျေးဇူးတင်ပါတယ်ဗျာ..
    အစ်ကို့စေတနာကိုလည်း လေးစားပါတယ်..
    လေးစားလျှက်
    ညီငယ် ကျော်မျိုးဟိန်း

    ReplyDelete
  17. အစ်ကို,,
    ကျေးဇူးတင်ပါတယ်

    Wish u all the best ,,,

    ReplyDelete
  18. အကိုရေ မ၇ဘူး ဖုန်ထဲထည့်ကြည်တယ်မရဘူး install လုပ်မရဘူး ဖိုင်တွေက empty ဖြစ်နေတယ် ကျော်ခွနည်းလေးရှိရင်ပေးပါလား

    ReplyDelete
  19. ကျေးဇူးအကို နောက်လဲ တခြားဟာလေးတွေတင်ပေးပါအုံးနော်

    ReplyDelete
  20. ဟိန်းထက်April 24, 2012 at 2:12 PM

    ကျွန်တော့်ဖုန်းမှာတော့ရတယ် samsung galaxy

    ReplyDelete
  21. ဟိန်းထက်April 24, 2012 at 2:15 PM

    အကိုရေ root လုပ်တာလေးရှင်းပြပါအုံး ကျေးဇူးတင်ပါတယ်

    ReplyDelete
  22. ကျေးဇူးတင်ပါတယ်ကိုနေမင်းမောင်

    ReplyDelete
  23. ကျေးဇူးတင်ပါတယ်ကိုနေမင်းမောင်

    ReplyDelete
  24. အစ်ကိုရေ..ကျွန်တော့်ဖုန်းက Samsung Glaxy Appollo ပါ...ကျွန်တော် ဖောင့်ကိုလည်း install လုပ်ပြီးပြီ...ဒါပေမယ့် မြန်မာလို မပေါ်ဘူးဖြစ်နေတယ်...ကျွန်တော့်ဖုန်းမှာက Sound and Display ဆိုတာ တွဲပြီးပါတယ်...ဒါပေမယ့် Screen Display မှာ အစ်ကို ဖော်ပြထားသလို Font Style ဆိုတာမပေါ်ဘူး..
    လိုက်ရှာလို့လည်း မရဘူးဖြစ်နေလို့....မြန်မာလို ရိုက်လို့ရတယ်အစ်ကို...ကြည့်လို့မရဘူးဖြစ်နေတယ်....အဲဒါ ကူညီပါဦးဗျာ....

    ReplyDelete
  25. Samsung Glaxy Ace မှာ 25000 WCDMA မှာ internet ဘယ်လိုသုံးရလဲသိချင်လို့ပါ။ internet လျှောက်ထားတပတ်လောက်ရှိပြီ ရမရ ဘယ်လို့ စမ်းရလဲ မသိလိုပါ။
    ကူညီပါဦးခင်ဗျာ

    ReplyDelete
  26. ကိုနေ ကျနော့် Samsung Galaxy Note မှာ Gtalk အကောင်းနောက်တစ်ခု ချိန်းသုံးချင်လို့ 
    မရဘူးဖစ်နေတယ် Sing Out လုပ်လည်း ပြန်ဝင်လိုက်ရင် တန်းပွင့်သွားတာဘဲ နောက်တစ်ခုချိန်းသုံးချင်တာ
    အဆင်မပြေဘူးဖစ်နေတယ် ...Privacy >>> Factory data restart ချလိုက်ရင်တော့ ပြန်ဖွင့်လို့ ရတာပေါ့နော် ....အလိုအလုပ်ချင်ဘူး ပြန်ပြန်ဒေါင်းနေရလို့  ..
    Account and sync မှာ Add တွေရော Remove တွေရော စမ်းပြီးပြီ ဘယ်လိုမှမရတာနဲ့  ..
    ကိုနေ ကိုအကူအညီတောင်းရတော့ မယ် ...Restart တော့မချချင်ဘူး..ဘယ်လိုလုပ်ရမယ်ဆိုတာကို
    အပန်းမကြီးဘူးဆိုရင် miniman9999@gmail.com ကိုမေးပို့ ပြီးတော့ ရှင်းပြပေးစေချင်ပါတယ် ..
    ကျေးဇူးတင်ပါတယ်.....

    ခင်မင်လေးစားလျှက်

    ReplyDelete
  27. ကိုနေ ကျနော့် Samsung Galaxy Note မှာ Gtalk အကောင်းနောက်တစ်ခု ချိန်းသုံးချင်လို့ 
    မရဘူးဖစ်နေတယ် Sing Out လုပ်လည်း ပြန်ဝင်လိုက်ရင် တန်းပွင့်သွားတာဘဲ နောက်တစ်ခုချိန်းသုံးချင်တာ
    အဆင်မပြေဘူးဖစ်နေတယ် ...Privacy >>> Factory data restart ချလိုက်ရင်တော့ ပြန်ဖွင့်လို့ ရတာပေါ့နော် ....အလိုအလုပ်ချင်ဘူး ပြန်ပြန်ဒေါင်းနေရလို့  ..
    Account and sync မှာ Add တွေရော Remove တွေရော စမ်းပြီးပြီ ဘယ်လိုမှမရတာနဲ့  ..
    ကိုနေ ကိုအကူအညီတောင်းရတော့ မယ် ...Restart တော့မချချင်ဘူး..ဘယ်လိုလုပ်ရမယ်ဆိုတာကို
    အပန်းမကြီးဘူးဆိုရင် khaung.ye@gmail.com ကိုမေးပို့ ပြီးတော့ ရှင်းပြပေးစေချင်ပါတယ် ..
    ကျေးဇူးတင်ပါတယ်.....

    ခင်မင်လေးစားလျှက်

    ReplyDelete
  28. အစ်ကိုရေ..ကျွန်တော့်ဖုန်းက Samsung Glaxy Appollo ပါ...ကျွန်တော် ဖောင့်ကိုလည်း install လုပ်ပြီးပြီ...ဒါပေမယ့် မြန်မာလို မပေါ်ဘူးဖြစ်နေတယ်...ကျွန်တော့်ဖုန်းမှာက Sound and Display ဆိုတာ တွဲပြီးပါတယ်...ဒါပေမယ့် Screen Display မှာ အစ်ကို ဖော်ပြထားသလို Font Style ဆိုတာမပေါ်ဘူး..
    လိုက်ရှာလို့လည်း မရဘူးဖြစ်နေလို့....မြန်မာလို ရိုက်လို့ရတယ်အစ်ကို...ကြည့်လို့မရဘူးဖြစ်နေတယ်....ဘယ်လို
    လုပ်ရမလဲဆိုတာကို ကျေးဇူးပြုပြီးတော့ myatnothukokott1@gmail.com ကို မေးလ်ပို့ပြီး ရှင်းပြပေးပါလား..
    ကိုနေ့ရဲ့ မေးလ်ကို စောင့်နေမယ်နော်...ခင်မင်လေးစားလျှက်

    ReplyDelete
  29. ဆမ်ဆောင်း အင်န်ဖြုစ် (Samsung Infuse 4G) ထည့်လို့လဲ အဆင်ပြေကြောင်း တွေ့ရပါတယ်။
    ကျေးဇူးပါ။။

    ReplyDelete
  30. sumsung wave 3 မှာ မြန်မာဖောင့် ဘယ်လိုသွင်းလဲဆိုတာပြောပြပေးပါ။ ကျေးဇူးတင်ပါတယ်

    ReplyDelete
  31. nokia c6 01 စာဖတ်လို့ရရုံပဲလုပ်လို့ရတယ်စာရိုက်လို့ချက်တင်တက်လို့ရအောင်ဘယ်လိုလုပ်ရမလဲကူညီပါနော် ကျေးဇူးတင်ပါတယ်

    ReplyDelete
  32. တကယ်ကို အရမ်းကျေးဇူးတင်ပါတယ်အကိုရေ။

    ReplyDelete
  33. galaxy youth မှာလည်းအဆင်ပြေပါတယ် သူငယ်ချင်းဖုန်းကိုလုတ်ပေးလိုက်တာပါ ကျေးဇူးတင်စွာဖြင့်

    ReplyDelete
  34. ကျေဇူးအများကြီတင်းတယ်
    ကိုနေမင်း

    ReplyDelete
  35. ကျေးဇူးတင်ပါတယ်..ကျွန်တော့ samsung glaxy ace plus မှာလည်းရသွားပြီး။thz....

    ReplyDelete
  36. အစ်ကိုရေ ကျွန်တော်လည်း စမ်းကြည့်တာ အဆင်ပြေတယ်။ samsung glaxy mini ပါ။ ဒါပေမယ့် phone massage ပို့တာ တခြား သူဆီမှာ မြန်မာလိုမပေါ်ဘူး။ ကိုယ့်ဆီကို ပို့ရင်ရင် မပေါ်ဘူး။ အင်တာနက်သုံးတာတော့ အရမ်းကို အဆင်ပြေပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    ReplyDelete
  37. ကျေးဇူးတင်ပါတယ် ယူသွားပါတယ်...

    ReplyDelete
  38. အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ-HUAWEI မှာလုပ်တဲ့နည်းလဲပြောပေးပါဦးနော်

    ReplyDelete
  39. thanks a lot bro,.now i can type myanmar font in my galasy s2..

    ReplyDelete
  40. အစ်ကိုရေ ကျွန်တော်ကို HUAWEI U8818 ROOT လုပ်နည်းကိုဓါတ်ပုံနဲ.တင်ပေးပါလား..ကျေးဇူးအထူးတင်ပါတယ်

    ReplyDelete
  41. ကျေးဇူးတင်ပါတယ် အကို။။

    ReplyDelete
  42. အကိုရေကျေးဇူးများကြီးတယ်

    ReplyDelete
  43. အကိုရေကျေးဇူးများကြီးတယ်

    ReplyDelete
  44. ကျေးဇူးဘဲအကိုရေပညာတစ်ခုတိုးသွားပြီး...ဒါပေမယ့်pdfဒေါင်းမရဘူး....

    ReplyDelete
  45. ကျွန်တော်ကတော့ Thank ဆိုတာနဲ့အားမရဘူး very very much ကိုပါထပ်ထည့်လိုက်မယ်ဗျို့

    ReplyDelete
  46. ကျွန်တော်ကတော့ Thank ဆိုတာနဲ့အားမရဘူး very very much ကိုပါထပ်ထည့်လိုက်မယ်ဗျို့

    ReplyDelete
  47. ရပါပြီဗျိုဒါကိုလိုက်ရှာနေတာလေဟိဟိမသွားပြီဗျာ....အဆင်ပြေပါတယ်

    ReplyDelete
  48. လင့်တွေသေနေပြီကိုနေမင်းရေအကုန်သေနေတာပါ nyithaweပါဒေါင်းလို့မရဘူးဗျာ

    ReplyDelete
  49. အကိုရေ...အနော့ဖုန်းက s2ပါ.... အကိုပြောသလိုဖောင့်သွင်းတာအဆင်ပြေပါတယ်...sms မှာ မြန်မာလိုပေါ်ပေမယ့် Facebook နဲ့ browser တွေမှာ မြန်မာလိုမပေါ်ဘူးဖြစ်နေတယ်အကို.... အဲ့ဒါဘယ်လိုလုပ်ရမယ်ဆိုတာ ကျေးဇူးပြူပြီးဖြေပေးစေလိုပါတယ်... Browser settings ထဲဝင်ပြီး ဖောင့်ချိန်းဖို့ရှာကြည့်ပါသေးတယ်...advance မှာ text encoding ဆိုတာဘဲတွေ့တယ်ဗျ...အဲ့မှာ Unicode (UTF-8) ဆိုတာတွေ့လို့ပြောင်းတာလည်း မြန်မာလိုမရဘူးဖြစ်နေတယ်....FBက ချက်မှာတော့ မြန်မာလိုချက်လို့ရတယ်...ဒါပေမယ့် New Feed မှာတော့ မြန်မာလိုမပေါ်ဘူးဖြစ်နေတယ်...ဒါကြောင့် ကျေးဇူးပြူပြီး အကြောင်းပြန်စေချင်ပါတယ်..
    ခင်မင်လေးစားစွာဖြင့်
    ဟန်နီ

    ReplyDelete
  50. This comment has been removed by the author.

    ReplyDelete
  51. ကျနော့ iphone 5မှာရောမရဘူးလားဟင်

    ReplyDelete
  52. HTC onev & HTC butterfly မှာဘယ်လိုသွင်းရမလဲသိချင်လို့ပါ ကူညီပြီးဖြေပေးကြပါအုံးနော် root ဘယ်လိုလုပ်ရမလဲ ကောပြောပေးပါနော် fount style မပါတော့ဘယ်လိုချိန်းရမှန်းမသိလို့ပါ

    ReplyDelete
  53. ကိုနေမင်းမောင်ရေ မြန်မာဖောင့်လင့်တွေသေနေလို့ ပြန်တင်ပေးလို့ရရင်
    ပြန်တင်ပေးပါအုံး ကျွန်တော့်ဖုန်းမှာ မြန်မာဖောင့်မရှိလို့ပါ

    ReplyDelete
  54. ကျေးဇူးတင်ပါတယ် အစ်ကိုနေမင်းမောင်။

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်