• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Sunday, March 11, 2012

Intel Chipset Software Installation Utility 9.3.0



ကျွန်တော် Intel Chipset Software Installation Utility 9.3.0 တင်ပေးလိုက်ပါတယ် .. ကျွန်တော်တို့ မြန်မာလူမျိုး အများစုက Intel  Prosessor အမျိုးအစားကိုသာ အများစု အသုံးပြုကြ ပါလိမ့်မယ် .. AMD ထက်စာရင် Intel ကို မြန်မာလူမျိုးတွေ ပိုပြီးတော့ အသုံးများ ကြပါတယ် .. ကျွန်တော်တို့ အနေနဲ့ စက်အသစ် ဆင်တဲ့ အခါမှာပဲ ဖြစ်ဖြစ် Windows XP ကို အသစ်တင်ပြီး သုံးတဲ့ အခါမှာပဲ ဖြစ်ဖြစ် တစ်ချို့ Driver တွေက Install လုပ်ထား ပေးမဲ့လည်း အလုပ်မလုပ် ကြပါဘူး .. အဲ့ဒီအခါမှာမျိုးမှာ ကျွန်တော် အခုတင်ပေးလိုက်တဲ့ Intel Chipset ကို မိမိတို့ ကွန်ပျူတာမှာ Install လုပ်ပေးလိုက်မှသာ Driver က အလုပ်လုပ်ပြီး အဆင်ပြေမှာ ဖြစ်ပါတယ် .. ကျွန်တော် တစ်ခါ ကြုံဖူးပါတယ် .. ညီလေးတစ်ယောက် စက်အသစ် ဆင်ပြီးတဲ့ အချိန်မှာ Network Card က အလုပ်မလုပ်ပါဘူး .. သက်ဆိုင်ရာ Network Card Driver ကို အင်စတော့ လုပ်ပေးပေမဲ့လည်း အဆင်မပြေပါဘူး .. ကျွန်တော် အခုတင်ပေးလိုက်တဲ့ Chipset လေးကို ရှာပြီး အင်စတော လုပ်ပေးလိုက်တော့မှပဲ Network Card ကို အဆင် ပြေပြေနဲ့ အသုံးပြု နိုင်သွားပါတယ် .. ဒါကြောင့် အမြဲတမ်း မလိုအပ်ဘူး ဆိုရင်တောင် အလိုအပ်တဲ့ အချိန်မှာ အသုံးပြုနိုင်ဖို့ အတွက် ဆောင်ထား ချင်တယ် ဆိုရင်တော့ အောက်မှာ ဒေါင်လော့ချသွားလိုက်ပါ .. 











အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..


2 comments:

  1. ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ---။

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်