• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Sunday, March 4, 2012

Latop မှတစ်ဆင့် Wifi လွင့်ချင်သူများ အတွက်



ကျွန်တော် အခု Laptop အသုံးပြု သူတွေအနေနဲ့ မိမိရဲ့ Laptop မှာအသုံးပြုနေတဲ့ Internet Connection ကို Connectify Pro  ဆိုတဲ့ ကောင်လေးကို အသုံးပြုပြီး Wifi လွတ်ကာ တစ်ခြား အသုံးပြုချင်သူများအား Internet Connectionအား Wifi မှတဆင့် ပြန်ပြီး Share ပေးလို့ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. အများစုကတော့ သိပြီးသား ဖြစ်ပါလိမ့်မယ် .. မသိသေးတဲ့ သူများကို ရည်ရွယ်ပါတယ် .. အခုလို Connectify Pro  ကိုအသုံးပြုပြီး Share ပေးခြင်းဖြင့် မိမိလွတ်ထားတဲ့ Wifi ကို Hotspot Password ကိုမသိပဲ ၀င်ရောက် အသုံးမပြုနိုင်ခြင်း မရှိတဲ့ အတွက် .. မိမိတို့ ပေးသုံးချင်တဲ့ သူများကိုသာ Client Users များအနေနဲ့ အသုံးပြု ခိုင်းလို့ရမှာ ဖြစ်ပါတယ် .. နောက်ပြီး မိမိတို့ Share ပေးထားတဲ့ Connection ထဲကို မိမိမသိပဲ ၀င်ရောက် အသုံးပြု နေသူများ ရှိမရှိကိုလည်း Clients မှာ ကြည့်ခြင်းဖြင့် အလွယ်တကူ သိရှိနိုင်မှာ ဖြစ်ပါတယ် ..

ကျွန်တော် အရင်ဆုံး အခုတင်ပေးလိုက်တဲ့ Connectify Pro v3.25  ကို Full Version လေးရအောင် ဘယ်လို လုပ်ရမယ် ဆိုတာကို အရင် ပြောပြပေးပါမယ် .. အရင်ဆုံး Connectify Pro v3.25 ကို မိမိတို့ Share ပေးချင်တဲ့ လက်တော့မှာ Install လုပ်လိုက်ပါ .. ပြီးရင် Connectify Pro v3.25 ကိုမဖွင့် ပါနဲ့အုံး .. ကျွန်တော် အထဲမှာ ထည့်ပေးလိုက်တဲ့ Patch File လေးကို My Computer >> Local Disk ( :C ) >> Program ထဲမှာ ရှိတဲ့ Connectify ဆိုတဲ့ Folder ထဲမှာ ထည့်လိုက်ပါ .. ပြီးရင် Patch File လေးကို Right Click ထောက်လိုက်ပါ .. ပြီးရင် Run as administrator နဲ့ ဖွင့်လိုက်ပါ .. ပြီးရင် Patch ကိုနှိပ်ပြီး Patch ချိုးပေးလိုက်ပါ .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..





အပေါ်က အဆင့်အတိုင်း Full Version လေးရအောင်လုပ်ပြီးသွားပြီ ဆိုရင်တော့ အောက်မှာ ဘယ်လို အသုံးပြုရမယ် ဆိုတာကို ရေးပေးပါမယ် .. သုံးရတာ လွယ်ပါတယ် ..အရင်ဆုံး Hotspot Name နေရမှာ မိမိတို့ ကြိုက်နှစ်သက်တဲ့ အမည်တစ်ခု ပေးလိုက်ပါ .. ပြီးရင် Password တစ်ခုခု ပေးလိုက်ပါ ..


နောက်တစ်ဆင့်Internet မှာ မိမိတို့ လက်ရှိသုံးနေတဲ့ Connection အမျိုးအစားကို ရွေးပေးလိုက်ပါ .. ပြီးရင်တော့ Start Hotspot ကိုနှိပ်ပြီး စတင် Sharing လုပ်လို့ ရသွားပါပြီ .. 



တကယ်လို့ မိမိတို့ Sharing ပေးထားတဲ့ Network ထဲမှာ ဘယ်သူတွေ  Client Users များအဖြစ်နဲ့ အသုံးပြု နေလည်း ဆိုတာ သိချင်ယင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Clients မှာကြည့်ရှုနိုင်ပါတယ်..




ဒီလောက်ဆိုရင်တော့ Connectify Pro v3.25  ကိုအသုံးပြုပြီး Latop မှ Internet Connection ကို ဘယ်လို Sharing လုပ်လို့ရမလည်း ဆိုတာကို သိသွားမယ်လို့ ထင်ပါတယ် .. 











အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..


40 comments:

  1. အရမ်းကို ကျေးဇူတင်တယ်။ ကွန်ပျူတာသုံးနေသူတွေအတွက် တကယ်ကိုအသုံးဝင်တဲ့ နေရာလေးပါဘဲ။

    ReplyDelete
  2. ကျေးဇူးဘဲ ကိုနေမင်းမောင်ရေ

    ReplyDelete
  3. thanks you.....sir, lets try it......

    ReplyDelete
  4. ကျေးဇူး ကိုနေမင်းမောင်ရေ လိုနေတာနဲ့ အတော်ပဲ

    ReplyDelete
  5. ကျေးဇူးပါ ကိုနေမင်းမောင်ရေ၊ စမ်းသုံးကြည့်လိုက်ပါ့မယ်
    ဆက်လက်ရေးသားနိုင်ပါစေ။

    ReplyDelete
  6. ကျေးဇူးဘဲနော်...

    ReplyDelete
  7. ညီေ၇ မသိတာလေးတွေတင်ပေးတာအ၇မ်းကိုကျေးဇူးတင်ပါတယ်...ညီပို့ စ်တိုင်းကို အကို
    PDF ဖိုင်နဲ့ ဖြစ်ဖြစ် တင်ပေးပါလားညီ၇ာ..အဆင်ပြေရင်ပေါ့..အခုမျှဝေပေးတဲ့အတွက်တကယ်
    ကိုကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete
  8. ကျေးဇူးတင်ပါတယ်အကို ကျွန်တော်အကို့ဆိုဒ်က နည်းပညာလေးတွေယူသုံးချင်ပါတယ်။ သီးခြားဘလော့တစ်ခုအနေနဲ့ ပေါ့. အကို ခွင့်ပြုပေးပါနော်

    ReplyDelete
  9. ကျနော် hp windows 7 laptop မှာ Intel my wifi technology ဆိုတာပါပြီးသားပါ..အဲတာဘယ်
    လိုသုံးရလဲမသိဘူး..?ကျနော် ချိတ်တာမရဘူး......help me pls..

    ReplyDelete
  10. ကိုနေမင်းမောင်ရေ--နေကောင်းပါလားခင်ဗျ-
    ကျွန်တော်တို့ malaysia ဖြတ်သွားနေတုန်းရသလောက်ဝင်ကြည့်ပြီး-မှတ်သားကူးယူသွားပါတယ်ဗျာ--
    ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ--။

    ReplyDelete
  11. အကိုရေ patch file က virus ပါနေတယ်၊ virus alarm တက်လာလို့ copy ကူးလို့မရဖြစ်နေတယ်.....သူများတွေအဆင်ပြေကြလားမသိ..

    ReplyDelete
  12. မင်္ဂလာပါ ကိုနေမင်း ဒီနေရာမှာနားမလည်လို့
    (ကျွန်တော် အထဲမှာ ထည့်ပေးလိုက်တဲ့ Patch File လေးကို My Computer >> Local Disk ( :C ) >> Program ထဲမှာ ရှိတဲ့ Connectify ဆိုတဲ့ Folder ထဲမှာ ထည့်လိုက်ပါ .. ပြီးရင် Patch File လေးကို Right Click ထောက်လိုက်ပါ .. ပြီးရင် Run as administrator နဲ့ ဖွင့်လိုက်ပါ .. ပြီးရင် Patch ကိုနှိပ်ပြီး Patch ချိုးပေးလိုက်ပါ )
    အကိုထည့်ပေးလိုက်တဲ့အရာက ဘာကိုပြောတာလဲ

    ReplyDelete
  13. ဟုတ်ကဲ့အကို အပေါ်ဆုံးပုံမှာပြထားတဲ့ အပြာပျောက်ကျားကွက်လေးက Patch FIle ပါခင်ဗျာ .. ကျွန်တော်တို့က Software တွေကိုဝယ်မသုံးနိုင်တော့ သူများက အလကားရအောင်လုပ်ပေးပြီး သုံးတဲ့ သဘောပါ ..

    ReplyDelete
  14. ဟုတ်ကဲ့ မအိစန္ဒာမြင့်ခင်ဗျာ .. Patch File တို့ Crack File တို့ကို Antivirus အများစုက Virus လို့သတ်မှတ်တက်ပါတယ် .. အဲ့ဒီအခါမျိုးမှာ လက်ရှိသုံးနေတဲ့ Antivirus ကိုခဏပိတ်ပြီး အသုံးပြုလိုက်ပါခင်ဗျာ ..

    ReplyDelete
  15. hi can't understand when we chose the internect connection. how can we set up in internet and advanced share over and sharing mode?

    ReplyDelete
  16. ကိုနေမင်းမောင်ရေ ၇တော့၇တယ် ........ wireless က areaထဲမှာ ၇ှိတဲစက်တွေကို connect ဖြစ်လိုက် disconnect ဖြစ်လိုက် ဖြစ်နေတယ် ...ပြီးတော့ patch file ချိုးတော့ fail ဖြစ်နေပါတယ် internet ၇ဲ့အောက်က automatic(Pro feature) ဖြစ်နေပါတယ် ..ဘယ်လိုလုပ်၇မလဲ ကူညီပေးပါဦး

    ReplyDelete
  17. thank alot bro!!!!!!

    ReplyDelete
  18. ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားထက်ပိုလေးနက်တဲ့စကားရှိရင် ကျွန်တော်ပြောချင်ပါသေးတယ်ဗျာ...တကယ်ကိုကျေးဇူးတင်ပါတယ်ဗျာ...အစ်ကိုကျန်းမာချမ်းသာပြီး ရည်ရွယ်ချက်ပန်းတိုင်ကိုအရောက်လှမ်းလှမ်းနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာ..ခင်မင်လေးစားလျက်..joker..

    ReplyDelete
  19. ကျေးဇူးတင်တဲ့စကားကို စာနဲ့ရေးရမယ်ဆိုရင်တော့ လွန်းထားထားထက် စာရွက်တစ်မျက်နှာ သာလောက်ပါတယ်ဗျာ..

    ReplyDelete
  20. ကျေဇူ့တင်ပါတယ် ကိုနေမင်းမောင် အသက်ဆထာင်ကျော်ရှည်ပါစေဗျာ။

    ReplyDelete
  21. ကျေးဇူးတင်ပါတယ်

    ReplyDelete
  22. အကိုယ့် ကို ကျွန်တော်အရမ်းလေးစားတယ်ဗျာ ကျွန်တော်ဒီဆိုဒ်ကိုအမြဲလာနေတယ်ဗျ
    အသိပညာတွေလဲအများကြီးရတယ် ကျေးဇူးအရမ်းတင်တယ်ဗျာ နောက်ဆိုလဲဒီထက်မက တင်နိုင်ပါစေ ကျန်းမာချမ်းသာပါစေ

    ReplyDelete
  23. Wifi ကနေတဆင့် file sharing လုပ်တဲ့ software လို့ရေးရ၈င် ပိုပြီးတျိကမယ်တထင်တာပဲ။

    ReplyDelete
  24. shareလုပ်မဲ့ laptop မှာ Install လုပ်ရမှာဆိုတော့ ကျွန်တော်က Ipad2 နဲ့ သုံးချင်တာ။
    ဘယ်လို Install လုပ်ရမှာလဲအစ်ကို။ ဒါမှ မဟုတ် မူရင်း Laptop မှာပဲ Install လုပ်ရမှာလား။
    ကူညီပါအုံး အစ်ကို။
    ကျေးဇူးတင်ပါတယ်။

    ReplyDelete
  25. ကျေဇူးကမ္ဘာပါပဲဗျာ

    ReplyDelete
  26. ကျွန်တော် ယူသွားတယ်ကြိုးစားလိုက်အုံးမယ်ဗျာ
    အရမ်းကိုကျေးဇူးကြီးလှပါတယ်

    ReplyDelete
  27. ကျေးဇူတင်တယ်နော် အခုလိုလေ့လာခွင့်ရလို့ ကျေးဇူးတင်တယ်နော်ပြီတော့ ကူးယူတင်ပြခွင့်လည်းတောင်းခဲ့တယ်နော်
    မျှဝေပေးချင်တဲ့သဘော်ပါနော်...ပြီးတော့ အကိုတို့ လိုလည်းမတက်ကျွမ်းသေးလို့ ပါပျော်စရာကောင်းတဲ့နေလေးတွေပိုင်ဆိုင်နိုင်ပါစေဗျာ

    ReplyDelete
  28. ကျေးဇူး ပါ အကို

    ReplyDelete
  29. hotspot name နဲ. password မှာ ၇ိုက်ထည်.လို.မ၇ဖြစ်နေတယ် အစ်ကို .....

    ReplyDelete
  30. hotspot name နဲ. password မှာ ၇ိုက်ထည်.လို.မ၇ဖြစ်နေတယ် အစ်ကို .....

    ReplyDelete
  31. ကိုေ၇ ကျွန်တော့ ကွန်ပြူတာမှာ program ဖိုင်ရှာမတွေ့ လို ဘယ်လို လုပ်ရမလဲ ကျွန်တော် သုံးချင်လို့ ပါ...
    ဒီထင်မက ကွန်ပြူတာပညာကို မျှဝေနိုင်ပါစေလို့  ............

    ReplyDelete
  32. ကျေးဇူးပါအကိုရေ..စမ်းကြည့်ပါအုံးမယ်..

    ReplyDelete
  33. အရမ်းကျေးဇူးတင်ပါတယ်.....

    ReplyDelete
  34. အမြဲတမ်းကျန်းမာပါစေဗျာ..။

    ReplyDelete
  35. စမ်းသုံးကြည့်တာအရမ်းအဆင်ပြေပါတယ်။
    အရမ်းလည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။
    သိချင်တာလေးတွေရှိလို့ မေးခွင့်ပြုပါ
    Connectify ကိုသုံးပြီး WiFi လွှင့်ထားချိန်မှာ-----
    ၁) Laptop ရဲ့ Performance ကို ထိခိုက်နိုင်ပါသလား?
    ၂) လက်ရှိသုံးနေသော Internet Connection ရဲ့ မြန်နှုန်းကို ထိခိုက်နိုင်ပါသလား?
    ၃) Laptop ရဲ့ Wireless Device ကို ထိခိုက်နိုင်ပါသလား?

    ReplyDelete
  36. အရမ်းကျေးဇူးတင်ပါတယ်။ လေးစားပါတယ် ကိုနေမင်းမောင်

    ReplyDelete
  37. အကိုရေ ကျန်တော်ကမလေးမှာ Boardband နဲ maxis လိုင်းcardကိုသုံးပါတယ်..ကျွန်တော့်pc မှwifi ပြန်လွှင့်လို့ရလား

    ReplyDelete
  38. ကျေးဇူးပါပဲဗျာ ဆက်လက်ကြိုးစားနိုင်ပါစေ

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်