• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Wednesday, May 23, 2012

Driver ရှာရန် အခက်ခဲ့ ဖြစ်နေသူများအားလုံးအတွက်



ပထမဆုံးကျေးဇူးတင်ပါတယ် လို့ပြောပါရစေပါ ... အစ်ကို အစ်ကို တို့ ဒီထက်မက အောင်မြင်ပါစေ လို့ ဆန္ဒ ပြုလိုက်ပါတယ် အစ်ကိုတို့  ညီမသိတာ လေး တစ်ခုကို ပြောကြားပေးပါ အစ်ကို ... ညီတို့ရဲ့ ကွန်ပျူတာ က Drivers အကြောင်းပါ ...  Version အလိုက်မဟုတ်ဘဲ ဘယ်ကွန်ပျူတာ ဘာအမျိုးအစား အတွက် မဆို  အသုံးတည့်ပီး သိမ်းဆည်းလို့ ရတာ မျိုး ရှိပါလား အစ်ကို ... ရှိရင် ပေးပါလို့ တောင်းဆို ပါရစေပါ အစ်ကို ....ဒီထက်မှမဟုတ်ဘဲ သူရဲ့ Version အလိုက်ပဲသုံးလို့ရတယ်ဆို ရင်လည်း Drivers တွေ အတွက် ကျွန်တော်တို့လို လေ့လာ ခါစတွေ အတွက် ...နားလည်လွယ်အောင် ရှင်းပြပေးပါ အစ်ကို ....ကျေးဇူးတင်ပါတယ် ... ကွန်ပျူတာ Professional တစ်ယောက်ဖြစ်လာအောင် ဘာတွေကို လေ့လာ မှတ်သားပီး ဘယ်လို သင်တန်းမျိုးတွေ တက်သင့်တယ်ဆိုတာလေးကိုပါ နည်းညွန်ပေးပါနော် အစ်ကို ....ဒီထက်မက အောင်မြင်ပါစေ ....အစ်ကို ကျေးဇူးတင်ပါတယ် …

ဒီအောက်ဆုံးမှာ ခွေတစ်ခွေစာပေးထားပါတယ်။ ဒီခွေဟာ အင်တာနက် မရှိလည်း ဘယ်စက်အတွက် မဆို Driver ပါပီးသားပါ။ ဒီခွေကို ဆောင်ထားမယ် ဆိုရင် Driver ကို ပင်ပင်ပန်းပန်း ရှာစရာမလိုပါဘူး။

ကျွန်တော်တို့ တွေ စက်တလုံးဝယ်လာတာပဲ့ ဖြစ်ဖြစ် Laptop တလုံးဝယ်လာတာပဲ့ ဖြစ်ဖြစ် Driver ရှာရတဲ့ ဒုက္ခကို ခံစားဘူးကြမှာပါ။ တချို့က ကိုယ့်စက်မှာ ဘာ Driver version တွေ Series တွေ ဆိုတာကို မသိတော့ ရှာရခက်နေဘူးကြမှာပါ။ 2009 လောက်တုန်းက ဆိုရင် ဒီပြသနာက တော်တော်လေးကို ဂရက်ရိုက်ခဲ့သေးတယ်။ ဘာလို့လည်းဆိုတော့ နောက်ပေါ် Series တွေ က အသစ်တွေ ထွက် အရင်က ထွက်ခဲ့တဲ့ Series တွေ တွက် Driver တွေက Update မလုပ်ပေးနိုင်ကြ နောက်  Driver ခွေ ပျောက်တဲ့ လူက ပျောက်နဲ့ အမျိုးမျိုး ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာခဲ့ကြတယ်။ တချို့ က ပြေလည်သွားကြသလို တချို့ က အခုထိ မပြေလည်ပဲ့မှေးသုံးနေရတဲ့ သူတွေ ရှိသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ 2009 လောက်ကတည်းက ဖြစ်နေတဲ့  ပြသနာကို ဒီနေ့တော့ ကျွန်တော် ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီးပေါ်လာခဲ့ပါပြီ။ ဒီနည်းလမ်းတွေထဲကနေ မြန်မာတွေ အတွက် အဆင်ပြေမယ့် နည်းလမ်းကို ကျွန်တော် တို့ ရွေးရှာကြည့်တော့ အောက်က နည်းလမ်းလေးတွေကို သွားတွေ့မိတယ်။ ကဲ့ စာဖတ် ညီအကိုမောင်နှမတွေဆက်ဖတ်ပေးပါဦး။

ကျွန်တော် အခု အင်တာနက် မရှိတဲ့ သူတွေ Offline User တွေ နဲ့ အင်တာနက်  ကနေ အလွယ်တကူ ရှာနိုင်တဲ့ နည်းလမ်း နှစ်မျိုးကိုပဲ့  ရေးပါမယ်။

အင်တာနက် ရတဲ့ ညီအကိုမောင်နှမတွေကလည်း ဘာမှ မလိုဘူး နက်လေး ရှိနေတာပဲ့ ဒီလောက်တော့ ကိုယ့်ဘာသာ ရှာမှာပေါ့ လို့ ပြောမဲ့ညီအကိုတွေ မောင်နှမတွေ စာကို ဆုံးအောင် ဖတ်ကြည့်ပါ။ အလွယ်တကူ ရှာနိုင်တာ အပြင် ကိုယ်စက်မှာ Driver ဘာအမျိုးအစား သိစရာ မလိုပဲ့နဲ့ကို စက်ရဲ့ Driver နဲ့ ကိုက်ညီတဲ့  Driver တွေကို Auto  ရှာပြီး ဒေါင်းလုပ်လုပ်ပေးသွားမှာပါ။ ကဲ့ ဒီလောက်တောင် ကောင်းလိုက်တဲ့ နည်းလမ်းလေးက ဘာမို့လည်း ဘာ  Software လည်းကြည့်ရအောင်.... အထွေးအထူးတော့ မဟုတ်ပါဘူး။ Driver checker ပါ။ အသုံးပြုလွယ်သလောက် လိုအပ်တဲ့ Driver တွေကို မှန်မှန်ကန်ကန် ဒေါင်းလုပ်ချပေးနိုင်တဲ့ software တမျိုးပါပဲ့ အသုံးပြုပုံလေး တချက်ကြည့်ရအောင်...

ကျွန်တော်တို့ အရင်ဆုံး Driver Checker  ကို လိုအပ်ပါတယ်။ ဒီအောက်က လင့်ကနေ ဒေါင်းပါ။ ပြီးရင်တော့ ကျွန်တော်တို့ ရမ်း ရပါလိမ့်မယ်။ ရမ်းတဲ့ ချိန်မှာ serial key မတောင်းရင်လည်း အသုံးပြုတဲ့ အချိန်မှာ Key တောင်းပါလိမ့်မယ်။ ဒီထဲ့မှာ key ပါပြီးသားပါ။ ကြိုက်တဲ့ Key ကို အသုံးပြုနိုင်ပါတယ်။  Key လည်း ဖြည့်ပြီးပြီဆိုရင် အောက်က ပုံလေး လို ညာထောင်မှာ Register နေရာမှာ သော့ခလောက်လေးက သော့ခက်နေတဲ့ ပုံလေးကနေ ပွင့်တဲ့ ပုံလေး ဖြစ်နေပါလိမ့်မယ်။ ဒီချိန်မှာ ကျွန်တော်တိှု့ Start Scan ကို နိုပ်ပြီး လိုအပ်နေတဲ့ Driver တွေကို ရှာပါ။ သူဘာသာ ရှာသွားမှာပါ။

 


လိုအပ်နေတဲ့ Driver တွေကို အနီရောင်နဲ့ ပြမှာ ဖြစ်ပြီး ရှိပြီးသား တကယ်ကို ကိုက်ညီတဲ့ Driver Series တွေကိုတော့ အောက်ကလို အပြာရောင်လေးနဲ့ ပြနေမှာပါ။



လိုနေတဲ့ Driver ပုံစံလေးတွေကို အောက်က ပုံမှာ ကြည့်နိုင်ပါတယ်။ဒီလို လိုနေတဲ့ Driver တွေကို ကျွန်တော် အပြာရောင်နဲ့ လေးထောင်ကွက် ၀ိုင်းပြထားတဲ့ အထဲ့က အစိမ်းရောင် ပုံလေးကို နိုပ်ပြီး ဒေါင်းလုပ် install လုပ်ရပါလိမ့်မယ်။



ကျွန်တော်တို့ အစိမ်းရောင်ပုံလေးကို နိုပ်လိုက်ရင် အောက်က ပုံလို Download , Install , Close သုံးမျိုးတွေ့ပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို Driver တွေကိုပါ သိမ်းထားချင်တယ်ဆိုရင် Download ကို အရင်လုပ်ပါ  ။ ပြီးသွားလို့ ပြည့်ပြီ ဆိုမှ  install လုပ်ပေးလိုက်ပါ။ ဒါဆိုရင် window တင်ပြီးပြီးချင်း ဒီ Software လေး ရှိနေရင် အဆင်ပြေနေပါပြီ။ ဒါမှ မဟုတ် တခါ  လုပ်ပြီးသားဆိုရင် သူ ဒေါင်းလုပ်ထားတဲ့ Location ထဲ့မှာ ကိုက်ညီတဲ့ Software တွေကို ဒေါင်းလုပ် Folder ထဲ့ကနေ သွားယူပြီး တနေရာမှာ သိမ်းထားလိုက်ပါ။ Location ကတော့ ဒီနေရာမျိုးပါ။

C:\Program Files\Driver Checker\download


တကယ်လို့မှ ကျွန်တော်တို့က အစိမ်းပုံလေးကိုလည်း နိုပ်မနေချင်ဘူး အလုပ်ရူပ်တယ် တခုချင်းလိုက်လုပ်နေရတာ မျက်စိနောက်တယ်ဆိုရင် Next ကို ဆက်သွားလိုက်ပါ။  Download , အရင်လုပ် ပြီးမှ Install လုပ်ပေါ့။

ဒီလောက်ဆိုရင် Driver series တွေ သိစ၇ာမလိုတော့ဘူး။ အင်တာနက်ရနေရင် အလွယ်တကူ ရှာနိုင်ပြီပေါ့။


လင့်ပြင်ပေးထားပါတယ်။

Driver Checker Download ချရန်လင့်


OR


http://min.us/mlFX3fCgm

ဟုတ်ပါပြီ အင်တာနက် မရတဲ့ သူတွေ အတွက် ကျတော့ ဘယ်လို ဖြေရှင်းနိုင်မလည်း?။..

ဒီတွက်လည်း မပူပါနဲ့ အမေးရှိရင် အဖြေရှိတယ် မဟုတ်လား ၊ ဒီ အတွက် အင်တာနက် မရတဲ့ ညီအကိုမောင်နှမများတွက် သဘောထားကောင်းကောင်းနဲ့ အလကားမျှဝေနေတဲ့ Driver Pack Solution  ရှိပါတယ်။ အဲ့ဒီအဖွဲ့ အစည်းရဲ့ ဖြန့်ဝေမူကိုတော့ လေးစားမိပါတယ်ဗျာ။ သူကတော့ ဆိုဒ်ကြီးတယ်။ အမှန်ပြောရရင် 3 GB နီးပါး ရှိတယ်။ ဒါပေ့မယ် ဘာမှ ထွေထွေထူးထူးလုပ်နေစရာမလိုဘူး။ သူကို ဒေါင်းပြီးတာနဲ့ ခွေရိုက်လိုက်ရုံပဲ့ ပြီး ရင် လိုအပ်တဲ့ Driver တွေကို သူ့ဘာသာ Auto ရမ်းပေးသွားတယ်။ ဘယ်စက်အတွက် ဘယ် Driver အတွက် မဆိုအကုန်ရပါတယ်။။ နောက်ပိုင်းထွက် စက်တွေ အထိပါ ရပါတယ်။ ပြီးတော့ ဘာဝင်းဒိုးပဲ့ ဖြစ်ဖြစ် အကုန် အဆင်ပြေပါတယ်။လိုချင်ရင် အောက်မှာ ယူလိုက်ပါ။


driver solution pack download Links

လင့်ပြင်ပေးပီး

မူရင်းဆိုဒ်

http://drp.su/   

or Torrent download links ( new)

OR


OR


http://www.mediafire.com/?lq1oo6f1yyl0m 

(new Update Links )

OR

Ifile Links

New Update Links

NEW Update Links တွေမှာ အသစ်တင်နေဆဲ့မို့ မကြာခင်မှာ အကုန် အပိုင်းလိုက် အစုံရပါလိမ့်မယ်။ အခုတော့ တလင့်မှာ ၅ ပိုင်းဆီလောက်ရှိနေပါပီ။ တကယ်တန်းတော့ အပိုင်း ၃၃ ပိုင်းရှိပါလိမ့်မယ်။

 




သန့်ဇင်ဌေး

17 comments:

  1. ကျေးဇူးဘဲ အကို နောက်တစ်ခေါက် ကျရင် avira antivirus လိုင်စင်ကီးလေးတင်ပေးပါအုံ ၂၀၁၂ အတွက်

    ReplyDelete
  2. ကျေးဇူးဘဲ အကို နောက်တစ်ခေါက် ကျရင် avira antivirus လိုင်စင်ကီးလေးတင်ပေးပါအုံ ၂၀၁၂ အတွက်

    ReplyDelete
  3. အစ်ကိုဘယ်လိုဒေါင်းရလဲမလုပ်တက်ဘူးဗျာ Medafire က ဒေါင်းလို့မရဘူး
    http://www.multiupload.com/3UOMCI4F3U အဲ့ကနေလဲဘယ်လိုဒေါင်းရမလဲအစ်ကိုရှင်းပြပါအုံးမလုပ်တက်လို့ပါအစ်ကို

    ReplyDelete
  4. အကိုလုပ်ပါအုံး ဒေါင်းရတာနည်းနည်းလောက်ခက်ခဲနေတယ်အကို

    ReplyDelete
  5. ဒေါင်းလို့ မရလို့  .နည်းလမ်းလေးပြောပါဦး .အကိုလ

    ReplyDelete
  6. အကိုကျွန်တော် iphone Unlocker pro လေးလိုချင်လို့ပါကူညီပါအုံး

    ReplyDelete
  7. အကိုကျွန်တော် iphone ios 5.1.1 ပါ jailbreak လို့တာအဆင်မပြေလို့ပါ ကျွန်တော်က jailbreak မလို့တတ်လို့လားမသိဘူး ကူညီပါအုံး.........ကျေးဇူးတင်ပါတယ်

    ReplyDelete
  8. Driver pack solution အတွက်ကျေးဇူးပါ ကိုသန့်ဇင်ဋ္ဌေးရေ။ ကျွန်တော်က မကြာခင် မြန်မာပြည်ကို အပြီးပြန်တော့မှာဆိုတော့ driver အတွက် online ကိုအားကိုးလို့မရတော့ပါဘူး။ ခုဒေါင်းထားတာလေးကိုပဲ အသုံးချရတော့မယ်ခင်ဗျ။
    အခုလို ကိုယ်ပိုင်အချိန်ထဲကဖဲ့ပြီး ပညာဗဟုသုတတွေ ဖြန့်ဝေပေးနေတာ အင်မတန်လေးစားမိပါတယ်။

    ReplyDelete
  9. အကို နေမင်းအောင်ရေ ကျွန်တော်ကြိုက်လို့ ဆွဲလိုက်ပြီနော်..ကျေးဇူးအများကြီးတင်ပါတယ်..သူငယ်ချင်းတွေကိုလဲ ဒီလင့်လေးကို မျှဝေပေးပါ့မယ်...

    ReplyDelete
  10. ကိုသန့်ဇင်ဌေး
    http://www.mediafire.com/?k801sdwa2hvze
    ကဒေါင်းတာ အကုန်အဆင်ပြေပါတယ်
    part 13 က ဒေါင်းမရဖြစ်နေတယ်
    ကျွန်တော်ရဲ့ အားနည်းချက်လားတော့မသိဘူး တကယ်လို့ အားခဲ့မယ်ဆိုရင်
    တစ်ချက်လောက် ကြည့်ပေးပါအုံးနော်
    တကယ့်ကို ကျေးဇူးတင်ပါတယ်

    ReplyDelete
  11. ကျေးဇူးပါအစ်ကို

    ReplyDelete
  12. ကျေးဇူးပါအစ်ကို

    ReplyDelete
  13. driver chacker သုံးတာ အစ်ကို.....အင်တာနက်လိုင်းလဲ ရှီတယ်..... ဒါပေမယ့် network adapter driver က မသိဘူး ...... အဲဒါ ဘယ်လို လုပ်ရမလဲ အစ်ကို...... အဲဒါလေး ပြောပေးပါလား အစ်ကို........

    ReplyDelete
  14. ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ..... တကယ့်ကို လေးစားမိပါတယ်ဗျာ..

    ReplyDelete
  15. ပင်ပန်းခံပြီး ရှာထားပေးတဲ့ အတွက် ကျေးဇူး ပါ....

    ReplyDelete
  16. ကျွန်တော်ဆွဲလိုက်တာ တစ်လ ပြည့်မှပဲပြီးတော့တယ်ဗျာ...ဒေါင်းလို့တော့ ပြီးသွားပါပြီ ...ပြန်ဖြည်တော့ အဆင်မပြေဘူးဗျာ....အားတော့နာပါတယ်....ဖိုင်ဖြည်နည်းလေး...ကျေးဇုးပြု့ပြီး ပြောပြစေလိုပါတယ်...
    တစ်လ လုံးလုံး အိပ်ရေးပျက်ခံပြီး ကြိုးစားပြီးဒေါင်းထားတာလေး....ပြန်ဖြည်တော့ အဆင်မပြေဖြစ်တော့
    အမောစို့သွားတာပါပဲဗျာ...နည်းလေးရှိရင်ပြောပြပေးစေလိုပါတယ်ခင်ဗျာ....။လေးစားစွာဖြင့်....။

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်