• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Friday, May 18, 2012

ISO ဖိုင်အား DVD Burn ၍ install လုပ်ဆောင်ခြင်း။



ကျွန်တော်က Magic ISO သုံးနေကျ ဖြစ်နေလို့ ပထမဆုံး အနေနဲ့ Magic ISO နဲ့ iso burn တဲ့ နည်းလမ်းကိုစပြီး မိတ်ဆက်ပေးပါ့မယ်။

( ၁ ) အရင်ဆုံး Magic ISO ကို install လုပ်ဆောင်ပါ။ Register လုပ်ပြီးသွားပြီး ဘာညာဆို ကျွန်တော်တို့ Download ချလို့ ပြီးခဲ့တဲ့ iso ဖိုင်ကို double-click ပေးလိုက်ပါ။ ဒါဆို အောက်ကပုံ box တက်လာပါလိမ့်မယ်။ ဘာမှ မလုပ်ခင် ကျွန်တော် အပြာရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာကို တစ်ချက်ကြည့်ပေးပါ။ ပုံမှာမြင်ရတဲ့ ကျွန်တော်တို့ရဲ့ iso image က 4785 MB ဖြစ်နေလို့ ကျွန်တော်တို့ သာမာန်သုံးနေကျ 4.7GB DVD ခွေတွေနဲ့ Burn လို့ မရပါဘူး။ တကယ်လို့ Burn ခဲ့ရင်လည်း disk space မလောက်ဘူး ဆိုပြီး ပြပါလိမ့်မယ်။ ဒါကြောင့် DVD ခွေ ဝယ်တဲ့ အခါမှ 4.7GB ထက် size များတဲ့ DVD ခွေ ကျွန်တော်တို့မှာ ရှိနေဖို့ လိုပါတယ်။ အားလုံး အဆင်ပြေပြီ ဆိုရင်တော့ ကျွန်တော် အနီရောင်နဲ့ ဝိုင်းပြထားတဲ့ Non-Bootable ရဲ့ အပေါ်က Burn CD/DVD with iso ဆိုတာကို ကလစ်ပေးလိုက်ပါ။





( ၂ ) အောက်ကလို Box တက်လာပါလိမ့်မယ်။ အနီနဲ့ ကျွန်တော် ဝိုင်းပြထားတဲ့ နေရာတွေကို ဂရုစိုက်ကြည့်ပေးပါ။ Choose your CD-R/RW ဆိုတဲ့ ဟာရဲ့ ဘေးက နေရာမှာ မိမိရဲ့ DVD writer ကို ရွေးပေးပြီး ၊ CD Image File နေရာမှာ ကျွန်တော်တို့ ဒေါင်းလုပ်ချထားတဲ့ Mathworks Matlab R2009b.iso ဖိုင်ရှိတဲ့ နေရာကို ရွေးပေးပါ။ CD-R/RW Write Speed နေရာမှာတော့ အနည်းဆုံး Speed ကို ဖြစ်နိုင်ရင်ရွေးပေးပါ။ အချိန်နဲနဲ ပိုကြာပေမယ့် safe ဖြစ်ပါတယ်။ ဘယ်တော့မှ Write Speed ကို Maximum နဲ့ မရိုက်ပါနဲ့။ ဖြစ်နိုင်ရင် အနည်းဆုံး Speed နဲ့ပဲ ရိုက်ပေးပါ။ Error နည်းအောင်လို့ပါ။ အနီနဲ့ ဝိုင်းပြထားတာတွေ အားလုံး စစ်ဆေးပြီးပြီ ဆိုရင်တော့ ကျွန်တော် အပြာနဲ့ ဝိုင်းပြထားတဲ့ Burn it. ကို click ပေးပြီး Burn နိုင်ပါပြီ။


ISO ဖိုင်ကို အခွေဆီ Burn ဖို့က ဒီ တစ်နည်းတည်း မဟုတ်ပါဘူး။ Free ပေးထားတဲ့ ISO Burner တွေ နောက်ထပ် ကျန်ပါသေးတယ်။ သူတို့တွေထဲကမှ နောက်ထပ် သုံးလို့ အဆင်လည်းပြေ အလကားလည်းရ လုပ်ဆောင်ရလည်း လွယ်ကူတဲ့ နောက် Burner ( ၃ ) မျိုးနဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။ သူတို့တွေကတော့ -

( ၁ ) InfraRecorder – သူကတော့ ISO Burn တဲ့နေရာမှာ တော်တော်လေး သုံးလို့ ကောင်းပါတယ်။ သူ့မှာပါတဲ့ လုပ်ဆောင်နည်းတွေကလည်း အသုံးပြုသူ တစ်ယောက်ကို ဘယ်ကနေ စရမယ် ဆိုတာ အလွယ်တကူနဲ့ မြင်သာစေအောင် ရိုးရိုးရှင်းရှင်းလေး လမ်းညွှန်ထားပါတယ်။ ကိုယ်ရိုက်ချင်တဲ့ အခွေကို Drive ထဲပစ်ထည့်ပြီး InfraRecorder ထဲကနေ Image ရှိတဲ့ နေရာကို ရွေးပေး ၊ Speed သတ်မှတ် ၊ နောက်ပြီး အခွေထည့် Burn ခိုင်း လိုက်ယုံပါပဲ။ အပေါ်က Magic ISO မှာ ပြခဲ့တဲ့ နမူနာကို နားလည်ရင် ဒီ InfraRecorder ကို သုံးတဲ့ အခါ ဘယ်လိုလုပ်ဆောင်ရမယ် ဆိုတာ အလွယ်တကူ သဘောပေါက်ပါလိမ့်မယ်။ တကယ်လို့ အခက်အခဲ ရှိနေတယ် ဆိုရင်တော့ ဒီအောက်မှာ ဖော်ပြထားတဲ့ နေရာတွေကနေ သွားရောက် လေ့လာနိုင်ပါသေးတယ်။


* InfraRecorder လုပ်ဆောင်နည်း အဆင့်ဆင့် - http://infrarecorder.org/?page_id=4
* InfraRecorder Download ရယူရန် - http://infrarecorder.org/?page_id=5


( ၂ ) ImgBurn – ImgBurn - သူကတော့ နာမည်ကို ဖတ်လိုက်ယုံနဲ့ ကျွန်တော်တို့ ဘာလုပ်လို့ ရနိုင်မယ် ဆိုတာ သိသာစေပါတယ်။ သူကလည်း အသုံးပြုရ လွယ်ကူအောင် ဖန်တီးထားတဲ့ Burner တစ်ခုပါ။ အပေါ်တွေမှာ ပြောခဲ့တဲ့ အတိုင်း အခွေထည့်ပြီး Burn လိုက်ယုံပါပဲ။ တစ်ခြား နောက်ထပ် အသုံးဝင်တဲ့ features တွေလည်း အများကြီး ပါဝင်ပါသေးတယ်။ ImageBurn နဲ့ အခက်အခဲ တစ်စုံတစ်ရာ ဖြစ်ခဲ့သည် ရှိသော် လေ့လာနိုင်မယ့် နေရာတွေ ဖော်ပြလိုက်ပါတယ်။



* ImgBurn ရဲ့ လုပ်ဆောင်ချက်များ အား လေ့လာရန် - http://www.imgburn.com/index.php?act=screenshots
* ImgBurn Download ရယူရန် - http://www.imgburn.com/index.php?act=download


( ၃ ) ISO Burner – ဒီ ကျွန်တော် ဖော်ပြခဲ့တဲ့ Burner ( ၃ ) ခုလုံးက အသုံးပြုပုံချင်း တစ်ခုနဲ့ တစ်ခု သိပ်မကွာ ခြားလှပါဘူး။ Magic ISO အသုံးပြုပုံနဲ့ လည်း အတော်လေးဆင်ပါတယ်။ အဲ့တာကြောင့် ကျွန်တော် အသေးစိတ် မဖော်ပြတော့ပဲ လမ်းညွှန် links တွေနဲ့ ဖော်ပြလိုက်တာပါ။ ISO burner ဆိုတာလည်း အသုံးပြုရလွယ်တဲ့ Burner ပါပဲ။ ရွေးချယ်စရာတွေ များနေပြီ။ ကျွန်တော်တို့ ဘာရွေးကြမလဲ .. ဟုတ်ကဲ့ ကျွန်တော်ကတော့ ImgBurn ကို အားလုံးထဲမှာ ပိုသဘောကျပါတယ်။ ဘာကြောင့်လည်းဆို သူက ISOs တစ်ခုတည်း တင်မက တစ်ခြား ကျွန်တော်တို့ အလိုရှိရာ မှန်သမျှကိုလည်း အလွယ်တကူ Burn နိုင်အောင် စီစဉ်ပေးထားလို့ပါ။



* ISO Burner အသုံးပြုနည်းနှင့် Download ရယူရန် - http://www.ntfs.com/iso_burner_free.htm



ISO maker and Burners Full Version တွေ ဒေါင်းလုပ်ချရန် ….


အရင်က ISO အကြောင်းကို ဒီနေရာမှာ တစ်ခါရေးဖူးပါတယ်။ သွားပြီး ဖတ်ကြည့်ပေးပါ.။
အားလုံးအဆင်ပြေပါစေ...
သန့်ဇင်ဌေး။

3 comments:

  1. ကျေးဇူးပဲအကိုရေ...မနက်ဖန်ခွေဝယ်ပြီးစမ်းလိုက်အုံးမယ် ..အသိပညာတစ်ခုတိုးပေးတဲ့အတွက်ကျေးဇူးပါ
    ပြီးတော့အင်တာနက်ဒေါင်းလုပ်တာမသုံးတတ်သေးပါဘူးခင်ဗျ ..စမ်းကြည့်လိုက်ပါအုံးမယ် ..မရရင်နည်းနည်းမေးမယ်နော် ...

    ReplyDelete
  2. အကို ရေ အခုလို လေ့လာရတာ တအားကောင်းပါတယ်ဗျ...ဒါပေမယ့် ဒီစာတွေကို ဒေါင်းလို့ ရမယ့်လင့်လေးပါ ထည့် ပေးရင် ပို တောင်ကောင်းမှာ ပါ...ကျေးဇူးတင်ပါတယ်....

    ReplyDelete
  3. ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ---။

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်