• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Saturday, November 12, 2011

Windows Password ကို အလွယ်ကူဆုံး ကျော်ရအောင်


ဒါကတော့ ကျွန်တော်တို့  Windows မှာပေးထားတဲ့ Administrator Password  တွေကို အလွယ်တကူနဲ့ Reset လုပ်ပေးနိုင်မဲ့ နည်းလမ်းလေးပါ .. အရမ်းကိုလွယ်ပါကူပါတယ် .. အဆင့်သုံးဆင့် ရွေးပေးလိုက်ယုံပါပဲ .. ကျွန်တော့်ကို အကိုတစ်ယောက် မေးလ်ထဲကနေ မေးထားဖူးပါတယ် .. ကျွန်တော်လည်း အဲ့ဒီတုန်းက ချက်ချင်းပြန်မဖြေ ဖြစ်လိုက်ဘူး .. ကျွန်တော် စမ်းသပ်ပြီးသမျှ Window Password ကို Reset လုပ်တဲ့ နည်းတွေထဲမှာ အခုနည်းလမ်းက အလွယ်ကူဆုံးပါပဲ .. ဒီကောင်လေးက Windows Version တော်တော်များများကို အလုပ်လုပ်ပါတယ် .. အရင်ဆုံး ကျွန်တော်တင်ပေးထားတဲ့ ISO File လေးကို CD ခွေနဲ့ Burn လိုက်ပါ .. ပြီးရင် ပုံမှန် Windows တင်သလို Boot တက်ပေးလိုက် ယုံပါပဲ ..ကျွန်တော် အဆင်ပြေအောင် ဘယ်လိုလုပ်ရမယ် ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ် ..

အရင်ဆုံး အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ် .. ဘာမှမလုပ်ပါနဲ့ .. စောင့်ကြည့်နေလိုက်ပါ ..





အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့  User Name ကိုရွေးပေးရမှာ ဖြစ်ပါတယ် .. မိမိတို့ရဲ့ ကွန်ပျူတာကို ပေးထားတဲ့ နာမည် ဖြစ်ပါတယ် ..  ကျွန်တော် ကွန်ပျူတာကို NayMinMaung လို့ပေးထားတဲ့ အတွက်  1..3 or 0 ရွေးခိုင်းတဲ့ အခါမှာ 3 ဆိုတာကိုရွေးပေးလိုက်ပါတယ် ..ဘာလို့လည်းဆိုတာ ကျွန်တော့် စက်ရဲ့ Username  က နံပါတ် 3 မှာရှိနေလို့ပါ .. 2 မှာရှိရင် 2 ကိုနှိပ်ပေးယုံပါပဲ .. ပြီးရင် ခဏစောင့်ပေးလိုက်ပါ ..


ဒီအောက်ကအဆင့် အတိုင်းထပ်ပေါ်လာပါလိမ့်မယ် .. သူက Password ကို Reset လုပ်မှာလားလို့ မေးပါလိမ့်မယ် .. ကျွန်တော်တို့က Password ကို Reset လုပ်ပေးချင်တာ ဖြစ်တဲ့အတွက် Y ( Yes ) ကိုနှိပ်လိုက်ပါ .. Y လို့နှိပ်လိုက်ပြီး ခဏစောင့်နေလိုက်ပါ ။။

နောက်တစ်ဆင့် အနေနဲ့ သူက နောက်ထပ်အကောင့်တစ်ခုကို  Password Reset လုပ်ချင်သေးလားလို့ မေးပါလိမ့်မယ် .. ကျွန်တော်တို့ လုပ်ချင်တဲ့ Windows အကောင့် Password က Reset ဖြစ်သွားပြီ ဖြစ်တဲ့အတွက် N ( No ) လို့ ရိုက်ပြီး ခဏစောင့်ပေးလိုက်ပါ ..


အပေါ်ကအဆင့်အတိုင်း လုပ်ပြီးသွားပြီ ဆိုရင်တော့ စက်ကို Restart ချဖို့  Key  တစ်ခုခုကို နှိပ်ပေးပါဆိုပြီး ပြောပါလိမ့်မယ် .. မိမိတို့ စိတ်ကြိုက် Key တစ်ခုကို နှိပ်ပေးလိုက်ပါ .. Windows ပြန်တက်လာတဲ့ အချိန်ကြရင်တော့  မိမိတို့ ကွန်ပျူတာမှာ ခံထားတဲ့ Asministrator Password ပျက်သွားတာကို တွေ့ရပါလိမ့်မယ် ..


ALL Windows Password Remover  ISO File လေးကိုတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချ သွားလိုက်ပါ .. 





အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

14 comments:

  1. အကိုရေ..မိုက်တယ်ဗျာ....ကျနော်သုံးခဲ့ ဖူးတဲ့ software တွေထက်...ပိုမြန်တယ်...ဖိုင်ဆိုဒ်ကလည်း
    သေးတယ်...အားလုံးအဆင်ပြေတယ်....ကျန်းမာ..ပျော်၇ွှင်ပါစေ...

    ReplyDelete
  2. သျှမ်းသျှမ်းDecember 1, 2011 at 9:59 PM

    ကျေးဖူး ကမ္ဘာ ပဲဗျာ........တစ်ခုလောက်မေးချင်လို့ပါ
    .သူ့ကို USB နဲ့ ဘမ်း ရင် ရမလား ဗျ။ကျနော့် အတွက် က
    USB နဲ့ ပို အဆင်ပြေလို့ ပါ ခင်ဗျာ.............
    ဖြစ်နိုင်ရင် ကျနော် USB နဲ့ လိုချင်ပါတယ် အစ်ကို ရေ.......

    ReplyDelete
  3. ကူးယူသွားပါပြီ---
    ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ----။

    ReplyDelete
  4. အစ်ကို
    ကျွန်တော်လုပ်တာ အဆင်မပြေဘူးဗျာ ဘယ်လိုဖြစ်တာလဲမသိဘူး..logoff ဖြစ်ပြီးတော့ ပျောက်မသွားဘူးဗျာ
    အစ်ကို ကူညီပါဦး..

    ReplyDelete
  5. အကိုရေဒေါင်းလို့မရဘူးဗျ ဘယ်လိုဖြစ်လို့လဲမသိဘူး

    ReplyDelete
  6. ဟုတ်ကဲ့အကို .. လင့်နှစ်ခုလုံး အလုပ်လုပ်ပါတယ် .. ပြန်ကြိုးစားကြည့်ပေးပါအုံးခင်ဗျာ ..

    ReplyDelete
  7. ကျေးဇူးတင်ပါတယ်အကိုရေ ယူသွားပြီး။ ကျမ်းမာပါစေဗျာ

    ReplyDelete
  8. ကျေးဇူးတင်ပါတယ်အကိုရေ ယူသွားပြီး။ ကျမ်းမာပါစေဗျာ

    ReplyDelete
  9. အစ်ကို နေမင်းမောင် .....ကျွန်တော်စက်က windows 7 64 bit ပါ...boot တက်လိုက်ရင် အစ်ကိုပြောတဲ့ ပထမအဆင့်တွေရတယ်...ပြီးရင် user password တွေကျမလာပဲ....error ဆိုပြီ blue screen ပဲကျလာတယ်...ဒီကောင်လေးက 64 bit မှာ ရ ၊ မရ သိချင်ပါတယ်...64 bit အတွက် ရှိရင်လဲ တင်ပေးပါအုံး...ကျေးဇူးအထူးတင်ပါတယ်အစ်ကို...ကျွန်တော် စက်က ဘယ်လို့မှ password ဖွင့်မရတော့လို့ပါ...ဖြစ်တာက password ကို zawgyi နဲ့ပေးထားတယ်..ကျွန်တော်စက် က zawgyi ကို keybord က ချိန်းလို့မရဘူး...language bar က ပြောင်းမှရတယ်...တက်ကယ်ကို အခတ်အခဲတွေ့နေပါတယ် ...ကူညီပါနော်...ကျွန်တော်ဆီကိုဖြစ်နိုင်ရင် mail ပို့ပေးပါ..kyaw.soe.ppw@gmail.com ပါ

    ReplyDelete
  10. သူရိန်June 16, 2012 at 9:45 PM

    ဒေါင်းသွားပီအစ်ကို ကျေးဇူးအရမ်းတင်ပါတယ် အစ်ကို့ရဲ့ site ကိုနေ့တိုင်းကြည့်ဖြစ်ပါတယ်
    ကျမ္မာပါစေအစ်ကို

    ReplyDelete
  11. အကို ရေ..ကျေးဇူးပါ

    ReplyDelete
  12. အကိုကျေးဇူးပါခဗျာဒါပေမဲ့ ကျွန်တော့စက်က 32bit ပါအပေါ်ကအကိုပြောထားသလိုအယ်ဒါဖြစ်နေတယ်ကျေးဇူးတင်ပါတယ်ကျွန်တော့မေးလေးထဲကိုပို့ပြီရှင်ပြပေးစေချင်ပါတယ် kungpoint.2015@gmail.com ပါအကို ကျေးဇူးအထူးတင်ကြောင်ပါ

    ReplyDelete
  13. ကိုနေမင်းမောင်ရေ
    လင်.သေနေပြီးဗျအကိုအားရင်ပြန်တင်ပေးပါလားဗျာ...
    ကျေးဇုးပါဗျာ...

    ReplyDelete
  14. window တင်ဖို့အတွက် Boot ရွေးမယ့်နေရာကိုသွားချင်တာ password ခံထားတဲ့စက်တွေဆိုရင်ကော ရမလား။။။။

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်