• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Tuesday, February 7, 2012

(Untouched ) Copy လား ?? ( Touched ) Copy လား ??

ဒီအကြောင်းက ရေးဖို့ စီစဉ်ခဲ့တာ လေး - ငါးလလောက် ကြာပြီလို့တောင် ပြောရမယ် ထင်တယ် - ရေးချင်တယ် ဆိုပေမယ့် စာရေးဖို့ဘက်ကို လှည့်မယ်ကြံလိုက် တစ်ခြားဘက် ရောက်လိုက်နဲ့ လူက စာရေးတဲ့ဘက်ကို မလှည့်ဖြစ်ခဲ့ဘူး - ကျွန်တော်က အလွန်မှကို ပျင်းတတ်တဲ့ ကောင်ခင်ဗျ  Profile မှာ လာမေးထားတာ ဖတ်ရင်း ရေးဖို့ ကျန်နေပါသေးလား ဆိုတာ သတိရပြီး ပြန်ရေးဖို့ စီစဉ်ဖြစ်ခဲ့ပါတယ် -

ရေးသာရေးရမယ် မချယ်ရီမင်း မေးချင်တာ ဒီအကြောင်း ဟုတ်ပါ့မလားတောင် မပြောတတ်ဘူး - ကျွန်တော်လည်း ကျွန်တော်သိထားတာ သူသိချင်တာနဲ့ ကိုက်လောက်မယ်ထင်ပြီး တစ်ခြား မသိသေးသူတွေလည်း သိရအောင် ဒီမှာပဲ Thread အသစ်ဖွင့်ပြီး ရေးလိုက်ပါပြီ - မချယ်ရီမင်းရေ မဟုတ်ရင်တော့လည်း သည်းခံပါခင်ဗျ -


အကြောင်းစရမယ် ဆိုရင်တော့ ဒီလိုပါ -

ကျွန်တော် ဟိုတစ်လောက အင်တာနက်မှာ Software တွေဘယ်လိုရှာရမယ် - ဘယ်ဆိုဒ်တွေ ကောင်းတယ် - ဘယ်လို Download လုပ်ရမယ်ဆိုတာကို အင်တာနက်အတွင်း Software ရှာဖွေခြင်း ဆိုပြီး ရေးခဲ့တာ ရှိတယ် - Software တွေဘယ်လိုရှာရမယ် - ဘယ်လို Download လုပ်ရမယ်ဆိုတာကို ကျွန်တော်တို့ သိခဲ့ပြီပဲထား - file တစ်ခု ( Software တစ်ခုခု ) ကို အင်တာနက်ကနေ Download ချလိုက်ပြီး ကိုယ့်စက်ထဲ ရောက်တဲ့ အချိန်မှာ လုံးဝကို ခြောက်ပစ်ကင်းသဲလည်းစင်ပါလို့ ကျိန်းသေ ယတိပြတ် ပြောနိုင်ပါ့မလား ?? ဘာ Malware မှ မပါဘူး ဆိုတာရော သေချာပါ့မလား ?? ရှိသမျှ Antivirus နဲ့ စစ်ပြီး Clean လို့ ပြရင်တောင် နဂို မူရင်း ကုမ္ပဏီတွေကနေ ထုတ်လိုက်တဲ့ မူရင်း Software တွေအတိုင်း ဘယ်သူတစ်ဦးတစ်ယောက်ကမှ ပြင်ဆင်ထားတာမျိုး မရှိပဲ Original ဖြစ်နေပါ့မယ်လို့ အာမခံနိုင်ပါ့မလား ??

အဖြေက တစ်ခုတည်း ရှိပါတယ် - "No" ပါ -

ဘာလို့ ဒီအကြောင်းကို အစပျိုးရသလဲ ဆိုရင် - တစ်ချို့ တစ်ချို့သော Hackers တွေ - Crackers တွေက Users တွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး အမြဲသုံးနေကျ Windows ခွေတွေ - Software တွေကို ဘာတွေ ညာတွေပြင်ဆင် ထားပါတယ်ဆိုတဲ့ အမြင်ဆန်းဆန်းလေးတွေ လုပ်ပြ - မူရင်း Windows ခပ်ညစ်ညစ် ( Windows XP, Vista, 7 Free / Already Activated / Fully Activated / 100% Working / Pre Activated / Already Cracked ဆိုတဲ့ စကားလုံးတွေနဲ့ သုံးချင်လာအောင် ဆွဲဆောင်ခေါ်ယူတတ်ကြပါတယ် - ဒါကို အင်တာနက်နဲ့ အပါးမဝသေးသူ - Computer နဲ့ မယဉ်ပါးသေးသူ - အမြင်ဆန်းရင် ငမ်းငမ်းတက် မက်မောသူတွေ အကြောက်အလန့်မရှိ Download လုပ်တတ်ကြပါတယ် - အဲလိုနဲ့ ဥပမာပြောရရင် - Windows ခွေ ဆိုကြပါစို့ - ကိုယ် Download ချလိုက်တဲ့ Windows ခွေဟာ ဒေါင်းလုပ်ချပြီး အခွေရိုက်စဉ်တုန်းကတော့ ဘာပြဿနာမှ မပေးပေမယ့် Fresh Windows ကိုယ့်စက်မှာ ပြန်တင်တဲ့ အချိန်မှာ Hacker ကထည့်သွင်းပေးလိုက်တဲ့ Malware တစ်မျိုးမျိုးက Windows နဲ့အတူ ကိုယ့်စက်ထဲမှာ တစ်ခါတည်း Installed လုပ်မိလျက်သား ဖြစ်သွား တတ်ပါတယ် - ဒီလို ပြောလိုက်လို့ Hackers တိုင်း - Crackers တိုင်းက မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး - လောကမှာ ကောင်းတာလုပ်ရင် ကောင်းတဲ့လူ ဖြစ်သလို မကောင်းတာလုပ်ရင်တော့ မကောင်းတဲ့လူ ဖြစ်ပါတယ် -

အားလုံးထဲမှာ ဘယ်ဟာက ကောင်းတယ် ဘယ်ဟာက မကောင်းဘူးဆိုတာ ခွဲခြားရခက်တာမို့လို့ ကျွန်တော်တို့တွေ ကွန်ပြူတာ - အင်တာနက်နဲ့ ပတ်သတ်ပြီး အသုံးချတော့မယ်ဆိုရင် နောက်ထပ် မဖြစ်မနေ သိထားသင့်တာ တစ်ခု တိုးလာပါတယ် - အဲတာကတော့ -

  • ကိုယ့်စက်ထဲမှာ Install လုပ်မယ့် Windows / Software ဟာ Original Version လား
  • ( Untouched ) Copy လား -
  • ( Touched ) Copy လား -



ဒါမျိုးတွေ ခွဲခြားသိဖို့ လိုလာပါတယ် -

Windows / Software ဟာ Original Version လား ??

ဒါကတော့ ရှင်းပါတယ် - ဥပမာ - Windows 7 ဆိုကြပါစို့ - အင်တာနက်ထဲမှာ ပလူပျံနေအောင် တင်ပေးထားကြတဲ့ Windows 7 ဆိုတဲ့ ဖိုင်တွေ မသုံးပဲ သူ့ မူရင်း Microsoft ကနေ တိုက်ရိုက် ဝယ်ယူပြီး ရလာတဲ့ Windows မျိုးဖြစ်စေ - ဆိုင်တွေကနေ Original CD ကို ဝယ်သုံးတာမျိုး ဖြစ်စေ - ရလာတဲ့ Windows မျိုးက Original Version လို့ ဆိုလို့ရပါတယ် - Software ဆိုလည်း ထိုနည်းလည်းကောင်း Microsoft Office 2010 ဆိုရင် မူရင်း Microsoft ကနေ တိုက်ရိုက် ဝယ်ယူပြီး ရလာတဲ့ Office 2010 ဖြစ်စေ - ဆိုင်တွေကနေ Original CD ကို ဝယ်သုံးတာမျိုး ဖြစ်စေ - ရလာတဲ့ Office 2010 မျိုးက Original Version လို့ ဆိုနိုင်ပါတယ်။

( Untouched ) Copy လား ??

Operating system ကို ဖြစ်စေ - Software ကိုဖြစ်စေ - Copy ကူးပြီး မျှဝေတဲ့နေရာမှာ ( Untouched ) Copy နဲ့ ( Touched ) Copy ဆိုပြီး နှစ်မျိုးထပ်ကွဲပါတယ် - ( Untouched ) Copy ဆိုတာဟာ နဂိုမူရင်း Original Version အတိုင်း ဝေမျှသူက ဘာတစ်ခုမှ ပြင်ဆင်ထားခြင်းမရှိ တစ်ခြားသူ တစ်ယောက်အတွက် OS / Apps ကို Copy ပွားပြီး ဝေမျှတာကို ( Untouched ) Copy အဖြစ် ဝေမျှတယ်လို့ ခေါ်ပါတယ် - ( Untouched ) Copy တွေရဲ့ အားသာချက်ဟာ နဂိုမူရင်း Original Version အတိုင်း တစ်သွေမတိမ်း တူတာမို့လို့ ကော်ပီကူးထားတဲ့ သူ့ Operating system မှာဖြစ်ဖြစ် / Software မှာဖြစ်ဖြစ် မလိုလားအပ်တဲ့ Malware တွေ မပါဖို့က ၁၀၀% သေချာပါတယ် -

( Touched ) Copy လား ??

( Touched ) Copy ဆိုတဲ့ စကားလုံးနဲ့တင် သိသာနေပါပြီ - သူရဲ့ သဘောက Operating system ကို ဖြစ်စေ - Software ကိုဖြစ်စေ - Copy ကူးပြီး မျှဝေတဲ့နေရာမှာ တစ်စုံတစ်ယောက်က နဂို Original Version မှာပါတဲ့ Contents တွေကို တည်းဖြတ်ပြင်ဆင်မှု လုပ်ဆောင်ထားတာကို ခေါ်ဆိုပါတယ် - ( Touched ) Copy တွေဟာ အားသာချက်တွေ ရှိသလို - အားနည်းချက်တွေလည်း တစ်ပုံတစ်ပင် ရှိပါတယ် - အားသာချက်မှာဆိုရင် ပိုက်ဆံနဲ့ ပေးဝယ်ရတဲ့ OS တွေ - Software တွေကို ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုပဲ အလကားသုံးခွင့်ရမယ် - အသွင်းဟောင်း အမြင်ဟောင်းနဲ့ Windows တွေကို Developers တွေက အမြင်ဆန်း အသွင်ဆန်းနဲ့ စိတ်ကြိုက် ပြင်ဆင်ထားမှာ မို့လို့ စက်က ဟောင်းရင်တောင် ကိုယ့် OS လေးက လန်းနေမယ် - Windows မှာ တကယ်တမ်း မလိုတဲ့ features တွေ ဖြုတ်ထားမှာမို့လို့ OS က Size သေးသေးလေးနဲ့ သွက်နေမယ် စသဖြင့် ဖြစ်ပါတယ် -

အားနည်းချက်ဘက်ကနေ ကြည့်ရင် Original Version မဟုတ်ပဲ ( Touched ) Copy ဖြစ်နေလို့ မသမာတဲ့ Hacker တွေ ပြင်ထားတဲ့ OS မျိုး ဖြစ်နေရင် အပေါ်မှာ ပြောခဲ့သလို Windows အသစ်နဲ့အတူ Malware ပါ တစ်ခါတည်း installed လုပ်ပြီးသား ဖြစ်သွားမယ် - Software တွေကို ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုဘူးဆိုရင်တောင် Copyright တင်းကျပ်တဲ့ နိုင်ငံတွေမှာ အဖမ်းခံရပြီး ထောင်ကျနိုင်တယ် - အမြင်ဆန်း အသွင်ဆန်းနဲ့ OS က လန်းပေမယ့် Original Version မှာ Compatible ဖြစ်တဲ့ Software တွေက ( Touched ) Copy အဖြစ်နဲ့ ပြင်ထားတဲ့ OS တွေမှာ Errors တွေ မကြာခဏ တက်လာမယ် - OS တစ်ခုမှာ တစ်ခုနဲ့ တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ မှီနေတဲ့ Features တွေကို Developers တွေက မဖြုတ်သင့်ပဲ ဖြုတ်မိလို့ Windows တင်ပြီး မကြာခင်မှာပဲ OS က မတည်မငြိမ် ဖြစ်ပြီး ပြဿနာတွေ ခဏခဏ တက်လာမယ် - စသဖြင့် အားနည်းချက်တွေလည်း ရှိပါတယ် -

( Untouched ) Copy နှင့် ( Touched ) Copy အား စစ်ဆေးခြင်း


( Untouched ) Copy ကဘာလဲ ?? ( Touched ) Copy ကဘာလဲ ?? Original Version ကဘာလဲ ?? ဆိုတာ သိခဲ့ပြီးရင် Original Version အတွက် မေးစရာမရှိတော့ပေမယ့် Copy မှာ နှစ်မျိုးကွဲသွားတဲ့ ( Untouched ) Copy နဲ့ ( Touched ) Copy ကို တစ်ခုနဲ့ တစ်ခုကွဲပြားအောင် ဘယ်လို စစ်ရမလဲ ဆိုတဲ့ အမေးက ပေါ်လာပါတယ် - အဲ့ အမေးအတွက် အဖြေက အသင့်ရှိပါတယ် -

Windows ဖြစ်စေ - Software ဖြစ်စေ - တစ်ခြား ဘယ်လို Apps မျိုး ဖြစ်စေ ကုမ္ပဏီတွေ Developers တွေကနေ Users တွေသုံးဖို့ ရေးသားရောင်းချတဲ့ နေရာမှာ အထက်မှာ ဖော်ပြခဲ့သလို မလိုလားအပ်သူ လူတစ်စု ( Hackers / Crackers ) တွေရဲ့ ရန်က ကာကွယ်နိုင်အောင် သက်ဆိုင်ရာ Developers တွေ ကုမ္ပဏီတွေ အသီးသီးက မူရင်းဖိုင်ရဲ့ Hash value ( ဝါ ) Checksum ( ဝါ ) နောက်တစ်မျိုးအခေါ် (digital) fingerprints ... စတာတွေနဲ့ ပူးတွဲ ဖော်ပြပေးတတ် ကြပါတယ် - အောက်မှာ ဥပမာအနေနဲ့ MSDN က Windows 7 Ultimate (x86) - DVD (English) ကို Hash Value နဲ့ အတူ ယှဉ်တွဲ ဖော်ပြထားတာ လေ့လာနိုင်ပါတယ်။

Hash value / Checksum ဆိုတာ နားလည်လွယ်အောင် ပြောရရင် ကျွန်တော်တို့ နိုင်ငံခြား ဗွီဒီယိုကားတွေထဲမှာ မြင်ရလေ့ရှိတဲ့ လက်ဗွေနှိပ်ပြီး အစစ်ခံမှ တံခါးပွင့်တာတို့ - မျက်စိကို စစ်ပြီး လုံခြုံရေးတခါး ပွင့်စေတာတို့ စတဲ့ စစ်ဆေးရေး စက်တွေနဲ့ သဘောတရားတူတဲ့ OS/Apps တစ်ခုကို စစ်မှန်ကြောင်း သက်သေခံမယ့် ကိန်းတန်ဖိုး တစ်ခုပါပဲ -


Developers တွေ ကုမ္ပဏီတွေ အသီးသီးက Apps တစ်ခုခု ထုတ်လိုက်ပြီ ဆိုတာနဲ့ သူ့ ကုမ္ပဏီကထုတ်တဲ့ Apps ရဲ့ မူရင်း Hash value ဟာ ဘယ်လောက်ပါဆိုပြီး အတိအလင်း ကြေငြာထားတတ်ပါတယ်။ အဲ့တန်ဖိုးကို ကျွန်တော်တို့က မှတ်ထားပြီး ကိုယ့်လက်ထဲမှာ ရှိနေတဲ့ Windows ခွေ / Apps တွေမှာပါကနေ စစ်လို့ ရလာမယ့် Hash value နဲ့ နှိုင်းယှဉ်ပြီး စစ်ရမှာပါ - မျက်လုံး/လက်ဗွေတို့ စစ်တာမျိုး မဟုတ်တဲ့ duplicate data တွေကို စစ်တဲ့ သဘောပေါ့ - ဒီလို နှိုင်းယှဉ်စစ်ဆေးတာကို ကျွန်တော်တို့က Cryptographic Hash Function ကို အသုံးပြုတယ်လို့ ခေါ်ပါတယ် -


Original version က Hash value နဲ့ Copy version က Hash Value ကို Cryptographic Hash Function သုံးပြီး နှိုင်းယှဉ်လိုက်တဲ့ အခါမှာ ကိုယ့်ဆီမှာရှိတဲ့ Copy version က Hash Value ဟာ Original version က Hash value နဲ့ တစ်ထပ်တည်း တူတယ်ဆိုရင် မူရင်းအတိုင်း ဘာမှ ပြောင်းလဲမှုမရှိတဲ့ ( Untouched ) Copy လို့ သတ်မှတ်နိုင်ပြီး Hash value တွေ ပြောင်းလဲမှု ရှိမယ်ဆိုရင်တော့ ဒါကို ( Touched ) Copy လို့ ဆိုရမှာ ဖြစ်ပါတယ်။ အထက်ဖော်ပြပါပုံမှာ စာလုံးတစ်လုံးစ နှစ်လုံးစ လွဲတာနဲ့ Message digest တွေ ပြောင်းလဲသွားတာ တွေ့မြင်နိုင်ပါတယ်။ ဒါ့ကြောင့် လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဦးစားပေးလိုတဲ့ ကွန်ပြူတာ သမားတွေဟာ ကိုယ့်ကွန်ပြူတာကို Windows ဖြစ်စေ - Apps ဖြစ်စေ - install လုပ်ဆောင်ဖို့ စဉ်းစားတဲ့ အချိန်မှာ အထက်ဖော်ပြပါ Cryptographic Hash Function နည်းကိုသုံးပြီး Install မလုပ်ဆောင်ခင် စစ်ဆေးကြဖို့ အကြံပြုလိုပါတယ်။ ဒါပေမယ့် မှန်ရာပြောရရင် လုံခြုံရေးကို ဦးစားပေးချင်တယ်ဆိုပေမယ့် Windows နဲ့ ပတ်သတ်တဲ့ Apps တွေက အရမ်းများလို့ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်စက်ထဲ install လုပ်သမျှ Software တိုင်းကို လိုက်မစစ်မိရိုး အမှန်ပါ - ဒါပေမယ့် အသုံးလိုသူတွေ စစ်ဆေးနိုင်အောင် ဆက်ရေးလိုက်ပါဦးမယ် -

အများစု အသုံးများတဲ့ Hashes အမျိုးအစားနှစ်ခုကတော့ MD5 နဲ့ SHA1 ပါ - တစ်ခြား Hash Algorithm တွေကတော့ HAVAL, MD2, MD4, MD5, SHA-1, SHA-2 (256, 224, 384, 512), RIPEMD (128, 256, 160, 320), PANAMA, TIGER (192/160/128), ADLER32, CRC32, WHIRLPOOL နဲ့ VEST ဆိုတာတွေဖြစ်ပါတယ် - Hash function တွေဟာ Security ပိုင်းနဲ့ ပတ်သတ်ပြီး တစ်ခြားတစ်စုံတစ်ယောက်က မူရင်း Orginal version ပေါ်မှာ ပြင်ဆင်လို့ မရအောင် ကာကွယ်ပေးနိုင်တာမို့လို့ Hash value စစ်နည်းကိုသာ သိရင် ကိုယ့်ကို ဘယ်သူကမှ မူရင်းပါဆိုပြီး ညာရောင်းလို့ မရတော့သလို - Original ပါဆိုပြီး အင်ထုလို့လည်း မရတော့ပါဘူး - ဒါက Cryptographic Hash Function ရဲ့ အားသာချက်ပါပဲ။

အသုံးပြုနိုင်သော Tools များ

Hashes အမျိုးအစားတွေနဲ့ စစ်ဆေးနည်းတွေကို သိရှိပြီးတဲ့နောက်မှာ Hash Algorithm တွေကို စစ်ဆေးဖို့အတွက် ဘယ် Software တွေ သုံးရမလဲ ဆိုတာ သိဖို့ လိုလာပြန်ပါတယ် - အဲ့အတွက်လည်း မပူပါနဲ့ - အင်တာနက်ထဲမှာ Hash Algorithm တွေကို စစ်ဆေးနိုင်ဖို့အတွက် အလကားပေးထားတဲ့ Tools တွေ အတော်များများကိုရှိပါတယ်။




MD5 Checker ဆိုတာ အပေါ်မှာ ပြောခဲ့သလိုပဲ မူရင်းနဲ့ ကော်ပီကြားက ကွာခြားသွားမယ့် Hash values ကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ ပေါ့ပြီး install လုပ်ဖို့လည်း မလို Free လည်းရ သုံးရလည်း လွယ်လို့ ကျွန်တော်တော့ MD5 Checker ကို တစ်ခြား Checker တွေထက် ပိုသဘောကျမိပါတယ်။ တကယ်လို့ လိုမယ်ဆိုရင်လည်း ကိုယ်ပိုင် MD5 checksum ကို Create လုပ်လို့ ရပါတယ်။



HashCalc ကလည်း သုံးလို့ ကောင်းပါတယ် - ကျွန်တော် မကြိုက်တာ သူက Portable မဟုတ်ဘူး - Install လုပ်ရတယ် - ကျွန်တော် အဲတာ သဘောမကျဘူး -




သူကတော့ နဲနဲ functions တွေပိုများသလို သုံးလေ့မရှိရင် နဲနဲလည်း ရှုပ်တီးရှုပ်ရှက်နိုင်ပါတယ် - အဓိက ရည်ရွယ်ချက်က Computer နဲ့ ပတ်သတ်တဲ့ Tests တွေလုပ်ရာမှာ သုံးတဲ့ Universal Hexadecimal Editor (HEX Editor) နဲ့ Disk Editor တစ်မျိုးလို့ သူ့ကို ပြောလို့ ရပါတယ် - WinHex ကိုသုံးပြီး Hash value ကို တွက်မယ်ဆိုရင် File -> Open ကနေ ကိုယ်စစ်ချင်တဲ့ ဖိုင်ကို ရွေးခေါ် - Tool menu -> Compute Hash ကနေတစ်ဆင့် SHA-1 (160 bit) / MD5 / စသဖြင့် Hash function algorithm ကိုရွေးပေးပြီး တွက်ထုတ်နိုင်ပါတယ်။


File Checksum Integrity Verifier (FCIV) ကိုသုံးမယ်ဆိုရင် Cryptographic hash values တွေ ဖြစ်တဲ့ MD5 / SHA-1 တွေကို Command-line utility သုံးပြီး တွက်ထုတ်ရမှာပါ - Command-line utility ဖြစ်တဲ့အတွက် လူတိုင်းအတွက် အသုံးမတည့်မှာ သေချာပါတယ်။ တကယ်လို့မှ လေ့လာချင်ရင် အသုံးပြုနည်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။



တကယ်လို့မှ ဘာ Software မှလည်း Download မချချင်ဘူး - install လည်းမလုပ်ချင်ဘူးဆိုရင် FileFormat.info မှာ Online Hash Value Calculator ကိုသုံးပြီး Hash data ကိုတွက်ထုတ်လို့ ရပါတယ်။



သူကတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ Online Hash Value Calculator ထက်ပိုပြီး သုံးရလွယ်တဲ့ Online Tool ပါ -

အနှစ်ချုပ်

ကျွန်တော် ခုဖော်ပြခဲ့သလောက်ဆို OS တွေ Apps တွေမှာ သူနဲ့ သက်ဆိုင်ရာ Hash Value တွေရှိတယ် ဆိုတာရယ် - သူတို့ရဲ့ အရေးပါပုံတွေရယ် - အဲ့ဒီ့တန်ဖိုးတွေကို သုံးပြီး Original နဲ့ Copy ဘယ်လို ခွဲခြားတယ်ဆိုတာရယ် - ဘယ်လို Software တွေ သုံးနိုင်မယ်ဆိုတာရယ် - အထိုက်လျောက် နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


ကျွန်တော် ဒီအကြောင်းအရာကို ကိုကျော်ဇင်သန့် မြန်မာမိသားစုမှာ ဖော်ပြပေးထားတာပါ။ ကိုကျော်ဇင်သန့် ပြန်သွားပြီမို့ ခွင့်တော့ တောင်းလို့ မရဘူး။ ဒီအကြောင်းအရာကို ရေးသားသူ KznT သို့ ကိုကျော်ဇင်သန့်. ပါ။ ဒီအကြောင်းအရာကို နားလည်မှ ကျွန်တော် နောက်နေ့ ဆက်သွားမယ့်  window ခွေတွေ မှာ စာဖတ်သူတို့ တွေ့ဘူးနေတဲ့ Auto Activated window 7 DVD တွေကို ကိုယ်တိုင် ဘယ်လိုလုပ်တယ်ဆိုတာကိုဆက်သွားလို့ရမှာမို့ပါ။ဒါတွေကို English လူမျိုးတွေပဲ့ လုပ်တက်တာပါဆိုပြီး ပြောတဲ့သူတွေက ပြော Developer တွေပဲ့ လုပ်တက်တယ် ပြောသူတွေက ပြောနေတယ်။ ဒါကြောင့်  ဒီအပိုင်းလေးက ရိုးရိုးလူလည်း လုပ်တက်ပါတယ်ဆိုတာကို ပြောပြပေးချင်တာပါ။ ဒါကြောင့် ဒီအကြောင်းအရာကို သေချာ နားလည်အောင် ဖတ်ပေးပါ။ နနက်ဖန် ကျွန်တော်တို့ အသစ်ဆက်သွားရအောင်လားဗျာ...

အားလုံးအဆင်ပြေပါစေ..
သန့်ဇင်ဌေး.

6 comments:

  1. ကောင်းပါတယ်ဗျာ။ ကျေးဇူးအများကြီးတင်ပါတယ်။






    အောင်မျိုးဝင်း

    ReplyDelete
  2. ကောင်းပါတယ်ဗျာ။ ကျေးဇူးအများကြီးတင်ပါတယ်။






    အောင်မျိုးဝင်း

    ReplyDelete
  3. ကောင်းပါတယ်ဗျာ။ ကျေးဇူးအများကြီးတင်ပါတယ်။






    အောင်မျိုးဝင်း

    ReplyDelete
  4. ကောင်းပါတယ်ဗျာ။ ကျေးဇူးအများကြီးတင်ပါတယ်။






    အောင်မျိုးဝင်း

    ReplyDelete
  5. တကယ်ရှင်းတယ်ဗျာ.....ကျေးဇူးတင်ပါတယ်

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်