• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Wednesday, February 8, 2012

Hardware information နှင့် Slot လွတ်ခြင်းမလွတ်ကြည့်ခြင်း

vnaa: Laptop မှာ memory card slot အလွတ်ရှိမရှိ ကို cover တွေမဖွင့်ပဲနဲ့ ဘယ်လိုကြည့်ရမလဲ မသိဘူးနော်။

luupyogi: vnaa ရေ latop ရေ memory card slot အလွတ်ရှိသေးလား လို့မေးလိုက်ပါ...နောက်တာပါ ကိုသန့်ဇင်ကို မေးကြည်ပါ။

ဟုတ်ကဲ့ ကျွန်တော့ အနေနဲ့ ပြည်တော်ပြန်တော့မှာမို့ရော ကျောင်းကလည်းပြီးတော့မှာမို့ သိပ်ပြီးတော့ အရင်ကလို စာတွေ မရေးဖြစ်တော့တာကြောင့်ပါ။ ဒီအကြောင်းအရာတွေကို အရင်က resource မှာ ရေးဘူးပါတယ်။ နောက်ပိုင်း ပိုစ့်တွေပျက်တာရော ဆိုဒ်ချိန်းတာရောနဲ့ ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး။ မေးထားတဲ့ အကိုကိုရော ပြန်ပြီး လမ်းညွှန်ပေးထားတဲ့ အကိုကိုရော ကျေးဇူးတင်ပါတယ်။ သိချင်တာကို မေးသာမေးပါ။ ကျွန်တော် သိတာဆို တလုံးမကျန် အကုန်ဖြေမှာပါ။မေးတဲ့ အကိုတို့ကို ကျေးဇူးတင်တာက ဒီအကြောင်းအရာတွေကို မေးတဲ့သူရှိမှ ကျွန်တော်တို့ကလည်း ရေးဖြစ်တာမို့ ရေးဖြစ်ရင် မသိသေးတဲ့ ညီအကိုမောင်နှမတွေလည်းသိသွားစေအောင် အစဖော်ပေးသူဖြစ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ အရင်ဆုံး အစပျိုးပါရစေ.. .


ပထမတော့ မဖြေဘူးဆို နေမလို့ပဲ့  :P အလကားနောက်တာနော် ပျော်တက်လို့.. ကဲ့ ကျွန်တော်တို့ Laptop မှာပဲ့ ဖြစ်ဖြစ် Desktop မှာပဲ့ ဖြစ်ဖြစ် စက်ကို ဖွင့်မကြည့်ပဲ့နဲ့ Memory Card Slot လွတ် ဘယ်လိုကြည့်ရလည်းဆိုတာလေးကို ကျွန်တော် အောက်မှာ ဖော်ပြပေးထားပါတယ်။ ဒီလို ကြည့်ဖို့တွက် ဘာလိုလည်းဆိုရင်တော့ CPU-Z ဆိုတဲ့ Software လိုပါတယ်။ ကျန်တဲ့ Software တွေလည်းရှိပါတယ်။နားလည်လွယ်မယ်ထင်တာကို ရွေးပြီးဖော်ပြပေးလိုက်တာပါ။ တခုလောက်သိထားရင် အတော်အသင့် အဆင်ပြေမယ်ထင်ပါတယ်။ ဒါကြောင့် အဆင့်လိုက်သွားကြရအောင်ပါ။ အဆင့်လိုက်ဆို မျက်စိထဲ့ ပိုမြင်မယ်ထင်ပါတယ်။

အဆင့် ၁.....


CPU-Z ကို ဒီနေရာကနေ ဒေါင်းလုပ်ချပါ။ ဒေါင်းလုပ်ချဖို့ လင့်နေရာ ၂ ခုပေးပါ့မယ်။ တခုက တိုက်ရိုက်ဒေါင်းဖို့ နောက်တခုကတော့ သူဆိုဒ်ကနေ သွားဒေါင်းဖို့ပါ။




အဆင့် ၂...

ဒေါင်းလို့ ချလို့ ရလာတဲ့ဖိုင်ကို ရမ်းလိုက်ပါ။ Ask toobar တွေကို မကြိုက်ရင် ကြိုဖြုတ်ထားခဲ့ပါ (ရမ်းနေစဉ် အတွင်း)

အဆင့် ၃....

အကိုမေးထားတဲ့ အဖြေကို အောက်က ပုံကိုကြည့်ပေးပါ။အဖြေပါပြီးသားပါ ပုံမှာ။နားလည်အောင်လည်း နည်းနည်း ထပ်ရှင်းပြပါမယ်။


Pic 1


Pic 2..


Pic 1 မှာမြင်ရတာကတော့ Memory ဆိုဒ်ထားတာ Duel လား Single လားဆိုတာကို ဖော်ပြပေးထားတာပါ။ အနီနဲ့ ထောင့်ကွင်းဆွဲပြထားပါတယ်။  စက်မှာ Slot ဘယ်နှစ်ခုပါလည်း Pic 2 ကအတိုင်း  SPD menu ကို သွားကြည့်ပြီး အနီနဲ့ ထောင့်ကွင်းလုပ်ထားတဲ့နေရာကို သွားကြည့်လိုက်ပါ။ ကျွန်တော့ စက်မှာဆို Slot 4# ထိပါပါတယ်။  စက်တိုင်းမှာတော့ Slot 4 ခုမဟုတ်ပါဘူး။ တချို့စက်တွေက ၂ ခု တချို့စက်တွေက ၁ ခု ။အမျိုးမျိုးပါပဲ့။

အဆင့် ၄..

အပေါ်အဆင့် ၃ ထိ နားလည်မှာ မဟုတ်သေးဘူး။  ဒီလို ကြည့်လို့ရပါတယ်။ အလွယ်ဆုံး နည်းပေါ့လေ။ Slot တခုချင်းဆီလိုက်ထောက်ကြည့်လိုက်ပါ။စိုက်ထားတဲ့ Slot မှာ Information ကိုပြထားပါတယ်။ မစိုက်ထားတဲ့ Slot မှာအောက်ကလို Information မပါပါဘူး။slot တိုင်းမှာ information ရှိနေတယ်ဆိုရင်တော့ Slot လွတ်မရှိပါဘူး။ Slot တခုခုမှာ information ဖော်ပြထားတာမရှိဘူး ဆိုရင်တော့ Slot လွတ်ရှိပါတယ်။ ဒါဆို slot လွတ် ရှိတယ် မရှိဘူး သိလောက်ပါပြီ။ နားလည်မယ်လို့လည်း  ထင်ပါတယ်။ Pic 2 နဲ့ Pic 3 နဲ့ ယှဉ်ကြည့်လိုက်၇င် ပိုပြီးနားလည်ပါလိမ့်မယ်။



Pic 3
နောက်ထပ်လည်း Hardware information တွေကို အောက်က ပုံတွေထဲ့ကတိုင်း တခုချင်းလိုက်ကြည့်လို့ရပါသေးတယ်။






နောက်ထပ်မေးထားတဲ့ မေးခွန်း ဒီမေးခွန်းလေးကိုပါ ဖြေပေးခဲ့ပါဦးမယ် ။ကြားညှပ်ပေါ့။
 luupyogi: ko thant zin htay ရေ English Grammar လေ့လာရန် (3rd Edition CD v1.2 ) BASIC NETWORKING ( E-Book ) ကို တင်လို့ ရရင်တင်ပေးပါဗျာ.. ကျွန်တော်အသုံးလိုလို့ပါ... english မကျွမ်းကျင်လို့ လေ့လာဆဲ မို့အပါ

ဆိုဒ်ရဲ့ တင်ပြီးခဲ့သမျှဆိုတဲ့နေရာမှာ လိုချင်တာကို အရင်ရှာကြည့်ပေးပါ။ ခု အကိုတောင်းတာ တင်ထားပြီးသားရှိပါတယ် ။ ဒီလင့်မှာပါ။  Networking Ebook တွက်ကတော့ မကြာမှီလာမည် မျှော်ပေါ့ အကိုရာ။ မကြာခင်မှာ Networking Ebooks Collection ဆိုပြီး ပိုစ့် တစ်ပိုစ့်တက်တဲ့ အချိန်ကို စောင့်ပေးပါလို့ပဲ့ မေတ္တာရပ်ခံပါရစေ..

ကျွန်တော် ဇီဇာချဲ့ပြီး ပိုစ့်ရှည်အောင်ရေးထားတာ မဟုတ်ပါဘူး။ အကုန်လုံး နားလည်စေချင်လို့ အသေးစိတ်ရေးပေးတာပါ။ နားလည်ပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။နောက်တခုက မေးချင်တာကို ချက်ဘောက်မှာ မေးရင် ကျွန်တော်တို့ တော်ယုံ သိပ်မရေးဖြစ်ပါဘူး။ ဘာလို့လည်းဆိုတော့ မေးတာက အများကြီးပါ တနေ့တနေ့ အဲ့မေးခွန်းတိုင်းပိုစ့် ပြန်တက်ပေးရမယ်ဆိုလည်း အဆင်မပြေနိုင်ပါ။ ဒါကြောင်လည်း မေးတာမဖြေလို့ဆိုပြီး အဆဲလည်း ခံရတာ မနည်းတော့ပါဘူး။ အဲ့တော့ သိချင်မေးချင်တာပဲ့  ဖြစ်ဖြစ် တိုက်ရိုက်ဆွေးနွေးချင်တာပဲ့ ဖြစ်ဖြစ် 

ဒါမှမဟုတ်

geek.thantzinhtay@gmail.com နှစ်သက်ရာ Gmail ကို ကိုယ်မေးချင်တဲ့ မေးခွန်း ကိုယ်ဖြစ်နေတဲ့ ပြသနာ ကိုယ်သိချင်တဲ့ အကြောင်းအရာကို ကျွန်တော်တို့ နားလည်အောင် မေးပိုစ့်ပြီးမေးနိုင်ပါတယ်။ မေလ်းပို့ပြီး တရက် အတွင်းလောက်ကို ဖြေနိုင်အောင် ကြိုးစားပေးပါမယ်။

အားလုံးအဆင်ပြေပါစေ..
သန့်ဇင်ဌေး..





7 comments:

  1. ကျေးဇူးတင်ပါတယ်အကို....ကျွန်တော်ကကွန်ပျူတာသာပြင်နေတာသိပ်သိသေးတာမဟုတ်ဘူးလေ...အခုလိုအကိုတင်ပေးထားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အကို...နောက်ထပ်ဆော့ဝဲ ကောင်းကောင်းလေးများရှိရင်ထပ်တင်ပေးပါဦးနော်....

    ReplyDelete
  2. ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ---။

    ReplyDelete
  3. ဘု ဆက် တင်အကြောင်းရှင်းပေးပါဦးနော်

    ReplyDelete
  4. very good......thank a lot....

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်