• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Monday, January 16, 2012

မြန်မာဘလော့များစုစည်းမှု


ကျွန်တော် ဒီနေ့တော့ ဒီရက်ပိုင်း လုပ်ဖြစ်တဲ့ ဆိုဒ်လေး တစ်ခုနဲ့ မိတ်ဆက် ပေးချင်ပါတယ် .. နောက်ရက်တွေ ကစပြီး မေးခွန်းတွေ မေးထားတာတွေကို မေးလ်က ဖြေတာပဲ ဖြစ်စေ ပို့စ်အနေနဲ့ ရေးပြီး ဖြစ်စေ ဖြေပေးသွား ပါတော့မယ် .. စာဖတ်ချင် သူတွေအတွက်လည်း ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာ တွေကို ထပ်ပြီးတော့ ရေးပေးသွားပါမယ် .. အခု ကျွန်တော် မိတ်ဆက် ပေးချင်တဲ့ ဆိုဒ်လေးကတော့ မြန်မာဘလော့များ စုစည်းမှု ဆိုတဲ့ ဆိုဒ်လေးပဲ ဖြစ်ပါတယ် .. ဒီဆိုဒ်လေးကို ကျွန်တော် လုပ်ဖြစ်သွားတယ် ဆိုတာကလည်း အကြောင်း ရှိပါတယ် .. ကျွန်တော်လည်း Blogger တစ်ယောက်ပါပဲ နည်းပညာ မျှဝေတဲ့ Blogger တစ်ယောက်ပေါ့နော် .. အမှန်အတိုင်း ၀န်ခံရရင် ကျွန်တော့်အနေနဲ့ ဘလော့ မိတ်ဆွေများ အပေါ်မှာ တာဝန်မကျေ ခဲ့တာတွေ အများကြီး ရှိပါတယ် .. ဘလော့ အကြောင်းနဲ့ ပါတ်သတ်ရင် ကျွန်တော် အများကြီး ပြန်ပြီး မမျှဝေပေးနိုင်ခဲ့ပါဘူး .. ကျွန်တော်လည်း Blog သမား တစ်ယောက်ပါပဲ ဒါပေမယ့် ဘလော့နဲ့ ပါတ်သတ်ရင်တော့ ကျွန်တော် ပြန်ပြီးမျှဝေတာ အရမ်းနည်းတယ်လို့ ပြောလို့ ရပါတယ် . အဲ့ဒီအတွက် ကျွန်တော့်အနေနဲ့ ဘလော့ မိတ်ဆွေတွေ အပေါ်မှာ အကြွှေးတွေ ရှိတယ်ဆိုရင်လည်း မမှားဘူးလို့ ပြောလို့ ရပါတယ် .. ပြီးရင် ကျွန်တော့်ဆိုဒ်မှာ ဘလော့ မိတ်ဆွေ များအတွက် သက်သက် လင့်ချိတ်ပေးထားတာ မရှိပါဘူး .. ဒါကြောင့် ဘလော့မိတ်ဆွေ များအားလုံးကိုလည်း အလွယ်တကူ ချိတ်ပေးပြီးသားဖြစ်အောင် ကျွန်တော့် ဆိုဒ်လေးကို လာလည် ကြတဲ့သူများ အနေနဲ့လည်း နောက်ထပ် နည်းပညာ ဘလော့တွေကို သွားချင်ရင်ပဲ ဖြစ်ဖြစ်၊ သုတ ၊ ရသ နဲ့ ဗဟုသုတ တွေကို ဖတ်ရှုချင်ရင်ပဲ ဖြစ်ဖြစ် အလွယ်တကူ သွားရောက်လို့ အဆင်ပြေအောင် ဒီဆိုဒ်လေးကို လုပ်ဖြစ်သွားတာပဲ ဖြစ်ပါတယ် .. သွားရောက် လေ့လာချင်သူတွေ အတွက်လည်း အဆင်ပြေအောင် ကျွန်တော် အမျိုးအစားအလိုက် ခွဲပြီး လင့်တွေ ချိတ်ပေးထားပါတယ် ..တက်နိုင်သလောက် စုစည်း ပေးထားပေးမယ့် ပြည့်စုံမှုမရှိသေးဘူး ဆိုတာတော့ သိပါတယ် .. အဲ့ဒီအတွက် ဒီဆိုဒ်လေးမှာ လင့်မချိတ်ရသေးတဲ့ ဘလော့ မိတ်ဆွေ များကိုလည်း မိမိတို့ရဲ့ ဆိုဒ်လိပ်စာ လေးတွေကို ချန်ထားခဲ့ပေးစေချင်ပါတယ် .. နောက်တစ်ခုကတော့ ကျွန်တော်အနေနဲ့ လေ့လာတဲ့ သူတွေအဆင်ပြေအောင် အသုံးဝင်မဲ့ သိသင့် ဖတ်သင့်တဲ့ ဆိုဒ်လိပ်စာတွေကိုပါ လင့်ချိတ်ပေးထားပါတယ် .. အဲ့ဒီအတွက် အသုံးဝင်မဲ့ သိသင့် ဖတ်သင့်တဲ့ ဆိုဒ်လိပ်စာတွေ မိမိတို့ စီမှာ ရှိတယ် ဆိုရင်လည်း လိပ်စာလေးတွေ ထားခဲ့ စေချင်ပါတယ် .. အများကိုလည်း မျှဝေပြီးသား ဖြစ်သွားတာပေါ့ဗျာ .. ကျွန်တော် အနေနဲ့ ဒီဆိုဒ်လေးကို လုပ်ဖြစ်ခဲ့တဲ့ အတွက် အားလုံးအတွက် တစ်ထောင့် တစ်နေရာကနေ အထောက်အကူ ပြုခဲ့မယ် ဆိုရင်ပဲ ကျေနပ်ပါတယ် ..

မြန်မာဘလော့များ စုစည်းမှုကို သွားမယ်ဆိုရင်တော့ အောက်ကလိပ်စာ ကနေတစ်ဆင့် သွားနိုင်ပါတယ်

http://myanmardaily-news.blogspot.com/

အားလုံးပဲအဆင်ပြေကြပါစေ …. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

10 comments:

  1. ကဲ ပထမဆုံး ရေးသွားပြီအကိုရေ...

    http://zmo999.blogspot.com

    ReplyDelete
  2. http://burmaddays.blogspot.com/

    ReplyDelete
  3. အကို နေမင်းရေ ကျနော် တစ်ခုလောက်တောင်းဆိုချင်ပါတယ် ဗျာ ။ နည်းပညာနဲ့ ပါတ်သက်လို့ပေါ့နော် ။ အခုကျနော့်စက် တစ်လုံးက စစဦးဖွင့်လိုက်ရင် ဖိုင်ဆိုက်တွေက အကုန်းလုံးကြီးကြီး ဖြစ်ဖြစ်နေတယ် ဗျာ နောက်မှ ပြန်ပြန်ချိန်နေရတယ် လေ ။ ဘယ်လိုဖြစ်နေတယ် ဆိုတာလေးကို သိချင်ပါတယ် ဗျာ။ ကျနော်လဲ လုပ်ကြည့်ပါတယ် မရဘူးဖြစ်နေတယ် လေ။။ ချိန်လိုက်ရင် တော့ အကောင်းပဲ အကိုရ restart ပြန်လုပ်လိုက်ရင် သူု့အလိုလို ပြန်ပြန်ကြီး လာတာပဲလေ ။ ဘယ်လိုမှ အသေ မနေဖြစ်နေတယ် ဗျာ။ စက်ကို ဖွင့်လိုက်တိုင်း ပြန်ပြန်ချိန်နေရတော့ သိပ်မမိုက်ဘူး အကိုရာ ။ ချိန်လိုက်ရင် တော့ ကောင်းသွားတာပဲလေ ။ အဖွင့် တစ်ချက်မှာတော့ ပြန်ပြီး ဖိုင်ဆိုဒ်က ကြီးနေပြန်တယ်လေ ။ အဲံ့ဒါလေး သိချင်ပါတယ် အကို ရာ အမြန်ဆုံးဖြေကြားပေပါနော်။။
    ကျနော် အရမ်းပဲ ချင်နေလို့ပါ ဗျာ ။ ကျနော့် စက်က ဝင်းဒိုး xp ပါ အကို ။
    ကူညီပါနော် အထူးပဲ ကျေးဇူးတင်ပါတယ် ဗျာ.........။

    ReplyDelete
  4. အကို့စက်က Graphic Card စိုက်ထားလားအကို .. Graphic Card စိုက်ထားရင်တော့ Graphic Card Driver ရမ်းပေးလိုက်ရင် အဆင်ပြေသွားမယ် ထင်ပါတယ် ..

    ReplyDelete
  5. ကိုနေမင်းမောင်ရေ ဒီပို့စ်ရောအရင်ပိုစ့်တွေ အတွက်ရော ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ။ တဘက်တလမ်းကလူငယ်တွေ အဆင်ပြေစေဖို့ အနာဂတ်ကိုပုံဖော်ရာမှာ ကူညီလမ်းပြပေးနိုင်တဲ့အတွက် အဖိုးထိုက်တန်ပါတယ်။များများဆောင်ကြဉ်းပေးနိုင်ပါစေ။ အရာရာတိုင်းအတွက်ကျေးဇူးဆိုတဲ့စကားထက်တော့ပိုပါတယ်။

    ReplyDelete
  6. www.tramyanmar.co.cc အခုလို လုပ်ပေးတာ . ကျေးဇူးအရမ်း တင်ပါတယ် အစ်ကို .. ဒီထက် မက အောင်မြင်ပါစေ .. ကျွန်တော့် အစ်ကို့ blog ကို အမြဲကြည့်ဖြစ်တယ် .. အမြဲတမ်း update ဖြစ်အောင် လုပ်ပေးထားနိုင်တာ .. လေးစားပါတယ် ...

    ReplyDelete
  7. စေတနာကိုလေးစားမိပါတယ်

    http://maythoonkhit.weebly.com/

    ReplyDelete
  8. ကျေးဇူးတင်ပါတယ်အစ်ကို ကျွန်တော်လည်း ဘလော့လေးတစ်ခုလုပ်ပြီး လေ့ကျင့်နေပါတယ်
    လိုအပ်တာလေးတွေလမ်းညွှန်ပေးပါအုံးအစ်ကို
    htttp://kayinlay.blogspot.com

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်