• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Saturday, March 17, 2012

ကျွန်တော် စိတ်ကူးမိသော အမြင်လေးများ



ကျွန်တော့် ဆိုဒ်မှာ အခုတက်ပိုင်း တက်နိုင်တာလေးတွေကို တစ်နိုင်တစ်ပိုင် ရေးပေးဖို့တော့ စဉ်းစားနေပါတယ် .. အပြင်မှာ ကွန်ပျူတာ သင်တန်း တက်ဖို့ အခက်အခဲ ဖြစ်နေတဲ့ သူတွေအတွက် ကွန်ပျူတာ အခြေခံလောက်ကိုတော့ ကျွန်တော်ရေးပေးထားတဲ့ ပို့စ်လေးတွေကိုဖတ်ပြီး အဆင်ပြေပြေနဲ့ လုပ်တက်သွားအောင် ကျွန်တော် ရေးပေးသွားချင်ပါတယ် .. နောက်ပိုင်း ရေးသမျှပို့စ်တွေ အကုန်လုံးကိုလည်း PDF ထုတ်ပေးသွားပါမယ် .. အရင်က ရေးထားပြီးသား ပို့စ်တွေကိုလည်း PDF ပြန်ထုတ်ပြီး ပြန်တင်ပေး သွားပါမယ် .. 

ကျွန်တော် စဉ်းစား ထားတာက ကျွန်တော့်ဆိုဒ်လေးကနေပြီး ကွန်ပျူတာ အခြေခံလောက်လေးတွေကို တက်နိုင်သလောက်လေး ရေးပေးရင်း ကိုယ်တိုင် လေ့လာနိုင်တဲ့ အနေအထား တစ်ခုအထိ ရောက်အောင် ကျွန်တော် တက်နိုင်သလောက် တွဲခေါ်သွားချင်ပါတယ် .. ကျွန်တော် တော်ယုံတန်ယုံ ဆိုဒ်နဲ့ပါတ်သတ်ပြီးရော ကိုယ်ပိုင် အမြင်လေးတွေကိုရော မရေးဖြစ်ပါဘူး .. ကျွန်တော် ရေးချင်ပါတယ် .. ဒါပေမယ့် အဲ့လို ရေးမဲ့ အချိန်ကို အားလုံးအတွက် အသုံးဝင်မဲ့ ပို့စ်လေးတစ်ခု ရေးလိုက်တာ ပိုပြီး တန်ဖိုးရှိပါတယ် ဆိုတဲ့ စိတ်လေး ၀င်လာလိုက် မရေးဖြစ်တော့လိုက် ဖြစ်ဖြစ်သွားတာပါ .. ဒီနေ့တော့ ကျွန်တော် စိတ်ကူးထားတာလေးကို လည်း ကျွန်တော့် ဆိုဒ်လေးကို နေ့စဉ် ၀င်ရောက် အားပေးနေတဲ့ သူများ အားလုံးကိုလည်း ပြန်ပြီး ပြောပြ ပေးချင်တဲ့ သဘောနဲ့ ရေးဖြစ်သွားတာပါ .. 

ကျွန်တော်လည်း နောက်ထပ် စာတွေ ထပ်ရေးနိုင်ဖို့ အချိန် အများကြီး ရှိမှာ မဟုတ်တော့ပါဘူး .. နောက်ထပ်ရေးနိုင် တစ်နှစ်ခွဲလောက်ပဲ ရေးနိုင်တော့မှာပါ .. အဲ့ဒီတော့ ကျွန်တော် စဉ်းစားမိတာက ကျွန်တော် စာတွေ ရေးနိုင်နေတုန်းမှာ ကွန်ပျူတာ စတင်လေ့လာကာစ သူများပါ နောက်ပိုင်း ကိုယ်တိုင်လေ့လာ နိုင်အောင် ကွန်ပျူတာနဲ့ ပါတ်သတ်ရင် အကျွမ်းတ၀င် ရှိသွားအောင် တော်ယုံ တန်ယုံလောက် ပြသနာတွေကို မိမိကိုယ်တိုင် ဖြေရှင်းတက်သွားအောင် လမ်းညွန်ပေးမယ် .. ဘယ်လို ရှာဖွေ ရနိုင်မလည်း ဆိုတဲ့ နည်းလမ်းလေးတွေကို ပြန်ပြီး ရေးပေးသွားပါမယ် .. 

အမှန်အတိုင်း ပြောရရင် ကျွန်တော် ဆိုဒ်အတွက် အချိန် တော်တော် ပေးရပါတယ် .. တစ်နေ့ တစ်နေ့ ပို့စ်တွေ ရေးနိုင်ဖို့ရယ် .. မေးထားတဲ့ မေးခွန်းတွေကိုလည်း ပြန်ဖြေပေးနိုင်ဖို့ရယ် .. တောင်းထား တာလေးတွေကို တင်ပေးနိုင်ဖို့ရယ် ကျွန်တော် အချိန်တွေ တော်တော်များများ ပေးပြီး လုပ်ပေးနေရတာပါ .. အဲ့ဒီအတွက် ကျွန်တော် အခုနောက်ပိုင်းဆို စာဖတ်ဖို့ တော်တော် အချိန် လုနေရပါတယ် .. အရင်တုန်းက တနေကုန် စာဖတ်ဖြစ်ရင်တောင် အခုနောက်ပိုင်းဆို တစ်ခါတစ်လေ ဆိုဒ်မှာ ပို့စ်ရေးဖို့ ပြင်ဆင် နေတာနဲ့ ပြီးရင် မေးခွန်းတွေဖတ် လှည့်လိုက်နဲ့ တစ်နေ့ ဘယ်လိုကုန်မှန်း မသိဖြစ်ရင် ဖြစ်သွားတဲ့ နေ့တွေလည်း ရှိပါတယ် .. 

နောက်ပိုင်းမှာ ကျွန်တော် မေးခွန်းတွေ အတွက် အသင့်တော်ဆုံး ဖြစ်မဲ့ ဆိုဒ်တွေကို ပဲပြန် လမ်းညွန်ပေးပါတော့မယ် .. မြန်မာ ဆိုဒ်လည်း ဖြစ်ချင် ဖြစ်မယ် .. အင်္ဂလိပ် ဆိုဒ်တွေလည်း ဖြစ်ချင် ဖြစ်မယ် .. ဒါပေမယ့် ရလာတဲ့ အဖြေအတွက် အကောင်းဆုံး ကြိုးစားပြီးတော့ လိုက်လုပ် ပေးစေချင်ပါတယ် .. ဘယ်အရာမဆို အရမ်းလွယ်ကူ နေလွန်းရင်လည်း အဲ့ဒီအရာနဲ့ ပါတ်သတ်ပြီး အဖိုးမဲ့ သွားတက်ပါတယ် .. ဒီအတွက် ဒီလို အချိန်ပေး လုပ်ရပါလား ဆိုတာ ဒီလို ခေါင်းရှုပ်ကပါလား ဆိုတာ သိသွားတာထက် .. အဲ့ဒီ အခက်အခဲ တွေကြားက ကိုယ်တိုင် လုပ်ကြည့်လို့ အဆင်ပြေသွားတဲ့ ခံစားမှုလေးက ပိုပြီးတော့ အရသာ ရှိသလို ကိုယ့်အတွက်လည်း မသိလိုက်တဲ့ ပညာတစ်ခု တိုးသွားပြီဆိုတာ နောင်တစ်ချိန် အခုလို အခက်အခဲ မျိုးနဲ့ တစ်ယောက်ယောက် ကြုံလာပြီ ဆိုရင် သိလာရပါလိမ့်မယ် .. 

နောက်တစ်ချက်က Software ပိုင်းနဲ့ ပါတ်သတ်ပြီး ကျွန်တော် လုပ်ပေးချင်တာလေး ရှိပါတယ် .. ကျွန်တော် အခုနောက်ပိုင်း ဘာတွေ့လာရလည်း ဆိုတော့ အများစုက စာသိပ်မဖတ် ချင်ကြပါဘူး .. ဆော့ဝဲလ် ဆန်းဆန်း လေးတွေတွေ့ရင် ကလိချင်ကြတယ် .. စမ်းကြည့်ချင်ကြတယ် .. ဒါပေမယ့် အဲ့ဒီ ကိုယ် အသုံးပြုလိုက်တဲ့ ဆော့ဝဲလ်နဲ့ ပါတ်သတ်ပြီး ဘာအသုံးဝင်မှန်းတောင် ကောင်းကောင်း မသိကြပါဘူး .. ဆော့ဝဲလ် တွေကို ကျွန်တော့်စီမှာသာ ကော်နက်ရှင် တော်တော်လေး ကိုကောင်းရင် ဆော့ဝဲလ် ဖြစ်ပြီးရော နေ့တိုင်း တစ်နေ့ကို လေးငါးမျိုးလောက်ကို ဒိုင်ခံ တင်ပေးမယ် ဆိုလည်း အဆင်ပြေပါတယ် .. ဒါပေမယ့် အဲ့လိုလုပ်ပေးဖို့ ကျွန်တော့်ကိုကျွန်တော် စိတ်မသန့်ပါဘူး .. ကိုယ်တောင် မသုံးတက်တဲ့ ဆော့ဝဲလ်ကို ကျွန်တော် ပြန်တင်ပေးတယ် ဆိုတာ မရှိပါဘူး .. ဆော့ဝဲလ် တစ်ခု တင်တော့မယ် ဆိုရင်  ကျွန်တော် ကိုယ်တိုင် စမ်းသပ်ပြီး အဆင်ပြေမှ တင်ပေး ဖြစ်ပါတယ် ..

အခုနောက်ပိုင်း ဆော့ဝဲလ်နဲ့ ပါတ်သတ်ပြီး ကျွန်တော် တင်ပေးမယ် ဆိုရင်တောင် တကယ်လည်း လက်တွေကကျကျ အသုံးဝင်မယ် .. တစ်ခုတင်မယ် ဆိုရင်လည်း အဲ့ဒီ တစ်ခုနဲ့ပါတ်သတ်ပြီး အနည်းဆုံးတော့ သုံးတက်စွဲ တက်သွားအောင် လမ်းညွန်ပေးပြီး တင်ပေးသွားပါမယ် .. အဓိကက တော့ ကွန်ပျူတာနဲ့ ပါတ်သတ်ပြီး တကယ်လည်း အသုံးပြုနေရတဲ့ ဆော့ဝဲလ်မျိုးတွေကို အသုံးပြုနည်းလေး ရေးပေးပြီး တင်ပေးသွားပါမယ် .. နောက်ပိုင်းတော့ ဆော့ဝဲလ်တွေကို ကိုယ်တိုင် အလွယ်တကူ ရှာနိုင်အောင် လမ်းညွန်ရေးသား ပေးသွားပါမယ် ..

နောက်တစ်ချက်ကတော့ ကျွန်တော် ဂျီတော့ကနေ စကားပြန်မပြော ဖြစ်တာပါ .. အရမ်းအားနာရပါတယ် .. အားနာလို့ ကျွန်တော် ပြန်ပြောမိရင်လည်း ကျွန်တော် ရွာပတ်တာပါပဲ .. အဲ့ဒီက ပြောတာ တစ်ယောက်ပေးမယ့် ကျွန်တော် ဒီကနေ ပြန်ပြော ရတာ အနည်းဆုံး လေးငါး ခြောက်ယောက် ဆိုရင်တောင် ကျွန်တော် ရွာပတ်နေပါပြီ .. ကျွန်တော့်ကို တောင်းဆိုချင်တာ မေးချင်တာလေးတွေ ရှိရင် မေးလ်ကို ပို့ပေးစေ ချင်ပါတယ် .. ကျွန်တော့်ကို တွေ့မှ မေးကြတော့ ကျွန်တော် အနေနဲ့ တစ်ယောက် တစ်လေ မို့လို့ ပြောပြရတာမျိုး ဆိုရင် ပြောပြ ပေးရတာ အဆင် ပြေပေမယ့် လေးငါးယောက် လောက် ဆိုရင်တောင် ကျွန်တော် ဘာပြန်ဖြေရမှန်း မသိတော့ပါဘူး .. အဲ့ဒါကြောင့် ကျွန်တော် မာနလည်း မကြီးတက်ပါဘူး .. ရိုင်းလည်း မရိုင်းတက်ပါဘူး ... တစ်ခါတစ်လေ ဂျီတော့မှာ ဘာမှပြန်မပြောဖြစ်တာလေးတွေ ရှိရင် နားလည်း ပေးပါလို့ ဒီပို့စ်လေးနဲ့ တောင်းပန်ချင်ပါတယ် .. 

အားလုံးကိုလည်း ကျွန်တော် တောင်းဆိုချင်တာက ကျွန်တော့်ဆိုဒ်လေးနဲ့ ပါတ်သတ်ပြီး ဝေဖန် ချင်တာလေးတွေ အကြုံပြုချင်တာလေးတွေ ကို ရေးပေးစေချင်ပါတယ် .. ဘာလို့လည်းဆိုတော့ ကျွန်တော့်ဆိုဒ်လေးကလည်း အားလုံး ဆိုဒ်လေးပါပဲ .. ကျွန်တော်စာရေးဖြစ်လို့ ကျွန်တော့်ဆိုဒ်လေးကို လာရောက်အားပေးကြသလို အားပေးကြသူတွေ ရှိလို့လည်း ကျွန်တော် စာရေးဖြစ်နေတာပါ ..

 နောက်တစ်ခုကတော့ တစ်ယောက်အမြင်နဲ့ အများအမြင်ပါ .. ကျွန်တော်က ဒါတွေတော့ လိုအပ်မယ် ထင်လို့ ရေးနေပေမယ့် .. လက်တွေ့နယ်ပယ်မှာ တကယ်မလို အပ်တာတွေလည်း ရှိချင်ရှိပါမယ် .. အဲ့ဒီတော့ ပင်ပန်းတာချင်း အတူတူ အားလုံးအတွက်လည်း အသုံးဝင်ပြီး အထောက် အကူပြုမဲ့ ပို့စ်မျိုးကိုပဲ ကျွန်တော် ရေးချင်ပါတယ် .. ဒါကြောင့် အကြံပြုချင်သူများကလည်း လိုအပ်တဲ့ အကြောင်းအရာလေးတွေကို ညီလေး မောင်လေး ဘာလေးကတော့ လိုအပ်တယ် ရေးပေးပါအုံးဆိုပြီး တောင်းဆိုနိုင်ပါတယ် .. ကျွန်တော် အတက်နိုင်ဆုံး ကြိုးစားပြီး ရေးပေးသွားပါမယ် .. 

ဒါကြောင့် နောက်ပိုင်းမှာ ကျွန်တော် အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ဆက်ကြိုးစားသွားပြီး တက်နိုင်သလောက် အကောင်းဆုံး အထောက်အကူပြုနိုင်အောင် ကြိုးစားသွားပါအုံးမယ် .. 

မိမိတို့ရဲ့ အမြင်လေးတွေကိုလည်း မျှဝေပေးခဲ့ပါအုံးခင်ဗျာ ..

ခင်မင်လေးစားစွာဖြင့်  .....  နေမင်းမောင်


33 comments:

  1. ကျွန်တော်ဆို ကွန်ပျူတာပြင်ဆင်ရေးနဲ့ပက်သက်ပြီး သင်တန်းတက်ချင်လိုက်တာဗျာ။ လူကအလုပ်နဲ့ဆိုတော့ တက်လို့မရ၀ူးဖြစ်နေပါတယ်။ အစ်ကိုသာ ဒီမှာသင်ကြားပေးမယ်ဆိုရင် အတိုင်းအထက်အလွန်ပါဘဲဗျာ။ ကျေးဇူးတင်ပါတယ်။
    အော်....ကျွန်တော်ကို့ cd/ dvd တွေကို copy protect အကောင်းဆုံးလုပ်ပေးနိုင်တဲ့ ဆော့ဝဲလ်များရှိရင် အစ်ကိုညွှန်ကြားပေးပါလားဗျာ။
    နှလုံးသားအမောများ ပြေပျောက်ပါစေ။

    ReplyDelete
  2. ဘာလုပ်လုပ် သူများအတွက်အကျိုးပြုနိုင်တယ်ဆိုရင် ကောင်းသောအလုပ်ပါ
    ဆက်လုပ်း)

    ReplyDelete
  3. ကိုနေမင်းမောင်ရေ ကျွန်တော်တို့လို ကွန်ပျူတာပြင်တဲ့ဆိုင်၊ သင်တဲ့နေရာတွေနဲ့ဝေးနေတဲ့သူတွေ အဖို့တော့ အစ်ကိုရဲဆိုဒ်က အရမ်းတန်ဖိုးရှိတယ်ဗျာ ကျွန်တော်လည်း လေ့လာချင်ပါတယ် ........ အစ်ကိုသာအခုလို လုပ်ပေးနိုင်မယ်ဆိုရင်တော့ ကျေးဇူးအရမ်းတင်ရမှာပါ .............................
    ပျော်ရွှင်ပါစေဗျာ ......................

    ReplyDelete
  4. ကျွန်တော်လည်း ကိုနေမင်းမောင်လို ပြန်လည်ဝေမျှပေးတဲ့လူတယောက်ဖြစ်ချင်တယ်ဗျာ၊ ကိုနေမင်းမောင်ကို အားကျမိတယ်၊

    ReplyDelete
  5. သန်းအေးMarch 17, 2012 at 10:08 AM

    သိပ်ကောင်းတဲ့ အစီအစဉ် ပါပဲဗျာ..ကျနော်ကတော့ တစ်နေ့ (၂)ခေါက်တော့ ဝင်ဖတ်ဖြစ်ပါတယ်..သိပ်ပညာရတဲ့
    ဆိုဒ်တစ်ခုပါဗျာ..မောင်မင်းကြီးသားနှင့် ညီအစ်ကိုများ ကျန်းမာ ချမ်းသာပြီး ပြည်တော်ပြန်တဲ့အခါ ကြင်ယာတော်
    လေးများပါ ခေါ်သွားနိုင်ကြပါစေဗျာ...မောင်မင်းကြီးသားတို့ရဲ့ စေတနာနဲ့ ၀ါသနာကြောင့် ကျနုပ်တို့ ပညာ့ငမွဲများ
    ပညာရေတွေ ပြည့်ဝ လာနိုင်ကြောင်းပါဗျာ...ကျန်းမာ ချမ်းသာကြပါစေ လေးစားလျှက်

    ReplyDelete
  6. post တင်တာမပြောနဲ့ ဖတ်တာတောင် အချိန်မနည်း ပေးရတယ်။ဒီလူ ဘယ်လိုများ အလုပ်လုပ်ပါလိမ့်လို့ တွေးမိဘူးပါတယ်။ စေတနာတွေ ကို မြင်နေရပါတယ်--
    ကိုနေမင်းမောင် အတွက် အကျိုးအမြတ်က ပီတိ တခုပဲ ရှိမယ်ထင်ပါတယ်

    ReplyDelete
  7.ံသို

    ကိုနေမင်းမောင်~~

    ဘာမျှစွမ်းဆောင်ရည်မရှိသေးတဲ့ကျွန်တော့်အတွက်တော့
    ဒီဆိုက်လေးကတန်ဖိုမဖြတ်နိုင်လောက်အောင်ပါဘဲ..အရာရာတိုင်းအတွက်ကျေးဇူပါဗျာ..
    အကို့ရဲ့စေတနာတွေကိုဆက်လက်စောင့်မျော်ရင်းဖြင့်..

    ReplyDelete
  8. အကို့စာကိုဖတ်လိုက်ရတာ အရမ်းကိုဝမ်းသာသွားတယ်ဗျ...ဘာလို့လဲ ဆိုတော့ကွန်ပြူတာနဲ့ပတ်သတ်ပြီးရေရေရာရာ မသိတဲ့ကျနော့်အဖို့တော့ အကို့ရေးသားချက်မှာက အရမ်းကိုရိုးရှင်းပြီး နားလည်လွယ်ပါတယ် နေ့တိုင်းလဲ ဝင်ဖြစ်တယ်အကို အောင်မြင်ပါစေလို့လဲ ဆုတောင်းပေးပါတယ်ဗျာ အချိန်တွေကိုတန်ဖိုးရှိစွာအသုံးချပြီးတော့ ပြန်လည်မျှဝေပေးတဲ့ အကို့ကို အရမ်းတာဘဲဗျာ...PDF နဲ့ထုတ်ပေးသွားမယ်ဆိုရင်တော့ အရမ်းကိုကျေးဇူးတင်ပါတယ်အကို...လေးစားစွာဖြစ်..

    ReplyDelete
  9. ကျွန်တော်ကတော့နေ့ တိုင်းလိုလိုဒီဆိုဒ်လေးကိုဝင်ဖြစ်ပါတယ်..တစ်ခါဝင်တိုင်းတစ်ခါကျေးဇူးတင်မိလို့ ကိုနေမင်းမောင်ရဲ့ ကျေးဇူးတွေကျွန်တော့်အပေါ်မှာများလှပါတယ်....ဒီထက်ပိုပြီးအောင်မြင်ပါစေဗျာ

    ReplyDelete
  10. ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်အခုလိုမျိုးစိတ်ထားမွန်မြတ်တဲ့လူတစ်ယောက်တွေ့ရလို့ကျွန်တော်တို့အတွက်အရမ်းကိုအထောက်အကူဖြစ်ပါတယ်။ကိုနေမင်းမောင်ဝက်ဆိုက်ဟာကျွန်တော့အတွက်တော့အတော်ကိုတန်းဖိုးရှိပြီးအသုံးဝင်ပါတယ်။အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ။

    ReplyDelete
  11. ဒီ post ကိုဖတ်လိုက်တော့ အရမ်းဝမ်းသာမိပါတယ်။။။အခုလိုမျိုးစီစဉ်နေတဲ့ ကိုနေမင်းမောင်၇ယ့်အစီအစဉ်ကို ကြိုဆိုပါတယ်ခင်ဗျ။ကိုနေမင်း ဘာ post အသစ်တင် ထားသလဲဆိုတာကို သိရဖို့ တစ်နေ့ကို လေး ငါး ခါ ဒီဆိုဒ်ကို ဖွင့်ကြည့်လေ့ရှိပါတယ်။ သူများအကျိုးအတွက် တန်ဖိုးရှိတဲ့ အချိန်တွေအများကြီးပေးပြီး ကြိုးစားလုပ်ဆောင်ရှာဖွေပေးနေတဲ့ ကိုနေမင်း ကိုအလွန်အားကျမိပါတယ်။ကိုနေမင်းအတွက်တော့ အကျိုးအမြတ်က အပေါ်က visitor တစ်ယောက်ပြောသလို ပီတိ တစ်ခုပဲရှိမယ်ထင်ပါတယ်.. post တွေအားလုံးကို PDF လုပ်ပြီးတင်ပေးမယ်ဆိုတော့ အရန်းကောင်းပါတယ်....ကွန်ပျူတာတင်သန်းမတက်နိုင်တဲ့ ကျွန်တော်တို့လိုလူတွေ အတွက်တော့ ဒီဆိုဒ်ကိုပဲ သင်တန်းတစ်ခုလိုသဘောထားပြီး လေ့လာလို့ရတော့မှာပါ....ကိုနေမင်းမောင်က မာနကြီးသူ၊ရိုင်းသောလူတစ်ယောက် မဟုတ်ဘူးဆိုတာကိုတော့ ဒီဆိုဒ်ကို ပထမဆုံးဝင်ပြီး post တစ်ခုဖတ်တဲ့နေ့ကစပြီးသိခဲ့ပါတယ်..တစ်ကယ့်ကိုမစဉ်းစားတတ်တဲ့လူတွေကသာ ကိုနေမင်းကို မာနကြီးသူလို့ မြင်မှာ ပါ.....စိတ်နှလုံးပျော်၇ွှင်ချမ်းအေး၍ အရာ၇ာမှာ အောင်မြင်သောလူတစ်ယောက်ဖြစ်ပါစေ...

    ReplyDelete
  12. ကျေးဇူးတင်ပါတယ်လို့ပြောရင်ရပေမယ့်...အမှန်အတိုင်းပြောရမယ်ဆိုရင် ငါ့ညီကို အစ်ကို အရမ်းလေးစားတယ်။ ဘာကြောင့်င့ါညီလို့ သုံးရတာလဲဆိုတော့ Interview တစ်ခု ဖတ်မိဖူးတယ်။ အဲမှာ ငါ့ညီအသက်က အရမ်းငယ်သေးတယ်ဆိုတာသိထားလို့ပါ။ အစ်ကိုက အခု IT Executive နဲ့ စလုံးမှာ အလုပ်လုပ်နေပါတယ်။ ပညာလို အိုသည်မရှိ ဆိုတဲ့ စကားအတိုင်း အစ်ကိုကိုယ်တိုင် blog မရေးဖြစ်ပေမယ့် င့ါညီတို့လို ဆိုဒ်လေးတွေမှာ အမြဲလေ့လာဖတ်ရှုမိပါတယ်။ ငါ့ညီဆိုဒ် ကို တစ်နေ့တစ်ခေါက်ကတော့ အမြဲရောက်ဖြစ်တယ်။ လာတိုင်းလဲ တစ်ခုမဟုတ် တစ်ခုတော့ အရယူသွားပါတယ်။ ငါ့ညီ ဒီထက် အောင်မြင်ပါစေလို့ အစ်ကိုဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  13. အစ်ကိုလို လူမျိုးတွေ များများ ရှိပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ...ထာဝရ လေးစားလျှက်ပါ..

    ReplyDelete
  14. ကျေးဇူးပါ....အားပေးလျှက်

    ReplyDelete
  15. တန်းဖိုးရှိတဲ့ ဆိုဒ်ပါအကို အခြားIT ဆိုဒ်တွေလဲတော်တော်
    လေ့လားဖူးတယ် ဘယ်လိုပြောရမလဲမသိဘူး မတူတာတော့
    အမှန်ဘဲအကို
    အမြဲအားပေးနေမယ့် 
    ကော့သောင်းသား

    ReplyDelete
  16. အကိုဆိုဒ်ကိုနေ့တိုင်းဝင်ရောက်လေ့လာဖြစ်ပါတယ်...ကျနော်အတွက်တော့အရမ်းတန်ဖိုးရှိတဲ့ဆိုဒ်ပါ..
    အကိုအမြဲအောင်မြင်ပျော်ရွှင်ပါစေ..။

    ReplyDelete
  17. ကျွန်တော် Antivirus ရေးချင်တယ်အစ်ကိုရ အဲ့ဒါရေးဖို့အတွက် ဘယ်လိုလေ့လာရမယ်ဆိုတာကို a to z frame တစ်ခုလောက်ချပေးပါဦး ပြီးတော့ ဘယ် language က အစွမ်းအထက်ဆုံးလည်း ဆိုတာလည်း သိချင်ပါတယ်

    ReplyDelete
  18. ကောင်းပါတယ် မသိမတတ်သေးတဲ့သူတွေကို လက်တွဲခေါ်တာကိုကြိုဆိုပါတယ် ကျေးဖူးတင်ပါတယ် နည်းပညာနဲ့ ပတ်သက်ပြီး နိင်ငံတကာမှာ အင်တာနက်ကနေဘယ်လိုစီးပွါးေ၇းလုပ်နေတယ် ဘယ်လိုလုပ်ဆောင်၇တယ်ဆိုတာလဲတင်ပြစေချင်တယ် မြန်မာလူမိုးတွေနောက်ကျန်မနေ၇အောင် အသိပညာပေးတာမိုးလဲ လုပ်သင့်တယ်လို့ အကြံပြုချင်ပါတယ်

    ReplyDelete
  19. တကယ်လေးစားစ၇ာကောင်းပါတယ် ဆက်ရေးဖို့တောင်းဆိုပါတယ်ခင်ဗျာ

    ReplyDelete
  20. စစ်ငြိမ်းလူMarch 20, 2012 at 8:06 PM

    အကိုရဲ့ နည်းပညာဆိုက်ကိုလေ့ လာမိမှ ကျွန်တော့် ရဲ့ ကွန်ပြူတာစွမ်းရည်တွေတိုးတက်လာတယ်
    အကိုဆိုက်ကိုနေ့ တိုင်းလိုလိုဝင်ကြည့် ပြီးလေ့ လာသင်ယူနေပါတယ်
    လေးစားလျှက်ပါ..အကိုဒီထက်ပိုပြီးအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်

    ReplyDelete
  21. အကိုရဲ့စေတနာကို အရမ်းကျေးဇူးတင်ပါတယ်ဗျား။ကျွှန်တော်တို့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးလို့။နောင်လဲဒီထက်လုပ်
    ပေးနိုင်ပါစေ၊ပိုပြီးအောင်မြင်ပါစေခင်ဗျာ။

    ReplyDelete
  22. ကျေးဇူးအများကြီးတင်ပါတယ်... အကို့ဆိုဒ်မှာအမြဲတမ်းလေ့လာသင်ယူနေပါတယ်။
    အကို့ရဲ့စေတနာကိုလေးစားပါတယ် ဒီထက်အောင်မြင်ပါစေ။

    ReplyDelete
  23. အရမ်းလေးစား၊အားကျမိပါတယ်..အကိုခင်ဗျာ..။

    ReplyDelete
  24. ဟုတ်တယ်ကိုနေမင်းရေ
    အဲဒါကောင်းလည်း ကောင်းတယ် မကောင်းလည်း မကောင်းဘူးဗျ
    တချို့Software လေးတွေက ကျွန်တော်တို့ရှာပါတယ် အလကားမရတာတို့ ဘာတို့ပေါ့ဗျာ
    အဲဒါလေးတွေက ကိုနေမင်းဆိုဒ်မှာ တွေ့ရင် တော်တော်ကျေးဇူးတင်မိတယ်.....
    မကောင်းတာကတော့ ကိုနေမင်းပြောသလိုပဲ လွယ်လွယ်ရရင် လွယ်လွယ်သုံးပြီး တန်ဖိုးနားမလည်မှာလည်းဖြစ်တက်တယ် ပြီးတော့ နောက်တစ်ခုတော့ ကိုနေမင်း ကွန်ပျူတာ အခြေခံသုံးတာလေး သင်ပေးမယ်ပြောတယ် ကောင်းပါတယ် အဲဒါ လိုအပ်တာ ရှီရင်လည်း ကျွန်တော်လည်း နည်းနည်းကူညီချင်ပါတယ် ကျွန်တော်လည်း အခြေခံပိုင်းနဲ့ ပတ်သက်ပြီး သင်တန်းလေး ဖွင့်ထားလို့ပါ ကူညီခွင့်ရရင် ကျွန်တော်လည်း သိသလောက်လေး မျှဝေချင်ပါတယ်.......လေးစားလျက်ပါ ကိုနေမင်း

    ReplyDelete
  25. ကိုနေမင်းမောင်
    ကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete
  26. Thank you so much, bro

    ReplyDelete
  27. ကိုနေမင်းမောင် ကျနော်လဲမျှော်နေတယ်ဗျာ
    ကျေးဇုးကိုအရမ်းတင်တယ်
    ခုလိုစိတ်ကုးက ကျနော်တို.အတွက်တော.
    တကယ်ကို အဖိုးမဖြတ်နိုင်ပါဘုး.........

    ReplyDelete
  28. ဆက်လက်စာတွေရေးပေးဖို့တောင်းဆိုပါတယ် အစ်ကို့စာတွေကြောင့် ပိုပြီးတော့ ကွန်ပျူတာနဲ့ ရင်းနှီးလာရတာပါ.. အမြဲအားပေးလျက်ပါအစ်ကို... အရမ်းလည်းကျေးဇူးတင်ပါတယ်အစ်ကို...

    ReplyDelete
  29. နေမင်းမောင်ရဲ့ ဆိုက်လေးကို အမြဲအားပေးနေပါတယ်။ နောက်ထပ်တစ်နှစ်ခွဲလောက်ပဲ စာရေးနိုင်တော့မယ်ဆိုလို့ စိတ်မကောင်းဖြစ်ရတယ်။ ဘာလို့ မရေးဖြစ်တော့မှာလဲ။ ရေးနိုင်နေသမျှတော့ ရေးနေစေချင်သေးတယ်။ ဘာလို့လဲဆိုတော့ နောက်ထပ်ပို့အသစ်တွေ မတွေ့ရတော့မှာ စိုးလို့ပါ။ နည်းပညာလိုက်စားသူတွေအတွက် နေမင်းမောင်ရဲ့ ဆိုက်က မရှိမဖြစ်ပါပဲ။ အခုလို နည်းပညာတွေဖြန့်ဝေပေးတာ လေးစားဂုဏ်ယူအားကျမိပါတယ်။ ဆန္ဒတွေလည်း ပြည့်ဝပါစေ။

    ReplyDelete
  30. ကျေးဇူးပါ..ကျမကအခုမှဝင်ရောက်လေ့လာသူဖြစ်ပါတယ်..နောက်တော့နေ့တိုင်းဝင်ဖတ်ဖြစ်မယ်ထင်ပါတယ်
    သူငယ်ချင်းတယောက်ကကိုနေမင်းမောင်ဝက်ဆိုဒ်ကိုပေးထားတာကြာပါပြီမအားလို့မဝင်ဖြစ်တာပါ
    အခုတော့မအားလဲဝင်ဖတ်မှဖြစ်တော့မယ်လေ..ဘာလို့လဲဆိုတော့ကွန်ပြူတာဗိုင်းရပ်ဝင်တော့ဘာမှမလုပ်တတ်တော့
    အခက်တွေ့တာဘဲ့အလုပ်ကလဲအမြန်လိုဆိုင်ပို့တော့လဲကြာလိုက်တာမပြောနဲ့တော့.စက်အသစ်ဝယ်သုံးလိုက်ရတယ်
    အရမ်းကိုကျေးဇူးတင်ပါတယ်..နေ့တိုင်းဖတ်ဖြစ်မှာပါ

    လေးစားဂုဏ်ယူပါတယ်ကိုနေမင်းမောင်..

    ReplyDelete
  31. ကိုနေမင်းမောင်းရေ ကျွန်တော်ကပညားမတတ်ပါဘူးအင်္ဂလိပ်လိုလဲးနာမလည်ဘူးကွန်ပူးတာသင်းတန်ဆိုရင်းမစဉ်းစာဖူးဘူအစ်ကို
    ဒါပေမဲ့ညီးကွန်ပူးတာနဲ့ ပတ်သတ်ရင်းထမင်းငတ်ရေငတ်ခံပြီးလေလာပါတယ်အစ်ကို ဒါပေမဲ့ ညီးကန်ဆိုပါတယ်
    ဘာဖြစ်လိုလဲးဆိုတော့ ညီမှာဆရားဆိုလဲမရှိသဘေားတရားပြောပြမယ်သူ့ လဲးမရှိဖြစ်နေပါတယ်အစ်ကိုနေမင်းမောင်း အစ်ကိုနေမင်းမောင်းဆိုဒ်ကိုယ်ဘယ်လိုလုပ်ရောက်သွားလဲမသိဘူး
    အဲဒီးကျမှ စားတွေးမြန်မာလိုရေးထားတော့ကျွန်တော်တော်တော့အားတွေးရှိသွားတယ်အစ်ကို ဒါပေးမဲ့ညီးလေလားတုန်ပဲးအစ်ကို ဘာကိုယ်မှတော့မတတ်သေးပါဘူး အစ်ကိုကိုယ်ကျေဇူးတင်းပါတယ်လိုပြောဖိုတောင်းဘယ်လိုပြောရမှန်တောင်းမသိတော့ဘူးအစ်ကို အခုဟာကကျေဇူးတင်းပါတယ်ဆိုတဲ့စကားနဲ့ တောင်းကျော်နေလိုအစ်ကို ညီလဲးအစ်ကိုဆီးကပညားတွေးရရင်းအစ်ကိုပြောသလိုပြန်လည်းမျှးဝေးပေးပါမယ်အစ်ကို အထိက ကတော့ညီတိုလိုပညားမတတ်တဲ့သူတွေးပါအစ်ကို ဘာဖြင်းလိုလဲးဆိုတော့နိုင်းငံမှာကစီပွားရေးအဆင်းပြေတဲ့အသိုင်ဝိုင်းကပဲးသားသမီးတွေးကိုကွန်ပူးတာသင်တန်ထားကြတယ်လေး ညီးတိုလိုအောက်တန်စားတွေးတွက်တော့မစဉ်းစာရဲ့ ပါဘူး ဒီပညားကိုညီးအစားငတ်ခံရေငတ်ခံပြီးလေလားသူတစ်ယောက်ပါအစ်ကို အထိက ကတော့အစ်ကိုဆီးကပါပဲးဘားဖြစ်လိုလဲးဆိုတော့ အစ်ကိုဆီးမှာက စားတွေးကိုယ်မြန်မာလိုရေးထားလိုပါအစ်ကို
    ညီရဲ့  အီမေလ်က de1915@hotmail.comပါအစ်ကို ရှိလိုသာရေးထားတယိုအီမေလ်ဟာဘာလုပ်လိုရတယ်ဆိုတာလဲးနာမလည်ဘူးအစ်ကိုနေမင်းမောင်ရေး အမြဲးလေစာလျှက်ပါအစ်ကိုနေမင်းမောင်း

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်