Photo from eu2010.es
အဲ့တုန်းက -
(
၉ ) တန်းအောင်ပြီး ( ၁၀ ) တန်းခု စတက်မယ်လုပ်တော့ ဝိုင်းခေါ်သင်တဲ့သူ Guide
ဌားတဲ့သူတွေ ရှိပေမယ့် ကျွန်တော်တို့ ခေတ်က ဝိုင်း တို့ Guide တို့ ဆိုတာ
အဲ့လောက်ကြီးထိ ခေတ်မစားသေးဘူး - ခေတ်စားခဲ့ရင်တောင် အဲ့လောက်ထိ
ကျွန်တော်တို့ မိသားစု မတတ်နိုင်ဘူး - ကျွန်တော်တို့ မိသားစုက ဝင်ငွေနဲ့
ထွက်ငွေ ဘယ်တော့မှ ကာရန်မညီတဲ့ ဝန်ထမ်းမိသားစု - အဖေ သက်ရှိထင်ရှား
ရှိပေမယ့် တာဝန်ကြောင့် ကျွန်တော်တို့ မိသားစု တစ်ကွဲတစ်ပြား ဖြစ်နေကြတယ် -
ဘယ်မှာနေလဲ ဆို ရန်ကုန်လို့ ပြောဖြစ်ပေမယ့် တကယ်တော့ ကျွန်တော်နေခဲ့တာ
ရန်ကုန်မြို့ရဲ့ အစွန်အဖျား ၁၉၉၅ ခုနှစ် အခြေအနေက
ဒဂုံမြို့သစ်တောင်ပိုင်းမှာ -
ဒဂုံတောင်ပိုင်းလို့
ဆိုလိုက်ရင် ခုခေတ် အခြေအနေမှာတောင် Taxi သမားတွေ လိုက်မပို့ချင်ကြဘူး -
မြန်မာကားတွေ ကြည့်လိုက်လို့ ဆင်းဆင်းရဲရဲ အခြေခံ လူတန်းစားတွေကို ပြရင်
ဒဂုံတောင်ပိုင်းမှာ နေတယ်လို့ နာမ်စားသုံးပြီး ပြောကြတယ် - ဟုတ်ပါတယ် -
ကျွန်တော်တို့က အခြေခံ လူတန်းစားပါ - အဲ့တုန်းက ဒဂုံတောင်ပိုင်းမှာ ရှိတဲ့
ကတ္တရာလမ်း ဆိုတာ လက်ချိုးရေလို့ ရတယ် - ဘယ်နေရာသွားသွား - ဂဝံလမ်း -
မြေနီလမ်းနဲ့ လယ်ကွင်းတွေချည်းပဲ - ကျွန်တော်သွားတဲ့ ကျောင်းက အထက ( ၂ )
ဒဂုံမြို့သစ်တောင်ပိုင်း -
- သောက်ရေကန်ရှိတယ် - ဒါပေမယ့် မိုးရာသီမှာပဲ ရေပြည့်တယ်
- အလံတိုင်ရှိတယ် - ဒါပေမယ့် ကြယ် ၁၄ လုံး မရှိဘူး
- ကျောင်းအဝင်လမ်းက လွဲရင်ကျောင်းဝင်း တစ်ခုလုံးက ခါးဝက်လောက် ရှည်တဲ့ မြက်ပင်တွေချည်းပဲ
- ယောကျာင်္းလေး မိန်းကလေး အိမ်သာခွဲထားပေးပေမယ့် တံခါးတွေက အလုပ်မလုပ်တော့ဘူး
- မိုးရွာရင် မုန့်စားဈေးတန်းဆိုတာ မိုးခိုစရာ နေရာ မရှိဘူး
-
စာသင်ခန်းက မိုးရာသီရောက်ရင် မိုးယိုတာ မိုးပတ်တာတွေကြောင့်
သံမံတလင်းမရှိတဲ့ မြေကြီးသားက ဗွက်အရမ်းထပြီး ခြေထောက်တွေကို
ထိုင်ခုံပေါ်တင်ပြီး စာသင်ကြရတယ်။
မနက်ဆို
၅ နာရီလောက်ထ ဘတ်စ်ကားတိုးစီးပြီး ဒဂုံတောင်ပိုင်းကနေ မြို့ထဲ
ပန်းဆိုးတန်းမှာ ရှိတဲ့ ကျူရှင်ထိ ထမင်းဗူးနဲ့ ကျူရှင်တက်ရတယ် -
ဘာလို့လည်းဆို အိမ်ပြန်စားဖို့ အချိန်မလောက်ဘူး - အပြင်မှာဝယ်စားဖို့
ပိုက်ဆံမရှိဘူး - နောက်ပြီး အဲ့အချိန်က ဒဂုံတောင်ပိုင်းကို နာမည်ရ
ဘယ်ကျူရှင် ဆရာမှ စာလာမပြကြဘူး - ရန်ကုန်မြို့ထဲက လာရင် ခရီးလည်း
အရမ်းဝေးသလို ခါးပိုက်နှိုက်နဲ့ လူဆိုးသူခိုးလည်း အလွန်ပေါတယ်လို့
ဒဂုံတောင်ပိုင်းက နာမည်ကြီးတယ် - အဲလိုနဲ့ နောက်ပိုင်း ကျောင်းတွေ
ဖွင့်တော့ ဘာသာစုံ ကျူရှင်ယူဖို့ အမေပြောပေမယ့် အိမ်ရဲ့ အခြေအနေ ကြောင့်
သိပ္ပံတွဲ တစ်ခုပဲ ကျူရှင်ယူပြီး ဝိဇ္ဇာတွဲကို ကိုယ့်ဘာသာ ကျက်ခဲ့တယ် -
နေ့တိုင်း ကျောင်းတက်တယ် - ဘာလို့လည်း ဆို လူမှုရေး ဘာသာတွဲအတွက် မေးစရာ
ဆရာ/ဆရာမ ဆိုတာ ကျွန်တော့်အတွက် ကျောင်းမှာပဲ ရှိတယ် - အဲ့တုန်းက
ကျွန်တော်နားမလည်တဲ့ အပိုင်းတွေကို ကျောင်းမှာ အမြဲတမ်း စိတ်ရှည်ရှည်
ရှင်းပြပေးတဲ့ ဆရာမ ရှိတယ် - ဆရာမ နာမည်က "ဒေါ်အေမီသန်း" -
ဆရာမ အသင်အပြကောင်းလို့ ဝိုင်း ခေါ်သင်ကြတဲ့ သူတွေ ရှိပေမယ့် ဝိုင်း
မတက်နိုင်တဲ့ ကျောင်းသားတွေ အတွက်လည်း ဆရာမက ကျောင်းမှာပဲ စာတွေ
ရှင်းပြပေးတယ် - ဆရာမ ဘယ်မှာ ရှိနေဦးမယ်ဆိုတာ ကျွန်တော် မသိတော့ပေမယ့်
ကျွန်တော် ဆရာမရဲ့ ကျေးဇူးတရားကို ကနေ့အထိ အမှတ်တရ ရှိနေဆဲပါ -
(
၁၀ ) တန်းအောင်တော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် စက်မှုတက္ကသိုလ်ပဲ
တက်ခဲ့တယ် - ဆေးကျောင်းဆိုတာ M.B.B.S လောက်နဲ့ ရပ်နေလို့ သင့်တာမျိုးမှ
မဟုတ်တာ - သူ့နောက်မှာ M.Med.Sc ဆိုတာ ရှိတယ် - နောက် M.R.C.P - F.R.C.S -
လိုက်လို့ မဆုံးနိုင်တဲ့ ဘွဲ့တွေနောက်မှာ ဒီမိသားစု အခြေအနေနဲ့ ရပ်တည်ဖို့
ဘယ်လိုမှ မဖြစ်နိုင်ဘူး - တကယ်တော့ ဘွဲ့ဆိုတာ
ပန်းတိုင်တစ်ခုပဲ
- ဆရာဝန် - အင်ဂျင်နီယာ - ကွန်ပြူတာ .... ဆိုတာတွေနဲ့ တစ်ခြားဘွဲ့
တွေဆိုတာ အမည်ခြားနား သွားတာက လွဲရင် လူတစ်ယောက်ရဲ့ တန်ဖိုးကို
ပိုင်းဖြတ်လို့ ရတဲ့ အရာတွေ မဟုတ်ဘူး - လူတစ်ယောက်ဟာ ဘယ်လို ဘွဲ့မျိုး
ရခဲ့သည်ပဲ ဖြစ်စေ ကိုယ်ရခဲ့တဲ့ ဘွဲ့ဟာ လက်တွေ့မှာ အသက်မွေးဝမ်းကျောင်း
ပညာရပ်တစ်ခု အဖြစ် အသုံးချလို့ မရဘူးဆိုရင်တောင် အဲ့ဒီ ဘွဲ့ကို သုံးစားလို့
မရဘူးဆိုပြီး သတ်မှတ်ပစ်လို့ မရဘူး - ခုခေတ် လူငယ်တွေက အတွေးအခေါ်နဲ့
ခံယူချက်တွေ လွဲမှားနေကြတယ် - လူငယ်တွေတော်တော်များများက ဘွဲ့ တစ်ခုရဲ့
ဂုဏ်ပုဒ်ကို ကျောင်းပြီးလို့ လခကောင်းကောင်းနဲ့ အလုပ်ရရှိမှုပေါ် မူတည်ပြီး
တိုင်းတာနေကြတယ် - တကယ်တော့ ဘွဲ့ ဆိုတာ လူတစ်ယောက်ရဲ့ -
( ၁ ) တွေးခေါ်မျှော်မြင်နိုင်စွမ်း -
( ၂ ) ဆက်စပ် ချင့်ချိန်နိုင်စွမ်း နဲ့
( ၃ ) ကဏ္ဍအလိုက် ကျွမ်းကျင်တတ်မြောက်မှု တွေကို ဆန်းစစ်မှတ်တမ်းတင်ပေးတဲ့ လက်မှတ်တစ်ခုပါ -
ကိုယ့်နိုင်ငံက
အဘက်ဘက်က ဖွံ့ဖြိုးမှု အားနည်းနေသေးလို့ ရရှိတဲ့ ဘွဲ့နဲ့ လျှော်ညီအောင်
လုပ်ငန်းခွင် ရပ်တည်နိုင်ခွင့် အာမခံချက် အပြည့်အဝ မပေးနိုင်သေးပေမယ့်
ကျွန်တော်တို့ ကျောင်းတွေ တက္ကသိုလ် တွေက သင်ပေးခဲ့တဲ့ ပညာရပ်တွေမှာ
ဘယ်နိုင်ငံကိုပဲ သွားသွား နောက်ကောက်မကျနိုင်တဲ့ တွေးခေါ်
မျှော်မြင်နိုင်စွမ်း နဲ့ ဆက်စပ် ချင့်ချိန်နိုင်စွမ်းကို
သင်ကြားပေးနိုင်တဲ့ အရည်အချင်းတော့ ရှိနေပါသေးတယ် -
ဒါကို
လူငယ်တွေ သတိမထားမိကြဘူး - အောင်မြင်တဲ့ ပညာရေး စနစ်နဲ့ ဘဝရပ်တည်မှုကို
နိုင်ငံခြားသွား ကျောင်းတက်မှ ရမယ် - အင်္ဂလိပ်လို သင်တဲ့ကျောင်းတက်မှ
ဘဝရပ်တည်မှု ခိုင်မာတော့ မလို ထင်နေကြတယ် - နိုင်ငံရပ်ခြား တက္ကသိုလ်တွေမှာ
သင်ပေးနေတဲ့ ပညာရေးစနစ်က ကျွန်တော်တို့ သင်ခဲ့ဖူးတဲ့ တက္ကသိုလ်တွေက ပညာရေး
စနစ်ထက် အားသာချက်တွေ အများကြီး ရှိတယ်ဆိုတာ ကျွန်တော် မငြင်းလိုပါဘူး -
ဒါပေမယ့် သူတို့တွေနိုင်ငံမှာ ဘာကြောင့် အောင်မြင်တဲ့ ပညာရေး စနစ်ရှိနေသလဲ -
ဒါကို ကျုပ်တို့ ထည့်စဉ်းစားဖို့ လိုတယ် - သူတို့နိုင်ငံမှာ ရှိနေတဲ့
အောင်မြင်တဲ့ ပညာရေး စနစ်ဆိုတာ နေ့ချင်း ညချင်း ဥုံဖွဆိုပြီး ရောက်လာတာ
မဟုတ်ဘူး - သူတို့လည်း ဘာမှမအောင်မြင်တဲ့ ကျွန်တော်တို့လို အခြေခံအဆင့်ကနေ
စခဲ့ရတာပဲ - အောင်မြင်တဲ့ ပညာရေးစနစ်ဆိုတာ သင်ကြားမှု ပြည့်စုံယုံ
တစ်ခုတည်းနဲ့ မရဘူး - သင်ယူသူရဲ့ စိတ်ပါဝင်စားမှုနဲ့ လိုက်ပါလုပ်ဆောင်မှု
အချိုးညီမှသာ အောင်မြင်တဲ့ ပညာရေးစနစ် တစ်ခု ရရှိနိုင်တယ် -
ပညာဆိုတာဟာ
အရင် ကိုယ့်အရင်, အရင်က မွေးဖွားကြီးပြင်းခဲ့တဲ့သူတွေ ကြုံခဲ့ သိခဲ့
မှားခဲ့တာတွေကို စုစည်းမှတ်တမ်းတင်ပြီး သင်ရိုးတစ်ခုအဖြစ် ပုံသွင်းထားတာ -
ဒါကို ဘက်ပေါင်းစုံကနေ သိအောင်တတ်အောင် မျှအောင် သင်ကြားနိုင်ဖို့
သင်ရိုးရေးဆွဲပြီး အချိန်နဲ့ စနစ်တကျ သင်ကြားစေခဲ့ရာ ကနေ ပညာရေးစနစ်ဆိုတာ
ပေါ်ပေါက်လာတယ် - ပညာဘာလို့ သင်ရသလဲ - နေရာတိုင်းမှာ ပညာတတ်ကို ဘာကြောင့်
ဦးစားပေးရွေးချယ်သလဲဆိုတော့ ပညာတတ်ဆိုတာ အမှားတစ်ခုကို
ကိုယ်တိုင်မှားယွင်းပြီးမှ သင်ခန်းစာယူစရာ မလိုပဲ - တစ်ခြား သူတစ်ယောက်ရဲ့
အတွေ့အကြုံကို ကြည့်ပြီး ရှောင်ရှားနိုင်တယ် - အမှန်အမှားကို
လက်တွေ့ဘဝနယ်ပယ် မဝင်ခင်တည်းက စာတွေ့သိခဲ့ ပြီးသားမို့လို့ လက်တွေ့
လုပ်ငန်းခွင် ဝင်ရောက်တဲ့ အချိန်မှာ လုပ်ဆောင်ချက် တစ်ခုကို အစပျိုး
လိုက်တာနဲ့ မှားနိုင်သလား မှန်သလား - မှားမှန်းသိလျက်နဲ့ ဆက်လုပ်မယ်
ဆိုရင်တောင် ဘယ်လို အကျိုးအပြစ် ရမယ် - ဒါကို ငါဘယ်လို ရင်ဆိုင်မယ်
ဆိုတာကို ကြိုတင်ခန့်မှန်းနိုင်တဲ့ စွမ်းရည် ရှိကြတယ် - ဒီစွမ်းရည်တွေက
ပညာတတ်နဲ့ ပညာမဲ့ ( ဘွဲ့ရပေမယ့် ပညာမတတ်ခဲ့တဲ့သူ ) ကြားမှာ အဓိက
ကွာခြားသွားတဲ့ အချက်ပဲ -
ပညာသင်ယူရခြင်းရဲ့
အနှစ်သာရကို တက္ကသိုလ် ရောက်လာခဲ့တဲ့တိုင်အောင် ဘာကြောင့် စာသင်နေကြရသလဲ
ဆိုတာ လူငယ်တွေ ဂဃနဏ မသိတော့ တက္ကသိုလ် တစ်ခုရဲ့ ပညာရေးစနစ်က နဂို
အားနည်းနေတဲ့ အခြေခံမှာ နားမလည်တာပေါင်းပြီး ပို ပုံပျက်သွားတယ် -
ကိုယ်တက်တဲ့ တက္ကသိုလ်ဟာ အသက်မွေးဝမ်းကျောင်းပညာရပ် သင်ကြားပေးနေတဲ့
တက္ကသိုလ် မဟုတ်တော့ရင် လူငယ်တွေရဲ့ စိတ်က အလိုလိုနေရင်း ကိုယ်ယူရမယ့်
ဘွဲ့ကို တန်ဖိုးမထားကြတော့ဘူး - အတန်းချိန်တွေကို ရှောင်တယ် - Practical
ချိန်တွေကို လူစားထိုးတယ် - စာမေးပွဲ နီးရင် နီးစပ်ရာ နီးစပ်ရာ အဆင်ပြေသလို
လုပ်ပြီး တစ်နှစ်တစ်တန်း ပုံမှန် အောင်ဖို့ကိုပဲ အားထားကြတော့တယ် -
စာမေးပွဲတွေ ပုံမှန် အောင်ပြီး ဘွဲ့တွေ ရသွားကြတာပဲရှိတယ် - အပေါ်မှာ
ပြောခဲ့တဲ့ သင်ရိုးတစ်ခုကနေ သင်ကြားပေးတဲ့ ဆက်စပ်တွေးခေါ်မှု Concept ကို
ရမသွားခဲ့ကြဘူး - အဲ့တော့ အနှစ်ချုပ်မှာ တက္ကသိုလ်ကျောင်းသားတစ်ယောက်က
ကျောင်းပြီးလို့ ပညာစုံသွားတယ်သာ ဆိုတယ် တက္ကသိုလ် တစ်ခုက အဓိက ပေးချင်တဲ့ (
၁ ) တွေးခေါ်မျှော်မြင်နိုင်စွမ်း နဲ့ ( ၂ ) ဆက်စပ်
ချင့်ချိန်နိုင်စွမ်းကို ကျောင်းသားလူငယ်တွေ မရခဲ့ကြသလို ( ၃ ) ကဏ္ဍအလိုက်
ကျွမ်းကျင် တတ်မြောက်မှု ကိုလည်း မရရှိခဲ့ကြဘူး - ကဏ္ဍအလိုက်
ကျွမ်းကျင်တတ်မြောက်မှု ဆိုတာ ကိုယ့်နိုင်ငံရဲ့ ပညာရေးစနစ် အားနည်းမှု
တစ်ချို့နဲ့ သင်ထောက်ကူ ပစ္စည်း မပြည့်စုံနိုင်မှုကြောင့် ပြည့်ဝတဲ့
ကျွမ်းကျင်မှု မရရှိခဲ့သေးဘူး ဆိုရင်တောင် လုပ်ငန်းခွင်ရောက်ရင်
ပြန်လည်လေ့လာယူလို့ ရနိုင်ပြီး - တွေးခေါ်မျှော်မြင်နိုင်စွမ်း နဲ့ ဆက်စပ်
ချင့်ချိန်နိုင်စွမ်း မရခဲ့တာကျတော့ လုပ်ငန်းခွင်ဝင်တဲ့ အချိန် -
လူအများနဲ့ ပေါင်းသင်းဆက်ဆံ ပြီး လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တဲ့
အချိန်မှာ အရမ်းကို စကားပြောသွားပြီ - ဘွဲ့ရထားပေမယ့်
တွေးခေါ်မျှော်မြင်နိုင်စွမ်း - ဆက်စပ်ချင့်ချိန်နိုင်စွမ်းကို ပညာကနေ
မရခဲ့တော့ တစ်ခုခုကို အထက်က ခိုင်းလိုက်ရင် ပိုကောင်းအောင်
လုပ်ဖို့နေနေသာသာ အမှားကင်းအောင်ကို မနည်းကြိုးစားလာကြရတယ် -
ဘာလို့လည်းဆိုတော့ ပညာကမရခဲ့တဲ့ အမှားအမှန် ဆန်းစစ်ပိုင်းခြားမှုနဲ့
တွေးခေါ်မျှော်မြင် နိုင်စွမ်းကို လုပ်ငန်းခွင်ရောက်မှ ကိုယ်တိုင်မှားပြီး
သင်ခန်းစာတစ်ခုအဖြစ် သင်ယူနေကြရလို့ပဲ -
ဒီလို
လူငယ်တွေ နိုင်ငံခြားထွက်တော့လည်း သူများနိုင်ငံမှာ တစ်ခုခုလုပ်တိုင်း
အမှားနဲ့ မကင်းလို့ အထက်က မကြည်ဖြူ - lvl တူချင်း ဆိုရင်တောင်
ကိုယ့်ရခဲ့တဲ့ ပညာရပ်က အတွေ့အကြုံဆိုတာ သူတို့တွေထက်
အများကြီးနိမ့်သွားလို့ လုပ်ငန်းခွင်မှာ အနှိမ်ခံရနဲ့ - နောက်ဆုံး
မကျေနပ်ချက်က ဘယ်လိုရောက်သွားလဲဆို အင်တာနက်ထဲက လူမှုဆက်ဆံရေး ကွန်ယက်တွေ -
နိုင်ငံရေး ဆိုဒ်တွေ ... စသဖြင့် ရောက်သွား - အဲ့မှာ စိတ်ထဲအခန့်မသင့်တာနဲ့
တွေ့ရင် မှားတာဆိုလည်း ဆဲ - မှန်တာ ဆိုလည်း ဆဲ နဲ့ စိတ်ထွက်ပေါက် တစ်ခု
ရှာနေကြတဲ့ လူငယ်တွေ ဖြစ်လာကြတယ် - တွေးခေါ်မျှော်မြင် နိုင်စွမ်း နဲ့
ဆက်စပ် ချင့်ချိန်နိုင်စွမ်း ဆိုတာတွေက ဘယ်နိုင်ငံက ဘယ်ကျောင်းသွားသင်သင်
ကိုယ်ကိုယ်တိုင်က ကိုယ်သင်ယူရတဲ့ ဘာသာရပ်ကို အပတ်တကုတ် လေ့လာဆည်းပူး
အားထုတ်မှ ရတာ - နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီး အပေါ်မှာ ပြောခဲ့သလို
အတန်းချိန်ကိုရှောင် - ကျောင်းက ပုံမှန်မတက် - စာမေးပွဲကို နံကြားထောက်
ကျက်ပြီး ဖြေဖို့ ကြိုးစားနေရင် Havard မှာပဲ သွားတက်ဦး ဖွတ်ပဲ ဖြစ်မှာပဲ
ကိုယ်ပိုင်
အရည်အချင်းဆိုတာ လူတိုင်း လူတိုင်းမှာ မွေးကတည်းပါလာပြီး
အဲ့အရည်အချင်းဆိုတာ နိုင်ငံခြားမှာ ကျောင်းသွားတက်ရမှ ရနိုင်တာ မဟုတ်ဘူး -
နိုင်ငံခြားမှာပဲ ကျောင်းတက်တက် - ကိုယ့်နိုင်ငံတွင်းမှာပဲ ဘွဲ့ရရ
ကိုယ့်အရည်အချင်းကို ကိုယ့်ဘာသာ တည်ဆောက်ခန့်ခွဲနိုင်တဲ့သူဆိုတာ
တစ်ချိန်မှာ ထိပ်ကို ရောက်လာတာပဲ - ဒီအကြောင်းကို ကျွန်တော်ရေးနေပေမယ့်
ကျွန်တော်လည်း ဘက်ပေါင်းစုံက ပြည့်စုံနေတဲ့သူ မဟုတ်သေးဘူး - ကျွန်တော်လည်း
ခုထက်ထိ ကိုယ့်ကိုယ်ကိုယ် အခြေကျအောင် တည်ဆောက်နေရတုန်းပဲ - ဒီစာကို
ရေးဖြစ်တဲ့ ရည်ရွယ်ချက်က ခုခေတ်လူငယ်တွေ နောက်တစ်ချိန်မှာ
မိသားစုတည်ဆောက်ပြီး မျိုးဆက်တွေကို မြေတောင်မြှောက်ပေးကြမယ့်
မိဘလောင်းတွေအတွက် ကိုယ်သိခဲ့တဲ့ အတွေ့အကြုံကို စာတစ်စောင်အဖြစ်
လက်ဆင့်ကမ်းချင်တဲ့ သဘောပါပဲ -
စိတ်မကောင်းမိတာ
တစ်ခုက ခုခေတ်မှာ ( ၁၀ ) တန်းတက်နေတဲ့ ကလေးတွေကို မေးမေး - ကိုယ့်သားသမီး (
၁၀ ) တန်းရောက်နေတဲ့ မိဘကိုပဲ မေးမေး - ( ၁၀ ) တန်းအောင်ရင် ဘာလုပ်မလဲပဲ
ဖြစ်ဖြစ် - ကျောင်းပြီးရင် ဘာလုပ်မလဲပဲ ဖြစ်ဖြစ် မေးလိုက်မိရင်
တတ်နိုင်တဲ့သူဆို နိုင်ငံခြားသွား ကျောင်းဆက်တက်မယ်နဲ့ - သာမန် မိသားစု
တစ်ခုထဲကဆို နိုင်ငံခြားသွား အလုပ်လုပ်မယ် ဆိုတဲ့ အတွေးအခေါ်တွေပဲ
ကြီးစိုးနေကြတော့တယ် - ဘယ်ကပြန်လာလဲဆို နိုင်ငံခြား - ဘယ်မှာ
အလုပ်လုပ်လဲဆို နိုင်ငံခြား - ကျွန်တော် ပြောပြချင်တာ နိုင်ငံခြားဆိုတာ
လက်ရှိ မီဒီယာတွေ ဖော်ပြနေသလိုမျိုး ဝင်ချင်တိုင်းဝင် - ထွက်ချင်တိုင်းထွက်
- ကိုယ်လိုချင်သမျှ သင်ပေးမယ့် တိုင်းပြည် မဟုတ်ဘူး - နိုင်ငံခြားဆိုတာ
ကိုယ့်မှာပညာမရှိ - အတွေးအခေါ်မရှိပဲ ရပ်တည်လို့ ကောင်းတဲ့ အရပ်ဒေသ မဟုတ်ဘူး
- နိုင်ငံခြားက ကျုပ်တို့လူငယ်တွေကို လက်ခံနေတယ် ဆိုတာ သူတို့
ကိုယ်ကျိုးအတွက် ကျုပ်တို့ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီး လက်ခံနေတာ -
ကျုပ်တို့ တော်နေ တတ်နေရင်သာ ကျုပ်တို့ကို နေရာပေးရင် ပေးထားမယ် -
ကျုပ်တို့သာ ဘာစာမှ မတတ်ပဲ အမှိုက်ကောက်စားတဲ့ အလုပ်လုပ်ကြည့် -
မြန်မာနိုင်ငံသားတစ်ယောက်အတွက် ပြည်ဝင်ခွင့်ကို လျောလျောရှုရှုနဲ့ လက်ခံမယ့်
နိုင်ငံဆိုတာ မြန်မာနိုင်ငံက လွဲပြီး တစ်ခြား ဘယ်နိုင်ငံမှ မရှိဘူး -
Photo from life.com
အဲ့တော့ ပြီးခဲ့တာတွေကို အတိတ်မှာ ချန်ထားပြီး ပစ္စုပ္ပန်ကို ကြည့်ရင် ကျွန်တော်တို့အတွက် စဉ်းစားစရာ နှစ်ခု ရှိလာတယ် -
(
၁ ) နိုင်ငံခြားထွက်မယ့် လူငယ်တွေ - နိုင်ငံခြားရောက်နေတဲ့ လူငယ်တွေ
စွမ်းဆောင်ရည်ရှိတဲ့ အရွယ်မှာ တစ်ချိန်လုံး သူများနိုင်ငံအတွက် လုပ်ပေးပြီး
မီးစာကုန်ရေခမ်း ခြေကုန်လက်ပမ်းကျတဲ့ အရွယ်ရောက်မှ မြန်မာနိုင်ငံ
ပြန်လာကြတော့မှာလား ??
(
၂ ) ဒါမှမဟုတ် ခုကတည်းက နိုင်ငံရပ်ခြားမှာ ကိုယ်ပေးဆပ်လိုက်ရတဲ့
လူငယ်ဘဝအတွက် အချိန်ကို တန်ဖိုးရှိရှိနဲ့ မိမိဘဝ ရပ်တည်နိုင်ဖို့
ကြိုးစားပြီး မီးစာကုန်ရေခမ်း ခြေကုန်လက်ပမ်းကျတဲ့ အရွယ်မတိုင်ခင်
နိုင်ငံအတွက် မဟုတ်ရင်တောင် ကိုယ့် မြန်မာမျိုးဆက်အတွက်
ကိုယ့်မြေကိုယ့်ရေပေါ်မှာ တစ်ချိန်က ကိုယ်မရခဲ့တဲ့ အခွင့်အလမ်း နဲ့
ဘဝရပ်တည်မှုကို အနာဂတ်မျိုးဆက်တွေအတွက် ရရှိနိုင်အောင် ကြိုးစားပေးခဲ့မလား
??
|
နိုင်ငံခြားထွက်ပြီး
စာသင် - နိုင်ငံခြားမှာ အခြေချဖို့ ကြိုးစားပြီး - ကိုယ့်လူမျိုးရဲ့
စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ဖို့ မကြိုးစားကြပဲ အဆင်မပြေတိုင်း
နိုင်ငံခြားထွက်ဖို့ချည်း နည်းမျိုးစုံနဲ့ တိုက်တွန်း နေကြမယ် ဆိုရင်တော့
ကိုယ့်နိုင်ငံထဲမှာ နောက်ဆုံး သက်ကြီးရွယ်အို - မသန်မစွမ်း နဲ့ ဘိန်းစား
အရက်သမားပဲ ကျန်ခဲ့လိမ့်တော့မယ် - လူဆိုတာ ဘယ်တော့မှ ငယ်မနေဘူး -
ခုချိန်မှာ စွမ်းဆောင်နိုင်တဲ့ လူငယ်ဆိုတာ နောင်တစ်ချိန်မှာ စွမ်းဆောင်ရည်
အားလုံးလျော့ကျသွားတဲ့ လူကြီးတွေ ဖြစ်လာမယ် - ခုချိန်မှာ ရှေ့ရေးအတွက်
ကြိုတင်မပြင်ဆင်ပဲ ရေလိုက်ငါးလိုက်နေမယ်ဆိုရင် နောင်တစ်ချိန် ကိုယ့်
အသက်အရွယ် ခြေကုန်လက်ပမ်းကျလို့ မီးစာကုန်ရေခမ်းဖို့ နီးစပ်လာတဲ့ အခါ
ကိုယ်ခေါင်းချမယ့် မြေဆိုတာလည်း ကမ္ဘာ့မြေပုံပေါ်မှာ ရှာတွေ့
နိုင်လိမ့်မယ်ဦးမယ်လို့ ဘယ်သူမှ မမျှော်လင့်ကြပါနဲ့တော့ -
Credit to KznT.
ကျွန်တော်လည်း စာမရေးနိုင်တာမို့ ကိုကေဇတ်ရေးထားခဲ့ပေးတဲ့ စာတွေ ကောင်းတဲ့ ပိုစ့်လေးတွေကိုပဲ့ ပြန်မျှပေးလိုက်ပါတယ်။ ညီလေး နေပြန်ကောင်းရင်တော့ စာပြန်ရေးပါလိမ့်မယ်။ ခုတော့ နလန်ထကာစမို့ စာဖတ်သူများ နားလည်ပေးစေချင်ပါတယ်။
အဆင်ပြေပါစေ..
သန့်ဇင်ဌေး
ကောင်းတယ်ဗျာ.....( ၁ ) နိုင်ငံခြားထွက်မယ့် လူငယ်တွေ - နိုင်ငံခြားရောက်နေတဲ့ လူငယ်တွေ စွမ်းဆောင်ရည်ရှိတဲ့ အရွယ်မှာ တစ်ချိန်လုံး သူများနိုင်ငံအတွက် လုပ်ပေးပြီး မီးစာကုန်ရေခမ်း ခြေကုန်လက်ပမ်းကျတဲ့ အရွယ်ရောက်မှ မြန်မာနိုင်ငံ ပြန်လာကြတော့မှာလား ??
ReplyDelete( ၂ ) ဒါမှမဟုတ် ခုကတည်းက နိုင်ငံရပ်ခြားမှာ ကိုယ်ပေးဆပ်လိုက်ရတဲ့ လူငယ်ဘဝအတွက် အချိန်ကို တန်ဖိုးရှိရှိနဲ့ မိမိဘဝ ရပ်တည်နိုင်ဖို့ ကြိုးစားပြီး မီးစာကုန်ရေခမ်း ခြေကုန်လက်ပမ်းကျတဲ့ အရွယ်မတိုင်ခင် နိုင်ငံအတွက် မဟုတ်ရင်တောင် ကိုယ့် မြန်မာမျိုးဆက်အတွက် ကိုယ့်မြေကိုယ့်ရေပေါ်မှာ တစ်ချိန်က ကိုယ်မရခဲ့တဲ့ အခွင့်အလမ်း နဲ့ ဘဝရပ်တည်မှုကို အနာဂတ်မျိုးဆက်တွေအတွက် ရရှိနိုင်အောင် ကြိုးစားပေးခဲ့မလား ??
ဘယ်သူ့ဆီက post ကိုပဲယူယူ၊ဘယ်သူဆီက post ကိုပဲ share ပညာပေး post တွေအတွက် ကျေးဇူးတင်ပါတယ်
ReplyDeletevery good .
ReplyDeletethank a lot for this post and take care for your healthy
ReplyDeleteအဲလို လူငယ်တိုင်းမြင်တတ်ပြီး ကိုယ်နိုင်ရာအခန်းကဏ္ဍကနေ တိုင်းပြည်အတွက် ဝိုင်းကြိုးစားကြမယ်ဆိုရင် ကောင်းတာပေါ့
ReplyDeleteကြိုဆိုပါတယ်
မောင်ဘကြိုင်
very good let me share .အားလုံးကိုဖတ်စေချင်လို့...
ReplyDeleteအရမ်းကောင်းတယ်ဗျာ...ကျေးဇူးအများကြီးတင်ပါတယ်ဗျာ အခုလို ပညာပေး post လေးကိုတင်ပေးလို့...
ReplyDeleteThat's right,but who have higher ability than them, they're breaking to your way.So,somebodies going to foreign for break out it.
ReplyDeletethank a lot
ReplyDeletetake care for your healthy
That's the truth. I really appreciate your article. It is so touching. Let's stop pointing other mistake and the government. Stop waiting for the next generations. Our country will be the better place if we push together before it is too late. Together we can make different.
ReplyDeleteစိတ်ရင်းစေတနာ အမှန် နဲ့ပြည့်ဝတဲ့siteလေးပါ ဆရာ နေမင်းမောင် နဲ့ ဆရာ သန့်ဇင်ဌေး တို့က ကျနော့်ရဲ့ ဆရာတွေပါ ဆရာတို့ကျေးဇူးဂါဝရ ပြုပါတယ် ကျေးဇူးတင်ပါတယ်
ReplyDeleteအခုလို ကောင်းတဲ့ပို့စ်လေးကို တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူငယ်တွေ အတုယူလိုက်နာကျင့်ကြံစရာတွေ ပြည့်နှက်နေတဲ့ ပို့စ်လေးပါပဲ။ နောက်လည်း ဒါမျိုးလေးတွေ တင်ပေးပါဦးနော်။
ReplyDeleteကောင်းလိုက်တာအစ်ကိုရေ................တန်ဖိုးရှိတဲ့ Post ပါပဲဗျာ............နောက်လဲအခုလိုတင်ပေးပါဦးဗျာ....................
ReplyDeleteThanks a lots my brother
ReplyDeleteလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်ဗျာ
ReplyDeleteThank you for your post.
ReplyDeleteko naing