• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Wednesday, September 7, 2011

ဘလော့စပေါ့ကို Update ပေးပြီးသုံးကြည့်ရအောင်



ကျွန်တော်ဒီနေ့တော့ ဘလော့ဂါမိတ်ဆွေ တွေအတွက် Blogspot ကိုပိုပြီးတော့ အဆင်ပြေပြေနဲ့ Wordpres
တို့လို Interface Design ပုံစံလန်းလန်း လေးနဲ့သုံးချင်သူတွေအတွက် လက်ရှိသုံးနေတဲ့ Blogspot ကို Update
ပေးပြီး ဘယ်လိုအသုံးပြု လို့ရမယ်ဆိုတာကို နည်းနည်းမိတ်ဆက်ပေးချင်ပါတယ်..Blospot ကအခု Update
လုပ်ပေးထားတာကို သတိထားမိသူတွေ လဲရှိမယ်ထင်ပါတယ်..ကျွန်တော်ကတော့သုံးနေတာ 2 လကျော်
ကျော်လောက်ရှိပါပြီ..ဒီကောင်လေးကို စမ်းသပ်ထားတာလဲမကြာ သေးပါဘူး..ကျွန်တော်သုံးနေတဲ့အချိန်
အတွင်းမှာတင် ဒီဇိုင်းနှစ်မျိုးလောက် ပြောင်းသွာတာကိုလဲ တွေ့ရပါတယ်..ဘာပဲပြောပြော အရင်တုန်းက
ထက်စာရင် သုံးရတာပိုပြီးအဆင်ပြေသလို ဒီဇိုင်းပိုင်းမှာလဲ အရင်ထက်အများကြီးကိုဆွဲဆောင်မှုပိုပြီးတော့
ရှိသွားတာကို တွေ့ရပါတယ်..Update ပေးလိုက်လို့ သုံးရတာအခက်အခဲဖြစ်သွားမယ်လို့တော့မထင်ပါနဲ့.
ပုံစံအနည်းငယ်ပြောင်းလဲ သွားတာကလွဲရင် ကျန်တဲ့အပိုင်းတွေမှာ အသုံးပြုရတာကအတူတူပဲဖြစ်တဲ့အ
တွက်ဘလော့ဂါမိတ်ဆွေတွေ အတွက်လဲအခက်အခဲမဖြစ်လောက်ဘူးလို့ထင်ပါတယ်..

Blogger Interface ကို Update ပေးတာနဲ့ပါတ်သတ်ပြီး ကျွန်တော်မိတ်ဆက်တဲ့သဘောလောက်ပဲရေးပေးသွား
ပါမယ်..အသေးစိတ်ကိုတော့အနည်းငယ်လောက်လိုက်လေ့လာလိုက်ယုံနဲ့နားလည်သွားမယ် လို့ထင်ပါတယ်
အရင်ဆုံး Blogger Interface ကိုဘယ်လို Update ပေးရမယ်ဆိုတာကိုအောက်မှာပုံလေးတွေနဲ့အသေးစိတ်ရှင်း
ပြပေးထားပါတယ်..Updateမပေးခင် အရင်ဆုံးမိမိတို့ရဲ့ Blogger  Dashboard ကိုဖွင့်ထားလိုက်ပါ..ဒီလင့်လေး
ကနေသွားပြီးဖွင့်လိုက်ရင်လဲ ရပါတယ်..ပြီးရင်ကျွန်တော်အောက်ကပုံမှာပြထားတဲ့အတိုင်း Try the updated
Blogger interface  ဆိုတဲ့လင့်ကိုနှိပ်ပြီး Update ပေးလိုက်ပါ..


အောက်ကပုံကတော့ Blogger Dashboard ကို Update ပေးလိုက်တဲ့အချိန်မှာ ပေါ်လာမဲ့ပုံပဲဖြစ်ပါတယ်..မြား
ပြထားတဲ့ ကောင်လေးကိုနှိပ်ပြီးမိမိတို့ဝင်ရောက်မဲ့ ဘလော့ရဲ့  Interface ကိုသွားလိုက်ပါ..

မိမိတို့ Blog  ရဲ့ Interface ကိုရောက်ပြီဆိုရင် Update ပေးလိုက်တာဖြစ်တဲ့ အတွက်အရင်တုန်းကပုံစံမဟုတ်
တော့ပဲ ဒီဇိုင်းပြောင်းသွားတာကိုတွေ့ရပါလိမ့်မယ်..။ကျွန်တော်အောက်မှာပုံလေးနဲ့လဲပြထားပေးပါတယ်..
တကယ်လို့ မိမိတို့ကပို့စ်တစ်ခုတင်မယ်ဆိုရင် မြားပြထားတဲ့အတိုင်း Create New Post ကိုနှိပ်ပြီးတင်နိုင်သ
လို ဘေးမှာရှိတဲ့ New Post ကိုနှိပ်ပြီးတော့လဲ တင်လို့ရပါတယ်..



အပေါ်ကပုံမှာပြထားတဲ့အတိုင်း ပို့စ်တင်ရတာလဲ တော်တော်အဆင်ပြေပါတယ်..ဒါကတော့ကျွန်တော်
Blogger Interface ကို Update ပေးပြီးအသုံးပြုလို့ ရမဲ့ Feature လေးတွေနဲ့ ပို့စ်တင်တဲ့အခါမှာ အဆင်ပြေ
အောင် မိတ်ဆက်အနေနဲ့ပြောပြပေးသွားတာပဲ ရှိပါတယ်..ကျန်တဲ့ Feature လေးတွေကိုမိမိတို့ ဘာသာ
စမ်းသပ်လေ့လောကြည့်လိုက်ရင်သဘောပေါက်သွားလိမ့်မယ်လို့ထင်ပါတယ်..တကယ်လို့ မိမိတို့က
Update ပေးပြီးတဲ့နောက်ပိုင်း Feature အသစ်ကိုအသုံးပြု ရတာအဆင်မပြေလို့ အရင် Interface ကိုပဲပြန်
သုံးချင်တယ်ဆိုရင်တော့ ကျွန်တော်အောက်ကပုံမှာပြထားတဲ့အတိုင်း Switch back to the old interface
ဆိုတာကနေ Provide Feeback ကိုကလစ်ပေးလိုက်ယုံပါပဲ..ဒါဆိုရင် Blogger Interface ကိုအရင်တုန်းက
ပုံစံအတိုင်းပြန်အသုံးပြုလို့ ရသွားပါလိမ့်မယ်..



ဒီလောက်ဆိုရင်တော့ Blogger Interface Update ပေးတာနဲ့ပါတ်သတ်ပြီး အနည်းငယ်သဘောပေါက်သွား
လိမ့်မယ် လို့တော့ ထင်ပါတယ်..

အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ..

1 comment:



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်