• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Thursday, January 5, 2012

Advanced Uninstaller PRO 10.5.6



ကျွန်တော်အခု ဒီတစ်ခါ Advanced Uninstaller PRO Version လေးတင်ပေးလိုက်ပါတယ်။ PRO ဆိုမှတော့ တော်ရုံတန်ရုံမဟုတ်လို့ပေါ့ဗျာ။ ဒီကောင်လေးက ကျွန်တော်တို့ရဲ့ applications တွေနဲ့ programs လေးတွေကို အလွယ်ကူဆုံး Uninstall လုပ်ပေးနိုင်ပါတယ်။ Control Panel ကနေဝင်ဖြုတ်နေရတာထက် စာရင်တော့ ပိုမြန်ပါတယ်။ ကျွန်တော်အောက်မှာ သူ့အတွက် Features လေးတွေ ကိုအသေးစိတ် ရှင်းပြပေးထားပါတယ်။ ကြည့်ကြည့်လိုက်ပါဗျာ။
ကျွန်တော် ဒီကောင်လေးမှာပါတဲ့ Features လေးတွေကို အသေးစိတ် ရှင်းပြပေးပါ့မယ်။ ပထမဆုံး General tools လေးမှာဆိုရင် Uninstall Program, Installation Monitor, StartUp Manager, Window Service,Quick Cleaner , Start Menu Cleaner, Start Menu Item Manager , Font Manager, Control Panel Manager နဲ့ Web Tools ဆိုပြီး Tools လေးတွေတော်တော်များများပါဝင်ပါတယ်။ အဲ့ဒါဆိုရင် ပထမဆုံး Uninstall Program မှာဆိုရင် Uninstall Program မှာ မပါတဲ့ applications တွေနဲ့ programs  လေးတွေကိုပါဖြုတ်ပေးနိုင်ပါတယ်။ နောက်တစ်ခုက Installation Monitor ပေါ့ဗျာ။ အဲ့ဒီမှာဆိုရင် Monitor installation,Uninstall Monitored application နဲ့ Restore Monitored application ဆိုပြီး Tools လေးသုံးခုပါပါတယ်။ နာက်တစ်ခုက StartUp Manager ပါ။ ဒီကောင်လေးမှာတော့ ကျွန်တော်တို့ System Configuration ကိုဖွင့်စရာမလိုပဲနဲ့ ဒီအထဲမှာတင်တစ်ခါတည်း မိမိတို့ ဝင်းဒိုးတက်တဲ့အချိန်မှာ မတက်စေချင်တဲ့ Program တွေနဲ့ Application လေးတွေကို ပိတ်ပေးထားနိုင်မှာဖြစ်ပါတယ်။ Window Service မှာလည်းအတူတူပါပဲ ။ System Configuration ကိုဖွင့်စရာမလိုတော့ဘူးပေါ့ဗျာ။
နောက်ထပ်ထူးခြားတဲ့ အချက်ကလေးကQuick Cleaner လေးပါလာတာပါပဲ ။ ဒီကောင်လေးက ကျွန်တော်တို့ အသုံးပြုနေတဲ့ Web Browsersတွေရဲ့ History တွေ Cookies တွေ Temporary files တွေ စတဲ့ ကောင်လေးတွေအပြင် Other application တွေကနေပြီးဖြစ်လာတဲ့ Temp, Recent , History တွေ နဲ့ Log ဖိုင်တွေစတဲ့ ကောင်လေးတွေကအစရှင်းပေးနိုင်ပါတယ်။  Start Menu Cleaner ကတော့ Invaild ဖြစ်နေတဲ့ Shortcuts တွေ Folders တွေကိုရှင်းပေးနိုင်ပါတယ် ။ Start Menu Item Manager မှာတော့ဖြုတ်လိုတာဖြုတ်ဖျောက်ချင်တာသာဖျောက်ထားလိုက်ပါဗျာ။ နောက်တစ်ခုတော့ Font Manager တဲ့ မလိုချင်တဲ့ Font တွေကို Disable သာပေးထားလိုက်ပါဗျာ။ ဒီတစ်ခါ Control Panel Manager တဲ့ ၊ ဒီမှာလည်းဒီလိုပဲဗျ မမြင်ချင်တဲ့ ဟာတွေမှန်သမျှ Disable သာပေးထားလိုက်ဗျာ။
နောက်ဆုံးတစ်ခုဖြစ်တဲ့ Web Tools မှာဆိုရင်တော့ မိမိတို့ရဲ့ Error တွေ၊ တခြားUninstaller တွေကိုဖေါ်ပြပေးထားတဲ့ ဆိုဒ်တွေရောက်သွားလိမ့်မယ်။နောက်ထပ်ပါတဲ့ Tools တွေကတော့ Files & Folders tools, Internet Browser Tools, Registry tools နဲ့ Report & Extra Tools ဆိုပြီးပါဝင်ပါတယ်။ ကျွန်တော်အသေးစိတ်တော့ထပ်ပြီးမပြောတော့ပါဘူး၊ အကြမ်းဖျင်းပဲပြော ပါမယ်။
Files & Folders tools မှာဆိုရင် Dublicate files တွေ Window Temporary Files တွေကို ရှင်းလင်းပေးပါတယ်။ Internet Browser Tools မှာဆိုရင် Firefox, Internet Explorer နဲ့ Google Chrome ဆိုတဲ့ Browsers သုံးမျိုးရဲ့ Temporary Internet Files တွေ Cookie Manager တွေနဲ့ History တွေကို ရှင်းလင်းပေးနိုင်ပါတယ်။ Registry tools မှာဆိုရင် Registry Cleaner , Registry Optimizer နဲ့ Registry Backup &Restoreဆိုပြီး Tools လေးသုံးမျိုးပါဝင်ပါတယ်။ Report & Extra Tools မှာဆိုရင်တော့ ကျွန်တော်တို့ရဲ့ စက်ထဲမှာရှိတဲ့ Programs တွေ Fonts တွေ Startup Programs တွေနဲ့Window Service တွေ ကို မိမိတို့ အသုံးပြုနေတဲ့ Web Browser လေးတစ်ခုနဲ့ တက်ပြီး ပြပေးပါတယ်။ နောက်ဆုံး General Setting မှာဆိုရင်တော့ဒီကောင်လေးရဲ့ Themes လေးတွေပြောင်းတာ အသံလေးတွေပြောင်းတာကအစ မိမိတို့ စိတ်ကြိုက်ပြုပြင်လို့ရပါတယ်။ 
Patch ဖိုင်လေးကို Install လုပ်ထားတဲ့ ဖိုလ်ဒါလေးထဲကို ကူးထည့်ပေးလိုက်ရင် Full Version ဖြစ်ပါပြီ။ ဖိုင်ဆိုဒ် ကတော့  21.77 MB ရှိပါတယ်။ အောက်မှာ ကျွန်တော် နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့် လေးကနေသာယူသွားလိုက်ပါဗျာ။

Advanced Uninstaller PRO 10.5.3







အားလုံးပဲအဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

9 comments:

  1. ဒီတစ်ခုတော့အဆင်ပြေတယ်၊ တော်တော်စုံတာပဲ။ Zards Software Cleanse Uninstaller က .net 4.0 ရှိမှတဲ့၊ လုပ်လို့မရဘူး။

    ReplyDelete
  2. ကူးယူသွားပါပြီ--
    တော်တော်လေးစုံတဲ့အတွက် အရမ်းသဘောကျပါတယ်---
    ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ---။

    ReplyDelete
  3. key မပါဘူးလားအစ်ကိုရက်30ပဲရတယ်.......key လေးရှိရင်တင်ပေးပါအုံးနော်

    ReplyDelete
  4. ko nayminmaung, thank u for everything bro...

    ReplyDelete
  5. ကျေးဇူးတင်ပါတယ်..ကိုညီနေမင်း....

    ReplyDelete
  6. ကျေးဇူးတင်ပါတယ်..ကိုညီနေမင်း....

    ReplyDelete
  7. Full Version ဖြစ်အောင်ရှာပေးပါလား..ကိုနေမင်းမောင်..ကျေးဇူးတင်ပါတယ်

    ReplyDelete
  8. Patch File ပါမလာဘူး..

    ReplyDelete
  9. ကျေးဇူးအရမ်းတင်ပါတယ်အစ်ကိုနေမင်းမောင် အခုလိုပါဝင်တဲ့ Features လေးတွေကိုပါ ရှင်းပြပေးတဲ့အတွက်ပါ။
    အရင်ထဲကရှိတယ်ဆော့စ်ဝဲက သိပ်သာမသုံးဖြစ်တာ အခုတော့သိသွားပါပြီ။

    အစ်ကိုနေကောင်းကျန်းမာအိတ်ဖောင်းဝမ်းသာနိုင်ပါစေလို့ဆန္ဒပြုဆုတောင်းရင်း
    လေးစားချစ်ခင်လျှက် Fans

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်