• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Friday, January 27, 2012

Answer and Question

Answer and Question

အကို တစ်ယောက်မေးထားတာကနေ စပါမယ်။
အစ်ကို့ကို တစ်ခုလောက် ကူညီပါအုံး အစ်ကို့ဖုန်းက Nokia C6-01 ပါ သူ့အတွက် မြန်မာဖောင့် သုံးလို့ရ-မရနဲ့ အစ်ကို့ရဲ့ OS က Symbian^3 OS ပါ မြန်မာဖောင့်သုံးချင်ရင် Symbian Anna OS ကို upgrade လုပ်ရင်ရတယ်လို့ အကြမ်းဖျဉ်းသိရပါတယ် အဲဒီ Symbian Anna OS ကို ဘယ်လိုမှ ရှာဒေါင်းလို့မရလို့ ညီလေး ကူရှာပေးပါအုံးနော် နောက်ပြီး တစ်ခုလောက် ထပ်မေးချင်တာကတော့ window မှာ password ခံထားတာကို software မသုံးဘဲ ကျော်တဲ့နည်းရှိတာကို နေပြည်တော်မှာနေတုံးက တွေ့ဖူးပါတယ် ညီလေးကတော့ သိပါလိမ့်မယ် အဲဒီနည်းကလေးလည်း ပြောပြပေးပါနော်။

ဟုတ်ကဲ့ခင်ဗျ ကြုံရင်တော့ လာခဲ့ပါဦးမယ်။ တခုတော့ ကြိုတောင်းပန်ထားချင်ပါတယ် လက်တွေ့မကျတဲ့ အပိုင်းနဲ့ English လို ရေးထားတာလွယ်ကူတယ် မခက်ခဲ့တဲ့ အရာတွေဆိုရင် ဒါမှမဟုတ် နက်ပေါ်မှာ ပြီးပြည့်စုံအောင် မျှဝေထားတာရှိရင် လင့်ကိုပဲ့ ပြန်ညွှန်းပေးပါရစေ..
အကိုမေးထားတာကို အတိအကျ ဖြေပေးဖို့ဆိုတာကလည်း လက်ထဲ့မှာ ဖုန်းက nokia ဖုန်း မဟုတ်တော့ မစမ်းပေးလိုက်နိုင်တော့ဘူး။
ဒါပေ့မယ် ကျွန်တော် ဖောင့် သွင့်းဖို့တွက်ကို အကျိုးအပစ်တွေတွက် စာလိုက်ဖတ်နိုင်အောင် လင့်တွေ့ပြန်ညွှန်းလိုက်ပါတယ်။ Nokia C 6 -01 က မြန်မာဖောင့်ရပါတယ်။ symbian Myanmar ဆိုပြီးထွက်တာ V 3 ကို ရောက်နေပါပြီး။ အဲ့ keyboard Myanmar font နဲ့ ပတ်သတ်လို့ အောက်က လင့်တွေမှာ သေချာ လိုက်ဖတ်ကြည့်ပေးပါ။ အရင်ဆုံး Upgrade မလုပ်ပါနဲ့ဦး။ဟိုတစ်လောက ညီလေး တစ်ယောက် tablet ကို Upgrade လုပ်ပြီး မြန်မာဖောင့် သွင်းလို့ရမယ်ဆိုလို့ စမ်းလိုက်တာ ပျက်သွားတဲ့ အထိ ဖြစ်သွားတာကို တွေ့ရပါတယ်။ ဒါကြောင့် အရင်ဆုံး စာလိုက်ဖတ်လိုက်ရင် Upgrade လုပ်သင့် မလုပ်သင့်ကို အရင်လိုက်ဖတ်ပါ။ ပြီးရင် မြန်မာဖောင့် သွင်းဖို့ ကြိုးစားကြည့်ပါ။




ဒီလင့်မှာတော့ upgrade လုပ်ဖို့ကို ပုံတွေနဲ့ သေချာ ရှင်းပြပေးထားပါတယ်။ စာတွေကို သေချာလိုက်ဖတ်ပါ။ အမှားမဖြစ်နိုင်လေ ကောင်းလေပါပဲ့။ ကွန်ပျုတာနဲ့ မတူတာကိုတော့ သတိ မလွတ်ပါစေနဲ့…


နောက်တခုကတော့ Software မသုံးပဲ့နဲ့ Password ကျော်တာကတော့ အောက်ကလင့်မှာ Safemode ကနေ ၀င်ပြီး ပြင်လို့ရတာကို ဖော်ပြပေးထားပါတယ်။ ဒါဆို အဆင်ပြေမယ်ထင်ပါတယ်။


ကျွန်တော်တို့ အများစုကတော့ safemode ကထက် အလုပ်ပိုရူပ်သက်သာတဲ့ window password breaker နဲ့ ဖြုတ်ရင် ဖြုတ် မဖြတ်ရင် CD တခုခု နဲ့ ဖြုတ်လိုက်တာပါ။ ဒီနည်းတွေထဲ့ကတိုင်း လုပ်ချင်တယ် ဆိုရင်တော့ အောက်ကလင့်မှာ ဖော်ပြပေးထားပါတယ်


နောက်ထပ် ချက်ဘောက်မှာ မေးထားတာလေးကို ဆက်ဖြေပေးပါမယ်။
အစ်ကိုရေ..proxy, proxy နဲ့ပြောပြောနေကြတယ်။ proxy ကျော်တာတို့၊ proxy ဖြည့်တာတို့ပြောနေကြတယ်၊ သုံးနေကြတယ်၊ ကျွှန်တော်တော့ တစ်လုံးနကန်းမသိဘူးဗျာ။ လုပ်ပါဦးဗျာ..ကယ်ပါဦး... proxy အကြောင်း သင်တန်းတက်ရမှာလား? စာအုပ်ဝယ်ဖတ်ရမှာလား? အစ်ကို ကိုယ်တိုင်ပဲ အစ်ကို့siteပေါ်မှာရှင်းပြပေးမှာလား? တစ်ခုခုတော့လုပ်ပေးပါဗျာ။ ကျွန်တော်က mdy ကပါ။ Thanks..
Proxy အကြောင်းပြောပြရမယ်ဆိုတာထက် နားလည်ချင်တယ် ။ လေ့လာချင်တယ်ဆိုရင် အရင်ဆုံး အောက်က စာအုပ်ကို သေချာဖတ်ကြည့်ပါ။ နောက်ထပ် မြန်မာလို ရှင်းပြထားတဲ့ ဆိုဒ်နှစ်ဆိုဒ်ကိုလည်း ထပ်ညွှန်းပါရစေ… အဆင်ပြေပါစေ အကို..

အခြားဆိုဒ်


တေးမျှင်: အကိုရေ . . . text to speech software ကောင်းကောင်းလေး လိုချင်ပါတယ် အကို . . . ကျေးဇူးပြုပြီး ကူညီပါဦး
ဟုတ်ကဲ့  text to speech software ကို အသုံးတော့ သိပ်မများဘူး ။ ဒါပေ့မယ့်  ကောင်းတာလေးတွေကို ရွေးတင်ပေးလိုက်ပါတယ်။
အောက်က လင့်မှာ ယူနိုင်ပါတယ် ။ နှစ်ဖိုင်လုံးမှာ တဖိုင်ဆီတွက် serial ပါပြီးသားပါ။ အဆင်ပြေပါစေ..



အဆင်ပြေပါစေ.. 
TZH

2 comments:

  1. ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

    ReplyDelete
  2. တင်ပေးတာကျေးဇူးပါ နောက်ထပ်လဲကောင်းတာလေးတွေတင်ပေးပါဦးဗျာကျေးဇူးပါ

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်