• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Friday, January 27, 2012

Window 7 ,XP နှင့် Ubuntu DVD Collections and Sharing

Window 7 ,XP နှင့် Ubuntu DVD Collections and Sharing အပိုင်း (၁)


ကျွန်တော် စာမရေးဖြစ်တာ အတော်ကိုကြာသွားပါပြီ။ ကျောင်းပိတ်ရက်ဆိုတော့ လျှောက်လည်ပတ်နေတာရော ပြည်တော်ကို ပြန်တော့မှာရော ဆိုတော့  မြန်မာ မိသားစုမှာလည်း စာမရေးဖြစ်တော့သလို ကျွန်တော် စာရေးနေကျ ဖိုရမ်တွေ အကုန်လုံးမှာ စာမရေးဖြစ်တော့တာပါ။ ဒီမှာမှ မဟုတ်ဘူး ။ ဘယ်ဖိုရမ် ဘယ်ဆိုဒ်မှာမှ မရေးဖြစ်တော့တာပါ။ အရင်က ဘာပဲ့ ဖြစ်ဖြစ် တနေ့ကို တပိုစ့်လောက်တော့ ရေးဖြစ်တယ်။ ဒီနေ့လည်း ဘာရယ် မဟုတ်ပါဘူး။ window 8 လည်းပေါ်ကာနီးမို့ Window 7 နဲ့ XP တုန်းက စုထားတဲ့ Collection လေးတွေကို ပေးချင်တာနဲ့ ပိုစ့်တခု ရေးဖြစ်တာပါ။ window 8 အကြောင်းကိုလည်း ညီမလေး တစ်ယောက် တောင်းဆိုထားတာ ရှိပါတယ် ။ ရေးပေးဖို့ ပြင်ထားပြီးပါပြီ။ မကြာမှီလာမည် မျှော်ပေါ့နော် .. :P
ဒီပိုစ့်ပြီးရင် ကျွန်တော် နောက်ထပ် Ebooks တွေကို မျှပေးဖို့ ရှိပါတယ်။ ဒီမှာပဲ့ လာတင်ဖြစ်မယ် ထင်တယ်။ဟိုတလောကတော့ ဆိုဒ်လေး တဆိုဒ်လုပ်ပြီး Ebook တွေကို တင်မယ် စိတ်ကူးခဲ့တာ နောက်ပိုင်းတော့ ဆိုဒ်က ပြင်ရမှာ နဲ့ ဘာနဲ့ဆိုပြီး ကျွန်တော် ဆိုဒ်ဘက်ကို မလှည့်တော့ပဲ့ ပိုစ်တပို့စ်အနေနဲ့ပဲ့ တက်မယ်ဆိုပြီး တွေးထားတာပါ။ ဒါကတော့ ကြော်ငြာဝင်တာပါ။


Window 7
Window 7 အကြောင်းပြောတော့မယ်ဆိုရင် ကျွန်တော် အရင်က ဖိုရမ်မှာ Version များအကြောင်းဆိုပြီး ရေးခဲ့ဘူးတာ ရှိပါတယ်။ အဲ့တာက ကျွန်တော် ထွက်မယ့်စာအုပ်ရဲ့ အစနိဒါန်းပါ။ အဲ့အကြောင်းအရာကို www.globalitmyanmar.org/forum မှာ သွားဖတ်လို့ ရပါတယ်။ အဲ့မှာဖတ်ပြီးသွားပြီဆိုရင်တော့ ကျွန်တော်တို့ Window version တွေ တခုနဲ့ တခု ဘာကွာတာလည်းဆိုတာကို သိလာပါလိမ့်မယ်။ ဒီချိန်ဆိုရင် ကိုယ့်စက်မှာ ဘယ် version က ကိုက်ညီမယ်ဆိုတာကို ကိုယ်တိုင်သိရင် ရွေးချယ်နိုင်လာမှာပါ။
အောက်မှာ   Window 7 version များအကြောင်းကို ဖော်ပြလိုက်ပါတယ်။
အပိုင်း ၁ ..(က) Window Version များအကြောင်း
ကျွန်တော်တို့ နေ့စဉ် ထိတွေနေတဲ့ အင်တာနက်ပေါ်က software တွေ အကြောင်းကနေပဲ့ စကြတာပေါ့ ။ ကိုယ်သုံးနေတဲ့ Version က ဘာအမျိုးအစားဆိုတာတော့ သိဖို့လိုတယ်။ version လိုက်မှာ ဘာတွေ ကွာခြားချက်တွေ ရှိလဲ့ ဘယ်လိုမျိုး Performent  ရှိလည်းဆိုတာကို သိဖို့ လိုပါသေးတယ်။ ဒါကြောင့် Version တခုချင်းဆီလိုက်.. Alpha version ဆိုတာ ဘယ်လို Version .. Beta ဆိုတာ ဘာလဲ့ဆိုတာကို ကျွန်တော် ရှင်းပြပါ့မယ်။ ဒီလို မသိထားရင် ဘာဖြစ်မလဲ့ဆိုရင်တော့ ဘာမှ မဖြစ်ပါဘူး. သာမာန် User တယောက်တွက်ကတော့ ဒါတွေ မသိထားလည်း ကိစ္စ မရှိပါဘူး။ ဒါပေ့မယ် သိထားဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော် စာတွေ ရေးတဲ့အချိန်မှာ စာအုပ်တအုပ်လို မရေးပဲ့ တယောက်ယောက်ကို ပြောပြနေသလို ရေးတာ က အကျင့်လို ဖြစ်နေပါပီ. ဒါကြောင့် ဒီပုံစံ အရေးအသားကို မကြိုက်ခဲ့သူ ရှိရင်လည်း နာလည်ပေးစေချင်ပါတယ်။
  internal test -> alpha beta -> beta beta -> RC version -> the official versions

Pre-alpha


Software တွေ ရဲ့ အရင်ဆုံး စမ်းသပ် version ပါ.. သူ့မှာတော့ ချို့ယွင်းချက်တွေလည်းများတယ် .အားနည်းချက်တွေများနေပါသေးတယ် .. စမ်းသပ်ချင်တဲ့သူတွေကတော့ စမ်းသပ်ချင် စမ်းသပ်လို့ ရပါတယ်။ဒါပေ့မယ် error များတဲ့ အတွက် မစမ်းတာ အကောင်းဆုံးပါပဲ့. ။

alpha version: (internal beta)

သူက Software တခု ရဲ့ အရင်ဆုံး စတင် စမ်းသပ်နေတဲ့ အချိန် ထွက်ရှိတဲ့ Version ကို ဆိုလိုတာပါ။ အရင်ဆုံး ထုတ်လုပ်တဲ့ Version ဖြစ်သလို သူမှာ BUG တွေ အများကြီးပါဝင်နေသေးတယ်။ ပီးတော့ တကယ်ထွက်လာမယ့် Version လို Feature အပြည့်အစုံ မပါတာထက် No Feature ပါ။ Download လုပ်ပီး စမ်းသပ်လို့လည်း မရဘူး။ ပီးတော့ developers နှင့် testers တွေ စမ်းသပ်နေဆဲကာလထုတ် Version ဖြစ်တဲ့ အပြင် သူကို့  မကောင်းတဲ့ အပိုင်းလေးတွေနဲ့ လိုအပ်ချက်တွေများတဲ့ အတွက် သာမာန် User တယောက်အနေနဲ့ Previwe ကြည့်ရုံထက် မပိုနိင်သေးပါဘူး။ ဒီ Version နဲ့ Beta Version ကြားမှာ pre Edition  ဆိုပီး ရှိပါသေးတယ် ။ ဒါပေ့မယ် ဒီအဆင့်ကို ကျော်ခဲ့ပါမယ် ဘာလို့လဲ့ဆိုတော့ Alpha @ Pre က အတူတူပဲမို့ပါ။ Preview အဆင့် ထက် ပိုပီး လုပ်ဆောင်လို့မရသေးပါဘူး။

beta version ;(public beta. β )သူကို အလွယ်မှတ်လို့ ရတာကတော့ Greek ရဲ့ အစဆုံး စာလုံးဖြစ်တဲ့အတွက် အရင်ဆုံး Verionကို Alpha Version  ဖြစ်ပီး β က ဒုတိယ ဖြစ်တဲ့အတွက် ဒုတိယ ထွက်ရှိတဲ့ Version လို အလွယ် မှတ်လို့ ရပါတယ်။ဒီ Version ကတော့ Alpha release ထွက်ပီးနောက်ပိုင်း ထွက်လာတဲ့ Version ပါ သူမှာ Alpha တုန်းကလို   BUG ကြီးကြီးမားမား မရှိတော့ပါဘူး။ ပီးတော့ Feature အသစ်တွေကို ထပ်ပီး Add လို့ ရလာမယ်   .. သူကို ဒေါင်းလုပ်ချပီး သုံးကြည့်လို့ ရလာပီ. နောက်ထပ် ဒီ Software နဲ့ ပတ်သတ်ပီး new feature တွေကို Add လုပ်လို့ ရလာတဲ့ အဆင့်ကို Beta Version လို ခေါ်ပါတယ်။ Alpha နဲ့တော့ ကွာသွားတာက ဒီနေရာလေးပါပဲ့။ ဒါပေမယ် Stable မဖြစ်သေးဘူးဆိုတာကိုတော့ သတိထားရပါလိမ့်ဦးမယ်။
  
RC Version (Full) Release Candidate (candidate),

candidate Version လိုလည်းခေါ်ပါတယ်။ သူမှာတော့ Beta နဲ့ ကြီးကြီးမားမား ကွာခြားသွားတာတွေကတော့ Beta တုန်းကဆိုရင် feature အသစ်ထွက်တိုင်း ထပ်ပီး Add လို့ ရပေ့မယ် ဒီ version မှာတော့  no new feature added ပါ။ မလိုအပ်တာတွေ ကို ပြင်ဆင်ပီးတဲ့အပြင် BUG တွေ မပါဝင်တော့ပါဘူး။ သူ့ကို Beta version ထွက်ပီး မကြာခင်မှာပဲ့ ထွက်ပါတယ်။ RC Version ထွက်ပီဆိုပေမယ် Final Release ထွက်လာတာ မဟုတ်သေးပါဘူး။ သူ့ကို Final ထွက်လာမယ့် Version လိုပဲ့ Preview လုပ်လို့ ရတယ်။ test လုပ်လို့ ရမယ်။ သာမာန် user တယောက်အနေနဲ့ သုံးကြည့်ချင်ပီ ဆိုရင် ဒီ Version က အကောင်းဆုံး Version ပါပဲ့ အပေါ်ကလို Beta အဆင့်မှာ မစမ်းသပ်တာ ကတော့ အကောင်းဆုံးပါပဲ့ ဘာလို့လည်းဆိုတော့ BUG တွေ များမယ် Error များမယ့် အဆင့်မို့ပါ။ ဒီအဆင့်ရောက်လာပီဆိုရင် Final Official version နဲ့  အတူတူလောက် ဖြစ်သွားပါပီ။

stable version

ဒီနေရာလေးမှာ တခုတော့ ပြောပါရစေ ဒီ Version ဟာ Stable Version ဆိုပေ့မယ် သူဟာ normal version မဟုတ်ဘူးဆိုတာကို ထပ်ပီး သတိထားရပါလိမ့်ဦးမယ်။ Stable version ဆိုရင် တချို့က နောက်ဆုံး version လို ထင်နေကြတယ်။ normal တောင် မဟုတ်သေးပါဘူးဆိုတာလေးတော့ သတိထားစေချင်ပါတယ်။ Normal version ဆိုတာ ဘာကိုဆိုလိုတာလည်းဆိုတာကို နဲ့နဲ့ ထပ်ရှင်းပြပါရစေ.. Software တခု ရောင်းချဖို့တွက် အသင့်ဖြစ်နိင်ပီ ဖြစ်တဲ့  Version ကို ဆိုလိုတာပါ။ ဒါကြောင့် Stable Version ဟာ ရောင်းချဖို့တွက် သေချာ အကုန်လုံး ဆင်းချော ပြင်ဆင်ပီး Version မဟုတ်သေးပါဘူးဆိုတာ သိရပါ့မယ်။ ဒီအဆင့်မှာပဲ့ ဘယ် Software မဆို ၀ယ်မသုံးတော့ပဲ့ ဒီတိုင်းသုံးနေခွင့်ကို ပေးပါတယ်။ ဒါကတော့ Stable version ရဲ့ အဓိက အားသာချက်ပေါ့။


RTM version(Release to Manufacturing)

ဒီ Version ကတော့ ရုံးသုံး တွက် အဓိက ထုတ်လုပ်ရောင်းချတဲ့ Version ပါ။ သူ့မှာ ပီးပြည့်စုံတဲ့ Function နဲ့ လုပ်ငန်းခွင်တွက်လိုအပ်တာ အကုန်ပါလာပါပီ။ Package အသစ်တွေထွက်လာတိုင်းလည်း ရရှိနိင်အောင် စီစဉ်ပေးထားသလို တော်တော် များများ အဆင်ပြေအောင် ထုတ်လုပ်တဲ့ Version ပါ ။ သူ့ကို factory version လို့ ခေါ်ပါတယ်။RTM Version လို ဘာကြောင့် ခေါ်ဆိုတာလည်းဆိုတာကို အောက်က စာလေးကို ဖတ်ကြည့်ရင် သိနိင်ပါသေးတယ်။

official in the retail software store shelves, you need some time to tableting, packaging, distribution, so the code must be some time before the official release will be completed, the completion of the program code is called final.code, code development is complete, to the mother a large number of pressed sheet sent to the factory, this version is called the RTM version.

OEM Version (Original Equipment Manufacturer)

သူကတော့ အခြား Version တွေနဲ့ မတူပါဘူး။ Customer ကိုယ်တိုင် Modified လုပ်လို့ ရမယ် လိုအပ်သလို ပြင်ဆင်ခွင့် ၇နိင်လာဖို့တွက် recomented ကို အပြည့်အ၀ သုံးခွင့်ရလာပါပီ။ ဒါပေ့မယ်  Window ဆိုတာ Close Source ဆိုတာကိုတော့ မမေ့ထားဖို့လိုပါလိမ့်မယ်။ ၀ယ်ယူသူ စိတ်ကြိုက်ဖြစ်အောင် ပြင်ဆင်ထားတဲ့ Version လို့ ခေါ်ပါတယ်။သူကတော့ ရိုးရိုး Version တွေကနေပီးတော့ တန်းပီး Upgrade လုပ်လို့ မရပါဘူး။ ဒီ Version ရဲ့ အားသာချက်ကတော့ Driver တွေကို Disk image လုပ်ထားတဲ့နေရာကပဲ့ ဖြစ်ဖြစ် Recovery disk ကနေပဲ့ ဖြစ်ဖြစ် Driver တွေကို ပြန်သွင်းယူလို့ရပါတယ်။ နောက်တခုက OEM Version မှာ Driver တွေ ကို အထူး သီးသန့် ရှာယူစရာ မလိုတာပါပဲ့။ သူမှာ့ Retail version ရဲ့ Beautiful packaged ပါဝင်ပါတယ်။


MSDN (Microsoft Developer Network) version

သူကိုတော့ MS က Developer Network Version လိုဆိုပီး ထုတ်ပါတယ်။ သူကို “original” “unmodified version of” လိုလည်းဆိုလိုပါတယ် ။ဒီ Version မှာတော့ နောက်ဆုံး Update software တွေကို ဒေါင်းလုပ်ချ သုံးခွင့်ပြုထားပါတယ်။ ဒါပေ့မယ် MSDN User မဟုတ်တဲ့သူတွေကတော့ ဒီအခွင့်အရေးကို မရရှိနိင်ပါဘူး။ End User တွေတွက် ထုတ်လုပ်ထားတဲ့ Version တမျိုးပါ။ နောက်ထပ်  VOL (Volume Licensing for Organizations) Edition နဲ့ (VI) FPP(Full Packaged Product) Retail ဆိုတာတွေ ရှိပါသေးတယ်ဒီ Version တွေကို ဆက်မရှင်းပြတော့ပါဘူး။ အသုံးလည်းနည်းသလို အထိအတွေ့နည်းပါတယ်။ ဒီထက်ပိုရှင်းပြရင်ပိုရူပ်ကုန်မှာလည်း ဆိုးလို့ပါ

အပိုင်း (၁) ကို တင်ပေးပြီးခဲ့ပြီဆိုတော့ အပိုင်း (၂)  ကို ကျွန်တော်တို့ ခရီးဆက်ပါဦးစို့...  ပိုစ့် အဆုံးသတ်ရင်လည်း PDF အဖြစ် ပြန်ထုတ်ပေးပါ့မယ်။အပိုင်း ၂ မှာ ဒေါင်းဖို့ လင့်တွေပါပါလာပါလိမ့်မယ်။ ။.
အဆင်ပြေပါစေ.. 
TZH

5 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. thank you for sharing, it's very good and knowledgeable post.

    ReplyDelete
  3. မသိသေးတာတွေသိခွင့်လေ့လာခွင့်ရတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
    ပျော်ရွှင်ပါစေ။

    ReplyDelete
  4. ကိုနေမင်းမောင်
    ကျွန်တော်ကိုကူညီးပါ
    ကျွှန်တော်ရဲ.ကွန်ပျူတာ RegEdit ဖွင်.လို.မရဘူး
    ဘယ်လိုလုပ်ရမလဲး

    ReplyDelete
  5. ကျေးဇူးအထူးတင်ပါတယ်၊ လာရောက်လေ့လာသွားပါတယ်

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်