• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Friday, January 27, 2012

Window 7 ,XP နှင့် Ubuntu DVD Collections and Sharing


အပိုင်း (၂) ပါ အပိုင်း (၁) ကို ဒီနေရာမှာ တင်ပေးထားပါတယ်။


 


Window editions 6 မျိုးအကြောင်း..


ဒီအောက်က window 7 သုံးသပ်နိုင်းယှဉ်ချက်များကို ကိုကျော်ဇင်သန့်ရေးပေးထားတာပါ။ ဒါပေ့မယ် ဘယ်လင့်မှာမှန်းမသိလို့ ကျွန်တော့ရဲ့ Ms doc ကနေ ပြန်ကူးယူဖော်ပြပေးထားတာပါ။ နားလည်ပေး စေချင်ပါတယ်။ ကျွန်တော် တနေရာတည်းမှာ အကုန်သိအောင်လို့ စုစည်းပေးချင်တာကြောင့် လည်း ပြန်ရှာပီးထည့်ပေးလိုက်တာပါ။

Windows 7 သုံးသပ်နှိုင်းယှဉ်ချက်များ

Windows 7 Starter - Windows 7 Starter ဆိုတာ Windows 7 တွေထဲမှာမှ features အနည်းဆုံး Edition တစ်ခု ဖြစ်ပြီး အဲ့ version မှာ Windows Aero မပါဝင်ပါဘူး။ နောက် အဲ့ Edition ဟာ 64-bit မှာ အသုံးပြုလို့ မရပါဘူး။ Desktop wallpaper နဲ့ Visual Style (Windows 7 Basic) ကလည်း Change လို့ မရပါဘူး။ ဒီ Edition ရဲ့ ရည်ရွယ်ချက်က အထူးသဖြင့် netbooks တွေနဲ့ တစ်ခြား computer manufacturers တွေအတွက် ကွန်ပြူတာတွေမှာ အစဉ်သင့် ထည့်သွင်းပေးနိုင်အောင် ဖန်တီးထားတဲ့ ခပ်ပေါ့ပေါ့ version တစ်ခုလို့ ပြောလို့ရပါတယ်။


Windows 7 Home Basic - Windows 7 Home Basic ဆိုတာ Brazil, People's Republic of China, Colombia, India, Pakistan, Philippines, Mexico, နဲ့ Thailand စတဲ့ နိုင်ငံတွေမှာ ဈေးကွက်တိုးချဲ့ဖို့အတွက် အဓိက ရည်မှန်းချက်ထားပြီး ထုတ်လုပ်ခဲ့တဲ့ Version ဖြစ်ပြီး သူ့ကို အနောက်နိုင်ငံတွေနဲ့ ဥရောပအလယ်ပိုင်းနိုင်ငံတွေ ၊ မြောက်အမေရိက ၊ သြစတြေးလျနဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံတွေမှာတွေမှာတော့ ဒီ Version ကို မတင်သွင်းပါဘူး။ Russia နိုင်ငံကိုလည်း ဒီ version တင်သွင်းတယ်လို့ သိရပါတယ်။ ဒီ version မှာတော့ တစ်ခြား New features တွေနဲ့ အတူ Aero options လည်း ပါဝင်ပါတယ်။


Windows 7 Home Premium - ဒီ Edition ရဲ့ ရည်ရွယ်ချက်ကတော့ အိမ်သုံးဖျော်ဖြေရေး ကွန်ပြူတာဈေးကွက်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး သူ့မှာ လူသိများတဲ့ Windows Media Center, Windows Aero နဲ့ touch-screen controls .. စတာတွေပါဝင်ပါတယ်။

Windows 7 Professional - ဒီ Edition ရဲ့ ရည်ရွယ်ချက်ကတော့ Small business users တွေ ၊ နှိုက်နှိုက်ချွတ်ချွတ် အသုံးချချင်သူတွေ အတွက် ဖြစ်ပြီး သူ့မှာ Windows 7 Home Premium ရဲ့ features တွေ အားလုံးပါဝင်သလို Windows Server domain အဖြစ်လည်း သူက ထမ်းဆောင်နိုင်ပါတယ်။ နောက်ထပ် features တွေအနေနဲ့ကတော့ Remote Desktop server, location aware printing, Encrypting File System, Presentation Mode, Software Restriction Policies, Windows XP Mode ... စတာတွေ ထည့်သွင်းပါဝင်လာပါတယ်။

Windows 7 Enterprise - ဒီ Edition ရဲ့ ရည်ရွယ်ချက်ကတော့ Microsoft ကထုတ်လုပ်တဲ့ Windows ၊ Microsoft ကထုတ်လုပ်တဲ့ Office applications စတာတွေကို အသုံးပြုပါမယ်ဆိုပြီး စာချုပ်ချုပ်ဆို လုပ်ကိုင်နေတဲ့ Companies တွေ ၊ business users တွေအတွက် ဦးတည်ချက်ထားပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ သူ့မှာပေါင်းစပ် ပါဝင်တဲ့ Features တွေကတော့ MUI လို့ လူသိများကြတဲ့ Multilingual User Interface (MUI) packages ၊ BitLocker Drive Encryption နဲ့ UNIX application support .. စတာတွေပဲ ဖြစ်ပါတယ်။

Windows 7 Ultimate - Windows 7 Ultimate မှာတော့ Windows 7 Enterprise မှာပါတဲ့ Features တွေအတိုင်း ပါဝင်ပါတယ်။ ဒါပေမယ့် Windows 7 Ultimate ဟာ Enterprise edition နဲ့တော့ မတူညီပါဘူး။ Windows 7 Home Premium နဲ့ Windows 7 Professional users တွေဟာ တကယ်လို့ Windows 7 Ultimate ကို Upgrade လုပ်ချင်တယ်ဆိုရင် Windows Anytime Upgrade နဲ့ အချိန်မရွေး Upgrade လုပ်လို့ ရပါတယ်။

Windows 7 N version ဆိုတာဘာလဲ ??

Windows 7 N version ဆိုတာ အဲ့ Windows မှာ Windows Media Player မပါဝင်ပဲ Europe မှာ အဓိကထားရောင်းချနေတဲ့ Version တစ်ခုပါ။ N Editions Windows တွေအကုန်လုံးဟာ Premium, Professional, Ultimate စတဲ့ Windows 7 တစ်ခြား Versions တွေအားလုံးအတွက် upgrades လုပ်လို့ ရပါတယ်။ Windows 7 N Editions ဟာ အပေါ်မှာ ဖော်ပြခဲ့တဲ့ Versions တွေနဲ့ ဈေးလည်း တူသလို features တွေအားလုံးလည်း အတူတူပါပဲ။ Windows Media Player တစ်ခုပဲ မပါဝင်တာပါ။ တကယ်လို့ Windows Media Player ကို ပြန်လည်ထည့်သွင်းချင်တယ် ဆိုရင်လည်း Microsoft Download Website မှာ အချိန်မရွေး အလကား ရယူနိုင်ပါတယ်။

ဒီနေရာမှာ ကျွန်တော် ထပ်ဖြည့်အနေနဲ့ window E version အကြောင်းလေးကိုပါ ထပ်ဖြည့်ပြောသွားပါရစေ. ကိုကေဇတ် ရေးတုန်းက E version အကြောင်းမထည့်ထားလို့ ဖြည့်ပေးတဲ့ သဘောပါပဲ့။

Window 7 E version

ဒီ Version မှာတော့ N Version နဲ့ အတူတူပါပဲ့ ဒါပေ့မယ် မတူတဲ့နေရာက တော့ IE မပါဝင်တာပါပဲ့ ရောင်းချတဲ့နေရာ နဲ့ Feature တွေ အားလုံးဟာ N version နဲ့ အတူတူပါပဲ။ IE ကို ရမ်းပီး သုံးချင်တယ် ဆိုရင်လည်း N version လိုပါပဲ့ ထပ်ဖြည့်ရမ်းသုံးလို့ ရပါတယ်။

နောက်ထပ် Upgrade လုပ်လို့ ရတဲ့ အပိုင်းလေးတွေကိုပြောပြပါဦးမယ်။ ကျွန်တော်တို့ အနိမ့်ကနေ အမြင့်ကို ပြောင်းလို့ ရတဲ့ Version တွေ အကြောင်းကိုတော့ သိထားရပါလိမ့်မယ်။ တချို့ version တွေက Upgrade လုပ်လို့ မရပါဘူး။ ဒါကြောင့် ဘာတွေကနေ Upgrade လုပ်လို့ ရတယ်ဆိုတာကို အောက်မှာ တွဲဆက်ဖော်ပြထားသလို Features တွေ အကြောင်းကိုပါ ကျွန်တော် ပုံတွေနဲ့ ဖြည့်စွက်ဖော်ပြပေးထားပါတယ်။ နားလည်အောင် သေချာ ဖတ်ကြည့်ဖို့ပဲ့ တိုက်တွန်းလိုပါတယ် ။

Anytime Upgrade editions


  • Starter to Home Premium.
  • Starter to Professional1.
  • Starter to Ultimate1.
  • Home Premium to Professional.
  • Home Premium to Ultimate.
  • Professional to Ultimate

Version အလိုက် Features များအကြောင်း 
 
ဒီလောက်ဆိုရင် Version တွေံအကြောင်းကို ကောင်းကောင်းနားလည်နိင်ပီလို ထင်ပါါတယ်

ဒါဆိုရင် ကျွန်တော် Window 7 download ချဖို့ နေရာတွေနဲ့ Upload တင်ထားတဲ့ ဆိုဒ်တွေကလင့်တွေနဲ့ ပြန်ညွှန်းပါမယ်။ ဒီနေရာမှာ winrar ဘယ်လိုပိုင်း ဘယ်လိုပြန်ဆက်လည်းဆိုတာ ရေးထားပါတယ်။  ရလာတဲ့ ဖိုင်တွေက rar ဖိုင်တွေပါ ။ ဒါကြောင့် rar အကြောင်းကို အရင်သွားဖတ်ပေးပါ။ ပြီးရင် rar ဖြည်တက်ပါလိမ့်မယ်။ ဖြည်လိုက်ရင် ISO ဖိုင် ရလာပါလိမ့်မယ် ။ ISO ကို ခွေရိုက်ဖို့ကိုတော့ ဒီနေရာမှာ ကျွန်တော် ခွေရိုက်တာတွေအတွက် ISO ဆိုတာ ဘာလဲ၊ ဘယ်လို Burn မလဲ၊ ဘယ်လို Mount မလဲ၊?? ဆိုပြီးရေးထားပါတယ်။

 

 

Window 7 Ultimate 32 bit

http://www.mediafire.com/?z77rbuf4r8mbl

 


Window 7 Ultimate 64 bit

http://www.mediafire.com/?1smwxredl5lro

 

 

ဒါကတော့ Window 7 10 Mb ပဲ့ ရှိတဲ့ လင့်ပါ။

http://www.interupload.com/files/1GCMNSVV/Windows_7_Highly_Compressed_Only_10MB.rar_links

 

 

Window 7 48 in 1

http://ifile.it/_vo3179i

 

 

Window 7 SP1 Activated AIO

http://www.mediafire.com/?lhqe8wx799pzk

 

 

တခြားပိုစ့်များ

http://www.nayminmaung.info/search/label/Windows%20%E1%80%B1%E1%80%81%E1%80%BC%E1%80%99%E1%80%BA%E1%80%AC%E1%80%B8


 

Window XP Sp3 collections

http://ifile.it/_0cdtexj


Xp ကတော့ လူသုံးနည်းပါတယ် ဒါပေ့မယ့် စုမိအောင် တင်ပေးထားတာပါ။ နောက်တခုက window error တွေ တက်ပြီး backup လှမ်းယူဖို့ ဘာညာလုပ်ဖို့ကိုတော့ Window Ultimate boot CD နဲ့ windoiw live CD ကိုပါ တခါတည်း ထည့်ပေးလိုက်ပါတယ်။ Operating Systems ထဲ့တော့ မပါဘူးပေါ့ဗျာ။

windoiw live CD

Window Ultimate boot CD

window တင်ပြီး activate လုပ်ဖို့တွက်တော့ ဒီလင့်မှာ သွားပြီး Loader ကို ဒေါင်းလုပ်ချပါ။ နောက်တခုက မြန်မာလူမျိုးတွေဆိုတော့ zawgyi ဒါမှမဟုတ် Unicode ကို အသုံးပြုချင်သူတွေတွက် အောက်က လင့်မှာ Fonts and Keyboard ကို ဒေါင်းလုပ်သွားချပေးပါ။


နောက်ထပ် လူကြိုက်များတဲ့ Open source ဖြစ်တဲ့ Ubuntu ကိုတော့ ကျွန်တော် ဆက်လက်ဖော်ပြပေးပါဦးမယ်။ ဒါကတော့ Live CD တွေကို ဆိုဒ်မှာ free ပေးထားပါတယ်။ အဲ့မှာ သွားဒေါင်းလို့ရပေ့မယ် offline မှာ သုံးမယ့် ညီအကိုတွေတွက်ကျတော့ CD နဲ့ဆိုရင် ခု လက်ရှိထိ Update Package တွေ မပါဘူးဗျ။ ဒါကြောင့် server မှာ တင်ထားတဲ့ Ubuntu DVD ခွေလင့်တွေကို ရှာပေးလိုက်ပါတယ်။ ကြိုက်တဲ့နေရာက ဒေါင်းပါ။ အောက်က လင့်တွေမှာ အဆင်ပြေဆုံးဆိုဒ်က ဒေါင်းနိုင်ပါတယ်။


အကုန်လုံး FTP လင့်တွေပါ။ လင့်သေတာမျိုးမရှိပါဘူး။ release က ခုနောက်ဆုံး 11.10 ပါ ။ ၄ လပိုင်းမှာ 12.04 ထွက်ပါလိမ့်မယ်။ အဲ့မှာ index လမ်းကြောင်းတွေအတိုင်း နောက်ဆုံး version တွေကို ဒေါင်းနိုင်ပါတယ်။
မကြာခင်မှာ ကျွန်တော် ပြည်တော်ပြန်ရောက်ပါမယ်။ ရန်ကုန်မှာ တွေ့ဆုံပွဲလုပ်ဖြစ်ပါမယ်။ အဲ့ကျရင် ကျွန်တော် လေ့လာခဲ့တဲ့ C++ ပိုင်းတွေနဲ့ C # အပိုင်းတွေ ပါပါမယ်။ Software ပိုင်းတွေ ပါပါမယ်။ Ebooks တွေ ပါပါမယ်။ Tutorial video ပိုင်းတွေ ပါပါမယ်။ တွေ့ဆုံပွဲလုပ်မယ့်နေ့မှာ မြန်မာ မိသားစု ဖိုရမ်က အဖွဲ့တွေလည်း ပါပါမယ်။ အရင်စာရေးခဲ့သမျှ ဖိုရမ်က အဖွဲ့တွေလည်း လာပါမယ်။ English စာပိုင်းကို အတွင်းကျကျ လေ့လာလိုက်စားသူများဖို့ ကိုကျော်သူအောင် (မြန်မာ မိသားစုမှာ နေမင်းမောင် နာမည်နဲ့ပါ) ပါ ပါပါမယ်။ တွေ့ဆုံပွဲကို လာခဲ့ကြဖို့ ပညာပိုင်းတွေကို ဆွေးနွေးပေးဖို့ လာရောက်လှည့်ပါလို့ ကြိုတင်အသိပေး အကြောင်းကြားရင်း ကျွန်တော့ပိုစ်လေးကို နိဂုဏ်းချုပ်ပါတယ်။

PDF အဖြစ် ဒီလင့်မှာ တင်ထားပေးပါတယ်။ ပုံတွေ မမြင်ရရင် စာအုပ်ဒေါင်းလုပ်ချ ဖတ်နိုင်ပါတယ်။
အားလုံး အဆင်ပြေပါစေ..


TZH

8 comments:

  1. bro, windows 7 32 and 64 mediafire download links (first 2 links ) ain't working.
    pls check it for me.
    thanks so much for sharing.

    ReplyDelete
  2. အကိုရေ . . . ပြန်ရောက်တော့မယ်နေ့ ကို ပြူးပြဲနေအောင် Post တင်လိုက် . . . ဒီလိုစေတနာရှင်မျိုးတွေနဲ့ တွေ့ ချင်နေတာ ကြာပါပြီ . . . လာဖြစ်အောင် လာတွေ့ ပါမယ် :D

    ReplyDelete
  3. hi hii bro !!
    Ubuntu 10 တင်ပုံတင်နည်း အီးဘုတ်လေးလိုချင်ပါတယ်ခင်ဗျာ .. ဖြစ်နိုင်ရင်ကူညီပေးပါဦးဗျာ :)

    ReplyDelete
  4. ကျေးဇူးအများကြီးတင်ပါတယ် pdf ဖိုင်နဲ့ ၁၀မက်ဝင်းဒိုးဒေါင်းသွားပါတယ်ခင်ဗျာ။

    ReplyDelete
  5. မရဘူးဗျာဒေါင်းတာဒီလင့်တွေက http://www.mediafire.com/?z77rbuf4r8mbl


    Window 7 Ultimate 64 bit
    http://www.mediafire.com/?1smwxredl5lro


    ဒါကတော့ Window 7 10 Mb ပဲ့ ရှိတဲ့ လင့်ပါ။
    http://www.interupload.com/files/1GCMNSVV/Windows_7_Highly_Compressed_Only_10MB.rar_links

    ReplyDelete
  6. windoiw live CD
    http://www.mediafire.com/?j31lmdupuzbk2
    ကျေးဇူးပြုပီး ဒီ live cd ဒေါင်းလော့ ဆိုဒ်လေးကို ပြန်လည် ဒေါင်းလို့ရအောင် လုပ်ပေးစေချင်ပါတယ်.....

    ကျေးဇူးအထူး ထာဝရတင်လျှက်

    စက်မှုထွန်းထွန်းဝင်း

    ReplyDelete
  7. ကျေးဇူ့တင်ပါသည်

    ReplyDelete
  8. ကျေးဇူ့တင်ပါတယ်

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်