• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Friday, February 10, 2012

CoolwareMax WebcamMax v7.5.9.6 Incl. Keygen and Patch-Lz0



ကျွန်တော်အခု CoolwareMax WebcamMax လေးတစ်ခုတင်ပေး လိုက်ပါတယ်။ရှေ့မှာလည်း ကျွန်တော်တင်ပေးခဲ့ပြီးပါပြီ။ ဒါကတော့ နောက်ထပ် ထပ်ထွက်တဲ့ Update လေးဖြစ်ပါတယ်။အသုံးပြုနေ တဲ့သူတွေဆို ရင်တော့ သိကြမှာပါ။  Animation လေးတွေနဲ့ Effects လေးတွေတော်တော် များများကိုစုံပါတယ်။ဒီကောင်လေးက Webcams Programs တွေဖြစ်တဲ့ ICQ,VZO, AIM, MSN, Camfrog, Skype, Paltalk, Yahoo, ANYwebcam, Stickam အစရှိတဲ့ Programs လေးတွေကို Support လုပ်ပေးပါတယ်။ကျွန်တော်တို့ ရဲ့ Webcam ပေါ်မှာ  Floating text, Frame effects,Transform effects,Emotion effects စတဲ့ Effects လေးတွေကို ထည့်သွင်းပေးနိုင်ရုံမျှမက Webcam effects လေးတွေကိုလည်း အပတ်တိုင်း update လုပ်ပေးနိုင်ပါတယ်။ Programs 16 ခုကိုလည်း Share လုပ်ပေးနိုင်ပါတယ်။ကျန်တဲ့ Animation တွေနဲ့ Effects လေးတွေလည်းတော်တော်များများ ပါဝင်ပါသေးတယ်။ အောက်မှာ ကျွန်တော် Patchဖိုင်နဲ့ Keygen ကို ဘယ်လိုဖြည့်ရမလဲ ဆိုတာကို ပုံလေးနဲ့ပြပေးထား ပါတယ်။နည်းနည်းတော့ရှုပ်ပါတယ်။ အခုနောက်ထွက်လာတဲ့ Update လေးပါ။
အခုအရေးကြီးတဲ့     အပိုင်းလေးတွေကို ပုံလေးတွေနဲ့ပြပေး သွားပါ့မယ်။ အရင်ဆုံး Patch  ဖိုင်လေးကို Install လုပ် ထားတဲ့   Folder  လေး  ထဲကို  ကူးထည့်ပေးလိုက်ပါ။ ကူးပြီးတာနဲ့ Patch ဖိုင်လေးကို RUN ပေးလိုက်ပါ။ Can not access ဆိုပြီးတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မရဘူးဆိုရင်လည်းဘာမှတော့မဖြစ်ပါဘူး။ 
Keygen လေးကျန်ပါသေးတယ်။ကျွန်တော်အခု အရင်ဆုံး အပေါ်က Code ဆိုတဲ့ နေရာမှာ မိမိတို့နှစ်သက်တဲ့   အမည်လေးထည့်ပေးလိုက်ပါ။ ပြီးရင်တော့ အင်တာနက်ကို ခဏဖြုတ်ပေးဖို့လိုပါတယ်။ အပေါ်ဆုံးမှာအမည်ကို ရိုက်ထည့်ပြီးရင် Generate ဆိုတာလေးကိုနှိပ်လိုက်ပါ။ အဲ့ဒီမှာ SN ဆိုတဲ့ အကွက်က
ကုတ်လေးကိုယူလိုက်ပါ။ ညာဘက်ထောင့်က Get more ဆိုတာလေးကို နှိပ်လိုက်ပါ။
အဲ့ဒီကမှ EnterSN  ဆိုတာလေးကို နှိပ်လိုက်ပါ။အဲ့ဒီကမှ ကျွန်တော်တို့ ခုနက Keygen လေးက ကူးလာတဲ့ SN Code  လေးကို ကူးထည့်လိုက်ပါ။အဲ့ဒီအချိန်မှာ နက်ဖြုတ်ထားဖို့လိုပါတယ်။ကျွန်တော်တို့ ထည့်လိုက်ပြီဆို ရင် အောက်က Box လေးကျလာပါလိမ့်မယ်။ ပုံမှာပြထားတဲ့အတိုင်း Manual ကိုရွေးပေးပါ။
ဒီ Box လေးထပ်ကျလာပါတယ်။ ဒီ Box လေးထဲမှာ Unlock Code ဆိုတဲ့ နေရာလေးမှာ Keygen လေးထဲက Unlock ဆိုတဲ့ နေရာက ကုတ်လေးကို ကူးထည့်ပေးလိုက်ပါ။ပြီးရင် OK ပေးလို့တော့မ ရသေးပါဘူး။အပေါ်က Machine Data ဆိုတဲ့ ကုတ်လေးကို ကော်ပီကူးလိုက်ပါ။
အဲ့ဒီ့ Machine Data ဆိုတဲ့ ကုတ်လေး ကို Keygen ထဲက Code ဆိုတဲ့ နေရာလေးမှာ ကူးထည့်ပေးပါ။ပြီးရင် Generate ထပ်လုပ်ပေးပါ။ အဲ့ဒီကမှ ပြောင်းသွားတဲ့ Unlock ကုတ်လေးကို ထပ်ကူးလိုက်ပါ။ပြီးတာနဲ့ ကျွန်တော်အောက်မှာ ပြထားတဲ့ Box လေးမှာ ပြန်ကူးထည့်ပေးပါ။
ပြီးရင်တော့ Ok ပေးလို့ရပါပြီ။ နည်းနည်းများရှုပ်သွားမလားတော့မသိဘူးခင်ဗျ။ကြိုးစားကြည့်ပေးပါဗျာ။
အားလုံးပြီးရင်တော့ Activated ဖြစ်သွားပါပြီ။နည်းနည်းလည်းရှည်သွားပါတယ်။သည်းခံပြီးဖတ်ပေးတဲ့ အ တွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဖိုင်ဆိုဒ်ကတော့ 27.81 MB ရှိပါတယ်။ကျွန်တော်အောက်မှာ နှစ် နေရာခွဲတင်ပေးထားပါတယ်။အဆင်ပြေမယ့်လင့်ခ်လေးကနေသာ ယူသွားလိုက်ပါဗျာ။ ပုံတွေကိုမမြင်ရဘူးဆိုရင် ကျွန်တော်အောက်မှာ PDF ဖိုင်လေးနဲ့ထပ် ထုတ်ပေးထားပါတယ်။ ကျွန်တော်လည်း နှစ်နေရာခွဲပြီး တင်ပေးလိုက်ပါတယ်။ ယူရတာလည်း လွယ်ကူအောင်ပါ။ အဆင်ပြေပါစေဗျာ။







WebcamMax 7.5.4.2 Multilingual

Downloading from ifile.it

Downloading from mediafire


PDF



အားလုံးပဲအဆင်ပြေကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

1 comment:

  1. စမ်းကြည့်မယ်။
    thanks.

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်