• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Friday, February 3, 2012

hardisk create partion parts on window



ဒီနေ့ ကျွန်တော် HDD ပိုင်း partition ပိုင်းတာလေးကို ရေးဖို့ တွေးမိတာနဲ့ ဒီအပိုင်းကို ကျွန်တော် စတင်မိပါတယ်။ တကယ်တော့ HDD partition ပိုင်းတာ  အမျိုးမျိုး ပိုင်းကြပါတယ်။ တချို့က window ခွေနဲ့ ပိုင်းတယ် တချို့ က window ပေါ်က ပိုင်းတယ်။ ဘယ်လိုပဲ့ ပိုင်းပိုင်း တူတူပါပဲ့ ဒါပေ့မယ် window ခွေထည့်ပြီးမှ ပိုင်းရင် အခက်ခဲ့ အားနည်းချက်ပိုရှိပါတယ်။ နောက်တခုက window ပေါ်က ပိုင်းရင် စက်နာတယ်တို့ ဘာတို့ ကြားဘူးပါတယ်။ စာသေချာလိုက်ဖတ်ကြည့်ပါ အငြင်းအခုံ အနေနဲ့ မညင်းပါဘူး။
ဒီတော့ ကျွန်တော် window ပေါ်ကနေ Partition ပိုင်းနည်းလေးကို ရေးပေးပါ့မယ်။ ကျွန်တော် ရဲ့ 180 GB ရှိတဲ့ ကို နမူနာ ထားပြီး ပိုင်းပြပါမယ်။  ဒီ window ပေါ်မှာ Partition ပိုင်းတာ နားလည်သွားပြီဆိုရင် ကျွန်တော် Window ခွေနဲ့ Parition ပိုင်းတာလေးကို ပုံတွေနဲ့ ထပ်ပြပြီး ရှင်းပြပေးနိုင်အောင် ကြိုးစားရေးပါဦးမယ်။ အခုတော့ .. Window ပေါ်က Partition ပိုင်းနည်းလေး စကြရအောင်...

ကျွန်တော်တို့ Window ပေါ်က Partition ပိုင်းတော့မယ်ဆိုရင် လိုတဲ့ Software့ ဒါမှမဟုတ် အသုံးပြုလို့ ရတဲ့ ဆော့ဝဲကတော့ အများကြီးပါ။ ဒီနေရာမှာ ကျွန်တော် Acronis Disk Director 11 နဲ့ ပိုင်းပြမှာ ဖြစ်ပါတယ်။ ဒီ Software ကို အောက်မှာ ဒေါင်းလုပ်ချပါ။ ဒေါင်းလုပ်ချလို့ ရလာတဲ့ ဆော့ဝဲကို ရမ်းပါ အထဲ့မှာ Serials ပါပါတယ်။


ရမ်းပြီးပြီ Serials ထည့်ပြီးပြီ ဆိုရင် ဖွင့်ပါ ။ ဒါဆိုရင် ကိုယ့်စက်မှာ ရှိနေတဲ့ PArtition ပုံစံတိုင်းပေါ်လာပါလိမ့်မယ်။ အောက်မှာ ဆိုရင် HDD နှစ်လုံးဖြစ်တဲ့ အတွက် HDD ကို Disk 1 ,Disk 2 ဆိုပြီး ပြနေပါလိမ့်မယ် ။ စာဖတ်သူ စက်မှာတော့ ၀ယ်လာတဲ့ Window အသစ်ဆိုရင် Disk 1 တခုပဲ့ ရှိပါလိမ့်မယ်။ ပြီးတော့ PArtition တပိုင်းသို့ မဟုတ် နှစ်ပိုင်းရှိပါလိမ့်မယ်။ တပိုင်းက Local Volume ဖြစ်ပြီး တစ်ပိုင်းက System Reserve တပိုင်းပါပါလိမ့်မယ်။ သူကို Local Volume ကို ညာကလစ်ထောက်လိုက်ရင် အောက်က ပုံလို ပေါ်လာပါလိမ့်မယ်။.




ဒီနေရာမှာ resize က ဘာတွက်လည်း Move volume က တခုခြင်းဆီကို ဘာတွေလုပ်ဆောင်လည်းဆိုတာကို တဆင့်ခြင်းရှင်းပြပါမယ်။ ဒီအပိုင်းတွေကို မရှင်းပြပဲ့ ကျော်သွားရင် ဘာက ဘာတွက်လုပ်တယ်ဆိုတာ မသိရငသ် လုပ်ရတာ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် သိထားဖို့ လိုတယ် ထင်လို့ အရင်ဆုံး ဆွေးနွေးပေးပါမယ်။

Resize..

Resize ဆိုတာဘာ လုပ်ဖို့ လည်း .. ဒီအပိုင်းကတော့ အရမ်းအရေးကြီးပါတယ်။ဘာလို့လည်းဆိုတော့ Window ပေါ်ကနေ Partition ပိုင်းတာပဲ့ ဖြစ်ဖြစ် ဒါမှ မဟုတ် ကျွန်တော်တို့ အပိုင်း တပိုင်းမှာ Partition က များနေတယ် တပိုင်းမှာ နည်းနေတယ်ဆိုရင် လိုသလောက်ကို ပြန်ပြီး များနေတဲ့ Partition ပိုင်းထဲ့ကနေ ပြန်ခွဲယူချင်တယ်ဆိုရင် ဒီ Resize ကို သုံးပါတယ်။ အစိမ်းနဲ့ ပြထားတဲ့ နေရာမှာ ခွဲယူချင်သလောက် Gb အရေ အတွက်ကို ရိုက်ထည့်လိုက်ယုံပါပဲ့။ ဒါမှမဟုတ်လည်း အပြာနဲ့ ပြထားတဲ့နေရာကနေ တဖြေးဖြေးချင်း ဆွဲယူလို့ ရပါတယ်။ ကြိုက်နှစ်သက်ရာကနေ လုပ်ဆောင်လို့ ရပါတယ်။




Split

ဒီအပိုင်းကလည်း အရေးကြီးပါသေးတယ် မသိလို့ မဖြစ်ပါဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ Partition တပိုင်းက အကြီးကြီး ပိုင်းလိုက်ပြီ။ ဥပမာ ထားပါတော့ 150 GB ရှိတဲ့ HDD ကို ကျွန်တော်တို့ က နှစ်ပိုင်းပိုင်းလိုက်ပြီ။ အဲ့မှာ တပိုင်းက 50GB  တပိုင်းကတော့ 100 GB ပေါ့။. ဒီလိုဆိုရင် 100GB ကို ညီအောင် ဒါမှမဟုတ် ပိုင်းချင်တယ်ဆိုရင် အလွယ်တကူ Split နဲ့ ပိုင်းရင် အညီအမျှ ခွဲပေးပါတယ်။ Auto ပေါ့။အနီနဲ့ ၀ိုင်းပြထားတဲ့နေရာမှာ တွေမှာပါ။ GB 60 ရှိတဲ့  HDD ကို ကျွန်တော် Split လုပ်လိုက်တာ 30GB,30GB ဆီ သူဘာသာ ပိုင်းပေးထားတာကိုတွေ့ပါလိမ့်မယ်။ အစိမ်းနဲ့ ၀ိုင်းပြထားတဲ့နေရာမှာတော့ လိုသလောက် ပြန်ပြောင်းယူချင်လည်း ရပါတယ် ဆိုတဲ့ သဘောပါ။


Convert

ဒီအပိုင်းကတော့ ဒုတိယ အရေးကြီးဆုံးဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ Partition တွေဟာ တခါတလေ ဆိုရင် Raw Partition ဒါမှမဟုတ် Logical Partition ကနေ Primary ကို ပြောင်းချင်တာပဲ့ ဖြစ်ဖြစ် ဒါမှမဟုတ် ပြောင်းပြန် Primary ကနေ Logical ကို ပြောင်းချင်တဲ့ အခါမှာပဲ့ ဖြစ်ဖြစ် ဒီ အပိုင်းတွေကို အသုံးပြုပါတယ်။ အနီနဲ့ ၀ိုင်းထားတဲ့ နေရာမှာ ပြောင်းလို့ ရတာကို ဖော်ပြပေးထားပါတယ်။ Primary ကို ပြောင်းလို့ ရတယ်ဆိုရင် Convert to Primary ဆိုပြီး ပြနေပါတယ်။ ပြောင်းချင်တဲ့ Partition ကို ကလစ်ထောက်ပြီး Convert to … ကိုရွေးပေးယုံလောက်ပါပဲ့။



Change Partition Type.

အပေါ်မှာတော့ Primary ပြောင်းတာလေးကို ပြောပြပေးပြီးပါပြီ။ ဒီထဲ့မှာ Ntfs လား FAT လားဆိုတာကို မခွဲခြားပြခဲ့ပါဘူး။ ခုနောက်ပိုင်းတော့ NTFS ကိုပဲ့ အသုံးများကြပါတယ်။ ဘာလို့လည်းဆိုရင် NTFS က Cluster size စားတာ သက်သာလို့ ပါပဲ့။ ဒီအပိုင်း ကတော့ သိပ်ပြီး အသုံးမပြုကြပါဘူး။ DOS တွက်ဆိုရင် DOS ရဲ့ Format type ကို ဒီကနေ ရွေးပေးလို့ ရတယ်ဆိုတာကိုပြောပြတာပါ။


Merge

ဒီအပိုင်းကတော့ ကျွန်တော်တို့ စက်တွေမှာ C မှာ window တင်တယ် ထားပါတော့.. ဒီချိန်မှာ C မှာ Gb နည်းနေလို့ ထပ်ပြီး GB ပေါင်းထည့်ချင်တဲ့ အချိန်မှာ သုံးပါတယ်။ ဒါပေ့မယ် C ကို ထပ်ပေါင်း ချင်တဲ့ GB ကို Partition တခုကျော်ကနေ လာပေါင်းလို့ မရပါဘူး။ ဥပမာ C ကို နောက်ထပ် GB ထပ်ပေါင်းမယ်ဆိုရင် D ကနေပဲ့ လာပေါင်းလို့ ရပါလိမ့်မယ်။ Partition ၂ ခုပေါင်းတာကို နည်းနည်း ပိုသဘောပေါက်အောင် အောက်က ပုံမှာ ကြည့်လိုက်ပါ ။ ပေါင်းလို့ မရတဲ့ အပိုင်းက မှိန်နေပြီး ပေါင်းလို့ ရတာက ထင်ထင်သာသာ ပေါ်နေပါလိမ့်မယ်။ ပေါင်းချင်တဲ့ အပိုင်း ၂ ခုကို အမှန်ခြစ်ပေးပြီး OK ပေးလိုက်ယုံပါပဲ့။ ဒီလောက်ဆို Merge ကို သဘောတရာ နားလည်ပြီလို့ ထင်ပါတယ်။

Format

ဒီအပိုင်းကတော့ လူတိုင်း ရင်းနှီးပြီးသားပါ။ ကျွန်တော်တို့ ခုနောက်ပိုင်းမှာ Format တွေကို Ntfs ကိုပဲ့ အသုံးများပါတယ်။ ဒီနေရာမှာ Partition   ပိုင်းတော့မယ်ဆိုရင် Cluster size ကို Auto ထားရင် ပိုကောင်းပါတယ်။ တခါတလေ HDD တွေကို Format ရိုက်လို့ မရတဲ့ အခါမျိုး ဒါမှမဟုတ် Ntfs ကနေ FAT ကို ပြောင်းချင်တဲ့ အချိန်မှာ ဒီ Format ဆိုတာလေးကို အသုံးပြုပါတယ်။


Delete

ဒါကတော့ ရှင်းပါတယ် ။ ကျွန်တော်တို့ HDD မှာ Unlocated partition လိုတာ ပဲ့ ဖြစ်ဖြစ် မကြိုက်လို့ Partition တခုကို ဖျက်ချင်တာပဲ့ ဖြစ်ဖြစ် ဒီ အပိုင်းလေးကို အသုံးပြုပါတယ်။ ဒီ အပိုင်းကို အသူုံးပြုပြီးပြင်လည်း Create Partition ပြန်လုပ်လိုက်ရင် Partition တပိုင်း ပြန်ရမှာပါပဲ့။ ဒါပေ့မယ် Linux တင်တော့မယ်ဆိုရင် ဒီ အပိုင်းလေးကို အသုံးပြုကြပါသေးတယ် ဘာလို့လည်းဆိုတော့ Swap area တွက်  Gb အနည်းငယ်ယူတဲ့ အချိန်မှာ အသုံးပြုပါတယ်။



Check

ဒီအပိုင်းကိုတော့ ကျွန်တော်တို့ HDD တွေ တခါတလေ Error တက်တဲ့ အခါတွေ ဒါမှ မဟုတ် Partition ပိုင်းတွေမှာ တခုခု Error တက်တဲ့ အချိန်မှာ ကျွန်တော်တို့ ဒီ Check ဆိုတာလေးကို အသုံးပြုပါတယ်။


Change Letter

change letter ဆိုတာကတော့ ဘာမှ အထွေးထူးမဟုတ်ပါဘူး။ ကျွန်တော်တို့ Partition တိုင်းမှာ ပါနေတဲ့ C ကနေ စတဲ့ C,D,E,F အစရှိသဖြင့်ပေါ့။ ဒီနေရမှာ  D ကို ကျွန်တော်တို့က ပြောင်းချင်တယ်ဆိုရင် ပြောင်းတဲ့ အပိုင်းလေးပါ။

Change Label

ဒီအပိုင်းကတော့ သိတယ် မဟုတ်လား … ကျွန်တော်တို့တွေ Partition  ပိုင်းတွေ ခွဲပြီးသွားပြီဆိုရင် Label တွေ ခွဲကြတယ်လေ … ဒီနေရာမှာ တချိုက Song . Video . Software အမျိုးမျိုးပေါ့... ဒီလို ချိန်မှာ အသုံးပြုပါတယ်။ တနည်းပြောရရင်တော့ Partition တပိုင်းချင်းဆီကို rename ပေးတာပါပဲ့။
 

ကျွန်တော်တို့ ဒီလောက်ဆိုရင် Function တွေကို နားလည် သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။ ဒါဆို ကျွန်တော်တို့က Window ပေါ်ကနေ Partition ပိုင်းတာ ဘယ်လို ပိုင်းယူလည်းဆိုတာကို လွယ်လွယ် လုပ်တက်လောက်ပါပြီ။ ကျွန်တော် ထက်လည်း ရှင်းပြပါဦးမယ်။ ကျွန်တော် အပေါ်မှာ ရှင်းပြခဲ့တဲ့ Function တွေက ဒီ Software တခုတည်းတွက် မဟုတ်ပါဘူး HDD Partition  ပိုင်းတဲ့ Software တွေ တော်တော်များများမှာ ဒီ Function တွေကိုပဲ့ အသုံးပြုကြပါတယ်။ ဒီတော့ ဒီထက် ပိုပြီး HDD အသစ်တလုံးကို Window ပေါ်ကနေ Partition ပိုင်းတာကို ဆက်ကြည့်ဖို့.အောက်ကို ဆက်လက်ဖတ်ရူပေးပါဦး...
အခုကျွန်တော်တို့ အသုံးပြုတဲ့ Function တွေကို နားလည်ပြီ အသုံးပြုပုံလည်း သိပြီ ဒါဆို ကျွန်တော်တို့ Window ပေါ်ကနေ Partition ပိုင်းတဲ့ သဘောတိုင်း အစမ်းလုပ်ကြည့်ကြရအောင်....

Partition တပိုင်း တည်းရှိတဲ့ 180GB  ရှိတဲ့ HDD ဆိုပါစို ဒီ HDD ကို ကျွန်တော် တို့ Partition ၃ ပိုင်း ပိုင်းပါမယ်။ အဲ့တော့  ကျွန်တော်က ၃ ပိုင်း ပိုင်းချင်တဲ့ အတွက် 180 ကို 3 နဲ့ စားပစ်လိုက်ပါတယ်။ တပိုင်းကို 60GB ဆီရပါတယ်။  အဲ့တော့ တပိုင်းပိုင်းတော့မယ်ဆိုရင် GB 60 ယူပြီး ပိုင်းရမယ်ဆိုတဲ့ သဘောပေါ့ ။ ရှိနေတဲ့ Window ကိုလည်း ဘာမှ မဖြစ်အောင် ပြန်ခွဲထုတ်ယူတဲ့ သဘောနဲ့ အတူတူပါပဲ့ ။  ဒီလိုဆိုရင် Acronis ကို ဖွင့်လိုက်ပါ။ အရင် ဆုံး 180 GB ရှိနေတဲ့ အပိုင်းကြီးကို ထောက်ပြီး  resize ကိုရွေးလိုက်ပါ။








Unllocated ကို Create Volume ကိုရွေးလိုက်ရင် နောက်ထပ် Box တခုနဲ့ Basic , Simple /Spanned ,striped and Mirroed ဆိုပြီး ၄ မျိုးပေါ်လာလိမ့်မယ် အဲ့နေရာမှာ ကျွန်တော်တို့ Basic ကိုရွေးပြီး next ကို ဆက်သွားပါ။နောက်တဆင့်မှာ Unllocated Space ကို Select လုပ်ပြီးသားမို့ Next ကို ဆက်သွားပါ.။ဒါဆိုရင် အောက်က ပုံလေးလိုပေါ်လာပါလိမ့်မယ်။ ဒီနေရာမှာ 120GB ကနေ ကျွန်တော်တို့ နောက်တပိုင်း ထပ်ခွဲမှာ ဖြစ်တဲ့ အတွက် 60 GB လို့ 120 GB ဖြစ်နေတဲ့ နေရာမှာ ပြောင်းရေးလိုက်ပါ။
 

ပြီးရင်တော့ Finish ပေါ့ နောက်ဆုံး 60 GB တခုက Unllocated ဖြစ်နေပါလိမ့်ဦးမယ် ဒါကို ကျွန်တော်တို့ အပေါ်က လုပ်သလိုပဲ့ Basic >> Next >>Next>> Finish ပေါ့ ။ ဒါဆိုရင်  ၃ ပိုင်း ခွဲလို့ ပြီးပြီ။ ကိုယ်လုပ်တာတွေကို ပြန်စစ်ကြည့်လို့ ကြိုက်တယ်ဆိုရင် ကျွန်တော်တိုပ အပေါ်မှာ အ၀ါရောင်လေးနဲ့ ပေါ်နေတာလေးကို ကလစ်နိုပ်လိုက်ပါ။ပြီးရင်တော့ Coninute ပေါ့။






ဒီလောက်ဆိုရင် ကျွန်တော်တို့ Window ပေါ်ကနေ Partition ပိုင်းတက်ပြီလို့ ကျွန်တော် ယူဆပါတယ်။ ဒီနေရာမှာ Window တင်ထားတဲ့ C ကို နောက်ထပ် Gb ထပ် ပေါင်းချင်တယ်ဆိုရင် ဘယ်လိုပေါင်းရမယ်ဆိုတာကိုတော Merge Function ကို နားလည်ခဲ့တယ်ဆိုရင် ပေါင်းလို့ ရပါလိမ့်မယ်။ ဒီဆော့ဝဲတင်မဟုတ်ပါဘူး တော်တော်များများ Software တွေက ဒီ Function တွေတိုင်းပါပဲ့။ ဒီလောက်ဆို Partition   ပိုင်းတက်ဖို့ ယုံကြည်မူ ရှိလောက်ပြီ ထင်ပါတယ်။အပေါ်မှာ ရှင်းပြခဲ့တာတွေကတော့ acronis disk director 11 နဲ့ ရှင်းပြထားတာပါ။ ဒီ ဆော့ဝဲကို လိုချင်တယ် ဆိုရင်တော့ အောက်က လင့်မှာ ရယူနိုင်ပါတယ်။

Links 1



Links 2



links 3


links 4




နောက်ပိုင်းမှာ ကျွန်တော် HDD ကို ပြုပြင်ထိန်းသိမ်းဖို့ အကြောင်းလေးတွေ ကို ဆက်ရေးပါဦးမယ်။...

11 comments:

  1. ကျေးဇူးပါအကို ဖတ်လည်းဖတ်သွားပါတယ် ယူလည်းယူသွားပါတယ်..ဒိထက်မက ပညာတွေဖြန့်ဝေနှိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်....။

    ReplyDelete
  2. ကျေးဇူးပါဗျာ..
    နည်းပညာတွေဒီထက်မကဖေါ်ပြပေးနိုင်ပါစေ..

    ReplyDelete
  3. ကျေးဇူးအထူးတင်ရှိပါတယ်အစ်ကို ကျွန်တော်တို့ လို ဘာမှမသိတဲ့လူတွေအတွက်တော့ အရမ်းကိုတန်ဖိုးရှိပါတယ်.............

    ReplyDelete
  4. ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ--။

    ReplyDelete
  5. Acronis Diskpartion master ကတော်တော်ကိုသုံးလို့လွယ်ပါတယ်

    ReplyDelete
  6. အကိုရေ ကျွန်တော်မရှင်းတာလေးတခုတော့မေးချင်တယ်နော်Acronis Disk Director နဲ့ ခွဲထားတဲ့ disk တွေကိုပြန်ပြီးတော့ဖျက်ချင်ရင်ဘယ်လိုလုပ်ရပါလဲ။ကျွန်တော်စက်မှာWin 7 နဲ့ XP နှစ်ခုတင်ထားတယ်အကိုရာ
    ခုxp ပါတဲ့အပိုင်းကိုဖျက်လိုက်ချင်တယ် ဒီတိုင်း fomatလို့ ချလိုက်ရင်ရောxp window ရောပျောက်သွားလား ဒါမှမဟုတ်
    delete volume နဲ့လုပ်ရတာလား Win 7 တခုပဲထားချင်တယ်အကိုရာ အဲဒါလုပ်တဲ့နည်းလေးပြောပြပါလား။ ပြောပြနော်

    ReplyDelete
  7. ဟုတ်ကဲ့အကို .. အကို XP တင်ထားတဲ့ Partation ကို Format ရိုက်လိုက်ပါ .. ပြီးရင် အောက်ကလင့်မှာ ရှင်းပြထားတဲ့ နည်းလေးအတိုင်း တစ်ချက် လုပ်ပေးလိုက်ပါအကို ..

    http://www.nayminmaung.info/2012/02/boot-menu-windows.html

    ReplyDelete
  8. ကျေးဇူးအကို ဒါပေမဲ့လေ အကိုပြောသလိုmsconfig ကိုရိုက်လိုက်တာအဲဒီ settingထဲမှာ မပေါ်ဘူး
    BOOT INIထဲမှမတွေ့ဘူး တခုတော့ရှိတယ် ကျွန်တော်ကbootloader Easy BCD ဆော့ဝဲကိုမောင်း
    ထားလို့လားမသိဘူး.

    ReplyDelete
  9. အကို ကျနော် D ကို 2ခုထပ်ခွဲချင်လို့ split လုပ်လိုက်တယ်။ ပီးတော့ ထားချင်တဲ့ memory ရွေးပီး ok လုပ်လိုက်တော့ disk 1 မှာ local volume 3 ခုဖြစ်သွားတယ်။ နောက် commit pending operation ကိုနှိပ်လိုက်တာ continue လုပ်ဖို့ box 1 ခုကျလာတယ်။ continue ရွေးလိုက်တာ committing operation ဆိုပီးတက်လာတယ်။ ဒါပေမယ့် တ၀က်မှာ corrupted file system. Run checked disk ဆိုပီးပေါ်လာတယ်။ My computer မှာသွားကြည့်တော့လဲ D ကမရှိတော့ဘူး။ C ပဲရှိတော့တယ်။ ဘယ်လိုလုပ်ရမလဲ အကို။
    ကျတောက ကောင်းမြတ် ပါ. mgkaungmyat00@gmail.com

    ReplyDelete
  10. Acronis Disk Director ဆော့ဝဲလ်လေး ပြန်တင်ပေးပါအစ်ကို ..... ဝင်းဒိုးပေါ်မှာ ပါတီးရှင်းခွဲဖို့နည်းတွေလိုက်ရှာနေတာခုမှပဲတွေ့တော့တယ်ဗျာ .... ခုပို့စ်အတွက်အရမ်းကိုကျေးဇူးတင်ပါတယ် .... လုပ်ဖို့လည်းရည်ရွယ်ထားပါတယ် ..... ကျေးဇူးပြုပြီးကူညီပါ .... myintmyatmyoe@gmail.com

    ReplyDelete
  11. Ko Nay Min Maung:
    Please help me:.... I bought 1 TB ( HD-PNUT3) Buffalo and I used about 2 months with it driver own password and over it,,,. I got a problem with login in to my HD-PNUT#, and Can u help me. Quick.... The data on Disk is Too much,,,,about (800 GB)

    I want to remove it. and I tried to login in but cannot click (OK) I don't know why. Please help me...

    With the patient:::! I don't have a burmese font. I post this comment by going to internet cafe in thailand. Please....... kyawmoenaing98@gmail.com

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်