ကျွန်တော်တို့ အခုနောက်ပိုင်း Windows 8 ကိုအများစု စမ်းပြီး အသုံးပြုလာ ကြတာ တွေ့ရပါတယ် .. သုံးဖူးတဲ့ သူတွေလည်း သိမှာပါ .. အခုအသစ်ထွက်လာတဲ့ Windows 8 မှာ အရင် Windows 7 မှာတုန်းကလို Start Menu Bar မပါတော့ ပါဘူး .. ကျွန်တော် အခုပြောပြမဲ့ နည်းလမ်းလေးကတော့ Windows 8 မှာ Windows 7 မှာလို Start Menu Bar ထည့်ပြီး အသုံးပြုချင် သူတွေ အတွက်ဖြစ်ပါတယ် .. ကျွန်တော် ဘယ်လို လုပ်ရမယ် ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..
အရင်ဆုံး Keyboard မှ Windows + R ကိုနှိပ်လိုက်ပါ .. Run Box ပွင့်လာပြီဆိုရင် Run Box ထဲမှာ regedit လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ ..
အောက်ကပုံအတိုင်း Registry Editor ပွင့်လာပြီဆိုရင် HKEY_CURRENT_USER >> Software >> Microsoft >> Windows >> Current Version >> Explorer ထိအဆင့်ဆင့် သွားလိုက်ပါ .. ပြီးရင် ဆက်လုပ်ရမယ့် အဆင့်တွေကို အောက်မှာ ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ် ..
အပေါ်ကပုံအတိုင်း 0K ပေးပြီးပြီ ဆိုရင်တော့ Windows 7 မှာလို Start Menu Bar အသုံးပြုလို့ ရသွားပြီ ဖြစ်ပါတယ် .. တကယ်လို့ Start Menu Bar နဲ့ မသုံးချင်လို့ သူ့မူရင်း ပုံစံအတိုင်း ပဲပြန်သုံး ချင်တယ်ဆိုရင်တော့ အပေါ်က Value data တန်ဖိုးကို 1 ပြန်ပြောင်းပြီး OK ပေးလိုက်ပါ .. ပြီးရင် ကွန်ပျူတာကို Restart ချပေးလိုက်ပါ .. ဒါဆိုရင် အဆင်ပြေ သွားပါလိမ့်မယ် ..
အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ---။
ReplyDeleteအစ်ကိုရေမရဘူးဗျာ...ကျွန်တော်ဆီမှာလုပ်တာ...regedit ထဲမှာက current user အောက်က software အောက်က microsoft အောက်က Explorer ကိုကြည့်လိုက်တော့ RP Enabled ဆိုတာကိုမတွေ့ဘူးဖြစ်နေတယ်..အဲဒါဘယ်လိုလုပ်ရမလဲအစ်ကိုကူညီပါအုန်းနော်
ReplyDeleteဟုတ်တယ် ကိုနေမင်းမောင်ရေ
ReplyDeleteမတွေ့ဘူး ဖြစ်နေတယ်...
အဲဒါ ဘာဖြစ်လို့လဲ...
ကျေးဇူးတင်ပါတယ်နော်...
RP Enabled မတွေ့ဘူး ဖြစ်နေတယ်...
ReplyDeleteRP Enabled မတွေ့ပါ
DeleteThis comment has been removed by the author.
ReplyDelete