• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Tuesday, May 15, 2012

မေတ္တာရပ်ခံပါရစေ...

ကျွန်တော်လည်း စာမရေးဖြစ်တာ အတော်ကြာပါပြီ။ ညီလေး ဆိုဒ်ကို ခဏခဏတော့ ၀င်ကြည့်ဖြစ်ပေ့မယ် စာမေ၇းဖြစ်ခဲ့ဘူး ပြည်တော်လည်းပြန်ကာနီးပြီးမို့ စာတန်းတွေလည်း အချောသတ်ကာလ ရောက်နေတာနဲ့ ဆိုဒ်ဘက်ကို မလှည့်ဖြစ်တော့တာပါ။ အခုက မလှည့်လို့ မရတော့တဲ့ အခြေနေမို့ ဒီနေ့ ဒီပို့စ်လေးနဲ့ ပြန်အစပြုပြီး တင်လိုက်ပါရစေ..

 


ဘာကြောင့် မရေးမဖြစ်တဲ့ အခြေနေမို့လဲ့ ဆိုတာကို ဆက်ရှင်းပြပေးချင်ပါသေးတယ်။ အခု ညီလေး စိတ်လေနေတာလဲ့ မဟုတ်ပါဘူး။ စာတွေကို မသိလို့ မဖြေနိုင်တာလဲ့ မဟုတ်ပါဘူး။ ညီငယ်ဟာ ကွန်ပျုတာပိုင်းမှာ စာတော်တဲ့ လူတစ်ယောက်ပါ။ သူ သိတာ တက်တာတွေကို လူအများ သိအောင် ပြန်လည်မျှဝေပေးနေတဲ့ ညီလေးပါ။ အခု ညီလေး စာမရေးနိုင်တာ လပိုင်းလောက် ဖြစ်နေပါပြီ။ ဘာကြောင့် စာမရေးနိုင်တာလဲ့ဆိုတော့ ညီလေး နေမကောင်းလို့ပါ။ အခု ညီလေး အရေးပေါ် ဆေးရုံတင်ထားရပါတယ်။ စာဖတ်သူအများသိစေလိုပြီး ရေးတာ မဟုတ်ပါဘူး။ ညီလေး ကျန်းမာရေး အခြေနေက အရေးပေါ် ခန်းထဲ့မှာ ရောက်တဲ့ အထိ ကျန်းမာရေး ထိခိုက်သွားလို့ပါ။ ဒါကြောင့် ညီလေး အပေါ်ကို နားလည်ပေးကြစေချင်ပါတယ်လို့ ကျွန်တော်က ကြားဝင်မေတ္တာ ရပ်ခံ ပါရစေ..

ဒီပို့စ်ကို ရေးတာ ဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။ စာတွေကို မေးထားရဲနဲ့ မဖြေဘူးလို့ ထင်နေမှာစိုးလို့ပါ။ ဒီကြားတည်းမှာ စာတွေ မေးချင်တယ် သိချင်တယ်ဆိုရင် အခက်ခဲ့ အားလုံးကို ကျွန်တော်ကပဲ့ ဖြေရှင်းပေးပါမယ်။ ကျွန်တော့ မေးလ် geek.thantzinhtay@gmail.com ကို ဆက်သွယ်ပြီး လိုအပ်တာ အကုန်လုံးကို အကူညီပေးနိုင်အောင် ကြိုးစားပေးပါ့မယ်။
ညီလေး အမြန်နေကောင်းလာဖို့လဲ့ ၀ိုင်းဝန်းဆုတောင်းပေးကြပါ။အခု ညီလေးဟာ ရုရှားနိုင်ငံ ဆေးရုံကြီးမှာ တင်ထားရပါတယ်။ ကျွန်တော်တို့လဲ့ သူ့ကို (ဘယ်သူမှ) ခုချိန်ထိ တွေ့ခွင့်မရပါဘူး။ ဒါကြောင့် ဒီကြားတည်းမှာ ညီလေး စာရေးနိုင်ဖို့ထက် ကျန်းမာရေး ပြန်ကောင်းပြီး အားပြန်ပြည့်တဲ့ အချိန်ကို စောင့်ရင်း ညီငယ် စာမရေးနိုင်တဲ့ အချိန်ကြားကာလ အားလုံးမှာ ကျွန်တော် စာ ဆက်ရေးပေးသွားနိုင်အောင်ရယ် တက်နိုင်သလောက် ကူညီဖို့ရယ်ကို ကြိုးစားပေးပါမယ်။ စာဖတ်သူများ တမျိုးမြင်နေတာမျိုး မဖြစ်စေချင်လို့ ဒီလို ပိုစ်တင်လိုက်တာပါ။ညီလေး အမြန်ပြန်ပြီး နေကောင်းလာပါစေလို့ ဆုတောင်းရင်း..


အားလုံး အဆင်ပြေပါစေ..
သန့်ဇင်ဌေး

44 comments:

  1.်ကိုနေမင်းမောင်
    အမြန် နေကောင်းလာပါစေ.........

    ReplyDelete
  2. ကို နေမင်းမောင် နေကောင်းပါစေလို့ စုတောင်းနေပါတယ်

    ReplyDelete
  3. အသေးလေးMay 15, 2012 at 8:01 AM

    ကိုနေမင်းမောင် နေမြန်မြန်ကောင်းပြီး အမြန်ကျန်းမာလာပါစေ ကျွန်တော်အသေးလေးက ဆုတောင်းပေးနေပါတယ်ခင်ဗျာ...

    ခင်မင်လေးစားစွာဖြင့်
    အသေးလေး

    ReplyDelete
  4. ကိုနေမင်းမောင်...အမြန်ဆုံး ကျန်းမာပါစေ...ဘာကြောင့် ပို့စ်အသစ်တွေမတင်တော့တာလဲ..တွေးနေတာ..ဒါကြောင့်ကိုး...မြန်မြန်ကျန်းမာပါစေ..

    ReplyDelete
  5. ကိုနေမင်းမောင်....
    ပို့စ်အသစ်တွေ ဘာကြောင့်မရေးတာလဲလို့ ထင်မိတယ်၊
    ကျန်းမာရေးကြောင့် ဆိုတာသိရတော့ စိတ်မကောင်းဘူးဗျာ၊ တစ်ခြားအကြောင်းဆိုရင်
    တော်သေးရဲ့၊ အမြန်ဆုံး နေကောင်းပါစေ...ဗျာ၊ ဆုတောင်းပေးနေပါတယ်...။

    ReplyDelete
  6. ကိုသန့်ဇင်ဌေး...ခင်ဗျာ..

    ကိုနေမင်းမောင်း ရဲ့ကျန်းမာရေး အခြေနေကို ထူးခြားမူ့ရှိတိုင်း
    အဆင်ပြေမယ်ဆိုရင် စာဖတ်သူများ သိရှိအောင် ကျေးဇူးပြုပြီး ပြောပြစေချင်ပါတယ်။

    (စာဖတ်သူများကိုယ်စား)

    ReplyDelete
  7. ကိုနေမင်းမောင်...အမြန်ဆုံးကျန်းမာလာပြီး..တိုင်းကျိုးပြည်ကျိုး...ဒီ့ထက်မကဆောင်ရွက်နိုင်ပါစေဗျာ။

    ReplyDelete
  8. ကျနော်...ကိုနေမင်းမောင်ရဲ့...ဆိုဒ်ကိုနေ့  တိုင်းရောက်ပါတယ်။
    ဒီလိုလူမျိုးကို...တစ်ခါမှမတွေ့ ဖူးဘူး။တော်တော်..စိတ်ဓါတ်မြင့်မြတ်တဲ့လူတစ်ယောက်ပါ။
    အဲ့လိုလူမျိုးကို...အမြန်ဆုံးကျန်းမာလာစေအောင်ဘုရားမှာ...ဆုတောင်းပေးပါ့မယ်။
    လေးစားစွာဖြင့်
    facebooksexxxy

    ReplyDelete
  9. ကိုနေမင်းအမြန်နေကောင်းပါစေ

    ReplyDelete
  10. အမြန်ဆုံးသက်သာပျောက်ကင်းပါစေဗျာ ...

    ReplyDelete
  11. ကိုနေမင်းမောင် ... စိတ်နှင့်ကိုယ် အမြဲကျန်းမာနိုင်ပါစေ

    ReplyDelete
  12. အားလုံးရဲ့ မေတ္တာကြောင့် အမြန်ဆုံးကျန်းမာလာပါစေလို့ ဆုတောင်းပေးပါတယ်အကို

    ReplyDelete
  13. အမြန်ဆုံးပြန်လည်ကျန်းမာပါစေ လို့ မေတ္တာပို့သပါတယ်

    ReplyDelete
  14. အမြန်ဆုံး ကျန်းမာလာပါစေဗျာ

    ReplyDelete
  15. စေတနာကောင်းတဲ့ ကိုနေမင်းမောင်တစ်ယောက် အမြန်နေကောင်းပါစေ

    ReplyDelete
  16. မေတ္တာပို့သပေးပါတယ် ညီလေးနေမင်းမောင်ရယ်။ အမြန်ဆုံးကျမ်းမာလာပါစေကွာ..

    ReplyDelete
  17. ကိုနေမင်းမောင် အမြန်ဆုံးကျန်းမာ လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
    သူများကောင်းကျိုးတွေ သယ်ပိုးပေးနေတဲ့ ကိုနေမင်းမောင် ကံကောင်းမှာပါဗျာ။

    ReplyDelete
  18. ညီလေးတစ်ယောက် အမြန်ဆုံးကျန်းမာလာနိုင်ပါစေလို့ ဆုတောင်းရင်း ................................ ခင်မင်လေးစားခြင်းများစွာဖြင့်

    ReplyDelete
  19. ကိုနေမင်းမောင် အမြန်ဆုံးနေကောင်းလာပါစေ လို့ ကျနော်ဆုတောင်းပေးလိုက်ပါတယ်

    ReplyDelete
  20. ကိုနေမင်းမောင် အမြန်ဆုံးနေကောင်းလာပါစေ လို့ ကျနော်ဆုတောင်းပေးလိုက်ပါတယ်

    ReplyDelete
  21. အစကတော့ ကျနော်ရိုးရိုးဘဲဖြစ်နေတာထင်နေတာ ခုမှအဲ့လောက်ဖြစ်တာသိရတော့တယ် ခုကောဘယ်လိုနေသေးလဲ အကို နီးမည်ဆိုရင်လာချင်ပါတယ် ခုတော့ဝေးနေလို့ ဆုတောင်းပဲပေးနိုင်တော့မယ်ဗျာ လူတွေအားလုံးကို အသိပညာ
    အတတ်ပညာတွေမျှဝေပေးနေတဲ့ စေတနာ မောတ္တာရှင် အကိုနေမင်းမောင်တစ်ယောက် မြန်မြန်နေကောင်းပြီး ပျှော်ရွင်ကြည်နူးခြင်းတွေကို ထာဝရ ပိုင်ဆိုင်ပါစေ........။
    ညီ
    ဝေဖြိုးသော်

    ReplyDelete
  22. ีကိုနေမင်းမောင် လက်ရှိခံစားနေရတဲ့ ရောဂါဝေဒနာတွေကနေ အမြန်ဆုံးသက်သာပျောက်ကင်းပြီး
    ယခင်ကအတိုင်း အများအတွက် စေတနာရှေ့ ထားပြီး နည်းပညာတွေ ဆက်လက်မျှဝေနိုင်ပါစေလို့ 
    ကျွှန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာ။........

    ReplyDelete
  23. ကိုနေမင်းမောင် အမြန်ဆုံး ပြန်နေကောင်းသက်သာလာပါစေလို့ ဆုတောင်းနေပါတယ်ဗျာ ..........

    ReplyDelete
  24. အင်းဟုတ်တယ်နော် ကိုနေမင်းမောင်ဆိုက်ကို နေ့တိုင်းဝင်ကြည့်ဖြစ်တယ်
    ပို့စ်လ် အသစ်များတက်မလားလို့ပါ အသစ်မတင်တာကြာပီ နေမကောင်းဖြစ်နေတာကိုး
    အမြန်နေကောင်းလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်
    ပျော်ရွှင်ပါစေ ကိုနေမင်းမောင်ခင်ဗျာ

    ReplyDelete
  25. ကိုနေမင်းမောင် အမြန်ဆုံး ကျန်းမာပါစေလို့  ဆုတောင်းပါတယ်ခင်ဗျာ။
    ကိုသန့်ဇင်ဌေး ကိုလည်း ကျေးဇူးအထူး တင်ပါသည်ခင်ဗျာ။

    ReplyDelete
  26. အမြန်နေကောင်းပါစေ ကိုနေမင်းမောင် အရင်လိုပဲ ပို့တွေ အများကြီးတင်နိုင်ပါစေ

    ReplyDelete
  27. ကိုနေမင်းမောင် အမြန်ဆုံး ပြန်နေကောင်းသက်သာလာပါစေလို့ ဆုတောင်းလိုက်ပါတယ်

    ReplyDelete
  28. ကိုနေမင်းမောင် အမြန်ဆုံး ပြန်နေကောင်းသက်သာလာပါစေလို့ ဆုတောင်းလိုက်ပါတယ်
    သန့်ဇင်ဌေးကိုလည်း ကျေးဇူးအထူး တင်ပါတယ်

    ReplyDelete
  29. mailပို့ပြီးမေးတဲ့သူတွေကိုလည်းပြောချင်ပါတယ် ဆရာနေမင်းမောင်ဆိုဒ်ကို လာတဲ့လူက အများကြီးပါ ဆရာနေမင်းမောင်မှာ ၁ ယောက်ထည်းပါ အများအတွက်စေတနာနဲ့လိုက်လုပ်ပေးနေရတဲ့သူက ၁ယောက်ထည်းပါ သူများအတွက်ကိုယ့်အချိန်ကုန်လူပင်ပန်း ကိုယ်တင်လိုက်တဲ့ပိုစ်လေးက စာဖတ်သူအတွက်အဆင်ပြေပါ့မလား သေသေချာချာလုပ်ပေးရ မေးတဲ့သူတွေကလည်းများနေပြီ ပြန်ဖြေပေးရ အဲ့လိုစိတ်မျိုး စာဖတ်သူတွေမှာရှိပါသလားလို့ ရှိခဲ့ရင်တောင်လိုက်မမီနိုင်ပါဘူး ပြောချင်တာကတော့ သိပါ ဆရာနေမင်းမောင် နေမကောင်းဖြစ်တာ အရမ်းကိုစိတ်မကောင်းပါဘူး ဆရာနေမင်းမောင် နေပြန်ကောင်းလာပါစေလို့ မှန်ကန်တဲ့စိတ်ထားနဲ့ ဆုတောင်းပေးလိုက်ပါတယ် ကိုသန့်ဇင်ဌေးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ...

    ReplyDelete
  30. နေမင်းမောင် အမြန်ဆုံး ပြန်လည်နေကောင်းကျန်းမာလာပြီး အရင်ကလိုပဲ နည်းပညာများစွာ ဖြန့်ဝေပေးနိုင်ပါစေလို့ တကယ့်မေတ္တာစေတနာမှန်နဲ့ ဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  31. ကိုနေမင်းမောင်..အမြန်ဆုံးပြန်နေကောင်းလာပါစေဗျား...

    ReplyDelete
  32. ကိုနေမင်းမောင် မြန်မြန် နေကောင်းပါစေ ဆုတောင်းပေးပါတယ်...

    ReplyDelete
  33. ကိုနေမင်းရေးးးးးးးးအခုလိုနေမကောင်းးးဖြစ်နေတယ် သိရတော့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်း
    ပို့စ်အသစ်တွေမတင်တာ အလုပ်တွေရှုပ်နေလို့ လို့ပဲထင်ခဲ့တာ
    အခုလို အရမ်းနေမကောင်းဖြစ်နေမယ်လို့တော့မထင်မိဘူး
    အမြန်ဆုံးနေကောင်းးးပါစေလို့ တကယ့်ရင်ထဲကနေဆုတောင်းပေးပါတယ်
    ကိုသန့်ဇင်ဌေး ကိုလဲ လေးစားပါတယ် ကျေးဇူးလဲတင်ပါတယ်
    ကိုနေမင်းနေမကောင်းဖြစ်နေတာကို အားလုံးသိအောင်ပြောပြပေးလို့
    မဟုတ်ရင် တချို့ တွေက တမျိုးတွေ ထင်နေကြမှာ

    ReplyDelete
  34. နည်းပညာဆိုင်ရာ ပို့စ်အသစ်တင်တိုင်း မေးလ်မှာ လက်ခံ ဖတ်ရှု မှတ်သားခွင့်တွေရခဲ့လို့ ကျေးဇူးတင်ပါတယ်။
    မောင်နေမင်းမောင် အမြန်ဆုံး ပြန်လည်ကျန်းမာပါစေ ကိုယ်စိတ်နှစ်ပါး အေးချမ်းစွာနဲ့
    နည်းပညာတွေ ဆက်လက်ဖြန့်ဝေနိုင်ပါစေလို့ တောင်းဆုချွေခဲ့တယ်နော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  35. ညီလေးတစ်ယောက်အမြန်နေကောင်းပါစေ...

    ReplyDelete
  36. ကျန်းမာပါစေ ခင်ဗျာ....

    ReplyDelete
  37. ko naeminmaung a myan sone tat tar pyoke kin par sae

    ReplyDelete
  38. ကိုနေ....

    အမြန်ဆုံးကျန်းမာပါစေ----

    ReplyDelete
  39. ကိုနေ....

    အမြန်ဆုံးကျန်းမာပါစေ----

    ReplyDelete
  40. ကိုနေ....

    အမြန်ဆုံးကျန်းမာပါစေ----

    ReplyDelete
  41. အမြန်ဆုံးကျန်းမာပါစေ

    ReplyDelete
  42. အမြန်ကျန်းမာပါစေ

    ReplyDelete
  43. အကိုနေကောင်းပါစေ

    ReplyDelete
  44. ကိုနေမင်းမောင်နေအမြန်ကောင်းပါစေလို့ ဆုတောင်းပေးပါတယ် ဘာပဲဖြစ်ဖြစ်အခုလို အသိပေးတဲ့ ကိုသန့်ဇင်ဌေး ကိုလည်းကျေးဇူးတင်ပါတယ်

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်